ချယ်ဆီးကို လက်မခံခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကိုတော့ မငြင်းနိုင်ခဲ့ဘူး ဆိုတဲ့ ရပ်ဖ် ရန်းနစ်

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ ရပ်ဖ် ရန်းနစ်ကတော့ သူ့ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲကို ဒီနေ့ ပြုလုပ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ယာယီ ကိုင်တွယ်နေတဲ့ မိုက်ကယ် ကာရစ်ကတော့ ညက အာဆင်နယ်ကို အနိုင်ယူ အပြီးမှာပဲ တရားဝင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပါတယ်။

ရန်းနစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ချယ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှု ခံခဲ့ရသေးပြီး ထိုစဉ်က ငြင်းပယ်ခဲ့သေးကာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကိုမှ လက်ခံ ဖြစ်တဲ့အကြောင်းကိုလည်း သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

ချယ်ဆီးဟာ လမ်းပတ်နဲ့ လမ်းခွဲပြီးနောက် ရန်းနစ်ကို ချဉ်းကပ်ခဲ့သေးပြီး ဂျာမန်သားက ယာယီ ကိုင်တွယ်ဖို့ စိတ်မဝင်စားသေးတာကြောင့် ငြင်းပယ်ခဲ့ရာ တူချယ်ဆီ ချယ်ဆီး ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ရန်းနစ်ဟာ ရာသီကုန်ထိ ယူနိုက်တက်ကို ကိုင်တွယ်မှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ အကြံပေး ရာထူးနဲ့ နှစ်နှစ် ဆက်လက် တာဝန်ယူမှာပါ။

ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီး ၂သင်း ကမ်းလှမ်းမှုထဲကမှ ချယ်ဆီးကို ငြင်းပြီး ယူနိုက်တက်ကို ဘာလို့ လက်ခံဖြစ်သလဲ ဆိုတာကို ရန်းနစ်က အခုလို ပြောဆိုခဲ့ပါတယ်။

” အဲဒီတုန်းက ချယ်ဆီး ကျနော့်ကို ဆက်သွယ်လာခဲ့တယ်။ သူတို့က ရာသီကုန်ထိ လေးလစာလောက် ကိုင်တွယ်ပေးဖို့ မေးမြန်းလာတာပေါ့၊ အဲဒါရဲ့ နောက်ဆက်တွဲတော့ မရှိဘူး။

ဒီမှာကျ ကျနော်တို့ ၆လခွဲစာ နည်းပြ အဖြစ် ကိုင်တွယ်ရမယ်၊ ပြီးရင် အကြံပေး အဖြစ် ၂နှစ်ပေါ့။ မန်ချက်စတာ ယူနိုက်တက် လို ကလပ်အသင်း က ချဉ်းကပ်လာပြီ ဆိုရင် မငြင်းဆန်နိုင်ဘူးလေ။ ” လို့ ရန်းနစ်က ပြောဆိုခဲ့ပါတယ်။

ရန်းနစ်က မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ ရည်မှန်းချက် ကြီးကြီး ထားရှိထားကြောင်း ဖွင့်ဟခဲ့ပြီး ရာသီဝက်မှာ အသင်း တစ်သင်းကို ပုံသွင်းဖို့ အခက်အခဲတွေ ရှိပေမယ့် အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ နည္းျပသစ္ ျဖစ္လာတဲ့ ရပ္ဖ္ ရန္းနစ္ကေတာ့ သူ႔ရဲ႕ ပထမဆံုး သတင္းစာ ရွင္းလင္းပြဲကို ဒီေန႔ ျပဳလုပ္သြားခဲ့ျပီ ျဖစ္ပါတယ္။ ယာယီ ကိုင္တြယ္ေနတဲ့ မိုက္ကယ္ ကာရစ္ကေတာ့ ညက အာဆင္နယ္ကို အနိုင္ယူ အျပီးမွာပဲ တရားဝင္ ႏႈတ္ဆက္ ထြက္ခြာသြားခဲ့ပါတယ္။

ရန္းနစ္ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီတုန္းက ခ်ယ္ဆီးအသင္းရဲ႕ ကမ္းလွမ္းမႈ ခံခဲ့ရေသးျပီး ထိုစဥ္က ျငင္းပယ္ခဲ့ေသးကာ ယူနိုက္တက္ရဲ႕ ကမ္းလွမ္းမႈကိုမွ လက္ခံ ျဖစ္တဲ့အေၾကာင္းကိုလည္း သူ႔ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေျဖၾကားခဲ့ပါတယ္။

ခ်ယ္ဆီးဟာ လမ္းပတ္နဲ႕ လမ္းခြဲျပီးေနာက္ ရန္းနစ္ကို ခ်ဥ္းကပ္ခဲ့ေသးျပီး ဂ်ာမန္သားက ယာယီ ကိုင္တြယ္ဖို႔ စိတ္မဝင္စားေသးတာေၾကာင့္ ျငင္းပယ္ခဲ့ရာ တူခ်ယ္ဆီ ခ်ယ္ဆီး ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။ ရန္းနစ္ဟာ ရာသီကုန္ထိ ယူနိုက္တက္ကို ကိုင္တြယ္မွာ ျဖစ္ျပီး အဲဒီေနာက္မွာေတာ့ အၾကံေပး ရာထူးနဲ႕ နွစ္နွစ္ ဆက္လက္ တာဝန္ယူမွာပါ။

ပရီးမီးယားလိဂ္ ထိပ္သီးအသင္းၾကီး ၂သင္း ကမ္းလွမ္းမႈထဲကမွ ခ်ယ္ဆီးကို ျငင္းျပီး ယူနိုက္တက္ကို ဘာလို႔ လက္ခံျဖစ္သလဲ ဆိုတာကို ရန္းနစ္က အခုလို ေျပာဆိုခဲ့ပါတယ္။

” အဲဒီတုန္းက ခ်ယ္ဆီး က်ေနာ့္ကို ဆက္သြယ္လာခဲ့တယ္။ သူတို႔က ရာသီကုန္ထိ ေလးလစာေလာက္ ကိုင္တြယ္ေပးဖို႔ ေမးျမန္းလာတာေပါ့၊ အဲဒါရဲ႕ ေနာက္ဆက္တြဲေတာ့ မရွိဘူး။

ဒီမွာက် က်ေနာ္တုိ႕ ၆လခြဲစာ နည္းျပ အျဖစ္ ကိုင္တြယ္ရမယ္၊ ျပီးရင္ အၾကံေပး အျဖစ္ ၂နွစ္ေပါ့။ မန္ခ်က္စတာ ယူနိုက္တက္ လို ကလပ္အသင္း က ခ်ဥ္းကပ္လာျပီ ဆိုရင္ မျငင္းဆန္နုိင္ဘူးေလ။ ” လို႔ ရန္းနစ္က ေျပာဆိုခဲ့ပါတယ္။

ရန္းနစ္က မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အတူ ရည္မွန္းခ်က္ ၾကီးၾကီး ထားရွိထားေၾကာင္း ဖြင့္ဟခဲ့ျပီး ရာသီဝက္မွာ အသင္း တစ္သင္းကို ပံုသြင္းဖို႔ အခက္အခဲေတြ ရွိေပမယ့္ အေကာင္းဆံုး လုပ္ေဆာင္သြားမယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။