Player Scout | ဘာစီလိုနာကေန ေခၚယူလာခဲ့ၿပီး ဂြာဒီယိုလာ ခ်ီးက်ဴးရတဲ့ အဲရစ္ဂါစီယာ

[Zawgyi] ၿပီးခဲ့တဲ့လက ပြဲဦးထြက္ ကစားခြင့္ရခဲ့တဲ့ ေနာက္ခံလူ အဲရစ္ဂါစီယာအေၾကာင္းကို မန္စီးတီး အကယ္ဒမီမွာ မ်ားစြာေျပာခဲ့ၾကၿပီး ၿပီးခဲ့တဲ့ 18 လအတြင္း ဒီေကာင္ေလးက သက္တမ္းအလိုက္မွာ အထင္ႀကီးစရာ ေျခစြမ္းေတြ ျပသေနပါတယ္။ ဂါစီယာရဲ႕ တိုေတာင္းေသးတဲ့ ကစားသမားဘဝ အစပိုင္းနဲ႔အတူ သူ႔ကိုဘာလို႔ ဂြာဒီယိုလာက အရမ္း ခ်ီးမြမ္းတာလဲ ဆိုတာ ေလ့လာၾကည့္ပါမယ္။

စီးတီးမွာရွိေနခဲ့တာ ၾကာၿပီလား?

ဗုဒၶဟူးေန႔ က 18 ႏွစ္ျပည့္ခဲ့တဲ့ ဂါစီယာဟာ 2017 ေႏြရာသီမွာ ဘာစီလိုနာအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့သူပါ။ သူ႔ကို ကားလ္စ္ပူယိုးက ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အသင္းေခါင္းေဆာင္ေဟာင္းဟာ လာမာစီယာကေန ဂါစီယာရဲ႕ အေျပာင္းအေ႐ႊ႕ ၿပီးတဲ့ေနာက္ ေအးဂ်င့္ အေနနဲ႔ ေဆာင္႐ြက္ခဲ့ပါတယ္။

ဂြာဒီယိုလာက ဘိုင္ယန္ျမဴးနစ္ နည္းျပဘဝမွာ သူ႔အရည္အခ်င္းကို သိရွိနားလည္ခဲ့ၿပီးေနာက္ စီးတီးအသင္းဟာ ဒီေနာက္ခံလူကို အီသီဟဒ္ဆီ ေရာက္လာဖို႕ ေပါင္ 1.53 သန္းသာ ကုန္က်ခဲ့ပါတယ္။ ဂြာဒီယိုလာဟာ ကစားသမားရဲ႕ ရင့္က်က္မႈကို မ်ားစြာခ်ီးက်ဴးခဲ့ၿပီး လက္စတာစီးတီးနဲ႔ ခါရာေဘာင္းဖလား ပြဲစဥ္မွာ ပြဲဦးထြက္ ကစားခြင့္ေပးခဲ့ပါတယ္။

သူ႔ရဲ႕တိုးတက္မႈနဲ႔ ပတ္သက္ၿပီး ဘာလို႔ ဂြာဒီယိုလာက အရမ္းစိတ္အားထက္သန္ေနတာလဲ?

ေႏြရာသီက အေမရိကန္ ရာသီႀကိဳခရီးဟာ ဂါစီယာအတြက္ အခြင့္အေရးႀကီးတစ္ခု ျဖစ္ခဲ့ပါတယ္။ အဲ့တုန္းက ကမာၻ႔ဖလားအၿပီး အားလပ္ရက္ေတြ ယူေနၾကလို႔ စီးတီးရဲ႕ အဓိက ကစားသမားမ်ားစြာက မပါဝင္ခဲ့ပါဘူး။ ဒါေၾကာင့္ လူငယ္ေတြအတြက္ အခြင့္အေရး ေပးႏိုင္ခဲ့ပါတယ္။ ဂါစီယာက အခြင့္အေရးကို ေကာင္းေကာင္း အသုံးခ်ခဲ့တာပါ။

” အဲရစ္ဂါစီယာ က 17 ႏွစ္သာရွိေသးၿပီး 24, 25 ႏွစ္ေတြလို ကစားခဲ့ပါတယ္ ” လို႔ ေဒါ့မြန္ နဲ႔ ခ်စ္ၾကည္ေရးပြဲအတြင္းက သူ႔ရဲ႕ေျခစြမ္းေတြကို ဂြာဒီယိုလာက ခ်ီးက်ဴးခဲ့ပါတယ္။ သူဟာ ပြဲအေျခအေနကို ၾကည့္တဲ့ေနရာမွာ အရြယ္နဲ႔ မလိုက္ေအာင္ ေတာ္ပါတယ္။

ယုံၾကည္မႈရွိတဲ့ သူတစ္ေယာက္လား?

ဟုတ္ပါတယ္။ ဒါေပမယ့္ ႏွိမ့္ခ်တတ္သူပါ။ ဂါစီယာဟာ ဆိတ္ဆိတ္ေနတတ္ၿပီး ရွက္တတ္သလို ျဖစ္ေနပါတယ္။ ဂြာဒီယိုလာလိုပဲ သူဟာ နည္းဗ်ဴဟာ အေၾကာင္း ေျပာရတာ စိတ္အားထက္သန္သူပါ။ သူက ဘာစီလိုနာမွာတုန္းက အသက္အ႐ြယ္အလိုက္ အသင္းတိုင္းမွာ ေခါင္းေဆာင္လုပ္ခဲ့ၿပီး သူနဲ႔သက္တူ႐ြယ္တူေတြၾကားမွာ ေခါင္းေဆာင္ေကာင္း အရည္အခ်င္းျပည့္ဝသူ ျဖစ္ပါတယ္။

သူလုပ္သမွ်အားလုံးက ဂြာဒီယိုလာကို အထင္ႀကီးေစတာလား?

ဟုတ္ပါတယ္။ “သူဟာ ေနရာယူတဲ့ကိစၥမွာ နားလည္မႈေတြ အမ်ားႀကီးရွိတဲ့သူပါ။ သူက အသန္မာဆုံး ဒါမွမဟုတ္ အျမန္ဆုံး မဟုတ္ပါဘူး။ ဒါေပမယ့္ သူက အသင္းကို ထိန္းေက်ာင္းေပးႏိုင္တယ္။ သူဟာ အျမင္စူးရွၿပီး ေကာင္းမြန္တဲ့ ျဖတ္ေက်ာ္မႈေတြ လုပ္ႏိုင္ပါတယ္။ က်ေနာ္ အရမ္းေက်နပ္ပါတယ္။ သူက အမွားတစ္ခုမွ မလုပ္ခဲ့ပါဘူး။ တစ္ပြဲက ခ်စ္ၾကည္ေရးပြဲျဖစ္ၿပီး ေနာက္တပြဲက ရႈံးထြက္ပြဲပါ။ သူဟာ အံံ့ၾသစရာ ေကာင္းေအာင္ လုပ္ျပခဲ့ပါတယ္ ” လို႔ စီးတီးနည္းျပက ေျပာပါတယ္။

ဒါဆို အနာဂတ္မွာ အခြင့္အေရး ရမွာလား?

ဒါနဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲမွာ ဂြာဒီယိုလာ ေျပာရခက္ေနခဲ့ပါတယ္။ ဒါေပမယ့္ ဆန္ခ်ိဳနဲ႔ ဒိုင္ရက္စ္လို ကစားသမားေတြ ဥေရာပ အင္အားၾကီးကလပ္ေတြကို ေျပာင္းခဲ့တဲ့ေနာက္ မန္စီးတီးဟာ ေနရာေပးစရာ လူငယ္ၾကယ္ပြင့္ေတြ ျပန္စုစည္းရပါမယ္။ အနာဂတ္မွာ ဒီေကာင္ေလးက ေနရာရလာႏိုင္ပါတယ္။

“အဲရစ္ဟာ အားလပ္ရက္ယူခဲ့ပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔က သူ႔ကို အၿမဲေစာင့္ၾကည့္ေနတာပါ။ ခါရာေဘာင္းဖလား နဲ႔ ရာသီႀကိဳမွာ သူက အရမ္းေကာင္းခဲ့ပါတယ္။ ကိုယ္ရည္ကိုယ္ေသြးအရလဲ သူဟာ အရမ္းပါးနပ္ၿပီး အသင္းကို ဦးေဆာင္ႏိုင္ပါတယ္။ သူဟာ အနာဂတ္မွာ က်ေနာ္တို႔နဲ႔ ကစားဖို႔ ျဖစ္ႏိုင္ပါတယ္။ အခုေတာ့ မရေသးပါဘူး။

အကယ္ဒမီက ကစားသမားအားလုံးက က်ေနာ္တို႔ကို ကူညီပါတယ္။ ဒါေပမယ့္ အဲ့ဒါက အနာဂတ္မွာ က်ေနာ္တို႔နဲ႔ ေသခ်ာေပါက္ ကစားရမယ္လို႔ မဆိုလိုပါဘူး။ သူတို႔အေနနဲ႔ ခက္ခက္ခဲခဲ ႀကိဳးစားဖို႔လိုၿပီး နည္းျပက သူတို႔အေပၚ အခြင့္အေရး ေပးလာေအာင္ ဆုေတာင္းရမွာပါ ” လို႔ ဂြာဒီယိုလာ က ေျပာခဲ့တာျဖစ္ပါတယ္။

Sports Home Time

[Unicode]  ပြီးခဲ့တဲ့လက ပွဲဦးထွက် ကစားခွင့်ရခဲ့တဲ့ နောက်ခံလူ အဲရစ်ဂါစီယာအကြောင်းကို မန်စီးတီး အကယ်ဒမီမှာ များစွာပြောခဲ့ကြပြီး ပြီးခဲ့တဲ့ 18 လအတွင်း ဒီကောင်လေးက သက်တမ်းအလိုက်မှာ အထင်ကြီးစရာ ခြေစွမ်းတွေ ပြသနေပါတယ်။ ဂါစီယာရဲ့ တိုတောင်းသေးတဲ့ ကစားသမားဘဝ အစပိုင်းနဲ့အတူ သူ့ကိုဘာလို့ ဂွာဒီယိုလာက အရမ်း ချီးမွမ်းတာလဲ ဆိုတာ လေ့လာကြည့်ပါမယ်။

စီးတီးမှာရှိနေခဲ့တာ ကြာပြီလား?

ဗုဒ္ဓဟူးနေ့ က 18 နှစ်ပြည့်ခဲ့တဲ့ ဂါစီယာဟာ 2017 နွေရာသီမှာ ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့သူပါ။ သူ့ကို ကားလ်စ်ပူယိုးက ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင်ဟောင်းဟာ လာမာစီယာကနေ ဂါစီယာရဲ့ အပြောင်းအရွှေ့ ပြီးတဲ့နောက် အေးဂျင့် အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။

ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ် နည်းပြဘဝမှာ သူ့အရည်အချင်းကို သိရှိနားလည်ခဲ့ပြီးနောက် စီးတီးအသင်းဟာ ဒီနောက်ခံလူကို အီသီဟဒ်ဆီ ရောက်လာဖို့ ပေါင် 1.53 သန်းသာ ကုန်ကျခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ကစားသမားရဲ့ ရင့်ကျက်မှုကို များစွာချီးကျူးခဲ့ပြီး လက်စတာစီးတီးနဲ့ ခါရာဘောင်းဖလား ပွဲစဉ်မှာ ပွဲဦးထွက် ကစားခွင့်ပေးခဲ့ပါတယ်။

သူ့ရဲ့တိုးတက်မှုနဲ့ ပတ်သက်ပြီး ဘာလို့ ဂွာဒီယိုလာက အရမ်းစိတ်အားထက်သန်နေတာလဲ?

နွေရာသီက အမေရိကန် ရာသီကြိုခရီးဟာ ဂါစီယာအတွက် အခွင့်အရေးကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲ့တုန်းက ကမ္ဘာ့ဖလားအပြီး အားလပ်ရက်တွေ ယူနေကြလို့ စီးတီးရဲ့ အဓိက ကစားသမားများစွာက မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် လူငယ်တွေအတွက် အခွင့်အရေး ပေးနိုင်ခဲ့ပါတယ်။ ဂါစီယာက အခွင့်အရေးကို ကောင်းကောင်း အသုံးချခဲ့တာပါ။

” အဲရစ်ဂါစီယာ က 17 နှစ်သာရှိသေးပြီး 24, 25 နှစ်တွေလို ကစားခဲ့ပါတယ် ” လို့ ဒေါ့မွန် နဲ့ ချစ်ကြည်ရေးပွဲအတွင်းက သူ့ရဲ့ခြေစွမ်းတွေကို ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။ သူဟာ ပွဲအခြေအနေကို ကြည့်တဲ့နေရာမှာ အရွယ်နဲ့ မလိုက်အောင် တော်ပါတယ်။

ယုံကြည်မှုရှိတဲ့ သူတစ်ယောက်လား?

ဟုတ်ပါတယ်။ ဒါပေမယ့် နှိမ့်ချတတ်သူပါ။ ဂါစီယာဟာ ဆိတ်ဆိတ်နေတတ်ပြီး ရှက်တတ်သလို ဖြစ်နေပါတယ်။ ဂွာဒီယိုလာလိုပဲ သူဟာ နည်းဗျူဟာ အကြောင်း ပြောရတာ စိတ်အားထက်သန်သူပါ။ သူက ဘာစီလိုနာမှာတုန်းက အသက်အရွယ်အလိုက် အသင်းတိုင်းမှာ ခေါင်းဆောင်လုပ်ခဲ့ပြီး သူနဲ့သက်တူရွယ်တူတွေကြားမှာ ခေါင်းဆောင်ကောင်း အရည်အချင်းပြည့်ဝသူ ဖြစ်ပါတယ်။

သူလုပ်သမျှအားလုံးက ဂွာဒီယိုလာကို အထင်ကြီးစေတာလား?

ဟုတ်ပါတယ်။ “သူဟာ နေရာယူတဲ့ကိစ္စမှာ နားလည်မှုတွေ အများကြီးရှိတဲ့သူပါ။ သူက အသန်မာဆုံး ဒါမှမဟုတ် အမြန်ဆုံး မဟုတ်ပါဘူး။ ဒါပေမယ့် သူက အသင်းကို ထိန်းကျောင်းပေးနိုင်တယ်။ သူဟာ အမြင်စူးရှပြီး ကောင်းမွန်တဲ့ ဖြတ်ကျော်မှုတွေ လုပ်နိုင်ပါတယ်။ ကျနော် အရမ်းကျေနပ်ပါတယ်။ သူက အမှားတစ်ခုမှ မလုပ်ခဲ့ပါဘူး။ တစ်ပွဲက ချစ်ကြည်ရေးပွဲဖြစ်ပြီး နောက်တပွဲက ရှုံးထွက်ပွဲပါ။ သူဟာ အံံ့သြစရာ ကောင်းအောင် လုပ်ပြခဲ့ပါတယ် ” လို့ စီးတီးနည်းပြက ပြောပါတယ်။

ဒါဆို အနာဂတ်မှာ အခွင့်အရေး ရမှာလား?

ဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာ ပြောရခက်နေခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုနဲ့ ဒိုင်ရက်စ်လို ကစားသမားတွေ ဥရောပ အင်အားကြီးကလပ်တွေကို ပြောင်းခဲ့တဲ့နောက် မန်စီးတီးဟာ နေရာပေးစရာ လူငယ်ကြယ်ပွင့်တွေ ပြန်စုစည်းရပါမယ်။ အနာဂတ်မှာ ဒီကောင်လေးက နေရာရလာနိုင်ပါတယ်။

“အဲရစ်ဟာ အားလပ်ရက်ယူခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့က သူ့ကို အမြဲစောင့်ကြည့်နေတာပါ။ ခါရာဘောင်းဖလား နဲ့ ရာသီကြိုမှာ သူက အရမ်းကောင်းခဲ့ပါတယ်။ ကိုယ်ရည်ကိုယ်သွေးအရလဲ သူဟာ အရမ်းပါးနပ်ပြီး အသင်းကို ဦးဆောင်နိုင်ပါတယ်။ သူဟာ အနာဂတ်မှာ ကျနော်တို့နဲ့ ကစားဖို့ ဖြစ်နိုင်ပါတယ်။ အခုတော့ မရသေးပါဘူး။

အကယ်ဒမီက ကစားသမားအားလုံးက ကျနော်တို့ကို ကူညီပါတယ်။ ဒါပေမယ့် အဲ့ဒါက အနာဂတ်မှာ ကျနော်တို့နဲ့ သေချာပေါက် ကစားရမယ်လို့ မဆိုလိုပါဘူး။ သူတို့အနေနဲ့ ခက်ခက်ခဲခဲ ကြိုးစားဖို့လိုပြီး နည်းပြက သူတို့အပေါ် အခွင့်အရေး ပေးလာအောင် ဆုတောင်းရမှာပါ ” လို့ ဂွာဒီယိုလာ က ပြောခဲ့တာဖြစ်ပါတယ်။

Sports Home Time