ယူနိုက်တက်ရဲ့ ကစားသမား ခေါ်ယူမှုကို မန်စီးတီး၊ လီဗာပူးနဲ့ နှိုင်းယှဉ်ပြတဲ့ ပေါလ်စခိုး

ပေါလ်စခိုးက မန်နေဂျာဆိုးရှားကို ယူနိုက်တက်မှာ ဆက်ရှိနေဖို့ ယုံကြည်ချက်ကောင်းတွေ ပြသဖို့ တောင်းဆိုခဲ့ပြီး လူသစ်ခေါ်ယူရေးအသင်းနဲ့ လက်တွဲလုပ်ဆောင်ရာမှာ တိကျတဲ့ ဦးတည်ချက် လုံးဝ မရှိမှုကို ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဈေးကွက်မှာ ငွေအသုံးဆုံး ကလပ်တွေထဲ ပါဝင်နေပေမယ့်လို့ ပြိုင်ဘက် အသင်းတွေလို ရည်ရွယ်ချက်ကောင်းနဲ့ ကစားသမား ခေါ်ယူမှုတွေအစား အဆင်ပြေသလို ခေါ်ယူမှုတွေပဲ ပြုလုပ်နေတယ်လို့ စခိုးက မြင်ပါတယ်။ ဗန်ဒီဘိခ်နဲ့ ဆန်ချိုတို့ ပွဲကစားခွင့် ရုန်းကန်နေရခြင်းက အဆိုပါအတွက် သက်သေအဖြစ် ထောက်ပြမှုတေါလည်း ရှိထားခဲ့ပါတယ်။

ပေါလ်စခိုးက ပြောရာမှာ ” ဦးတည်ချက် မရှိတာက လူသစ်ခေါ်ယူရေးအတွက် ဘာမှန်းမသိအောင် ဒုက္ခရောက်ရတယ်။ ဘာလို့လဲဆိုတော့ တိကျတဲ့ နည်းစနစ်တစ်ခုအတွက် အံဝင်မယ့် ကစားသမားတွေကို ရှာဖွေဝယ်ယူရတာမျိုး မဟုတ်ပဲ ကြုံသလို ခေါ်နေရတာမျိုး ဖြစ်နေတယ်။

ပက်ကို ကြည့်လိုက်။ သူဆိုရင် သူ့နည်းစနစ်နဲ့ ကိုက်မယ့် ကစားသမားတွေကို ခေါ်လိမ့်မယ်။
ဒီနှစ်မှာ သူလိုချင်တဲ့ပုံစံရှိတဲ့ ဂျက်ဂရီးလစ်ကို ခေါ်ခဲ့တယ်။ မာရက်ဇ်ကိုလဲ အလားတူ ခေါ်ခဲ့တယ်။ ယာဂင်ကလော့ပ်ကလဲ သူ့ရဲ့ နည်းစနစ်အတွက် တိုက်စစ်ပိုင်းမှာ ဒီယိုဂို ဂျိုတာကို ခေါ်ယူခဲ့တယ်။

ကျွန်တော်တို့ဟာ ဖိနပ်ထဲ ခြေဖနောင့်ဝင်အောင် ဖိနပ်ကော်တံနဲ့ သွပ်သွင်းနေသလို ကစားသမားတွေကို နေရာတကျ ခေါ်ယူနေတာပါ။

အခု ၃ နှစ်အတွင်း မြင်ရသလောက် ယူနိုက်တက်ဟာ ပန်းတိုင်ကို ရောက်ဖို့ အဝေးကြီး ကွာဟနေသေးတယ်ဆိုတာပဲ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေနဲ့ အစုအဖွဲ့တစ်ခု ရှိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အိုလီအနေနဲ့ ဒီအသင်းအတွက် မှန်ကန်တဲ့ ပုံစံကိုရှာဖွေဖို့ သင့်တော်တဲ့လူဆိုတာ လူတိုင်းကို ယုံကြည်အောင် သက်သေပြရပါမယ် ” လို့ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ရီယိုဖာဒီနန်ကတော့ မအောင်မြင်တဲ့ ယူနိုက်တက်ကစားသမားဘဝကိုပဲ ရရှိနေတဲ့ ဗန်ဒီဘိခ်ကို နောက်အပြောင်းအရွှေ့ကာလမှာ အိုးထရက်ဖို့ဒ်ကနေ စွန့်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။

“ တခါတလေ အချိန်ကိုက်ဖြစ်ဖို့ လိုပါတယ်။ အချိန်မှန်၊ နေရာမှန်ကို ရောက်နေဖို့က အရေးကြီးတယ်။ ဒီအရာအားလုံးက သဟဇာတ မဖြစ်ဘူးဆိုရင် အပြင်ထွက်ပြီး တခြားအလုပ်ကို ရှာဖွေရမယ်။ ကျွန်တော်သာ ဗန်ဒီဘိခ်ဆိုရင် အသင်းကနေ ထွက်သွားမှာပါ။

သူ့ကို ကျွန်တော်သဘောကျပါတယ်။ ဘာလို့လဲဆိုတော သူက နှိမ့်ချတတ်တဲ့ ကောင်လေးပါ။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် သူက အခုချိန်မှာ ဒီနေရာမှာ ဆက်ရှိမနေသင့်တော့ပါဘူး။ တခြားနေရာကို ထွက်သွားသင့်ပါတယ် ” လို့ ဖာဒီနန်က အကြံပေးခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI – ေပါလ္စခိုးက မန္ေနဂ်ာဆိုးရွားကို ယူႏုိက္တက္မွာ ဆက္ရွိေနဖို႔ ယံုၾကည္ခ်က္ေကာင္းေတြ ျပသဖို႔ ေတာင္းဆိုခဲ့ျပီး လူသစ္ေခၚယူေရးအသင္းနဲ႔ လက္တြဲလုပ္ေဆာင္ရာမွာ တိက်တဲ့ ဦးတည္ခ်က္ လုံးဝ မရွိမႈကို ေဝဖန္ခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ေစ်းကြက္မွာ ေငြအသံုးဆံုး ကလပ္ေတြထဲ ပါဝင္ေနေပမယ့္လို႔ ျပိဳင္ဘက္ အသင္းေတြလို ရည္ရြယ္ခ်က္ေကာင္းနဲ႔ ကစားသမား ေခၚယူမႈေတြအစား အဆင္ေျပသလို ေခၚယူမႈေတြပဲ ျပဳလုပ္ေနတယ္လို႔ စခိုးက ျမင္ပါတယ္။ ဗန္ဒီဘိခ္နဲ႔ ဆန္ခ်ိဳတို႔ ပြဲကစားခြင့္ ရုန္းကန္ေနရျခင္းက အဆိုပါအတြက္ သက္ေသအျဖစ္ ေထာက္ျပမႈေတါလည္း ရွိထားခဲ့ပါတယ္။

ေပါလ္စခိုးက ေျပာရာမွာ ” ဦးတည္ခ်က္ မရွိတာက လူသစ္ေခၚယူေရးအတြက္ ဘာမွန္းမသိေအာင္ ဒုကၡေရာက္ရတယ္။ ဘာလို႔လဲဆိုေတာ့ တိက်တဲ့ နည္းစနစ္တစ္ခုအတြက္ အံဝင္မယ့္ ကစားသမားေတြကို ရွာေဖြဝယ္ယူရတာမ်ိဳး မဟုတ္ပဲ ႀကဳံသလို ေခၚေနရတာမ်ိဳး ျဖစ္ေနတယ္။

ပက္ကို ၾကည့္လိုက္။ သူဆိုရင္ သူ႔နည္းစနစ္နဲ႔ ကိုက္မယ့္ ကစားသမားေတြကို ေခၚလိမ့္မယ္။
ဒီႏွစ္မွာ သူလိုခ်င္တဲ့ပုံစံရွိတဲ့ ဂ်က္ဂရီးလစ္ကို ေခၚခဲ့တယ္။ မာရက္ဇ္ကိုလဲ အလားတူ ေခၚခဲ့တယ္။ ယာဂင္ကေလာ့ပ္ကလဲ သူ႔ရဲ႕ နည္းစနစ္အတြက္ တိုက္စစ္ပိုင္းမွာ ဒီယိုဂို ဂ်ိဳတာကို ေခၚယူခဲ့တယ္။

ကြၽန္ေတာ္တို႔ဟာ ဖိနပ္ထဲ ေျခဖေနာင့္ဝင္ေအာင္ ဖိနပ္ေကာ္တံနဲ႔ သြပ္သြင္းေနသလို ကစားသမားေတြကို ေနရာတက် ေခၚယူေနတာပါ။

အခု ၃ ႏွစ္အတြင္း ျမင္ရသေလာက္ ယူႏိုက္တက္ဟာ ပန္းတိုင္ကို ေရာက္ဖို႔ အေဝးႀကီး ကြာဟေနေသးတယ္ဆိုတာပဲ။ ကြၽန္ေတာ္တို႔မွာ ကစားသမားေကာင္းေတြနဲ႔ အစုအဖြဲ႕တစ္ခု ရွိတယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ အိုလီအေနနဲ႔ ဒီအသင္းအတြက္ မွန္ကန္တဲ့ ပုံစံကိုရွာေဖြဖို႔ သင့္ေတာ္တဲ့လူဆိုတာ လူတိုင္းကို ယုံၾကည္ေအာင္ သက္ေသျပရပါမယ္ ” လို႔ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ ဂႏၲဝင္ ရီယိုဖာဒီနန္ကေတာ့ မေအာင္ျမင္တဲ့ ယူႏုိက္တက္ကစားသမားဘဝကိုပဲ ရရွိေနတဲ့ ဗန္ဒီဘိခ္ကို ေနာက္အေျပာင္းအေ႐ႊ႕ကာလမွာ အိုးထရက္ဖို႔ဒ္ကေန စြန႔္ခြာဖို႔ တိုက္တြန္းခဲ့ပါတယ္။

“ တခါတေလ အခ်ိန္ကိုက္ျဖစ္ဖို႔ လိုပါတယ္။ အခ်ိန္မွန္၊ ေနရာမွန္ကို ေရာက္ေနဖို႔က အေရးႀကီးတယ္။ ဒီအရာအားလုံးက သဟဇာတ မျဖစ္ဘူးဆိုရင္ အျပင္ထြက္ၿပီး တျခားအလုပ္ကို ရွာေဖြရမယ္။ ကြၽန္ေတာ္သာ ဗန္ဒီဘိခ္ဆိုရင္ အသင္းကေန ထြက္သြားမွာပါ။

သူ႔ကို ကြၽန္ေတာ္သေဘာက်ပါတယ္။ ဘာလို႔လဲဆိုေတာ သူက ႏွိမ့္ခ်တတ္တဲ့ ေကာင္ေလးပါ။ ဒါေပမယ့္ ႐ိုး႐ိုးသားသားေျပာရရင္ သူက အခုခ်ိန္မွာ ဒီေနရာမွာ ဆက္ရွိမေနသင့္ေတာ့ပါဘူး။ တျခားေနရာကို ထြက္သြားသင့္ပါတယ္ ” လို႔ ဖာဒီနန္က အႀကံေပးခဲ့တာပဲ ျဖစ္ပါတယ္။