ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲမှာ ဆားဘီးယားကို အိမ်ကွင်းမှာတင် ၂-၁ နဲ့ ရှုံးနိမ့်သွားပြီး ခြေစစ်ပွဲ မအောင်သေးဘဲ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် play-offs ထပ်မံ ကစားရတော့မှာပါ။
ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ညက ပွဲအပြီးမှာ အမျက်ထွက် ပေါက်ကွဲနေခဲ့တာ တွေ့ရပြီး ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်တိုစ်ကိုယ်တိုင် သွားရောက် ပြောဆိုနေခဲ့တာ တွေ့ရပါတယ်။ နည်းပြ ဆန်တိုစ်က ပွဲအပြီး အင်တာဗျူးမှာ ရော်နယ်ဒိုက အရင်ပွဲတုန်းက သူ့ဂိုး ရသင့်ကြောင်း ပြောနေခဲ့တာပဲ ဖြစ်တယ်လို့ ရှင်းလင်းခဲ့ရပါတယ်။
ဆားဘီးယားကမီထရိုဗစ် လူစားဝင်လာပြီး မိနစ် ၉၀ မှာ သွင်းလိုက်တဲ့ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မတ်လ တုန်းက ဆားဘီးယား အိမ်ကွင်းမှာ ကစားစဉ်က ၂-၂ နဲ့ သရေကျခဲ့တာ ဖြစ်ပြီး ထိုစဉ်က ပွဲချိန် နောက်ဆုံး မိနစ်က ရော်နယ်ဒို ကန်ချက်ဟာ ဂိုးစည်းကျော်ဝင်ခဲ့ပေမယ့် ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒို ဘာတွေ ပြောနေခဲ့လဲ အမေးကို ဆန်တိုစ်က – ” ဘယ်သူကမှ ဘာမှ ရှင်းပြ ငြင်းခုန်နေကြတာတော့ မဟုတ်ပါဘူး။ သူက ဆားဘီးယားက တစ်ယောက်ကို အရင်ပွဲတုန်းက သူ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းခဲ့တယ်။ ဒိုင်က မပေးဘူး ပြောနေတာပါ။
အဲဒီတုန်းက ကိစ္စက အခု ကျနော်တို့အတွက် ကိစ္စ မရှိတော့ပါဘူး။ ကွင်းထဲမှာက သူ ဂိုးသွင်းခဲ့တယ်၊ ဒိုင်က မပေးဘူး။ ဒါကို သူ စိတ်တိုတာ ဖြစ်သင့်ပါတယ်။ ဒါ ပုံမှန်ပါပဲ။ ပွဲပြီးသွားရင် ပွဲထဲ ဖြစ်ခဲ့တာတွေ မဖြစ်ခဲ့တာတွေက ပြောမရတော့ ပါဘူး။ ကျနော်က ကစားသမားတွေကို ခေါင်းမော့ထားနိုင်ဖို့ သွား အားပေးခဲ့တာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi
ေပၚတူဂီအသင္းဟာ ကမၻာ့ဖလား ေျခစစ္ပြဲ အုပ္စုပြဲမွာ ဆားဘီးယားကို အိမ္ကြင္းမွာတင္ ၂-၁ နဲ႕ ရံႈးနိမ့္သြားျပီး ေျခစစ္ပြဲ မေအာင္ေသးဘဲ ျဖစ္သြားခဲ့ပါတယ္။ ဒါေၾကာင့္ play-offs ထပ္မံ ကစားရေတာ့မွာပါ။
ခရစၥတီယာနို ေရာ္နယ္ဒိုကေတာ့ ညက ပြဲအျပီးမွာ အမ်က္ထြက္ ေပါက္ကြဲေနခဲ့တာ ေတြ႔ရျပီး ေပၚတူဂီ နည္းျပ ဖာနန္ဒို ဆန္တိုစ္ကိုယ္တိုင္ သြားေရာက္ ေျပာဆိုေနခဲ့တာ ေတြ႔ရပါတယ္။ နည္းျပ ဆန္တိုစ္က ပြဲအျပီး အင္တာဗ်ဴးမွာ ေရာ္နယ္ဒိုက အရင္ပြဲတုန္းက သူ႔ဂိုး ရသင့္ေၾကာင္း ေျပာေနခဲ့တာပဲ ျဖစ္တယ္လို႔ ရွင္းလင္းခဲ့ရပါတယ္။
ဆားဘီးယားကမီထရိုဗစ္ လူစားဝင္လာျပီး မိနစ္ ၉၀ မွာ သြင္းလိုက္တဲ့ ဂိုးနဲ႕ အနိုင္ရခဲ့တာ ျဖစ္ပါတယ္။ မတ္လ တုန္းက ဆားဘီးယား အိမ္ကြင္းမွာ ကစားစဥ္က ၂-၂ နဲ႕ သေရက်ခဲ့တာ ျဖစ္ျပီး ထိုစဥ္က ပြဲခ်ိန္ ေနာက္ဆံုး မိနစ္က ေရာ္နယ္ဒို ကန္ခ်က္ဟာ ဂိုးစည္းေက်ာ္ဝင္ခဲ့ေပမယ့္ ခြင့္မျပဳခဲ့တာ ျဖစ္ပါတယ္။
ေရာ္နယ္ဒို ဘာေတြ ေျပာေနခဲ့လဲ အေမးကို ဆန္တိုစ္က – ” ဘယ္သူကမွ ဘာမွ ရွင္းျပ ျငင္းခုန္ေနၾကတာေတာ့ မဟုတ္ပါဘူး။ သူက ဆားဘီးယားက တစ္ေယာက္ကို အရင္ပြဲတုန္းက သူ ေနာက္ဆံုးမိနစ္မွာ ဂိုးသြင္းခဲ့တယ္။ ဒိုင္က မေပးဘူး ေျပာေနတာပါ။
အဲဒီတုန္းက ကိစၥက အခု က်ေနာ္တို႔အတြက္ ကိစၥ မရွိေတာ့ပါဘူး။ ကြင္းထဲမွာက သူ ဂိုးသြင္းခဲ့တယ္၊ ဒိုင္က မေပးဘူး။ ဒါကို သူ စိတ္တိုတာ ျဖစ္သင့္ပါတယ္။ ဒါ ပံုမွန္ပါပဲ။ ပြဲျပီးသြားရင္ ပြဲထဲ ျဖစ္ခဲ့တာေတြ မျဖစ္ခဲ့တာေတြက ေျပာမရေတာ့ ပါဘူး။ က်ေနာ္က ကစားသမားေတြကို ေခါင္းေမာ့ထားနိုင္ဖို႔ သြား အားေပးခဲ့တာပါ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။