ရီယို ဖာဒီနန်ကတော့ လီဗာပူးအသင်းရဲ့ အက်သလက်တီကို မက်ဒရစ်ကို လုံးဝ ထိန်းချုပ်ထားတဲ့ ကစားဟန် ကို ကြည့်ပြီး သူ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ အတ္တလန္တာနဲ့ သရေကျတဲ့ ပွဲက ခြေစွမ်းကို အမှတ်ရကာ နှိုင်းယှဉ် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်က အင်္ဂါနေ့မှာ အတ္တလန္တာနဲ့ ကစားပြီး ခက်ခက်ခဲခဲ ၂-၂ နဲ့ သရေကျခဲ့တာပါ။ လီဗာပူးကတော့ အန်းဖီးမှာ အက်သလက်တီကို ကို စောစောတည်းက ၂-ဝ နဲ့ ဦးဆောင်ပြီး ပွဲကို ထိန်းသွားနိုင်ခဲ့ပါတယ်။

ဖာဒီနန်က လက်ရှိ လီဗာပူး ကစားပြနေတဲ့ စွမ်းဆောင်ရည်မျိုးဟာ နည်းပြ ဆိုးရှား ရအောင် အကောင်အထည် ဖော်ရမယ့် ဟာမျိုး ဖြစ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။
” ဒီပွဲက ထက်မြက်မှုမျိုးကို ကြည့်ရင် မနေ့ကပွဲက ကစားပုံကိုလည်း ပြန်တွေးကြည့်ကြဦး။ ကျနော် မန်ချက်စတာ ယူနိုက်တက်ကိုချည်း ထည့် ထည့် မပြောချင်ပါဘူး။ ဒါပေမယ့် ပွဲအပေါ် ဘယ်လို ကိုင်တွယ်ရလဲ ဆိုတာ ယှဉ်ကြည့်ရင် ထင်းထင်းကြီး သိသာနေတယ်။
လီဗာပူးက ၁ဝ ယောက်ကျန် ပြိုင်ဘက်ကို ကစားခဲ့တာ ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် အနီကတ် မပြခင်တည်းက သူတို့က အသင်းလိုက် လုံးဝ အပိုင် ချုပ်ထားနိုင်ခဲ့တာ။ ကွင်းထဲက ကိစ္စရပ်တိုင်းကို သူတို့ ထိန်းချုပ်နိုင်ခဲ့တယ်။
သူတို့က ရှုံးပွဲမရှိ မှတ်တမ်းကောင်းနဲ့ သွားနေတယ် ဆိုတာ ဟုတ်တယ်။ ဒါပေမယ့် ဒါက ပွဲကို ထိန်းချုပ်တာကနေ အခြေခံ သွားနေရတာပဲ။ ကစားအားကို တင်တာ၊ ပရိသတ်အားကို ယူတာ စသဖြင့် အလုံးစုံ အသုံးချ သွားနိုင်တယ်။
မနေ့က ယူနိုက်တက် ကစားသွားတာကကျ လုံးဝ ကပေါက်တိ ကပေါက်ချာ၊ အစီအစဉ် မရှိ။ ပွဲကို စီးမိဖို့ ကြိုးစားနေပေမယ့် လုံးဝကို မလုပ်နိုင်ခဲ့ကြဘူး။ ” လို့ ဖာဒီနန်က နှိုင်းယှဉ် သုံးသပ်သွားခဲ့ပါတယ်။

Zawgyi
ရီယို ဖာဒီနန္ကေတာ့ လီဗာပူးအသင္းရဲ႕ အက္သလက္တီကို မက္ဒရစ္ကို လံုးဝ ထိန္းခ်ဳပ္ထားတဲ့ ကစားဟန္ ကို ၾကည့္ျပီး သူ႔ အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အတၱလႏၱာနဲ႕ သေရက်တဲ့ ပြဲက ေျခစြမ္းကို အမွတ္ရကာ ႏိႈင္းယွဥ္ ေျပာဆိုလိုက္ပါတယ္။
ယူနိုက္တက္က အဂၤါေန႔မွာ အတၱလႏၱာနဲ႕ ကစားျပီး ခက္ခက္ခဲခဲ ၂-၂ နဲ႕ သေရက်ခဲ့တာပါ။ လီဗာပူးကေတာ့ အန္းဖီးမွာ အက္သလက္တီကို ကို ေစာေစာတည္းက ၂-ဝ နဲ႕ ဦးေဆာင္ျပီး ပြဲကို ထိန္းသြားနိုင္ခဲ့ပါတယ္။
ဖာဒီနန္က လက္ရွိ လီဗာပူး ကစားျပေနတဲ့ စြမ္းေဆာင္ရည္မ်ိဳးဟာ နည္းျပ ဆိုးရွား ရေအာင္ အေကာင္အထည္ ေဖာ္ရမယ့္ ဟာမ်ိဳး ျဖစ္ေၾကာင္း ေထာက္ျပသြားခဲ့ပါတယ္။
” ဒီပြဲက ထက္ျမက္မႈမ်ိဳးကို ၾကည့္ရင္ မေန႔ကပြဲက ကစားပံုကိုလည္း ျပန္ေတြးၾကည့္ၾကဦး။ က်ေနာ္ မန္ခ်က္စတာ ယူနိုက္တက္ကိုခ်ည္း ထည့္ ထည့္ မေျပာခ်င္ပါဘူး။ ဒါေပမယ့္ ပြဲအေပၚ ဘယ္လို ကိုင္တြယ္ရလဲ ဆိုတာ ယွဥ္ၾကည့္ရင္ ထင္းထင္းၾကီး သိသာေနတယ္။
လီဗာပူးက ၁ဝ ေယာက္က်န္ ျပိဳင္ဘက္ကို ကစားခဲ့တာ ဆိုတာ ဟုတ္တယ္။ ဒါေပမယ့္ အနီကတ္ မျပခင္တည္းက သူတို႔က အသင္းလိုက္ လံုးဝ အပိုင္ ခ်ဳပ္ထားနိုင္ခဲ့တာ။ ကြင္းထဲက ကိစၥရပ္တိုင္းကို သူတို႔ ထိန္းခ်ဳပ္နိုင္ခဲ့တယ္။
သူတို႔က ရံႈးပြဲမရွိ မွတ္တမ္းေကာင္းနဲ႕ သြားေနတယ္ ဆိုတာ ဟုတ္တယ္။ ဒါေပမယ့္ ဒါက ပြဲကို ထိန္းခ်ဳပ္တာကေန အေျခခံ သြားေနရတာပဲ။ ကစားအားကို တင္တာ၊ ပရိသတ္အားကို ယူတာ စသျဖင့္ အလံုးစံု အသံုးခ် သြားနုိင္တယ္။
မေန႔က ယူနိုက္တက္ ကစားသြားတာကက် လံုးဝ ကေပါက္တိ ကေပါက္ခ်ာ၊ အစီအစဥ္ မရွိ။ ပြဲကို စီးမိဖို႔ ၾကိဳးစားေနေပမယ့္ လံုးဝကို မလုပ္နိုင္ခဲ့ၾကဘူး။ ” လုိ႔ ဖာဒီနန္က ႏိႈင္းယွဥ္ သံုးသပ္သြားခဲ့ပါတယ္။
