Player Scout | Eder Militao ဆိုတဲ့ ဘရာဇီးသားက ဘယ္ေလာက္ေတာ္တဲ့ လူငယ္ေလးလဲ

[Zawgyi] မေန႔ညက ေနစီယြန္နယ္အသင္းကို အႏိုင္ရခဲ့တဲ့ပြဲဟာ ေပၚတိုအသင္းအတြက္ ကိုးပြဲဆက္ လိဂ္ပြဲ အႏိုင္ရျခင္းျဖစ္ပါတယ္။ မၾကာေသးမီးက အပတ္ေတြမွာ သူတို႔ရဲ႕ ဖလားၿပိဳင္ဘက္ေတြက ေျခေခ်ာ္ခဲ့ၾကၿပီး ေပၚတိုအသင္းကေတာ့ ပရီးမီးယားလီဂါဖလားကို ထိန္းသိမ္းႏိုင္ဖို႔ အေရးမွာ အမွားမရွိခဲ့ပဲ ပထမေနရာမွာ ရပ္တည္ေနပါတယ္။

ဇယားထိပ္ဆုံးမွာ ေျခာက္မွတ္အသာနဲ႔ ဦးေဆာင္ေနတဲ့ ေပၚတိုအသင္းဟာ ေအာက္တိုဘာ အေစာပိုင္းက ဘင္ဖီကာကို 1-0 နဲ႔ ရႈံးၿပီးေနာက္ပိုင္း လိဂ္ပြဲတစ္ပြဲမွ ထပ္မံရွဴံးနိမ့္ျခင္း မရွိခဲ့ပါဘူး။ မေန႔က ေနစီယြန္နယ္ကို 3-1 နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ သူတို႔ရဲ႕ ဖလားေအာင္ျမင္ဖို႔ ေရပန္းစားမႈက ပိုတိုးတက္လာခဲ့ပါတယ္။

ေပၚတူဂီလိဂ္မွာ ႀကီးစိုးေနတဲ့ အသင္းႀကီးျဖစ္တဲ့ ေပၚတိုဟာ လာလီဂါ၊ စီးရီးေအ၊ ပရီးမီးယားလိဂ္က အသင္းေတြနဲ႔ေတာ့ ေအာင္ျမင္မႈခ်င္း ကြာျခားေပမယ့္လဲ ေပၚတိုအသင္းရဲ႕ အေကာင္းဆုံး ကစားသမားေတြကို စိတ္ဝင္စားေနၾကတဲ့ ကလပ္ေတြမ်ားစြာရွိပါတယ္။

ေမာက္ဆာ မာရီဂါနဲ႔ ဘရာဟီမီတို႔ ႏွစ္ေယာက္လုံးဟာ ၿပီးခဲတဲ့ ေႏြရာသီက ဝက္စ္ဟမ္း အသင္းနဲ႔ အခိုင္အမာ ခ်ိတ္ဆက္မႈေတြ ရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ 12 လအတြင္းက ခ်ယ္ဆီးအသင္းဟာလဲ ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို ေပါင္သန္း 20 နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ျငင္းဆန္ခဲ့ပါတယ္။ အခုေနာက္ဆုံး ဥေရာပ အသင္းႀကီးေတြကို ပမာဏ မ်ားစြာနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ ေရပန္းစားေနတာကေတာ့ ေပၚတိုအသင္းရဲ႕ လူငယ္ဗဟိုေနာက္ခံလူ အီဒါ မီလီတာအိုျဖစ္ပါတယ္။

ေႏြရာသီမွာ ဘရာဇီးကလပ္ ဆာပိုလိုအသင္းကေန ေရာက္ရွိလာခဲ့တဲ့ အသက္ 20 အ႐ြယ္ ကစားသမားဟာ ေပၚတူဂီေဘာလုံးေလာကနဲ႔ အံဝင္ေအာင္ ကစားႏိုင္ခဲ့ပါတယ္။ ဘရာဇီးကလပ္ရဲ႕ အေစာပိုင္းလေတြမွာ သူ႔ကို ညာေနာက္ခံလူအျဖစ္ အမ်ားဆုံး အသုံးျပဳခဲ့ၿပီး ေပၚတိုနည္းျပကေတာ့ ဗဟိုခံစစ္မွာ ကစားေစခဲ့ကာ ေပၚတိုအသင္းအတြက္ ပိုအက်ိဳးရွိေစခဲ့ပါတယ္။ WhoScored.com ရဲ႕ အဆင့္သက္မွတ္ေပးမႈမွာ သူဟာ rating 7.46 ရခဲ့ၿပီး ဒါဟာဆိုရင္ ေပၚတူဂီ ထိပ္တန္းလိဂ္ရဲ႕ ဗဟိုခံစစ္အားလုံးမွာ အေကာင္းဆုံးျဖစ္ပါတယ္။

WhoScored.com stats for Porto defender Eder Militao

ေပၚတိုေနာက္တန္းရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ အိုင္ဗန္ မာကန္ႏိုရဲ႕ ေနရာမွာ အစားဝင္လာတဲ့ မီလီတာအိုဟာ ထင္ထားတာထက္ ပိုေကာင္းေအာင္ လုပ္ျပခဲ့ၿပီး သူ႔ရဲ႕အရည္အခ်င္းကို မန္ခ်က္စတာယူႏိုက္တက္နဲ႔ လီဗာပူး တို႔ သတိမျပဳပဲ မေနႏိုင္ခဲ့ပါဘူး။ ဘရာဇီးလ္းသားကို မျဖစ္စေလာက္ ယူ႐ို 4 သန္း (ေပါင္ 3.6 သန္း) နဲ႔ ေခၚယူခဲ့တဲ့ ေပၚတိုအသင္းဟာ သူ႔ကိုေရာင္းဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ မ်ားျပားလြန္းတဲ့ အက်ိဳးအျမတ္ပမာဏ ရရွိပါလိမ့္မယ္။

သူ႔စာခ်ဳပ္တန္ေၾကးဟာ ေပါင္ 42.5 သန္း ရွိမယ္ ခန္႔မွန္းရတာေၾကာင့္ ေအာက္ေဈးနဲ႔ဝယ္ၿပီး ျမင့္မားတဲ့ ပမာဏနဲ႔ ျပန္ေရာင္းမယ့္ ေပၚတိုကလပ္အတြက္ မ်ားစြာအက်ိဳးရွိပါတယ္။ သူ႔ရဲ႕ မာန္ပါတက္ႂကြတဲ့ ခံစစ္ကစားပုံက ေပၚတူဂီမွာ ႀကိဳက္ႏွစ္သက္သူ အမ်ားႀကီးရွိပါတယ္။ သူ႔ကို အေတြ႕အႀကဳံမ်ားတဲ့ ဝါရင့္ခံစစ္ကစားသမား ပီပီနဲ႔ေတာင္ ခိုင္းႏႈိင္းၾကတယ္။ သူက ျပစ္ဒဏ္က်ဴးလြန္းမႈမွာ ျမင့္မားေပမယ့္ ဒါက အခ်ိန္ၾကာလာရင္ အေတြ႔အၾကံဳနဲ႔အတူ ေျဖရွင္းလို႔ရတဲ့ လကၡဏာတစ္ရပ္ျဖစ္တယ္။

သူ႔ရဲ႕ ကြင္းတေလွ်ာက္ ေျပးႏႈန္းကလဲ အသင္းအတြက္ အေရးပါပါတယ္။ ေပၚတိုခံစစ္ဟာ မီလီတာအို ပြဲထြက္ကစားတဲ့ 13 ပြဲမွာ ငါးဂိုးသာ ခြင့္ျပဳခဲ့ရတယ္။ သူ႔အရပ္ဟာ 6 ေပ 1 လက္မရွိၿပီး အျမင့္ေဘာေတြကိုလဲ ေကာင္းေကာင္းကစားႏိုင္တယ္။ အျမင့္ေဘာေအာင္ျမင္မႈက 67.2 % ရွိပါတယ္။

သူဟာ တိုးတက္ဖို႔ လိုေသးေပမယ့္လဲ ခံစစ္ကေန ေဘာလုံးေပးရာမွာ အရည္အခ်င္း ရွိတဲ့သူပါ။ အသင္းရဲ႕ စတုတၳေျမာက္ အေကာင္းဆုံး ကစားသမားအေနနဲ႔ ႀကီးမားတဲ့ အလားအလာ ရွိတယ္ဆိုတာ အျပည့္အဝ နားလည္တယ္ဆိုရင္ ပိုၿပီးႀကိဳးစားဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ အသက္ 20 ပဲရွိေသးလို႔ အခ်ိန္ေတြက ကိုယ့္ဘက္မွာ အမ်ားႀကီး က်န္ပါေသးတယ္။ မွန္ကန္တဲ့ နည္းျပ မွန္ကန္တဲ့ ခံစစ္မိတ္ဖက္နဲ႔ေတြ႕ရင္ သူဟာ ေနာက္တစ္ဆင့္ကို ေရာက္သြားမွာပါ။

ေပၚတိုအသင္းဟာ သူ႔အတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ပိုထည့္သြင္းမယ့္ စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုဖို႔ အေရးတႀကီး ျဖစ္ေနပါတယ္။ ဒါေပမယ့္ ေငြေၾကးရႈေထာင့္ကေန ၾကည့္ရင္ သူတို႔ဟာ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးတို႔နဲ႔ မယွဥ္ႏိုင္ပါဘူး။ အဂၤလိပ္အသင္းေတြက သူ႔ကို ေငြမ်ားစြာသုံးၿပီး ေခၚယူလိုေနတာက သတိထားစရာပါ။ 2014 တုန္းက မန္ခ်က္စတာစီးတီးကလဲ မန္ဂါလာကို ေခၚယူဖို႔ လုပ္ခဲ့ၿပီး ျပင္သစ္ကစားသမားဟာ ပရီးမီးယားလိဂ္မွာ အသားက်ဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။

ၿပီးခဲတဲ့ ေႏြရာသီက မီလီတာအို ေပၚတိုကိုမေျပာင္းခင္ စီးတီးဟာ သူ႔ကို ညာေနာက္တန္းအတြက္ ႀကိဳးစားခဲ့ဖူးပါတယ္။ ကြင္းလယ္မွာလဲ ကစားႏိုင္တဲ့ စြယ္စုံရ မီလီတာအိုဟာ စိတ္ဝင္စားေနတဲ့ အသင္းအတြက္ တကယ့္ကို အက်ိဴးျပဳႏိူင္မယ့္သူျဖစ္ပါတယ္။ ေပၚတိုမွာ ပုံမွန္ကစားခြင့္ ရေနတာျဖစ္လို႔ ဒီမွာပဲ ဆက္လက္သင္ယူရင္း သူ ပိုေကာင္းလာႏိုင္ပါတယ္။ ဒါေပမယ့္ ေဘာလုံးေလာကရဲ႕ ထိပ္သီးအသင္းေတြက ေခၚရင္ေတာ့ ေခါင္းညိတ္ဖို႔ မခက္ခဲပါဘူး။

မီလီတာအိုဟာ ပရီးမီးယားလိဂ္ အသင္းမ်ားစြာကို အမ်ားႀကီး တိုးတက္ေစႏိုင္တယ္ ဆိုတာကို ျပသခဲ့ၿပီး ဒီလထဲ ဒါမွမဟုတ္ ေႏြရာသီမွာပဲ ေျပာင္းေျပာင္း သူဟာအသင္းတိုင္းအတြက္ ဝမ္းသာစရာေကာင္းတဲ့ ေခၚယူမႈ ျဖစ္ေစမွာ ေသခ်ာပါတယ္။

Sports Home Time

[Unicode] မနေ့ညက နေစီယွန်နယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲဟာ ပေါ်တိုအသင်းအတွက် ကိုးပွဲဆက် လိဂ်ပွဲ အနိုင်ရခြင်းဖြစ်ပါတယ်။ မကြာသေးမီးက အပတ်တွေမှာ သူတို့ရဲ့ ဖလားပြိုင်ဘက်တွေက ခြေချော်ခဲ့ကြပြီး ပေါ်တိုအသင်းကတော့ ပရီးမီးယားလီဂါဖလားကို ထိန်းသိမ်းနိုင်ဖို့ အရေးမှာ အမှားမရှိခဲ့ပဲ ပထမနေရာမှာ ရပ်တည်နေပါတယ်။

ဇယားထိပ်ဆုံးမှာ ခြောက်မှတ်အသာနဲ့ ဦးဆောင်နေတဲ့ ပေါ်တိုအသင်းဟာ အောက်တိုဘာ အစောပိုင်းက ဘင်ဖီကာကို 1-0 နဲ့ ရှုံးပြီးနောက်ပိုင်း လိဂ်ပွဲတစ်ပွဲမှ ထပ်မံရှူံးနိမ့်ခြင်း မရှိခဲ့ပါဘူး။ မနေ့က နေစီယွန်နယ်ကို 3-1 နဲ့ အနိုင်ရရှိခဲ့တာကြောင့် သူတို့ရဲ့ ဖလားအောင်မြင်ဖို့ ရေပန်းစားမှုက ပိုတိုးတက်လာခဲ့ပါတယ်။

ပေါ်တူဂီလိဂ်မှာ ကြီးစိုးနေတဲ့ အသင်းကြီးဖြစ်တဲ့ ပေါ်တိုဟာ လာလီဂါ၊ စီးရီးအေ၊ ပရီးမီးယားလိဂ်က အသင်းတွေနဲ့တော့ အောင်မြင်မှုချင်း ကွာခြားပေမယ့်လဲ ပေါ်တိုအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို စိတ်ဝင်စားနေကြတဲ့ ကလပ်တွေများစွာရှိပါတယ်။

မောက်ဆာ မာရီဂါနဲ့ ဘရာဟီမီတို့ နှစ်ယောက်လုံးဟာ ပြီးခဲတဲ့ နွေရာသီက ဝက်စ်ဟမ်း အသင်းနဲ့ အခိုင်အမာ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ 12 လအတွင်းက ချယ်ဆီးအသင်းဟာလဲ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို ပေါင်သန်း 20 နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့ပါတယ်။ အခုနောက်ဆုံး ဥရောပ အသင်းကြီးတွေကို ပမာဏ များစွာနဲ့ ပြောင်းရွှေ့ဖို့ ရေပန်းစားနေတာကတော့ ပေါ်တိုအသင်းရဲ့ လူငယ်ဗဟိုနောက်ခံလူ အီဒါ မီလီတာအိုဖြစ်ပါတယ်။

နွေရာသီမှာ ဘရာဇီးကလပ် ဆာပိုလိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ အသက် 20 အရွယ် ကစားသမားဟာ ပေါ်တူဂီဘောလုံးလောကနဲ့ အံဝင်အောင် ကစားနိုင်ခဲ့ပါတယ်။ ဘရာဇီးကလပ်ရဲ့ အစောပိုင်းလတွေမှာ သူ့ကို ညာနောက်ခံလူအဖြစ် အများဆုံး အသုံးပြုခဲ့ပြီး ပေါ်တိုနည်းပြကတော့ ဗဟိုခံစစ်မှာ ကစားစေခဲ့ကာ ပေါ်တိုအသင်းအတွက် ပိုအကျိုးရှိစေခဲ့ပါတယ်။ WhoScored.com ရဲ့ အဆင့်သက်မှတ်ပေးမှုမှာ သူဟာ rating 7.46 ရခဲ့ပြီး ဒါဟာဆိုရင် ပေါ်တူဂီ ထိပ်တန်းလိဂ်ရဲ့ ဗဟိုခံစစ်အားလုံးမှာ အကောင်းဆုံးဖြစ်ပါတယ်။

WhoScored.com stats for Porto defender Eder Militao

ပေါ်တိုနောက်တန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ အိုင်ဗန် မာကန်နိုရဲ့ နေရာမှာ အစားဝင်လာတဲ့ မီလီတာအိုဟာ ထင်ထားတာထက် ပိုကောင်းအောင် လုပ်ပြခဲ့ပြီး သူ့ရဲ့အရည်အချင်းကို မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး တို့ သတိမပြုပဲ မနေနိုင်ခဲ့ပါဘူး။ ဘရာဇီးလ်းသားကို မဖြစ်စလောက် ယူရို 4 သန်း (ပေါင် 3.6 သန်း) နဲ့ ခေါ်ယူခဲ့တဲ့ ပေါ်တိုအသင်းဟာ သူ့ကိုရောင်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် များပြားလွန်းတဲ့ အကျိုးအမြတ်ပမာဏ ရရှိပါလိမ့်မယ်။

သူ့စာချုပ်တန်ကြေးဟာ ပေါင် 42.5 သန်း ရှိမယ် ခန့်မှန်းရတာကြောင့် အောက်ဈေးနဲ့ဝယ်ပြီး မြင့်မားတဲ့ ပမာဏနဲ့ ပြန်ရောင်းမယ့် ပေါ်တိုကလပ်အတွက် များစွာအကျိုးရှိပါတယ်။ သူ့ရဲ့ မာန်ပါတက်ကြွတဲ့ ခံစစ်ကစားပုံက ပေါ်တူဂီမှာ ကြိုက်နှစ်သက်သူ အများကြီးရှိပါတယ်။ သူ့ကို အတွေ့အကြုံများတဲ့ ဝါရင့်ခံစစ်ကစားသမား ပီပီနဲ့တောင် ခိုင်းနှိုင်းကြတယ်။ သူက ပြစ်ဒဏ်ကျူးလွန်းမှုမှာ မြင့်မားပေမယ့် ဒါက အချိန်ကြာလာရင် အတွေ့အကြုံနဲ့အတူ ဖြေရှင်းလို့ရတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။

သူ့ရဲ့ ကွင်းတလျှောက် ပြေးနှုန်းကလဲ အသင်းအတွက် အရေးပါပါတယ်။ ပေါ်တိုခံစစ်ဟာ မီလီတာအို ပွဲထွက်ကစားတဲ့ 13 ပွဲမှာ ငါးဂိုးသာ ခွင့်ပြုခဲ့ရတယ်။ သူ့အရပ်ဟာ 6 ပေ 1 လက်မရှိပြီး အမြင့်ဘောတွေကိုလဲ ကောင်းကောင်းကစားနိုင်တယ်။ အမြင့်ဘောအောင်မြင်မှုက 67.2 % ရှိပါတယ်။

သူဟာ တိုးတက်ဖို့ လိုသေးပေမယ့်လဲ ခံစစ်ကနေ ဘောလုံးပေးရာမှာ အရည်အချင်း ရှိတဲ့သူပါ။ အသင်းရဲ့ စတုတ္ထမြောက် အကောင်းဆုံး ကစားသမားအနေနဲ့ ကြီးမားတဲ့ အလားအလာ ရှိတယ်ဆိုတာ အပြည့်အဝ နားလည်တယ်ဆိုရင် ပိုပြီးကြိုးစားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အသက် 20 ပဲရှိသေးလို့ အချိန်တွေက ကိုယ့်ဘက်မှာ အများကြီး ကျန်ပါသေးတယ်။ မှန်ကန်တဲ့ နည်းပြ မှန်ကန်တဲ့ ခံစစ်မိတ်ဖက်နဲ့တွေ့ရင် သူဟာ နောက်တစ်ဆင့်ကို ရောက်သွားမှာပါ။

ပေါ်တိုအသင်းဟာ သူ့အတွက် စာချုပ်ဖျက်သိမ်းကြေး ပိုထည့်သွင်းမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့ အရေးတကြီး ဖြစ်နေပါတယ်။ ဒါပေမယ့် ငွေကြေးရှုထောင့်ကနေ ကြည့်ရင် သူတို့ဟာ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးတို့နဲ့ မယှဉ်နိုင်ပါဘူး။ အင်္ဂလိပ်အသင်းတွေက သူ့ကို ငွေများစွာသုံးပြီး ခေါ်ယူလိုနေတာက သတိထားစရာပါ။ 2014 တုန်းက မန်ချက်စတာစီးတီးကလဲ မန်ဂါလာကို ခေါ်ယူဖို့ လုပ်ခဲ့ပြီး ပြင်သစ်ကစားသမားဟာ ပရီးမီးယားလိဂ်မှာ အသားကျဖို့ ရုန်းကန်နေခဲ့ရပါတယ်။

ပြီးခဲတဲ့ နွေရာသီက မီလီတာအို ပေါ်တိုကိုမပြောင်းခင် စီးတီးဟာ သူ့ကို ညာနောက်တန်းအတွက် ကြိုးစားခဲ့ဖူးပါတယ်။ ကွင်းလယ်မှာလဲ ကစားနိုင်တဲ့ စွယ်စုံရ မီလီတာအိုဟာ စိတ်ဝင်စားနေတဲ့ အသင်းအတွက် တကယ့်ကို အကျိူးပြုနိူင်မယ့်သူဖြစ်ပါတယ်။ ပေါ်တိုမှာ ပုံမှန်ကစားခွင့် ရနေတာဖြစ်လို့ ဒီမှာပဲ ဆက်လက်သင်ယူရင်း သူ ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကရဲ့ ထိပ်သီးအသင်းတွေက ခေါ်ရင်တော့ ခေါင်းညိတ်ဖို့ မခက်ခဲပါဘူး။

မီလီတာအိုဟာ ပရီးမီးယားလိဂ် အသင်းများစွာကို အများကြီး တိုးတက်စေနိုင်တယ် ဆိုတာကို ပြသခဲ့ပြီး ဒီလထဲ ဒါမှမဟုတ် နွေရာသီမှာပဲ ပြောင်းပြောင်း သူဟာအသင်းတိုင်းအတွက် ဝမ်းသာစရာကောင်းတဲ့ ခေါ်ယူမှု ဖြစ်စေမှာ သေချာပါတယ်။

Sports Home Time