ကမ္ဘာအကောင်းဆုံး နံပါတ် ၃ ကစားသမားက ဘယ်သူလဲ မေးခွန်းကို ပြန်ဖြေတဲ့ ဝိုက်နယ်ဒမ်

နယ်သာလန်ကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဖီဖာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ မေးခံရတဲ့ ကမ္ဘာဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေက ဘယ်သူလဲဆိုတဲ့ မေးခွန်းကို ပြန်လည် ဖြေဆိုပေးမှု ပြုလုပ်သွားပါတယ်။

ဝိုက်နယ်ဒမ်ကပဲ မက်ဆီ၊ ရော်နယ်ဒိုတို့ဟာ ဘောလုံးလောကကို ဆယ်စုနှစ်ကြာ လွှမ်းမိုးထားသူတွေဖြစ်လို့ သူတို့ နှစ်ဦးကို မပါမဖြစ် ထည့်သွင်းသွားခဲ့တယ်။ နံပါတ် ၃ နေရာက ကစားသမားကတော့ မေးမြန်ခံရသူအလိုက် အမြဲတမ်း ပြောင်းလဲနေတတ်ပြီး သူ့အတွက်ကတော့ ဗန်ဒိုက်ဟာ အကောင်းဆုံး ကစားသမား ၃ ဦးထဲက တစ်ဦးပါလို့ ဝိုက်နယ်ဒမ်က ထုတ်ပြောလာခဲ့ပါတယ်။

ဝိုက်နယ်ဒမ်က ပြောရာမှာ ” လူတိုင်းက မက်ဆီနဲ့ ရော်နယ်ဒို အကြောင်းပဲ ပြောကြပါတယ် ဘာလို့လည်းဆိုတော့ သူတို့က ၁၅ နှစ်လုံး ဘောလုံးလောကကို လွှမ်းမိုးထားသူတွေ ဖြစ်နေလို့ပါ။ ဒီတော့ တတိယ ကစားသမားက ဘယ်သူလဲဆိုတာက အမြဲတမ်း မတူညီဘဲ ခြားနားနေတာပေါ့။

ကမ္ဘာအကောင်းဆုံး ကစားသမားတွေအကြောင်း ပြောပြီဆိုရင် လူတိုင်းက အလိုလိုကိုပဲ ကွင်းလယ်နဲ့ တိုက်စစ်သမားတွေကိုပဲ ပြောကြပါတယ်။ ဒါပေမယ့် သိပ်ကိုကောင်းတဲ့ ခံစစ်သမားတွေလည်း ရှိနေပါတယ်။ ဗန်ဒိုက်က အဲ့လိ ကစားသမားတွေထဲ ပါဝင်နေပါတယ်။

လူတိုင်းကတော့ ကိုယ်ပိုင် အမြင်တွေ ရှိကြမှာပေါ့ဗျာ။ အချို့ကတော့ ဗဟိုခံစစ်မှူးဆိုတာ ဘောလုံးကိုင်ကစားတာ ကောင်းရမယ်၊ အချို့ကတော့ အသင်းဖော်တွေကို ကူညီနိုင်စွမ်းရှိပြီး ခေါင်းဆောင်မှုပိုင်း ကောင်းမွန်တဲ့ ခံစစ်မှူးကိုမှ ပိုပြီး နှစ်သက်တယ်။ အချို့က ခံစစ်ကို ကောင်းကောင်းကြီး ကူညီနိုင်တဲ့ ဗဟိုခံစစ်မှူးမျိုးပေါ့။

ဗာဂျယ်က အဲ့လို အရည်အချင်းတွေ အားလုံးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူက သိပ်ကိုကောင်းတဲ့ ကစားသမားတွေထဲကို ပါဝင်နိုင်တဲ့သူ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ မနှစ်ကရာသီ အဲဗာတန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး ကာလရှည် အနားယူခဲ့ရသူဖြစ်တယ်။ ဒီရာသီအတွက် အကောင်းဆုံး ဆုတွေကို ချီးမြှင့်ရေးမှာ ဗန်ဒိုက် မပါနိုင်ခဲ့ပေမယ့် သူကတော့ ဒဏ်ရာကနေ ပြန်သက်သာလာပြီး လီဗာပူးနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေအတွက် ပြန်ပြီး ကြိးစားနေပြီဖြစ်ပါတယ်။

ZAWGYI – နယ္သာလန္ကြင္းလယ္လူ ဝိုက္နယ္ဒမ္က ဖီဖာနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ေမးခံရတဲ့ ကမၻာေဘာလံုးေလာကရဲ႕ အေကာင္းဆံုး ကစားသမားေတြက ဘယ္သူလဲဆိုတဲ့ ေမးခြန္းကို ျပန္လည္ ေျဖဆိုေပးမႈ ျပဳလုပ္သြားပါတယ္။

ဝိုက္နယ္ဒမ္ကပဲ မက္ဆီ၊ ေရာ္နယ္ဒိုတို႔ဟာ ေဘာလံုးေလာကကို ဆယ္စုႏွစ္ၾကာ လႊမ္းမိုးထားသူေတြျဖစ္လို႔ သူတို႔ ႏွစ္ဦးကို မပါမျဖစ္ ထည့္သြင္းသြားခဲ့တယ္။ နံပါတ္ ၃ ေနရာက ကစားသမားကေတာ့ ေမးျမန္ခံရသူအလိုက္ အျမဲတမ္း ေျပာင္းလဲေနတတ္ျပီး သူ႔အတြက္ကေတာ့ ဗန္ဒိုက္ဟာ အေကာင္းဆံုး ကစားသမား ၃ ဦးထဲက တစ္ဦးပါလို႔ ဝိုက္နယ္ဒမ္က ထုတ္ေျပာလာခဲ့ပါတယ္။

ဝုိက္နယ္ဒမ္က ေျပာရာမွာ ” လူတိုင္းက မက္ဆီနဲ႔ ေရာ္နယ္ဒို အေၾကာင္းပဲ ေျပာၾကပါတယ္ ဘာလို႔လည္းဆိုေတာ့ သူတို႔က ၁၅ ႏွစ္လံုး ေဘာလံုးေလာကကို လႊမ္းမိုးထားသူေတြ ျဖစ္ေနလို႔ပါ။ ဒီေတာ့ တတိယ ကစားသမားက ဘယ္သူလဲဆိုတာက အျမဲတမ္း မတူညီဘဲ ျခားနားေနတာေပါ့။

ကမၻာအေကာင္းဆံုး ကစားသမားေတြအေၾကာင္း ေျပာျပီဆိုရင္ လူတိုင္းက အလိုလိုကိုပဲ ကြင္းလယ္နဲ႔ တိုက္စစ္သမားေတြကိုပဲ ေျပာၾကပါတယ္။ ဒါေပမယ့္ သိပ္ကိုေကာင္းတဲ့ ခံစစ္သမားေတြလည္း ရွိေနပါတယ္။ ဗန္ဒိုက္က အဲ့လိ ကစားသမားေတြထဲ ပါဝင္ေနပါတယ္။

လူတိုင္းကေတာ့ ကိုယ္ပိုင္ အျမင္ေတြ ရွိၾကမွာေပါ့ဗ်ာ။ အခ်ိဳ႔ကေတာ့ ဗဟိုခံစစ္မွဴးဆိုတာ ေဘာလံုးကိုင္ကစားတာ ေကာင္းရမယ္၊ အခ်ိဳ႔ကေတာ့ အသင္းေဖာ္ေတြကို ကူညီႏုိင္စြမ္းရွိျပီး ေခါင္းေဆာင္မႈပိုင္း ေကာင္းမြန္တဲ့ ခံစစ္မွဴးကိုမွ ပိုျပီး ႏွစ္သက္တယ္။ အခ်ိဳ႔က ခံစစ္ကို ေကာင္းေကာင္းၾကီး ကူညီႏိုင္တဲ့ ဗဟိုခံစစ္မွဴးမ်ိဳးေပါ့။

ဗာဂ်ယ္က အဲ့လို အရည္အခ်င္းေတြ အားလံုးကို ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ သူက သိပ္ကိုေကာင္းတဲ့ ကစားသမားေတြထဲကို ပါဝင္ႏုိင္တဲ့သူ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ မႏွစ္ကရာသီ အဲဗာတန္နဲ႔ပြဲမွာ ရခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ တစ္ရာသီလံုး ကာလရွည္ အနားယူခဲ့ရသူျဖစ္တယ္။ ဒီရာသီအတြက္ အေကာင္းဆံုး ဆုေတြကို ခ်ီးျမွင့္ေရးမွာ ဗန္ဒိုက္ မပါႏုိင္ခဲ့ေပမယ့္ သူကေတာ့ ဒဏ္ရာကေန ျပန္သက္သာလာျပီး လီဗာပူးနဲ႔အတူ စြမ္းေဆာင္ရည္ေကာင္းေတြအတြက္ ျပန္ျပီး ၾကိးစားေနျပီျဖစ္ပါတယ္။