ချယ်ဆီး၊ မန်စီးတီး ပစ်မှတ်ကို ခေါ်ယူဖို့ ဘာစီလိုနာကို အကြံပေးခဲ့တဲ့ လူးဝစ် ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်က ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင် နူညက်ကို ခေါ်ယူဖို့ ဘာစီလိုနာရဲ့ အကြီးအကဲတွေကို တိုက်တွန်းခဲ့တဲ့အကြောင်း ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ချယ်ဆီး၊ ယူနိုက်တက်၊ လီဗာပူး၊ မန်စီးတီးတို့ရဲ့ စိတ်ဝင်စား ကင်းထောက်မှုတွေနဲ့အတူ ပရီးမီးယားလိဂ်ကို ပြောင်းရွှေဖို့ သတင်းကြီးလာနေသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဘင်ဖီကာကို မရောက်ခင် လာလီဂါက အယ်မာရီယာမှာ ကစားခဲ့တုန်းက သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာကို အကြံပေးခဲ့တယ်လို့ ဆွာရက်ဇ်က ပြောပြလာတာပါ။

ဘာစီလိုနာဘက်က နူညက်ကို နူးကမ့်ထံ မခေါ်ယူဖို့ ရွေးချယ်ခဲ့ခြင်းကြောင့် ဆွာရက်ဇ်ရဲ့ ဥရုဂွေး အသင်းဖော်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကပဲ ယူရို ၂၄ သန်းနဲ့ ဘင်ဖီကာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

“သူ အယ်မာရီယာမှာ ရှိခဲ့တုန်းက ဒါဝင်ကို ခေါ်ဖို့ ဘာစီလိုနာကို ကျွန်တော် အကြံပေးခဲ့ပါတယ်။ ကျွန်တော့်မှာ နိုင်ငံတကာ အတွေ့အကြုံ ၁၅ နှစ်ရှိပါတယ်။ တိုက်စစ်ကစားသမားတွေနဲ့ ပတ်သက်ပြီး တစ်ခုနှစ်ခုလောက်တော့ သိပါတယ်။

ဒါကြောင့် ‘အဲ့ကောင်လေးကို စောင့်ကြည့်ကြည့်။ သူအရမ်းတော်တယ်။ သူက စိတ်ဝင်စားစရာတွေ လုပ်ပြနိုင်တယ်’လို့ ကျွန်တော် ဘာစီလိုနာကို ပြောခဲ့တာပါ။ ဒါပေမယ့် ကလပ်က သူက အယ်မာရီယာမှာ ရှိနေပြီး ငယ်လွန်းတယ်လို့ တုံ့ပြန်ခဲ့တယ်။

ကျွန်တော့် အမြင်အရ ယူရို သန်း၈၀၊ ၉၀၊ ၁၀၀ တွေ ပေးမယ့်အစား ၁၅ သန်း၊ သန်း ၂၀ လောက်နဲ့ သူ့ကို အရန်လူအဖြစ် သုံးလို့ရပါတယ်။ သူက ကစားခွင့်ပေးတာနဲ့ ကောင်းကောင်း လုပ်ပြနိုင်တဲ့ ကစားသမားမျိုးပါ။ ကျွန်တော်တို့က ခေါ်သင့်တဲ့ ကစားသမားတွေကို အကြံပေးခဲ့ကြတာပါ။

မက်ဆီ၊ အင်နီယေစတာ၊ ဘက်စကွက်တို့တင်မက ကျွန်တော့်အသင်းဖော် တစ်ယောက်မှ အပြောင်းအရွှေ့ကို တားမြစ်ဖို့ ကြိုးစားတာမျိုး မကြားဖူးခဲ့ပါဘူး ” လို့ ဆွာရက်ဇ်က ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

နူညက်ဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားပြီး ၃-၀ ဖြင့် အနိုင်ရခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့ကာ သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်တယ်။ အခုချိန်မှာ ဘာကာဘက်က နူညက်ကို ခေါ်ယူလိုတယ်ဆိုရင်တောင် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်သလို ပြောင်းရွှေ့ကြေးက များစွာ မြင့်မားသွားခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI – လူးဝစ္ဆြာရက္ဇ္က ဘင္ဖီကာ တိုက္စစ္မႉး ဒါဝင္ ႏူညက္ကို ေခၚယူဖို႔ ဘာစီလိုနာရဲ႕ အႀကီးအကဲေတြကို တိုက္တြန္းခဲ့တဲ့အေၾကာင္း ျပန္ေျပာင္း ေျပာဆိုခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားဟာ ခ်ယ္ဆီး၊ ယူႏိုက္တက္၊ လီဗာပူး၊ မန္စီးတီးတို႔ရဲ႕ စိတ္ဝင္စား ကင္းေထာက္မႈေတြနဲ႔အတူ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊဖို႔ သတင္းၾကီးလာေနသူ ျဖစ္ပါတယ္။ ဒါေပမယ့္ ဘင္ဖီကာကို မေရာက္ခင္ လာလီဂါက အယ္မာရီယာမွာ ကစားခဲ့တုန္းက သူ႔ကို ေခၚယူဖို႔ ဘာစီလိုနာကို အႀကံေပးခဲ့တယ္လို႔ ဆြာရက္ဇ္က ေျပာျပလာတာပါ။

ဘာစီလိုနာဘက္က ႏူညက္ကို ႏူးကမ့္ထံ မေခၚယူဖို႔ ေ႐ြးခ်ယ္ခဲ့ျခင္းေၾကာင့္ ဆြာရက္ဇ္ရဲ႕ ဥ႐ုေဂြး အသင္းေဖာ္ဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ကပဲ ယူ႐ို ၂၄ သန္းနဲ႔ ဘင္ဖီကာကို ေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။

“သူ အယ္မာရီယာမွာ ရွိခဲ့တုန္းက ဒါဝင္ကို ေခၚဖို႔ ဘာစီလိုနာကို ကြၽန္ေတာ္ အႀကံေပးခဲ့ပါတယ္။ ကြၽန္ေတာ့္မွာ ႏိုင္ငံတကာ အေတြ႕အႀကဳံ ၁၅ ႏွစ္ရွိပါတယ္။ တိုက္စစ္ကစားသမားေတြနဲ႔ ပတ္သက္ၿပီး တစ္ခုႏွစ္ခုေလာက္ေတာ့ သိပါတယ္။

ဒါေၾကာင့္ ‘အဲ့ေကာင္ေလးကို ေစာင့္ၾကည့္ၾကည့္။ သူအရမ္းေတာ္တယ္။ သူက စိတ္ဝင္စားစရာေတြ လုပ္ျပႏိုင္တယ္’လို႔ ကြၽန္ေတာ္ ဘာစီလိုနာကို ေျပာခဲ့တာပါ။ ဒါေပမယ့္ ကလပ္က သူက အယ္မာရီယာမွာ ရွိေနၿပီး ငယ္လြန္းတယ္လို႔ တုံ႔ျပန္ခဲ့တယ္။

ကြၽန္ေတာ့္ အျမင္အရ ယူ႐ို သန္း၈၀၊ ၉၀၊ ၁၀၀ ေတြ ေပးမယ့္အစား ၁၅ သန္း၊ သန္း ၂၀ ေလာက္နဲ႔ သူ႔ကို အရန္လူအျဖစ္ သုံးလို႔ရပါတယ္။ သူက ကစားခြင့္ေပးတာနဲ႔ ေကာင္းေကာင္း လုပ္ျပႏိုင္တဲ့ ကစားသမားမ်ိဳးပါ။ ကြၽန္ေတာ္တို႔က ေခၚသင့္တဲ့ ကစားသမားေတြကို အႀကံေပးခဲ့ၾကတာပါ။

မက္ဆီ၊ အင္နီေယစတာ၊ ဘက္စကြက္တို႔တင္မက ကြၽန္ေတာ့္အသင္းေဖာ္ တစ္ေယာက္မွ အေျပာင္းအေ႐ႊ႕ကို တားျမစ္ဖို႔ ႀကိဳးစားတာမ်ိဳး မၾကားဖူးခဲ့ပါဘူး ” လို႔ ဆြာရက္ဇ္က ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။

ႏူညက္ဟာ ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ကစားျပီး ၃-၀ ျဖင့္ အႏုိင္ရခဲ့တဲ့ အသင္းမွာ ပါဝင္ခဲ့ကာ သြင္းဂိုး ၂ ဂိုး သြင္းယူေပးခဲ့တာျဖစ္တယ္။ အခုခ်ိန္မွာ ဘာကာဘက္က ႏူညက္ကို ေခၚယူလိုတယ္ဆိုရင္ေတာင္ ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ယွဥ္ျပိဳင္ရေတာ့မွာျဖစ္သလို ေျပာင္းေရႊ႔ေၾကးက မ်ားစြာ ျမင့္မားသြားခဲ့ျပီ ျဖစ္ပါတယ္။