မန်စီးတီးပွဲမှာ မီလ်နာ အနီကဒ် ရသင့်သလား စကိုင်းစပေါ့ကနေ ဒိုင်လူကြီးဟောင်း ဆွေးနွေး

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဒါမော့ ဂလဲဟားက မန်စီးတီးနဲ့ ပွဲမှာ ဒုတိယ အဝါကတ်နဲ့ အနီရဖို့ လွတ်မြောက် သွားခဲ့တဲ့ လီဗာပူးအသင်းသား ဂျျိမ်းစ် မေနာရဲ့ ဖြစ်ရပ် အကြောင်း စကိုင်းစပေါ့မှာ ဆွေးနွေး သုံးသပ်ခဲ့ပါတယ်။

ထိုပွဲမှာ ကွင်းလယ်ဒိုင် အဖြစ် တာဝန်ယူသွားတာက ပေါလ် တီယာနေး ဖြစ်ပါတယ်။ ပွဲတင်ဆက်သူ တစ်ဦးဖြစ်တဲ့ မီကာရစ်ချက်ကတော့ ထိုဖြစ်ရပ်ကတော့ သူ့ကို လုံး၀ ရှော့ခ်ရသွားစေတယ်လို့ ဆိုခဲ့ပါတယ်။

မေနာရဲ့ ဖြစ်ရပ် ကတော့ ပွဲချိန် ပထမပိုင်းမှာ ပြစ်ဒဏ်ဘော ကျူးလွန်တာကြောင့် အဝါကတ် တစ်ကြိမ် ရပြီးသား ဂျိမ်းစ် မေနာဟာ ဘယ်တောင်ပံမှာ ဘာနာဒို ဆေးလ်ဗားရဲ့ ပြေးလမ်းကြောင်းမှာ ခြေထိုးထားမှုကို မရုတ်သိမ်းခဲ့ခြင်းဖြစ်တယ်။ ဒါပေမယ့် ဒိုင်လူကြီး တီယာနေးက အဝါကတ် မပြသခဲ့တာကြောင့် မေနာ က ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့ရမယ့် အရေးကနေ လွတ်မြောက် သွားခဲ့ပါတယ်။

စကိုင်းစပေါ့ရဲ့ လူ ၅ ဦးပါ သုံးသပ်မှုမှာတော့ ဒိုင်လူကြီးဟောင်း ဒါမော့ က – ” တကယ်လို့ ပွဲတစ်ပွဲထဲမှာ ဒုတိယ အဝါကတ် ပြသရတော့မယ် ဆိုရင် လူတိုင်းက ‘ ဟုတ်တယ်။ ရွေးစရာ မရှိဘူး၊ အဝါထပ်ပြရတော့မယ်။ ‘ လို့ တွေးစေချင်ကြတာပါ။ အခုကိစ္စကလည်း အဲဒီလို အနေအထားထဲ ဝင်သွားတယ် ထင်တယ်။

ဒါက တခါတည်း ဖဲပြားချည် ထုပ်ပိုးထားတဲ့ လက်ဆောင် တစ်ခုလိုပဲ။ ဘာလို့ မေနာကို မထုတ်လဲ ဆိုတာ သူ (တီယာနေး)ပဲ သိပါလိမ့်မယ်။ အဲဒီမတိုင်ခင် ဟန်ဒါဆန် ကိစ္စမှာ ခရာမှုတ်လိုက်ရင်တောင် ဘောလုံးလောကက သူတိုင်း ပရိသတ်တွေတိုင်းက ဒီကိစ္စကို အနီကတ် ရဖို့ မျှော်လင့်နေကြတာပါ။ ” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဆွေးနွေးမှုမှာ ပါဝင်တဲ့ အမျိုးသမီး ပရိုကစားသမားဟောင်း SUE SMITH က ဆိုရင် ” ဒါက ငြင်းခုန်စရာကို မလိုဘူးထင်တယ်။ လူတိုင်းက ဒါကို ဒုတိယ အဝါကတ် ပြရမယ်ဆိုတာ သဘောတူကြမယ် ထင်တယ်။ ” လို့ ဝင်ဆွေးနွေးခ့တယ်။

ဂျိမ်းစ် မေနာ အဝါကတ် လွတ်မြောက်သွားပြီး မိနစ် အနည်းငယ် အကြာမှာပဲ ဖာဘင်ညိုက ဆင်တူတဲ့ ပြစ်ဒဏ် ကျူးလွန်မှုမျိုး ဆေးလ်ဗားကို လုပ်ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဖာဘင်ညို အဝါကတ် ပြသ သတိပေးခံခဲ့ရပါတယ်။

ထို ကိစ္စ အပေါ်လည်း ဒါမော့က – ” ပွဲချိန် မိနစ် ၉၀ အတွင်း ဆုံးဖြတ်ချက်တွေ ညီညွတ် မျှတနေဖို့က အမြဲ မလွယ်ကူပါဘူး။ ကျနော်လည်း ကွင်းထဲမှာ ဒီလိုပဲ ရှိခဲ့ဖူးပါတယ်။ ဖာဘင်ညို ကိစ္စမှာ ကျနော့် အမြင် ဒါကတော့ ဘောလုံး ဖြတ်ထုတ်မှုပဲ၊ ဒါပေမယ့်ဖာဘင်ညိုက အဝါကတ် ရသွားခဲ့တယ်။ လူတွေက ဒါကို ကြည့်ပြီးတော့ အရင် ၁၀ မိနစ်က ကျ မေနာ ဘာလို့ အဝါကတ် မရလဲ မေးစရာ ဖြစ်လာခဲ့တယ်။ ” လို့ ဆက်ပြောခဲ့တာဖြစ်ပါတယ်။

သုံးသပ်မှုမှာ ပါဝင်တဲ့ အခြားသော ၃ ဦးကတော့ ဒါမော့ရဲ့ မှတ်ချက်တွေကို နားထောင်ခဲ့တာကလွဲလို ဝင်ရောက် ဆွေးနွေးမှုတွေ မလုပ်ခဲ့တာဖြစ်ပါတယ်။