ယူနိုက်တက်အတွက် မမျှတတဲ့ ပွဲစဉ်ဇယားကို လီဗာပူး၊ မန်စီးတီးနဲ့ နှိုင်းယှဉ်ပြတဲ့ ဆိုးရှား

မန်နေဂျာဆိုးရှားက ပရီးမီးယားလိဂ်ပွဲစဉ် ဇယားတွေကို ဝေဖန်မှု လုပ်လာခဲ့ပြီး ချန်ပီယံလိဂ် ပွဲအပြီး ၃ ရက်တောင် မနားရခင် ပရီးမီးယားလိဂ်ပွဲ ကစားစေခြင်းကို မေးခွန်းထုတ်လိုက်ပါတယ်။

ဗီလာရီးရဲလ်ကို အနိုင်ရပြီးနောက် ယူနိုက်တက် ကစားသမားတွေဟာ ၂ ရက်ခွဲအတွင်း အဲဗာတန်နဲ့ ရင်ဆိုင်ရမှာဖြစ်ခြင်းကြောင့် ပြည့်ကျပ်နေတဲ့ ပွဲချိန်ဇယားအပေါ် ဆိုးရှားက စိတ်ပျက်နေခဲ့ပါတယ်။ တစ်ဘက်မှာ အင်္ဂါနေ့ကတည်းက ယှဉ်ပြိုင်ထားရတဲ့ လီဗာပူး၊ မန်စီးတီးပွဲကိုတော့ တနင်္ဂနွေနေ့မှ ကစားခွင့်ပေပးတာကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။

“ အဲ့အတွက် ဘာဖြေရှင်းချက်မှ မရှိဘူး။ ရုပ်သံမှာ လွှင့်ကောင်းရုံအတွက်ပဲလား?။ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ မနှစ်ကလည်း ကျွန်တော်တို့ တူရကီမှာ ကစားခဲ့ပြီးတော့ ရက်ပိုင်းအတွင်း အဲဗာတန်နဲ့ ထပ်ကစားခဲ့ရသေးတယ်။ ကျွန်တော်တို့ ဒါကို ဖြစ်အောင် လုပ်ရမှာပါ။ မနှစ်ကလိုပဲ ဒီတစ်ကြိမ်ကိုလည်း ကျော်ဖြတ်နိုင်အောင် လုပ်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နဲ့ ချယ်ဆီးက ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ်ပွဲ ကစားခဲ့ရတာပါ။ လီဗာပူး VS မန်စီးတီးပွဲကို စနေနေ့မှာ ကစားစေသင့်တာပါ။ ပွဲစဉ်ဇယားက အဆင်မပြေပါဘူး ဒါက ကျနော် ပြောနေရမယ့် ကိစ္စကို မဟုတ်ပါဘူး ” လို့ ဆိုးရှားက ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က ဟယ်ရီမက်ဂွဲရားနဲ့ အာမက် ဒီရယ်လိုတို့ဟာ ဒဏ်ရာကြောင့် အဲဗာတန်နဲ့ပွဲကို လွဲချော်ရမှာ ဖြစ်ပြီး နေမကောင်းဖြစ်တာကနေ ပြန်ကောင်းလာကစ လုရှော ပါဝင်နိုင်ဖို့က မရေမရာ ဖြစ်နေဆဲပါ။

မန်နေဂျာဆိုးရှားကပဲ “ လုခ်က ပိုကောင်းလာတယ်လို့ ခံစားရတယ်။ သူက နေမကောင်း ဖြစ်ခဲ့တာပါ။ ဒါပေမယ့် သူ့ပုခုံးက ဒဏ်ရာက ရှိသေးတယ်။ ဒါကြောင့် သူ့အတွက် ကျွန်တော်တို့ သေချာ ဆုံးဖြတ်ချက် ချရမှာပါ။

ရက်ဖို့ဒ်က ဒီနေ့မှာ ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ရေးအပြည့် ဆင်းခဲ့တယ်။ သူ့အပေါ်မှာ ပြင်းထန်တဲ့ ဖျက်ထုတ်မှု အနည်းငယ် ကြုံခဲ့ရပေမယ့် သူ အဆင်ပြေခဲ့ပါတယ်။ အဲ့ဒါက လွဲရင် ဟယ်ရီနဲ့ ဒီရယ်လိုက မကစားနိုင်သေးဘူး။ ဗုဒ္ဓဟူးနေ့ လူစာရင်းကနေ တစ်ယောက်မှ မဆုံးရှုံးခဲ့ရပါဘူး ” လို့ ဆိုခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI – မန္ေနဂ်ာဆိုးရွားက ပရီးမီးယားလိဂ္ပြဲစဥ္ ဇယားေတြကို ေဝဖန္မႈ လုပ္လာခဲ့ျပီး ခ်န္ပီယံလိဂ္ ပြဲအျပီး ၃ ရက္ေတာင္ မနားရခင္ ပရီးမီးယားလိဂ္ပြဲ ကစားေစျခင္းကို ေမးခြန္းထုတ္လိုက္ပါတယ္။

ဗီလာရီးရဲလ္ကို အႏိုင္ရၿပီးေနာက္ ယူႏိုက္တက္ ကစားသမားေတြဟာ ၂ ရက္ခြဲအတြင္း အဲဗာတန္နဲ႔ ရင္ဆိုင္ရမွာျဖစ္ျခင္းေၾကာင့္ ျပည့္က်ပ္ေနတဲ့ ပြဲခ်ိန္ဇယားအေပၚ ဆိုးရွားက စိတ္ပ်က္ေနခဲ့ပါတယ္။ တစ္ဘက္မွာ အဂၤါေန႔ကတည္းက ယွဥ္ျပိဳင္ထားရတဲ့ လီဗာပူး၊ မန္စီးတီးပြဲကိုေတာ့ တနဂၤေႏြေန႔မွ ကစားခြင့္ေပပးတာကို ေမးခြန္းထုတ္ခဲ့ပါေသးတယ္။

“ အဲ့အတြက္ ဘာေျဖရွင္းခ်က္မွ မရွိဘူး။ ႐ုပ္သံမွာ လႊင့္ေကာင္း႐ုံအတြက္ပဲလား?။ ဘာအဓိပၸါယ္မွ မရွိပါဘူး။ မႏွစ္ကလည္း ကြၽန္ေတာ္တို႔ တူရကီမွာ ကစားခဲ့ၿပီးေတာ့ ရက္ပိုင္းအတြင္း အဲဗာတန္နဲ႔ ထပ္ကစားခဲ့ရေသးတယ္။ ကြၽန္ေတာ္တို႔ ဒါကို ျဖစ္ေအာင္ လုပ္ရမွာပါ။ မႏွစ္ကလိုပဲ ဒီတစ္ႀကိမ္ကိုလည္း ေက်ာ္ျဖတ္ႏိုင္ေအာင္ လုပ္ရမွာျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔နဲ႔ ခ်ယ္ဆီးက ဗုဒၶဟူးေန႔မွာ ခ်န္ပီယံလိဂ္ပြဲ ကစားခဲ့ရတာပါ။ လီဗာပူး VS မန္စီးတီးပြဲကို စေနေန႔မွာ ကစားေစသင့္တာပါ။ ပြဲစဥ္ဇယားက အဆင္မေျပပါဘူး ဒါက က်ေနာ္ ေျပာေနရမယ့္ ကိစၥကို မဟုတ္ပါဘူး ” လို႔ ဆိုးရွားက ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။

ယူႏုိက္တက္ဘက္က ဟယ္ရီမက္ဂြဲရားနဲ႔ အာမက္ ဒီရယ္လိုတို႔ဟာ ဒဏ္ရာေၾကာင့္ အဲဗာတန္နဲ႔ပြဲကို လြဲေခ်ာ္ရမွာ ျဖစ္ၿပီး ေနမေကာင္းျဖစ္တာကေန ျပန္ေကာင္းလာကစ လုေရွာ ပါဝင္ႏုိင္ဖို႔က မေရမရာ ျဖစ္ေနဆဲပါ။

မန္ေနဂ်ာဆိုးရွားကပဲ “ လုခ္က ပိုေကာင္းလာတယ္လို႔ ခံစားရတယ္။ သူက ေနမေကာင္း ျဖစ္ခဲ့တာပါ။ ဒါေပမယ့္ သူ႔ပုခုံးက ဒဏ္ရာက ရွိေသးတယ္။ ဒါေၾကာင့္ သူ႔အတြက္ ကြၽန္ေတာ္တို႔ ေသခ်ာ ဆုံးျဖတ္ခ်က္ ခ်ရမွာပါ။

ရက္ဖို႔ဒ္က ဒီေန႔မွာ ပထမဆုံးအႀကိမ္အျဖစ္ ေလ့က်င့္ေရးအျပည့္ ဆင္းခဲ့တယ္။ သူ႔အေပၚမွာ ျပင္းထန္တဲ့ ဖ်က္ထုတ္မႈ အနည္းငယ္ ႀကဳံခဲ့ရေပမယ့္ သူ အဆင္ေျပခဲ့ပါတယ္။ အဲ့ဒါက လြဲရင္ ဟယ္ရီနဲ႔ ဒီရယ္လိုက မကစားႏိုင္ေသးဘူး။ ဗုဒၶဟူးေန႔ လူစာရင္းကေန တစ္ေယာက္မွ မဆုံးရႈံးခဲ့ရပါဘူး ” လို႔ ဆိုခဲ့ေသးတာျဖစ္ပါတယ္။