မန္စီးတီးေၾကာင့္ ခ်န္ပီယံလိဂ္အိပ္မက္ေတြ ပိုအားေကာင္းလာမယ့္ အာဆင္နယ္နဲ႔ ယူႏိုက္တက္

[Zawgyi] မန္စီးတီးအသင္း လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကေန ထုတ္ပယ္ခံရမယ့္ ျပစ္ဒဏ္ ရင္ဆိုင္ရႏိုင္တာေၾကာင့္ အာဆင္နယ္နဲ႔ ယူႏိုက္တက္တို႔ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အက်ိဳးအျမတ္ရမယ့္ အေနအထားကို ပိုင္ဆိုင္လာပါေၾကာင္း လန္ဒန္အေျခစိုက္ သတင္းဌာနက ေဖာ္ျပလာပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံဟာ အဘူဒါဘီ ေတာ္ဝင္မိသားစု လက္ေအာက္မွာ ေငြေၾကးအင္အား ေတာင့္တင္းလာေနတဲ့ အသင္းပါ။ အေျပာင္းအေရႊ႔ေတြမွာ ေငြသံုးစြဲမႈ ျမင့္မားေပမယ့္ ဥေရာပရဲ႕ ဘ႑ာေရးဆိုင္ရာ စည္းမ်ဥ္းနဲ႔ ညိစြန္းမႈေတြ ျဖစ္လာခဲ့ျပီး ယူအီအက္ဖ္ေအ ဘ႑ာေရးဆိုင္ရာ စစ္ေဆးေရး ေကာ္မတီရဲ႕ စံုစမ္းစစ္မႈကို လက္ခံခဲ့ရပါတယ္။

လီဗာပူးကို အႏုိင္ယူျပီး နာရီပိုင္းအတြင္း ထြက္ေပၚလာခဲ့တဲ့ သတင္းမွာေတာ့ ယူအီးအက္ဖ္ေအ ဘ႑ာေရးဆိုင္ရာ စံုစမ္းေရး အၾကီးအကဲက ႏိုဝင္ဘာလေတြတုန္းက ေပါက္ၾကားခဲ့တဲ့ မန္စီးတီးအသင္းရဲ႕ ေပါင္ သန္း 60 ေငြေၾကးလြဲေျပာင္းမႈဆိုင္ရာ အျပဳအမႈကို စံုးစမ္းစစ္ေဆးမႈရလဒ္ဟာ ခ်န္ပီယံလိဂ္ကေန ထုတ္ပယ္ခံရတဲ့ ျပစ္ဒဏ္မ်ိဳးကို လက္ခံရႏိုင္တယ္လို႔ အတည္ျပဳခဲ့ျခင္းျဖစ္တယ္။

ဘ႑ာေရးဆိုင္ရာ စံုစမ္းေရး အၾကီးအကဲ Yves Leterme ကပဲ ” သတင္းေတြ ေဖာ္ျပေနၾကသလိုပဲ စစ္ေဆးမႈမွာ မန္စီးတီး အျပစ္က်ဴးလြန္တာကို သက္ေသျပႏိုင္မယ္ဆိုရင္ ျပစ္ဒဏ္ၾကီးေတြ က်သင့္ရမွာပါ။ ဥေရာပ ေဘာလံုးျပိဳင္ပြဲေတြကေန ခ်န္လွပ္ခံရႏိုင္တဲ့ ၾကီးမားတဲ့ အျပစ္ေပးမႈကို ရင္ဆိုင္ရႏိုင္ပါတယ္ ” လို႔ အတည္ျပဳ ေျဖၾကားပါတယ္။

အဂၤလန္ကလပ္ေတြထဲမွာ အဆင့္ျမင့္တန္းျပိဳင္ပြဲရဲ႕ ထိပ္ဆံုးေလးသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ပါဝင္ခြင့္ရတာျဖစ္တယ္။ ဒါေပမယ့္လို႔ စည္းမ်ဥ္း 4.08 အရ ” ဥေရာပျပိဳင္ပြဲကို ကလပ္တစ္သင္းက ပါဝင္ယွဥ္ျပိဳင္ဖို႔ မလႊဲေရွာင္သာ ျဖစ္လာတဲ့အခါမွာ တူညီတဲ့ ျပည္တြင္းလိဂ္မွာ ေနာက္ထပ္ အေကာင္းဆံုးအဆင့္မွာ ရပ္တည္ေနတဲ့ အသင္းက အစားထိုး ပါဝင္ခြင့္ရွိမယ္ ” လို႔ ေဖာ္ျပထားတယ္။

ဒါေၾကာင့္ အကယ္လို႔ လာမယ့္ရာသီ မန္စီးတီးအသင္း ခ်န္ပီယံလိဂ္ကေန ထုတ္ပယ္ခံရမယ္ဆိုရင္ လက္ရွိ အမွတ္ေပးဇယား အေနအထားအရ အာဆင္နယ္ (သို႔) ယူႏုိက္တက္ (သို႔) အဆင့္ 5 ေနရာက ရာသီသိမ္မယ့္ တစ္သင္းသင္းဟာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို အစားထိုး ဝင္ေရာက္ခြင့္ရမွာျဖစ္ပါတယ္။

မန္စီးတီးဟာ စံုစမ္းစစ္ေဆးမႈဆိုင္ရာ ရလဒ္ေတြကို တရားဝင္ လက္ခံရေသးျခင္း မရွိေသးပါဘူး။ မန္ေနဂ်ာ ဂြာဒီယိုလာကေတာ့ အသင္းပိုင္ရွင္ေတြကို ယံုၾကည္ထားပါေၾကာင္းနဲ႔ ကလပ္အသင္းကို ခ်န္ပီယံလိဂ္ကေန ပယ္ထုတ္ႏိုင္မယ့္ကိစၥေတြ မရွိလာဖို႔ရာ အေကာင္းဆံုး လုပ္ေဆာင္ႏုိင္မယ္လို႔ ထင္ျမင္မိေၾကာင္း ထုတ္ေျပာထားပါတယ္။

Sports Home Time

[Unicode] မန်စီးတီးအသင်း လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံရမယ့် ပြစ်ဒဏ် ရင်ဆိုင်ရနိုင်တာကြောင့် အာဆင်နယ်နဲ့ ယူနိုက်တက်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကျိုးအမြတ်ရမယ့် အနေအထားကို ပိုင်ဆိုင်လာပါကြောင်း လန်ဒန်အခြေစိုက် သတင်းဌာနက ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟာ အဘူဒါဘီ တော်ဝင်မိသားစု လက်အောက်မှာ ငွေကြေးအင်အား တောင့်တင်းလာနေတဲ့ အသင်းပါ။ အပြောင်းအရွှေ့တွေမှာ ငွေသုံးစွဲမှု မြင့်မားပေမယ့် ဥရောပရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းနဲ့ ညိစွန်းမှုတွေ ဖြစ်လာခဲ့ပြီး ယူအီအက်ဖ်အေ ဘဏ္ဍာရေးဆိုင်ရာ စစ်ဆေးရေး ကော်မတီရဲ့ စုံစမ်းစစ်မှုကို လက်ခံခဲ့ရပါတယ်။

လီဗာပူးကို အနိုင်ယူပြီး နာရီပိုင်းအတွင်း ထွက်ပေါ်လာခဲ့တဲ့ သတင်းမှာတော့ ယူအီးအက်ဖ်အေ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းရေး အကြီးအကဲက နိုဝင်ဘာလတွေတုန်းက ပေါက်ကြားခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ပေါင် သန်း 60 ငွေကြေးလွဲပြောင်းမှုဆိုင်ရာ အပြုအမှုကို စုံးစမ်းစစ်ဆေးမှုရလဒ်ဟာ ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရတဲ့ ပြစ်ဒဏ်မျိုးကို လက်ခံရနိုင်တယ်လို့ အတည်ပြုခဲ့ခြင်းဖြစ်တယ်။

ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းရေး အကြီးအကဲ Yves Leterme ကပဲ ” သတင်းတွေ ဖော်ပြနေကြသလိုပဲ စစ်ဆေးမှုမှာ မန်စီးတီး အပြစ်ကျူးလွန်တာကို သက်သေပြနိုင်မယ်ဆိုရင် ပြစ်ဒဏ်ကြီးတွေ ကျသင့်ရမှာပါ။ ဥရောပ ဘောလုံးပြိုင်ပွဲတွေကနေ ချန်လှပ်ခံရနိုင်တဲ့ ကြီးမားတဲ့ အပြစ်ပေးမှုကို ရင်ဆိုင်ရနိုင်ပါတယ် ” လို့ အတည်ပြု ဖြေကြားပါတယ်။

အင်္ဂလန်ကလပ်တွေထဲမှာ အဆင့်မြင့်တန်းပြိုင်ပွဲရဲ့ ထိပ်ဆုံးလေးသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရတာဖြစ်တယ်။ ဒါပေမယ့်လို့ စည်းမျဉ်း 4.08 အရ ” ဥရောပပြိုင်ပွဲကို ကလပ်တစ်သင်းက ပါဝင်ယှဉ်ပြိုင်ဖို့ မလွှဲရှောင်သာ ဖြစ်လာတဲ့အခါမှာ တူညီတဲ့ ပြည်တွင်းလိဂ်မှာ နောက်ထပ် အကောင်းဆုံးအဆင့်မှာ ရပ်တည်နေတဲ့ အသင်းက အစားထိုး ပါဝင်ခွင့်ရှိမယ် ” လို့ ဖော်ပြထားတယ်။

ဒါကြောင့် အကယ်လို့ လာမယ့်ရာသီ မန်စီးတီးအသင်း ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရမယ်ဆိုရင် လက်ရှိ အမှတ်ပေးဇယား အနေအထားအရ အာဆင်နယ် (သို့) ယူနိုက်တက် (သို့) အဆင့် 5 နေရာက ရာသီသိမ်မယ့် တစ်သင်းသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အစားထိုး ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

မန်စီးတီးဟာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ရလဒ်တွေကို တရားဝင် လက်ခံရသေးခြင်း မရှိသေးပါဘူး။ မန်နေဂျာ ဂွာဒီယိုလာကတော့ အသင်းပိုင်ရှင်တွေကို ယုံကြည်ထားပါကြောင်းနဲ့ ကလပ်အသင်းကို ချန်ပီယံလိဂ်ကနေ ပယ်ထုတ်နိုင်မယ့်ကိစ္စတွေ မရှိလာဖို့ရာ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ထင်မြင်မိကြောင်း ထုတ်ပြောထားပါတယ်။

Sports Home Time