Player Scout | အတၱလန္တစ္ကို ျဖတ္ေက်ာ္လာသူ ခ်ယ္ဆီးကစားသမားသစ္ ပူလာဆစ္

[Zawgyi] ခ်ယ္ဆီးနဲ႔ ေဒါ့မြန္အသင္းတို႔ဟာ အသက္ 20 အရြယ္ ေတာင္ပံသမားကို ေပါင္ 57.6 သန္းနဲ႔ သေဘာတူညီမႈ ရခဲ့တယ္။ ဒါေပမယ့္လို႔ ရာသီကုန္ထိ ဘြန္ဒက္လီဂါမွာပဲ ဆက္ကစားမွာျဖစ္ပါတယ္။

ပူလာဆစ္က ဘယ္လို ကစားသမားေကာင္းလဲ? ဘယ္ေနရာမွာ ကစားသလဲ? အတၱလန္တစ္ သုမုဒၵရာကို ေက်ာ္ျဖတ္လာခဲ့တဲ့ အေမရိကန္သားေလးထံက ဘာေတြမ်ား ေမွ်ာ္လင့္ႏိုင္မွာလဲ?

အေမရိကန္လက္ေရြးစင္ကစားသမားဟာ မိုရာတာေနာက္ ခ်ယ္ဆီးအသင္းသမိုင္းမွာ ဒုတိယေျမာက္ တန္ေၾကးအျမင့္ဆံုး ကစားသမားျဖစ္လာတယ္။ ေဒါ့မြန္အသင္းမွာ အဂၤလန္လက္ေရြးစင္ ဆန္ခ်ိဳေနာက္ ပြဲထြက္ခြင့္ နည္းပါးလာတဲ့ သူ႔ကိုေခၚဖို႔ အာဆင္နယ္နဲ႔ ခ်ယ္ဆီးတို႔ကလည္း စိတ္ဝင္စားမႈ ရွိထားခဲ့တယ္။

ဒီေတာ့ ခ်ယ္ဆီးက ဘာလို႔ သူ႔ကို အကုန္အက်ခံေခၚယူခဲ့သလဲ? အေမရိကန္ ရုပ္သံနက္ေဝါ့ျဖစ္တဲ့ NBC မွ ေဘာလံုးေဆာင္းပါးရွင္ Joe Prince-Wright ေျပာျပတဲ့ အေမရိကန္သားေလးအေၾကာင္းကို ေလ့လာၾကည့္ၾကပါမယ္။

ခ်ယ္ဆီးက ပူလာဆစ္အတြက္ ေပါင္ 58 သန္းေလာက္ အကုန္ခံခဲ့တယ္။ ဒါေပမယ့္ သူက အဲ့သည္ေလာက္ ေကာင္းရဲ႕လား? သူ႔မွာ အလားအလာေတြ ဘယ္ေလာက္ထိ ရွိေနလဲ?

Prince-Wright: ေမာ္ဒန္ေဘာလံုးေလာကမွာ ေအာင္ျမင္ဖို႔ရာ လိုအပ္တဲ့ အရည္အခ်င္းေတြအားလံုး ရွိတယ္။ အရွိန္၊ လွည့္ဖ်ားႏိုင္စြမ္း၊ အျမင္ေတြကို ပိုင္ဆိုင္ထားျပီး ကလပ္အတြက္ေကာ လက္ေရြးစင္အတြက္ပါ သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈေတြကို ျပဳလုပ္ေပးႏိုင္ပါတယ္။ အေမရိကန္ကေန ေပးထြက္လာတဲ့ ကစားသမားေတြထဲမွာ အရည္အခ်င္းေကာင္းေတြကို လက္ေဆာင္အျဖစ္ ရရွိထားသူဆိုတာ သံသယရွိစရာ မလိုပါဘူး။ သြင္းဂိုးေတြတင္မကပဲ အျခားကစားသမားေတြ မလုပ္ႏိုင္တာမ်ိဳးကိုလည္း လုပ္ႏိုင္ပါတယ္။

ဒါ့အျပင္ သူက လႈပ္အားႏႈန္းမွာလည္း သိပ္ေကာင္းပါတယ္။ အသက္ 17 ႏွစ္အရြယ္မွာပဲ မန္ေနဂ်ာ Jurgen Klinsmann က လက္ေရြးစင္မွာ ပြဲထြက္ခြင့္ေပးခဲ့တယ္။ သူကေတာ့ ပူလာဆစ္ရဲ႕ အလားအလာက အတိုင္းအဆမဲျဖစ္တယ္လို႔ ညႊန္းဆိုခဲ့ျပီး ျငင္းပယ္ဖို႔ကလည္း ခက္ပါတယ္။ အသက္ 20 အရြယ္မွာပဲ ဘြန္ဒက္လီဂါ၊ ခ်န္ပီယံလိဂ္နဲ႔ လက္ေရြးစင္အဆင့္ေတြမွာ ပံုမွန္ကစားေနတဲ့သူ ျဖစ္လာေနပါတယ္။ ခ်ယ္ဆီးက ကမၻာေပၚမွာ အရည္အခ်င္းအရွိဆံုး လူငယ္ေတြထဲက တစ္ဦးကို ရခဲ့တာပါ။ သူက ထိပ္တန္းကစားသမားအဆင့္ကို ေရာက္လာဖို႔ စြမ္းရည္ေတြအားလံုး ပိုင္ဆိုင္ထားပါတယ္။

ခ်ယ္ဆီးအတြက္ ဘယ္ေနရာမွာ ကစားေပးႏိုင္လဲ? ေဒါ့မြန္မွာေကာ ဘယ္ေနရာမွာ ကစားခဲ့သလဲ?

Prince-Wright: ပူလာဆစ္က လူးဝစ္ဖီဂိုကို အားက်တဲ့သူပါ။ အဲ့သည္နာမည္ကိုပဲ နာမည္ေျပာင္အျဖစ္ သူ႔အေဖက သူ႔ကို ေပးခဲ့ပါေသးတယ္။ ဒါက သူဘယ္လိုကစားသမားလဲဆိုတာပါပဲ။ ေတာင္ပံႏွစ္ဘက္လံုးမွာ ကစားႏိုင္ေပမယ့္ ေဒါ့မြန္မွာေတာ့ ဘယ္ေတာင္ပံကို အဓိက ကစားပါတယ္။ ကြင္းလယ္နံပါတ္ 10 ေနရာကိုလည္း သူ႔ရဲ႕အေကာင္းဆံုးေနရာအျဖစ္ ကစားႏိုင္ပါတယ္။

သူ႔ကို ဒုတိယေျမာက္ ဟာဇက္လို႔ ေျပာေနၾကတာ က်ေနာ္ ၾကားမိတယ္။ ဒါေပမယ့္ ဟာဇက္လိုပဲ ပူလာဆစ္ရဲ႕ အားသာခ်က္က ေဘာလံုးနဲ႔အတူ အရွိန္နဲ႔ ေျပးႏိုင္တယ္၊ လွည့္ဖ်ားႏိုင္တယ္၊ ခံစစ္သမားေတြကို ဆြဲထုတ္ႏိုင္စြမ္း ရွိပါတယ္။ သူက ဘယ္ေျခ/ ညာေျခ ႏွစ္ဘက္လံုး ကစားႏိုင္ျပီး အဆံုးသတ္ပိုင္းေတြမွာ ေဘာလံုးေပးရမလား၊ ဖန္းတီးမႈလုပ္ရမလား အတြက္ ဆံုးျဖတ္ခ်က္ သိပ္ေကာင္းပါတယ္။

2016 ဘြန္ဒက္လီဂါမွာ သူစတင္ ပြဲထြက္ျပီးေနာက္ပိုင္း လွိမ္ေခါက္ေက်ာ္ျဖတ္မႈ အျမင့္ဆံုးကစားသမားျဖစ္သလို ပြဲေပါင္း 81 ပြဲမွာ အခြင့္အေရးဖန္တီးမႈ 71 ၾကိမ္ထိ လုပ္ခဲ့ပါတယ္။ သူက အတြင္းလူေနရာထိ ဆင္းေပးဖို႔နဲ႔ ခံစစ္ကာကြယ္ေပးဖို႔လည္း မတုန္လႈပ္ပါဘူး။ သူက ျပိဳင္ဘက္ခံစစ္သမားေတြ ေဘာလံုးရခ်ိန္မွာလည္း လိုက္လံျပီး ဖိအားေပး လုယူမႈေတြ ျပဳလုပ္ႏိုင္တယ္။ သူ အသက္ 17 ႏွစ္အရြယ္မွာ လက္ေရြးစင္နဲ႔ ေလ့က်င့္တုန္းက သူရဲ႕တြဲဘက္ အေမရိကန္လက္ေရြးစင္တစ္ေယာက္က ” အခ်ိန္ျပည့္ ျပည့္ျပီး လံုးလစိုက္ထုတ္ေနတတ္တယ္။ အေၾကာက္တရားကင္းျပီး အားထုတ္မႈၾကီးၾကီးနဲ႔ ကစားတတ္တယ္ ” လို႔ က်ေနာ္ကို ေျပာခဲ့ပါေသးတယ္။

ပရီးမီးယားလိဂ္မွာ အသားက်မယ္ထင္လား။ ေနာက္ျပီး သူ႔အေပၚေပးရတဲ့ တန္ေၾကးနဲ႔ ထိုက္တန္တာမ်ိဳးကိုေကာ ျပသႏိုင္မလား?

Prince-Wright: သိပ္ေသခ်ာတာေပါ့။ သူက ပရီးမီးယားလိဂ္မွာ အသားက်မွာ သံသယမရွိပါနဲ႔။ ဒါေပမယ့္ ကုန္ခဲ့တဲ့ႏွစ္ေတြမွာ သူ က်ေနာ္ကို ေျပာခဲ့တာက သူ႔ရဲ႕အားသာခ်က္ကို ပိုေကာင္းလာခ်င္ပါတယ္တဲ့။ အဆံုးသတ္ပိုင္းေတြမွာ သြင္းဂိုးေတြနဲ႔ ဂိုးေထာက္ပံ့မႈေတြကို ပိုေကာင္းေကာင္း လုပ္ႏိုင္ခ်င္တယ္။ အဲ့သည္လို အဓိက ေနရာေတြမွာ သူတိုးတက္လာႏိုင္တယ္။ အခုခ်ိန္မွာ ပရီးမီးယားလိဂ္မွာ ရုပ္ပိုင္းဆိုင္ရာအတြက္ အသားက်ဖို႔ လိုအပ္ခ်က္ေတြ ရွိႏိုင္ေပမယ့္ သူက အသင္းတိုင္းမွာ အေကာင္းဆံုး ေက်ာ္ျဖတ္လာႏိုင္ပါတယ္။

သူ႔ကို ေျပာင္းေရႊ႔ေၾကးၾကီးေတြနဲ႔ ေခၚယူထားလို႔ ေမွ်ာ္လင့္ခ်က္ၾကီးေတြ ထားရွိေနျခင္းက ပူလာဆစ္ကို သက္ေရာက္မႈၾကီးေတြ မျဖစ္ေစပါဘူး။ အသက္ 17 ႏွစ္အရြယ္ကတည္းက အေမရိကန္ ေဘာလံုးေလာကရဲ႕ အလင္းတန္းအျဖစ္ မီဒီယာေတြရဲ႕ မ်က္စိေဒါက္ေထာက္ၾကည့္ျခင္းကို ပိုင္ဆိုင္ခဲ့ျပီးပါျပီ။ 2018 ကမၻာဖလားမွာ ေျခစစ္ပြဲ မေအာင္ခဲ့တာက သူ႔အတြက္ ခက္ခဲခဲ့တယ္။ ဒါေပမယ့္လို႔ လက္ေရြးစင္အသင္းရဲ႕ အသက္အငယ္ဆံုး အသင္းေခါင္းေဆာင္အျဖစ္ ႏိုဝင္ဘာမွ အီတလီကို ရင္ဆိုင္ကစားျပီး ျပန္လည္ႏိုးထလာခဲ့ပါတယ္။ သူက ကြင္းထဲမွာ လံု႔ေဆာ္ႏိုင္မႈ သိပ္ေကာင္းတဲ့ ကစားသမားမဟုတ္ဘူးဆိုတာ ကိုယ္တုိင္ပဲ ဝန္ခံထားတယ္။ ဒါကလည္း ေန႔တိုင္းမွာ ကြင္းထဲ ပိုေကာင္းလာတဲ့ ကစားသမားျဖစ္လာဖို႔ အဓိက အာရံုစိုက္ေနလို႔ပါပဲ။

သူေျပာင္းလာခဲ့တာက အေမရိကန္မွာ ခ်ယ္ဆီးအတြက္ ဘာေတြ အက်ိဳးထူးမလဲ?

Prince-Wright: အေမရိကန္ အားကစားေလာကမွာ ေဘာလံုးတင္မကပဲ သက္ေရာက္မႈၾကီးပါတယ္။ သူ႔ရဲ႕ နာမည္ပံုရိပ္က ပိုျပီး ျမွင့္တက္လာေနတာပါ။ ကုန္ခဲ့တဲ့ႏွစ္ေတြမွာ ပရီးမီးယားလိဂ္ကို အေမရိကန္ကစားသမားေတြ အမ်ားအျပား လာကစားခဲ့ေပမယ့္ ဘယ္သူ႔ကိုမွ ေပါင္ 58 သန္း မေပးခဲ့ရဘူး။ ဘယ္ကစားသမားကမွလည္း ထိပ္တန္း 6 သင္းစာရင္းဝင္ အသင္းေတြထဲ လာမကစားခဲ့ရဘူး။

အေမရိကန္ ကစားသမားေတြထဲ သူ႔မတိုင္ခင္ ေစ်းအၾကီးဆံုးက ဝုဒ္ဘတ္ကစားသမား John Brooks ရဲ႕ ေဒၚလာ 22 သန္းတန္ အေျပာင္းအေရႊ႔ျဖစ္တယ္။ ပူလာဆစ္ရဲ႕တန္ေၾကးက သံုးဆေလာက္ကြာပါတယ္။ အေမရိကန္ ေဘာလံုးအတြက္ကေတာ့ တကယ္ကို ခမ္းနားတဲ့ အခိုက္အတန္႔ပါပဲ။ ဖူလ္ဟမ္နဲ႔ စပါးကစားသမား Clint Dempsey ဟာ အေအာင္ျမင္ဆံုး ပရီးမီးယားလိဂ္ ကစားသမားပါ။ Tim Howard နဲ႔ Brad Friedel တို႔ကလည္း အခ်ိန္အၾကာၾကီး ကစားခဲ့ပါတယ္။

လာမယ့္ ရာသီၾကိဳျပင္ဆင္မႈေတြမွာ ခ်ယ္ဆီးက အေမရိကန္ကို လာကစားတဲ့အခါ ကြင္းတိုင္းဟာ ပူလာဆစ္ကို လာၾကည့္ဖို႔ အျပည့္ျဖစ္ေနပါမယ္။ ပူလာဆစ္ကို လက္မွတ္ထိုးလိုက္လို႔ အေမရိကန္မွာ သန္းနဲ႔ခ်ီတဲ့ ခ်ယ္ဆီးပရိသတ္ေတြကို ရရွိမွာျဖစ္ပါတယ္။ အေမရိကန္မွာ ပူလာဆစ္က စာမ်က္ႏွာေတြေပၚက ေကာင္ေလးျဖစ္တယ္။ ပူလာဆစ္ပါဝင္တဲ့ ခ်ယ္ဆီးဂ်ာစီက နယူးေယာက္ျမိဳ႕က Times Square ေပၚကို ေရာက္သြားဖို႔ရွိပါတယ္။

သူက အေမရိကန္ေဘာလံုးေလာကရဲ႕ ေရႊေကာင္ေလးဆိုရင္ အျခားေသာ လူငယ္ေတြေကာ ပရီးမီးယားလိဂ္ကို ဝင္ေရာက္လာဖို႔ ျဖစ္လာႏိုင္မလား?

Prince-Wright: ပူလာဆစ္က ထိပ္တန္း အရည္အခ်င္းေကာင္းေတြ ပိုင္ဆိုင္ထားျပီး ေနာက္ထပ္ ဆယ္ဆုႏွစ္ေလာက္ထိ အေမရိကန္လက္ေရြးစင္အသင္းရဲ႕ ေခါင္းေဆာင္လည္း ျဖစ္ေနမွာပါ။ ဒါေပမယ့္လို႔ ပီအက္ဂ်ီမွ Tim Weah (18 ႏွစ္) လို ကစားသမားအျပင္ Tyler Adams (19 ႏွစ္)၊ Weston McKennie (20 ႏွစ္)၊ Haji Wright(20 ႏွစ္)၊ Josh Sargent (18 ႏွစ္) တို႔လည္း ရွိပါေသးတယ္။ သူတို႔ေတြက ပူလာဆစ္ရဲ႕ အဆင့္ကို မေရာက္ေသးေပမယ့္ ထူးခၽြန္တဲ့ ကစားသမားေတြပါ။ အနာဂတ္မွာ သူတို႔ေတြကလည္း ထြန္းေတာက္လာႏိုင္ေပမယ့္ ပူလာဆစ္ကေတာ့ အေမရိကန္ ေဘာလံုးေလာကမွာ သရဖူထဲက ရတနာပါပဲ။

Sports Home Time

[Unicode] ချယ်ဆီးနဲ့ ဒေါ့မွန်အသင်းတို့ဟာ အသက် 20 အရွယ် တောင်ပံသမားကို ပေါင် 57.6 သန်းနဲ့ သဘောတူညီမှု ရခဲ့တယ်။ ဒါပေမယ့်လို့ ရာသီကုန်ထိ ဘွန်ဒက်လီဂါမှာပဲ ဆက်ကစားမှာဖြစ်ပါတယ်။

ပူလာဆစ်က ဘယ်လို ကစားသမားကောင်းလဲ? ဘယ်နေရာမှာ ကစားသလဲ? အတ္တလန်တစ် သုမုဒ္ဒရာကို ကျော်ဖြတ်လာခဲ့တဲ့ အမေရိကန်သားလေးထံက ဘာတွေများ မျှော်လင့်နိုင်မှာလဲ?

အမေရိကန်လက်ရွေးစင်ကစားသမားဟာ မိုရာတာနောက် ချယ်ဆီးအသင်းသမိုင်းမှာ ဒုတိယမြောက် တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်လာတယ်။ ဒေါ့မွန်အသင်းမှာ အင်္ဂလန်လက်ရွေးစင် ဆန်ချိုနောက် ပွဲထွက်ခွင့် နည်းပါးလာတဲ့ သူ့ကိုခေါ်ဖို့ အာဆင်နယ်နဲ့ ချယ်ဆီးတို့ကလည်း စိတ်ဝင်စားမှု ရှိထားခဲ့တယ်။

ဒီတော့ ချယ်ဆီးက ဘာလို့ သူ့ကို အကုန်အကျခံခေါ်ယူခဲ့သလဲ? အမေရိကန် ရုပ်သံနက်ဝေါ့ဖြစ်တဲ့ NBC မှ ဘောလုံးဆောင်းပါးရှင် Joe Prince-Wright ပြောပြတဲ့ အမေရိကန်သားလေးအကြောင်းကို လေ့လာကြည့်ကြပါမယ်။

ချယ်ဆီးက ပူလာဆစ်အတွက် ပေါင် 58 သန်းလောက် အကုန်ခံခဲ့တယ်။ ဒါပေမယ့် သူက အဲ့သည်လောက် ကောင်းရဲ့လား? သူ့မှာ အလားအလာတွေ ဘယ်လောက်ထိ ရှိနေလဲ?

Prince-Wright: မော်ဒန်ဘောလုံးလောကမှာ အောင်မြင်ဖို့ရာ လိုအပ်တဲ့ အရည်အချင်းတွေအားလုံး ရှိတယ်။ အရှိန်၊ လှည့်ဖျားနိုင်စွမ်း၊ အမြင်တွေကို ပိုင်ဆိုင်ထားပြီး ကလပ်အတွက်ကော လက်ရွေးစင်အတွက်ပါ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ အမေရိကန်ကနေ ပေးထွက်လာတဲ့ ကစားသမားတွေထဲမှာ အရည်အချင်းကောင်းတွေကို လက်ဆောင်အဖြစ် ရရှိထားသူဆိုတာ သံသယရှိစရာ မလိုပါဘူး။ သွင်းဂိုးတွေတင်မကပဲ အခြားကစားသမားတွေ မလုပ်နိုင်တာမျိုးကိုလည်း လုပ်နိုင်ပါတယ်။

ဒါ့အပြင် သူက လှုပ်အားနှုန်းမှာလည်း သိပ်ကောင်းပါတယ်။ အသက် 17 နှစ်အရွယ်မှာပဲ မန်နေဂျာ Jurgen Klinsmann က လက်ရွေးစင်မှာ ပွဲထွက်ခွင့်ပေးခဲ့တယ်။ သူကတော့ ပူလာဆစ်ရဲ့ အလားအလာက အတိုင်းအဆမဲဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပြီး ငြင်းပယ်ဖို့ကလည်း ခက်ပါတယ်။ အသက် 20 အရွယ်မှာပဲ ဘွန်ဒက်လီဂါ၊ ချန်ပီယံလိဂ်နဲ့ လက်ရွေးစင်အဆင့်တွေမှာ ပုံမှန်ကစားနေတဲ့သူ ဖြစ်လာနေပါတယ်။ ချယ်ဆီးက ကမ္ဘာပေါ်မှာ အရည်အချင်းအရှိဆုံး လူငယ်တွေထဲက တစ်ဦးကို ရခဲ့တာပါ။ သူက ထိပ်တန်းကစားသမားအဆင့်ကို ရောက်လာဖို့ စွမ်းရည်တွေအားလုံး ပိုင်ဆိုင်ထားပါတယ်။

ချယ်ဆီးအတွက် ဘယ်နေရာမှာ ကစားပေးနိုင်လဲ? ဒေါ့မွန်မှာကော ဘယ်နေရာမှာ ကစားခဲ့သလဲ?

Prince-Wright: ပူလာဆစ်က လူးဝစ်ဖီဂိုကို အားကျတဲ့သူပါ။ အဲ့သည်နာမည်ကိုပဲ နာမည်ပြောင်အဖြစ် သူ့အဖေက သူ့ကို ပေးခဲ့ပါသေးတယ်။ ဒါက သူဘယ်လိုကစားသမားလဲဆိုတာပါပဲ။ တောင်ပံနှစ်ဘက်လုံးမှာ ကစားနိုင်ပေမယ့် ဒေါ့မွန်မှာတော့ ဘယ်တောင်ပံကို အဓိက ကစားပါတယ်။ ကွင်းလယ်နံပါတ် 10 နေရာကိုလည်း သူ့ရဲ့အကောင်းဆုံးနေရာအဖြစ် ကစားနိုင်ပါတယ်။

သူ့ကို ဒုတိယမြောက် ဟာဇက်လို့ ပြောနေကြတာ ကျနော် ကြားမိတယ်။ ဒါပေမယ့် ဟာဇက်လိုပဲ ပူလာဆစ်ရဲ့ အားသာချက်က ဘောလုံးနဲ့အတူ အရှိန်နဲ့ ပြေးနိုင်တယ်၊ လှည့်ဖျားနိုင်တယ်၊ ခံစစ်သမားတွေကို ဆွဲထုတ်နိုင်စွမ်း ရှိပါတယ်။ သူက ဘယ်ခြေ/ ညာခြေ နှစ်ဘက်လုံး ကစားနိုင်ပြီး အဆုံးသတ်ပိုင်းတွေမှာ ဘောလုံးပေးရမလား၊ ဖန်းတီးမှုလုပ်ရမလား အတွက် ဆုံးဖြတ်ချက် သိပ်ကောင်းပါတယ်။

2016 ဘွန်ဒက်လီဂါမှာ သူစတင် ပွဲထွက်ပြီးနောက်ပိုင်း လှိမ်ခေါက်ကျော်ဖြတ်မှု အမြင့်ဆုံးကစားသမားဖြစ်သလို ပွဲပေါင်း 81 ပွဲမှာ အခွင့်အရေးဖန်တီးမှု 71 ကြိမ်ထိ လုပ်ခဲ့ပါတယ်။ သူက အတွင်းလူနေရာထိ ဆင်းပေးဖို့နဲ့ ခံစစ်ကာကွယ်ပေးဖို့လည်း မတုန်လှုပ်ပါဘူး။ သူက ပြိုင်ဘက်ခံစစ်သမားတွေ ဘောလုံးရချိန်မှာလည်း လိုက်လံပြီး ဖိအားပေး လုယူမှုတွေ ပြုလုပ်နိုင်တယ်။ သူ အသက် 17 နှစ်အရွယ်မှာ လက်ရွေးစင်နဲ့ လေ့ကျင့်တုန်းက သူရဲ့တွဲဘက် အမေရိကန်လက်ရွေးစင်တစ်ယောက်က ” အချိန်ပြည့် ပြည့်ပြီး လုံးလစိုက်ထုတ်နေတတ်တယ်။ အကြောက်တရားကင်းပြီး အားထုတ်မှုကြီးကြီးနဲ့ ကစားတတ်တယ် ” လို့ ကျနော်ကို ပြောခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ်မှာ အသားကျမယ်ထင်လား။ နောက်ပြီး သူ့အပေါ်ပေးရတဲ့ တန်ကြေးနဲ့ ထိုက်တန်တာမျိုးကိုကော ပြသနိုင်မလား?

Prince-Wright: သိပ်သေချာတာပေါ့။ သူက ပရီးမီးယားလိဂ်မှာ အသားကျမှာ သံသယမရှိပါနဲ့။ ဒါပေမယ့် ကုန်ခဲ့တဲ့နှစ်တွေမှာ သူ ကျနော်ကို ပြောခဲ့တာက သူ့ရဲ့အားသာချက်ကို ပိုကောင်းလာချင်ပါတယ်တဲ့။ အဆုံးသတ်ပိုင်းတွေမှာ သွင်းဂိုးတွေနဲ့ ဂိုးထောက်ပံ့မှုတွေကို ပိုကောင်းကောင်း လုပ်နိုင်ချင်တယ်။ အဲ့သည်လို အဓိက နေရာတွေမှာ သူတိုးတက်လာနိုင်တယ်။ အခုချိန်မှာ ပရီးမီးယားလိဂ်မှာ ရုပ်ပိုင်းဆိုင်ရာအတွက် အသားကျဖို့ လိုအပ်ချက်တွေ ရှိနိုင်ပေမယ့် သူက အသင်းတိုင်းမှာ အကောင်းဆုံး ကျော်ဖြတ်လာနိုင်ပါတယ်။

သူ့ကို ပြောင်းရွှေ့ကြေးကြီးတွေနဲ့ ခေါ်ယူထားလို့ မျှော်လင့်ချက်ကြီးတွေ ထားရှိနေခြင်းက ပူလာဆစ်ကို သက်ရောက်မှုကြီးတွေ မဖြစ်စေပါဘူး။ အသက် 17 နှစ်အရွယ်ကတည်းက အမေရိကန် ဘောလုံးလောကရဲ့ အလင်းတန်းအဖြစ် မီဒီယာတွေရဲ့ မျက်စိဒေါက်ထောက်ကြည့်ခြင်းကို ပိုင်ဆိုင်ခဲ့ပြီးပါပြီ။ 2018 ကမ္ဘာဖလားမှာ ခြေစစ်ပွဲ မအောင်ခဲ့တာက သူ့အတွက် ခက်ခဲခဲ့တယ်။ ဒါပေမယ့်လို့ လက်ရွေးစင်အသင်းရဲ့ အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် နိုဝင်ဘာမှ အီတလီကို ရင်ဆိုင်ကစားပြီး ပြန်လည်နိုးထလာခဲ့ပါတယ်။ သူက ကွင်းထဲမှာ လုံ့ဆော်နိုင်မှု သိပ်ကောင်းတဲ့ ကစားသမားမဟုတ်ဘူးဆိုတာ ကိုယ်တိုင်ပဲ ဝန်ခံထားတယ်။ ဒါကလည်း နေ့တိုင်းမှာ ကွင်းထဲ ပိုကောင်းလာတဲ့ ကစားသမားဖြစ်လာဖို့ အဓိက အာရုံစိုက်နေလို့ပါပဲ။

သူပြောင်းလာခဲ့တာက အမေရိကန်မှာ ချယ်ဆီးအတွက် ဘာတွေ အကျိုးထူးမလဲ?

Prince-Wright: အမေရိကန် အားကစားလောကမှာ ဘောလုံးတင်မကပဲ သက်ရောက်မှုကြီးပါတယ်။ သူ့ရဲ့ နာမည်ပုံရိပ်က ပိုပြီး မြှင့်တက်လာနေတာပါ။ ကုန်ခဲ့တဲ့နှစ်တွေမှာ ပရီးမီးယားလိဂ်ကို အမေရိကန်ကစားသမားတွေ အများအပြား လာကစားခဲ့ပေမယ့် ဘယ်သူ့ကိုမှ ပေါင် 58 သန်း မပေးခဲ့ရဘူး။ ဘယ်ကစားသမားကမှလည်း ထိပ်တန်း 6 သင်းစာရင်းဝင် အသင်းတွေထဲ လာမကစားခဲ့ရဘူး။

အမေရိကန် ကစားသမားတွေထဲ သူ့မတိုင်ခင် ဈေးအကြီးဆုံးက ဝုဒ်ဘတ်ကစားသမား John Brooks ရဲ့ ဒေါ်လာ 22 သန်းတန် အပြောင်းအရွှေ့ဖြစ်တယ်။ ပူလာဆစ်ရဲ့တန်ကြေးက သုံးဆလောက်ကွာပါတယ်။ အမေရိကန် ဘောလုံးအတွက်ကတော့ တကယ်ကို ခမ်းနားတဲ့ အခိုက်အတန့်ပါပဲ။ ဖူလ်ဟမ်နဲ့ စပါးကစားသမား Clint Dempsey ဟာ အအောင်မြင်ဆုံး ပရီးမီးယားလိဂ် ကစားသမားပါ။ Tim Howard နဲ့ Brad Friedel တို့ကလည်း အချိန်အကြာကြီး ကစားခဲ့ပါတယ်။

လာမယ့် ရာသီကြိုပြင်ဆင်မှုတွေမှာ ချယ်ဆီးက အမေရိကန်ကို လာကစားတဲ့အခါ ကွင်းတိုင်းဟာ ပူလာဆစ်ကို လာကြည့်ဖို့ အပြည့်ဖြစ်နေပါမယ်။ ပူလာဆစ်ကို လက်မှတ်ထိုးလိုက်လို့ အမေရိကန်မှာ သန်းနဲ့ချီတဲ့ ချယ်ဆီးပရိသတ်တွေကို ရရှိမှာဖြစ်ပါတယ်။ အမေရိကန်မှာ ပူလာဆစ်က စာမျက်နှာတွေပေါ်က ကောင်လေးဖြစ်တယ်။ ပူလာဆစ်ပါဝင်တဲ့ ချယ်ဆီးဂျာစီက နယူးယောက်မြို့က Times Square ပေါ်ကို ရောက်သွားဖို့ရှိပါတယ်။

သူက အမေရိကန်ဘောလုံးလောကရဲ့ ရွှေကောင်လေးဆိုရင် အခြားသော လူငယ်တွေကော ပရီးမီးယားလိဂ်ကို ဝင်ရောက်လာဖို့ ဖြစ်လာနိုင်မလား?

Prince-Wright: ပူလာဆစ်က ထိပ်တန်း အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားပြီး နောက်ထပ် ဆယ်ဆုနှစ်လောက်ထိ အမေရိကန်လက်ရွေးစင်အသင်းရဲ့ ခေါင်းဆောင်လည်း ဖြစ်နေမှာပါ။ ဒါပေမယ့်လို့ ပီအက်ဂျီမှ Tim Weah (18 နှစ်) လို ကစားသမားအပြင် Tyler Adams (19 နှစ်)၊ Weston McKennie (20 နှစ်)၊ Haji Wright(20 နှစ်)၊ Josh Sargent (18 နှစ်) တို့လည်း ရှိပါသေးတယ်။ သူတို့တွေက ပူလာဆစ်ရဲ့ အဆင့်ကို မရောက်သေးပေမယ့် ထူးချွန်တဲ့ ကစားသမားတွေပါ။ အနာဂတ်မှာ သူတို့တွေကလည်း ထွန်းတောက်လာနိုင်ပေမယ့် ပူလာဆစ်ကတော့ အမေရိကန် ဘောလုံးလောကမှာ သရဖူထဲက ရတနာပါပဲ။

Sports Home Time