အေမရိကန္မွာ ‘မူးယစ္ၿပီး လူျမင္ကြင္းေပၚ ဆဲဆိုမႈ’ ေၾကာင့္ အဖမ္းခံခဲ့ရတဲ့ ဝိန္း႐ြန္းနီ

[Zawgyi] အေမရိကန္မွာ ၿပီးခဲ့တဲ့လက ‘မူးယစ္ၿပီး လူျမင္ကြင္းမွာ ဆဲဆိုမႈ’ ေၾကာင့္ ဝိန္း႐ြန္းနီဟာ အဖမ္းခံခဲ့ရကာ 25 ေဒၚလာ ဒဏ္ေၾကး သတ္မွတ္ခံခဲ့ရတယ္လို႔ တရား႐ုံးက ဆိုပါတယ္။

ဒီဇင္ဘာ 16 ရက္ေန႔က ဗာဂ်ီးနီးယား ျပည္နယ္မွာ ဒီစီယူႏိုက္တက္ၾကယ္ပြင့္နဲ႔ အဂၤလန္အသင္းေခါင္းေဆာင္းေဟာင္း ဝိန္း႐ြန္းနီဟာ ဝါရွင္တန္ေလဆိပ္ ရဲအရာရွိေတြရဲ႕ ဖမ္းဆီးျခင္းခံခဲ့ရတာပါ။ လူလယ္ေခါင္မွာ ဆဲဆိုမႈနဲ႔ မူးယစ္မႈဟာ အေမရိကန္မွာ အဆင့္ေလး ျပစ္မႈအေသးစား တစ္မ်ိဳးထဲ အက်ဳံးဝင္ပါတယ္။

ဇန္နဝါရီ ေလးရက္ေန႔မွာ သူဟာ အာမခံေပးတာ ဒဏ္ေၾကးေဆာင္တာေတြ မလုပ္ရပဲ အခ်ဴပ္ကလြတ္ခဲ့တယ္လို႔ ဥပေဒမွတ္တမ္းမွာ ေဖာ္ျပထားတယ္။ အသက္ 33 ႏွစ္အ႐ြယ္ ကစားသမားကို ေလဆိပ္မွာ ဖမ္းဆီးခဲ့တာလား ဘာလားဆိုတာေတာ့ မရွင္းလင္းပါဘူး။ ဒါေပမယ့္ တိုက္စစ္မႉးဟာ ေဆာ္ဒီအာေရးဘီးယားက ပြဲတစ္ခုမွာ အခ်ဳပ္ေထာင္ထဲ မဝင္ခင္ ဓာတ္ပုံတစ္ပုံကို သူကိုယ္တိုင္ တင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းေခါင္းေဆာင္ေဟာင္းဟာ စက္တင္ဘာ 2017 တုန္းလဲ အရက္မူးၿပီး ကားေမာင္းတဲ့အတြက္ အဂၤလန္မွာ ဖမ္းဆီးခံခဲ့ရပါေသးတယ္။ သူဟာ အမႈကို ထြက္ဆိုခဲ့ၿပီး ႏွစ္ႏွစ္ ကားေမာင္းခြင့္ ပိတ္ပင္ျခင္းနဲ႔ ေပါင္ 170 ဒဏ္ေၾကးေဆာင္ရတာကို လက္ခံခဲ့ပါတယ္။

2018 မွာ ဝိန္းဟာ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္နဲ႔ 3 ႏွစ္ခြဲစာခ်ဳပ္ ခ်ဴပ္ဆိုခဲ့ပါတယ္။ အဲ့ဒီ့မွာ 12 ဂိုး သြင္းယူၿပီး အသင္းကို play offs အဆင့္ေရာက္ေအာင္ ဆြဲေခၚခဲ့ကာ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့ပါတယ္။ ဝိန္းဟာ တရက္ၾကာ အလုပ္ကိစၥနဲ႔ ခရီးထြက္ခဲ့တဲ့ Gulf ျပည္နယ္ကေန အခ်ိန္အေတာ္ၾကာ ေလယာဥ္စီးခဲ့ၿပီးေနာက္ ရဲဖမ္းခံခဲ့ရတယ္လို႔ သူ႔ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာခဲ့ပါတယ္။

” ေလယာဥ္ခရီးစဥ္အတြင္းမွာ ဝိန္းဟာ ဆရာဝန္ၫႊန္ၾကားထားတဲ့ အိပ္ေဆးျပားေတြနဲ႔ အရက္ကို ေရာေသာက္ခဲ့ၿပီး အက်ိဴးဆက္အေနနဲ႔ ေလယာဥ္ကြင္းေရာက္တဲ့အခါ မူးေဝေနၿပီး မ်က္စိလည္ေနတာျဖစ္ပါတယ္။ ေလဆိပ္ရဲေတြက သူ႔နားလာၿပီး မူးေနတာျမင္တဲ့အခါ အေသးစားျပစ္မႈနဲ႔ ဖမ္းေတာ့တာပဲ။ သူဟာ ဥပေဒအရ ဒဏ္ေၾကးေကာက္ကို လက္ခံခဲ့ၿပီး ေလဆိပ္မွာ ခနေနေတာ့ လႊတ္ေပးခဲ့ပါတယ္။ ကိစၥက အခု ၿပီးသြားပါၿပီ။ သူ႔ကို အားလုံးက ဆက္ဆံခဲ့တဲ့ အျပဳအမူအတြက္ ေက်းဇူးတင္မႈကို ဝိန္းက မွတ္တမ္းတင္ခ်င္တာပါ ” လို႔ ၎ကေျပာပါတယ္။

အဂၤလန္မွာ မူးၿပီးကားေမာင္းခဲ့မႈအတြက္ ကားေမာင္းတာကို တားျမစ္ခံေနရဆဲျဖစ္တဲ့ ဝိန္းဟာ အခ်က္ေပးသံ ျမည္ခဲ့ေပမယ့္ ေလဆိပ္လုံၿခဳံေရးကို မခ်ိဳးေဖာက္ခဲ့ပါဘူးလို႔ ဝါရွင္တန္ေလဆိပ္ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

” မစၥတာ ႐ြန္းနီကို လူလယ္ေခါင္မွာ မူးယစ္မႈနဲ႔ ဖမ္းဆီးခဲ့ၿပီး အမူးမေျပမခ်င္း ခ်ဴပ္ထားဖို႔ ဝါရွင္တန္က အခ်ဳပ္ေထာင္ထဲ ပို႔ထားခဲ့ပါတယ္ ” လို႔ ထြက္ဆိုခ်က္မွာ ေရးသားခဲ့ပါတယ္။

Sports Home Time

[Unicode] အမေရိကန်မှာ ပြီးခဲ့တဲ့လက ‘မူးယစ်ပြီး လူမြင်ကွင်းမှာ ဆဲဆိုမှု’ ကြောင့် ဝိန်းရွန်းနီဟာ အဖမ်းခံခဲ့ရကာ 25 ဒေါ်လာ ဒဏ်ကြေး သတ်မှတ်ခံခဲ့ရတယ်လို့ တရားရုံးက ဆိုပါတယ်။

ဒီဇင်ဘာ 16 ရက်နေ့က ဗာဂျီးနီးယား ပြည်နယ်မှာ ဒီစီယူနိုက်တက်ကြယ်ပွင့်နဲ့ အင်္ဂလန်အသင်းခေါင်းဆောင်းဟောင်း ဝိန်းရွန်းနီဟာ ဝါရှင်တန်လေဆိပ် ရဲအရာရှိတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။ လူလယ်ခေါင်မှာ ဆဲဆိုမှုနဲ့ မူးယစ်မှုဟာ အမေရိကန်မှာ အဆင့်လေး ပြစ်မှုအသေးစား တစ်မျိုးထဲ အကျုံးဝင်ပါတယ်။

ဇန်နဝါရီ လေးရက်နေ့မှာ သူဟာ အာမခံပေးတာ ဒဏ်ကြေးဆောင်တာတွေ မလုပ်ရပဲ အချူပ်ကလွတ်ခဲ့တယ်လို့ ဥပဒေမှတ်တမ်းမှာ ဖော်ပြထားတယ်။ အသက် 33 နှစ်အရွယ် ကစားသမားကို လေဆိပ်မှာ ဖမ်းဆီးခဲ့တာလား ဘာလားဆိုတာတော့ မရှင်းလင်းပါဘူး။ ဒါပေမယ့် တိုက်စစ်မှူးဟာ ဆော်ဒီအာရေးဘီးယားက ပွဲတစ်ခုမှာ အချုပ်ထောင်ထဲ မဝင်ခင် ဓာတ်ပုံတစ်ပုံကို သူကိုယ်တိုင် တင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းဟာ စက်တင်ဘာ 2017 တုန်းလဲ အရက်မူးပြီး ကားမောင်းတဲ့အတွက် အင်္ဂလန်မှာ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ သူဟာ အမှုကို ထွက်ဆိုခဲ့ပြီး နှစ်နှစ် ကားမောင်းခွင့် ပိတ်ပင်ခြင်းနဲ့ ပေါင် 170 ဒဏ်ကြေးဆောင်ရတာကို လက်ခံခဲ့ပါတယ်။

2018 မှာ ဝိန်းဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်နဲ့ 3 နှစ်ခွဲစာချုပ် ချူပ်ဆိုခဲ့ပါတယ်။ အဲ့ဒီ့မှာ 12 ဂိုး သွင်းယူပြီး အသင်းကို play offs အဆင့်ရောက်အောင် ဆွဲခေါ်ခဲ့ကာ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ပါတယ်။ ဝိန်းဟာ တရက်ကြာ အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့တဲ့ Gulf ပြည်နယ်ကနေ အချိန်အတော်ကြာ လေယာဉ်စီးခဲ့ပြီးနောက် ရဲဖမ်းခံခဲ့ရတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

” လေယာဉ်ခရီးစဉ်အတွင်းမှာ ဝိန်းဟာ ဆရာဝန်ညွှန်ကြားထားတဲ့ အိပ်ဆေးပြားတွေနဲ့ အရက်ကို ရောသောက်ခဲ့ပြီး အကျိူးဆက်အနေနဲ့ လေယာဉ်ကွင်းရောက်တဲ့အခါ မူးဝေနေပြီး မျက်စိလည်နေတာဖြစ်ပါတယ်။ လေဆိပ်ရဲတွေက သူ့နားလာပြီး မူးနေတာမြင်တဲ့အခါ အသေးစားပြစ်မှုနဲ့ ဖမ်းတော့တာပဲ။ သူဟာ ဥပဒေအရ ဒဏ်ကြေးကောက်ကို လက်ခံခဲ့ပြီး လေဆိပ်မှာ ခနနေတော့ လွှတ်ပေးခဲ့ပါတယ်။ ကိစ္စက အခု ပြီးသွားပါပြီ။ သူ့ကို အားလုံးက ဆက်ဆံခဲ့တဲ့ အပြုအမူအတွက် ကျေးဇူးတင်မှုကို ဝိန်းက မှတ်တမ်းတင်ချင်တာပါ ” လို့ ၎င်းကပြောပါတယ်။

အင်္ဂလန်မှာ မူးပြီးကားမောင်းခဲ့မှုအတွက် ကားမောင်းတာကို တားမြစ်ခံနေရဆဲဖြစ်တဲ့ ဝိန်းဟာ အချက်ပေးသံ မြည်ခဲ့ပေမယ့် လေဆိပ်လုံခြုံရေးကို မချိုးဖောက်ခဲ့ပါဘူးလို့ ဝါရှင်တန်လေဆိပ် ရဲတပ်ဖွဲ့က ဆိုပါတယ်။

” မစ္စတာ ရွန်းနီကို လူလယ်ခေါင်မှာ မူးယစ်မှုနဲ့ ဖမ်းဆီးခဲ့ပြီး အမူးမပြေမချင်း ချူပ်ထားဖို့ ဝါရှင်တန်က အချုပ်ထောင်ထဲ ပို့ထားခဲ့ပါတယ် ” လို့ ထွက်ဆိုချက်မှာ ရေးသားခဲ့ပါတယ်။

Sports Home Time