အောင်ပွဲ မခံချင်ရင် စတည်းက ဂိုးမသွင်းနဲ့လို့ လင်ဂတ်ကို ဝေဖန်လိုက်တဲ့ မိုက်ကယ်အိုဝင်

မိုက်ကယ်အိုဝင်ကတော့ ညက ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်ရဲ့ နိုင်ပွဲမှာ အနိုင်ဂိုးရှင် လင်ဂတ်ရဲ့ ဂိုးသွင်းအပြီး အောင်ပွဲမခံတဲ့ အပြုအမူ အပေါ် ထူးခြားစွာပဲ ခါးခါးသီးသီး ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ထိုပွဲမှာ လင်ဂတ်က အရန်ကနေ လူစားဝင်လာရတာဖြစ်ပြီး ပွဲချိန် ၈၉ မိနစ်မှာ လှပတဲ့ ကန်ချက်နဲ့ ပွဲကို အဆုံးအဖြတ် ဖြစ်စေတဲ့ အနိုင်ဂိုး သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ လင်ဂတ် ဂိုးအပြီး ယူနိုက်တက်ဟာ ၂-၁ နဲ့ ဦးဆောင်ထားပေမယ့် နောက်ဆုံးမိနစ်မှာ ဝက်စ်ဟမ်းဘက် ပင်နယ်တီ ပေးခဲ့ရသေးပြီး ဒီဂီယာ ကာကွယ်နိုင်လိုက်လို့ သက်သာရာ ရသွားခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် အင်္ဂလန်သား တိုက်စစ်သမား လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းမှာ ရာသီဝက် အငှား သွား ကစာခဲ့ပြီး ထူးချွန်စွာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လင်ဂတ်ကို ဝက်စ်ဟမ်းက အပြီး ဝယ်ချင်ခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်မလာခဲ့ဘဲ လင်ဂတ်က ယူနိုက်တက်မှာ ဒီရာသီ ဆက်ရှိနေခဲ့တာပါ။

အိုဝင်ကတော့ လင်ဂတ် အနေနဲ့ ဝက်စ်ဟမ်းက အသင်းဟောင်း ဖြစ်ပါစေ၊ ဒီလို ဂိုးမျိုးကို အောင်ပွဲခံသင့်တယ်လို့ ယုံကြည်နေတာပါ။

” လင်ဂတ်ရဲ့ ဂိုးကတော့ လုံးဝကို လှတာပါ။ ဒီကိစ္စမှာ တစ်ခုပဲ စိတ်ပျက်စရာက သူ ဂိုးသွင်းပြီး အောင်ပွဲ မခံတာပါပဲ။ ကျနော်ကတော့ အသင်းဟောင်းပဲ ဖြစ်စေ၊ ကိုယ် ဂိုးသွင်းပြီးရင် အောင်ပွဲမခံတဲ့ ကစားသမားတွေကို ယုံကို မယုံနိုင်အောင်ပဲ။

တကယ်လို့ သူ ဂိုးမသွင်းချင်ဘူး ဆိုရင်၊ ဒီလိုဖြစ်လို့ မပျော်နိုင်ဘူး ဆိုရင် စတည်းက ဒီ မောင်းခလုပ်ကို မဖြုတ်ခဲ့သင့်၊ ဂိုးမသွင်းသင့်ခဲ့ဘူး။ ဘောလုံးကို သူများသာပေးလိုက်ပေါ့။ ဒီတစ်ခုပဲ လင်ဂတ်ကို စိတ်တိုင်းမကျတာပါ။ ကျန်တာတော့ အားလုံး ကောင်းမွန်ခဲ့တယ်။ ” လို့ အိုဝင်က ပြောဆိုလိုက်ပါတယ်။

လင်ဂတ်ဟာ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်း လုပ်နေစဉ်မှာလည်း ဝက်စ်ဟမ်း ပရိသတ်တွေရဲ့ လက်ခုတ်တီး အားပေးခြင်း ခံခဲ့ရသေးပြီး အရှေ့လန်ဒန်ကလပ်ရဲ့ နွေးထွေးမှုတွေကြောင့် ဂိုးသွင်းပြီး အောင်ပွဲခံဖို့ ၎င်းက ငြင်းပယ်ခဲ့ဟန် ရှိပါတယ်။

Zawgyi

မိုက္ကယ္အို၀င္ကေတာ့ ညက ၀က္စ္ဟမ္းကို အနိုင္ရခဲ့တဲ့ ယူနိုက္တက္ရဲ႕ နုိင္ပြဲမွာ အနိုင္ဂိုးရွင္ လင္ဂတ္ရဲ႕ ဂိုးသြင္းအျပီး ေအာင္ပြဲမခံတဲ့ အျပဳအမူ အေပၚ ထူးျခားစြာပဲ ခါးခါးသီးသီး ေ၀ဖန္ျပစ္တင္လိုက္ပါတယ္။

ထိုပြဲမွာ လင္ဂတ္က အရန္ကေန လူစား၀င္လာရတာျဖစ္ျပီး ပြဲခ်ိန္ ၈၉ မိနစ္မွာ လွပတဲ့ ကန္ခ်က္နဲ႕ ပြဲကို အဆံုးအျဖတ္ ျဖစ္ေစတဲ့ အနုိင္ဂိုး သြင္းေပးလိုက္တာ ျဖစ္ပါတယ္။ လင္ဂတ္ ဂိုးအျပီး ယူနိုက္တက္ဟာ ၂-၁ နဲ႕ ဦးေဆာင္ထားေပမယ့္ ေနာက္ဆံုးမိနစ္မွာ ၀က္စ္ဟမ္းဘက္ ပင္နယ္တီ ေပးခဲ့ရေသးျပီး ဒီဂီယာ ကာကြယ္နိုင္လိုက္လို႔ သက္သာရာ ရသြားခဲ့ပါတယ္။

အသက္ ၂၈ နွစ္ အရြယ္ အဂၤလန္သား တိုက္စစ္သမား လင္ဂတ္ဟာ ျပီးခဲ့တဲ့ရာသီက ၀က္စ္ဟမ္းမွာ ရာသီ၀က္ အငွား သြား ကစာခဲ့ျပီး ထူးခၽြန္စြာေျခစြမ္းျပနိုင္ခဲ့ပါတယ္။ လင္ဂတ္ကို ၀က္စ္ဟမ္းက အျပီး ၀ယ္ခ်င္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕ ျဖစ္မလာခဲ့ဘဲ လင္ဂတ္က ယူနိုက္တက္မွာ ဒီရာသီ ဆက္ရွိေနခဲ့တာပါ။

အို၀င္ကေတာ့ လင္ဂတ္ အေနနဲ႕ ၀က္စ္ဟမ္းက အသင္းေဟာင္း ျဖစ္ပါေစ၊ ဒီလို ဂိုးမ်ိဳးကို ေအာင္ပြဲခံသင့္တယ္လို႔ ယံုၾကည္ေနတာပါ။

” လင္ဂတ္ရဲ႕ ဂိုးကေတာ့ လံုး၀ကို လွတာပါ။ ဒီကိစၥမွာ တစ္ခုပဲ စိတ္ပ်က္စရာက သူ ဂိုးသြင္းျပီး ေအာင္ပြဲ မခံတာပါပဲ။ က်ေနာ္ကေတာ့ အသင္းေဟာင္းပဲ ျဖစ္ေစ၊ ကုိယ္ ဂိုးသြင္းျပီးရင္ ေအာင္ပြဲမခံတဲ့ ကစားသမားေတြကို ယံုကို မယံုနိုင္ေအာင္ပဲ။

တကယ္လို႔ သူ ဂိုးမသြင္းခ်င္ဘူး ဆိုရင္၊ ဒီလိုျဖစ္လို႔ မေပ်ာ္နုိင္ဘူး ဆိုရင္ စတည္းက ဒီ ေမာင္းခလုပ္ကို မျဖဳတ္ခဲ့သင့္၊ ဂိုးမသြင္းသင့္ခဲ့ဘူး။ ေဘာလံုးကို သူမ်ားသာေပးလိုက္ေပါ့။ ဒီတစ္ခုပဲ လင္ဂတ္ကို စိတ္တိုင္းမက်တာပါ။ က်န္တာေတာ့ အားလံုး ေကာင္းမြန္ခဲ့တယ္။ ” လို႔ အို၀င္က ေျပာဆိုလိုက္ပါတယ္။

လင္ဂတ္ဟာ ပြဲမတိုင္ခင္ ေသြးပူေလ့က်င့္ခန္း လုပ္ေနစဥ္မွာလည္း ၀က္စ္ဟမ္း ပရိသတ္ေတြရဲ႕ လက္ခုတ္တီး အားေပးျခင္း ခံခဲ့ရေသးျပီး အေရွ႕လန္ဒန္ကလပ္ရဲ႕ ေႏြးေထြးမႈေတြေၾကာင့္ ဂိုးသြင္းျပီး ေအာင္ပြဲခံဖို႔ ၄င္းက ျငင္းပယ္ခဲ့ဟန္ ရွိပါတယ္။