ယူနိုက်တက်ရဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းကို မေးခံရချိန်မှာ မင်းတို့က အမျိုးမျိုးပဲလို့ တုန့်ပြန်တဲ့ ဆိုးရှား

ဝက်စ်ဟမ်းနဲ့ နောက်ဆုံးမိနစ်တွေမှာ ဒရာမာဆန်ဆန် အခြေအနေတွေဖြစ်ခဲ့တဲ့နောက် အိုလီဂန်နာဆိုးရှားက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆုဖလား အနိုင်ရဖို့ အခွင့်အရေးတွေအပေါ် မှတ်ချက်ပေးရာမှာ ကြားရက် ဥရောပရှုံးပွဲအပြီး သူအလုပ်ပြုတ်ဖို့ နီးစပ်ခဲ့သေးကြောင်း ဟာသနှောကာ ဖြေဆိုခဲ့ပါတယ်။

ဆိုးရှားရဲ့ အသင်းဟာ ချန်ပီယံလိဂ်မှာ ယန်းဘွိုင်းစ်ကို ၂-၁ နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့တဲ့နောက် မနေ့က လန်ဒန်ကွင်းထံ သွားရောက်ရာမှာ ဖိအားအနည်းငယ် ခံစားခဲ့ရတာပါ။ ဒါပေမယ့် သရဲနီတွေဟာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တွေ အပြည့်နဲ့ ဝက်စ်ဟမ်းကို ၂-၁ နဲ့ ပြန်လည် အနိုင်ယူခဲ့ပြီးတော့ ပရီးမီးယားလိဂ် ဇယားထိပ်က ချယ်ဆီး၊ လီဗာပူးတို့နဲ့ ရမှတ်တူတူ အနေအထားမှာ ဆက်လက် ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ဂျက်ဆီလင်ဂတ်က ၈၉ မိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တဲ့နောက် အချိန်ပို နှောင်းပိုင်းမှာ နိုဘယ်ရဲ့ ပင်နယ်တီကို ဒေးဗစ် ဒီဂီယာ ကာကွယ်ခဲ့ခြင်းကပဲ ယူနိုက်တက်ကို နိုင်ပွဲရစေခဲ့တယ်။ ဒီနိုင်ပွဲက ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ရဲ့ တာထွက်ကောင်းမွန်မှု အရှိန်အဟုန်ကို ဆက်ရှိစေခဲ့ကာ အမှတ်ပေးဖလား စိန်ခေါ်ဖို့ မျှော်လင့်ချက်တွေ မြင့်မားနေတဲ့ ပရိသတ်တွေကို သက်သာရာ ရစေခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ဆိုးရှားက လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့အနာဂတ်ကို လူတချို့က မေးခွန်းထုတ်နေခဲ့တဲ့အကြောင်း သတင်းထောက်တွေကို ခနဲ့ပြီး ပြန်ပြောခဲ့တာပါ။ သတင်းထောက်တွေရဲ့ ယူနိုက်တက်အသင်း ဆုဖလား အောင်မြင်ဖို့ အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဆိုးရှားက

“ အခုချိန်မှာ အဲ့ဒီ့အကြောင်း ကျွန်တော့်ကို မေးလို့ရမှာ မဟုတ်ပါဘူး။ ရာသီအစ ၅ ပွဲပဲ ရှိပါသေးတယ်။ မနေ့ကဆိုရင် ကျနော်ရဲ့ အခြေအနေက နိမ့်ပါးခဲ့ပြီး အလုပ်ပြုတ်တော့မယ်လို့တောင် ပြောခံရသေးတယ်။ ဒါက မန်ယူနိုက်တက်ကို ကိုင်တွယ်နေရခြင်းရဲ့ အခြေအနေပါပဲ။

ကျွန်တော်တို့ အနိုင် ၃ မှတ်နဲ့ ထိုက်တန်ခဲ့တယ်။ ဒီကွင်းက လာကစားဖို့ ခက်ခဲတဲ့ နေရာပါ။ ဒီအမှတ်တွေက နောက်ပိုင်းမှာ ကွဲပြားမှုတစ်ခု ဖြစ်စေနိုင်ဖို့ မျှော်လင့်ပါတယ်။ ဧပြီ၊ မေလောက်ရောက်မှ ဖလားအကြောင်း ပြောကြတာပေါ့ ” လို့ ဖြေကြားခဲ့တာပါ။

အခုပွဲနဲ့ ပတ်သက်ပြီးတော့ သူ့အသင်းဟာ တိုးတက်ဖို့ လိုအပ်ခဲ့တယ်လို့ ဆိုးရှားက ဝန်ခံခဲ့ပါတယ်။ နောက်ခံလူ ဗာရိန်းကို ထိပြီး လမ်းကြောင်းပြောင်း ဝင်သွားတဲ့ ဘန်ရာမာရဲ့ သွင်းဂိုးအတွက် သူ့အသင်းရဲ့ ခုခံကစားပုံကို နော်ဝေသားနည်းပြက မကျေမနပ် ဖြစ်နေခဲ့တာပါ။

“ ကျွန်တော်တို့ ပိုကောင်းကောင်း ခုခံနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို ဖြိုခွဲဖို့ ပိုခက်ခဲအောင် လုပ်ရမှာပါ။ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ဂိုးပေးလိုက်ရချိန် သူတို့ရဲ့ တည်ဆောက်ပုံက မှားယွင်းခဲ့တယ်။ အဲ့လိုကိစ္စတွေမှာ ကျွန်တော်တို့ ပိုတိုးတက်အောင် ကြိုးစားရမှာပါ ” လို့ ဆိုးရှားက မှတ်ချက်ပေးခဲ့ပါတယ်။

ZAWGYI – ဝက္စ္ဟမ္းနဲ႔ ေနာက္ဆံုးမိနစ္ေတြမွာ ဒရာမာဆန္ဆန္ အေျခအေနေတြျဖစ္ခဲ့တဲ့ေနာက္ အိုလီဂန္နာဆိုးရွားက မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ဆုဖလား အႏုိုင္ရဖို႔ အခြင့္အေရးေတြအေပၚ မွတ္ခ်က္ေပးရာမွာ ၾကားရက္ ဥေရာပရႈံးပြဲအၿပီး သူအလုပ္ျပဳတ္ဖို႔ နီးစပ္ခဲ့ေသးေၾကာင္း ဟာသေႏွာကာ ေျဖဆိုခဲ့ပါတယ္။

ဆိုးရွားရဲ႕ အသင္းဟာ ခ်န္ပီယံလိဂ္မွာ ယန္းဘြိဳင္းစ္ကို ၂-၁ နဲ႔ စိတ္ပ်က္ဖြယ္ ရႈံးနိမ့္ခဲ့တဲ့ေနာက္ မေန႔က လန္ဒန္ကြင္းထံ သြားေရာက္ရာမွာ ဖိအားအနည္းငယ္ ခံစားခဲ့ရတာပါ။ ဒါေပမယ့္ သရဲနီေတြဟာ မထင္မွတ္ထားတဲ့ ျဖစ္ရပ္ေတြ အျပည့္နဲ႔ ဝက္စ္ဟမ္းကို ၂-၁ နဲ႔ ျပန္လည္ အႏိုင္ယူခဲ့ၿပီးေတာ့ ပရီးမီးယားလိဂ္ ဇယားထိပ္က ခ်ယ္ဆီး၊ လီဗာပူးတို႔နဲ႔ ရမွတ္တူတူ အေနအထားမွာ ဆက္လက္ ရပ္တည္ခဲ့တာျဖစ္ပါတယ္။

ဂ်က္ဆီလင္ဂတ္က ၈၉ မိနစ္မွာ အႏိုင္ဂိုး သြင္းယူခဲ့တဲ့ေနာက္ အခ်ိန္ပို ေႏွာင္းပိုင္းမွာ ႏိုဘယ္ရဲ႕ ပင္နယ္တီကို ေဒးဗစ္ ဒီဂီယာ ကာကြယ္ခဲ့ျခင္းကပဲ ယူႏုိက္တက္ကို ႏုိင္ပြဲရေစခဲ့တယ္။ ဒီႏိုင္ပြဲက ပရီးမီးယားလိဂ္မွာ ယူႏိုက္တက္ရဲ႕ တာထြက္ေကာင္းမြန္မႈ အရွိန္အဟုန္ကို ဆက္ရွိေစခဲ့ကာ အမွတ္ေပးဖလား စိန္ေခၚဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္မားေနတဲ့ ပရိသတ္ေတြကို သက္သာရာ ရေစခဲ့ပါတယ္။

ပြဲအျပီး အင္တာဗ်ဴးမွာ ဆိုးရွားက လြန္ခဲ့တဲ့ ရက္အနည္းငယ္က သူ႔အနာဂတ္ကို လူတခ်ိဳ႕က ေမးခြန္းထုတ္ေနခဲ့တဲ့အေၾကာင္း သတင္းေထာက္ေတြကို ခနဲ့ျပီး ျပန္ေျပာခဲ့တာပါ။ သတင္းေထာက္ေတြရဲ႕ ယူႏိုက္တက္အသင္း ဆုဖလား ေအာင္ျမင္ဖို႔ အလားအလာနဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့ရာ ဆိုးရွားက

“ အခုခ်ိန္မွာ အဲ့ဒီ့အေၾကာင္း ကြၽန္ေတာ့္ကို ေမးလို႔ရမွာ မဟုတ္ပါဘူး။ ရာသီအစ ၅ ပြဲပဲ ရွိပါေသးတယ္။ မေန႔ကဆိုရင္ က်ေနာ္ရဲ႕ အေျခအေနက နိမ့္ပါးခဲ့ျပီး အလုပ္ျပဳတ္ေတာ့မယ္လို႔ေတာင္ ေျပာခံရေသးတယ္။ ဒါက မန္ယူႏိုက္တက္ကို ကိုင္တြယ္ေနရျခင္းရဲ႕ အေျခအေနပါပဲ။

ကြၽန္ေတာ္တို႔ အႏိုင္ ၃ မွတ္နဲ႔ ထိုက္တန္ခဲ့တယ္။ ဒီကြင္းက လာကစားဖို႔ ခက္ခဲတဲ့ ေနရာပါ။ ဒီအမွတ္ေတြက ေနာက္ပိုင္းမွာ ကြဲျပားမႈတစ္ခု ျဖစ္ေစႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဧၿပီ၊ ေမေလာက္ေရာက္မွ ဖလားအေၾကာင္း ေျပာၾကတာေပါ့ ” လို႔ ေျဖၾကားခဲ့တာပါ။

အခုပြဲနဲ႔ ပတ္သက္ၿပီးေတာ့ သူ႔အသင္းဟာ တိုးတက္ဖို႔ လိုအပ္ခဲ့တယ္လို႔ ဆိုးရွားက ဝန္ခံခဲ့ပါတယ္။ ေနာက္ခံလူ ဗာရိန္းကို ထိၿပီး လမ္းေၾကာင္းေျပာင္း ဝင္သြားတဲ့ ဘန္ရာမာရဲ႕ သြင္းဂိုးအတြက္ သူ႔အသင္းရဲ႕ ခုခံကစားပုံကို ေနာ္ေဝသားနည္းျပက မေက်မနပ္ ျဖစ္ေနခဲ့တာပါ။

“ ကြၽန္ေတာ္တို႔ ပိုေကာင္းေကာင္း ခုခံႏိုင္ဖို႔ လိုအပ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ကို ၿဖိဳခြဲဖို႔ ပိုခက္ခဲေအာင္ လုပ္ရမွာပါ။ ဘာအေၾကာင္းေၾကာင့္ျဖစ္ျဖစ္ ဂိုးေပးလိုက္ရခ်ိန္ သူတို႔ရဲ႕ တည္ေဆာက္ပုံက မွားယြင္းခဲ့တယ္။ အဲ့လိုကိစၥေတြမွာ ကြၽန္ေတာ္တို႔ ပိုတိုးတက္ေအာင္ ႀကိဳးစားရမွာပါ ” လို႔ ဆိုးရွားက မွတ္ခ်က္ေပးခဲ့ပါတယ္။