အာဆင်နယ်ထံ ပြန်ပူးပေါင်းဖို့ ဂန်းနား တာဝန်ရှိသူတွေနဲ့ စကားပြောတော့မယ့် ဂျက်ဝီရှိုင်းယား

အာဆင်နယ်မန်နေဂျာ အာတီတာရဲ့ သူ့ကို ကြိုဆိုကြောင်း ထုတ်ပြောမှုကို ဂန်းနားဟောင်းကြီး ဝီရှိုင်းယားက ကျေနပ်နေပြီး အသင်းဟောင်းနဲ့ ပြန်လည် ဆွေးနွေးမှု ပြုလုပ်မယ်လို့ ဖွင့်ဟလာပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီနွေမှာ ဘုန်းမောက်ကနေ ထွက်ခွာပြီးနောက် အသင်းသစ် ရှာတွေ့ခြင်း မရှိသေးဘဲ ကလပ်လက်မဲ့ အနေအထားကို ရင်ဆိုင်နေရတာပါ။ နွေဈေးကွက် ပိတ်သွားခဲ့ပြီဖြစ်ပေမယ့် အာဆင်နယ်ဘက်က သူ့ကို ခေါ်ယူမယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဦးမှာဖြစ်တယ်။

အီတလီလိဂ် စီးရီးဘီမှ ကိုမို အသင်းနဲ့ လေ့ကျင့်ရေးဆင်းနေတဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်းကို အာဆင်နယ်က အမြဲတမ်း ဖိတ်ခေါ်နေပါတယ်ဆိုတဲ့ စကားကို ဂန်းနားမန်နေဂျာ အာတီတာက ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

အာတီတာက ‘ ဝီရှိုင်းယားအကြောင်း ကျနော် သိပါတယ်။ သူနဲ့အတူ အဝတ်လဲခန်းကို တွဲသုံးခဲ့သလို သူ့ကို အသင်းက လူတိုင်းက ချစ်ခင်ကြပါတယ်။ သူ့အတွက် ကျနေ်ာတို့ရဲ့ တံခါးတွေ ဖွင့်ထားဆဲပါ ’ လို့ ဆိုခဲ့တာဖြစ်တယ်။

လက်ရှိ အာဆင်နယ်အသင်း မန်နေဂျာရဲ့ ပြောဆိုမှုကို စကိုင်းစပေါ့ကနေတစ်ဆင့် ဝီရှိုင်းယားကလည်း ‘ အာတီတာနဲ့အတူ ကစားခဲ့ရတာကို ကျနော် ပျော်ရွှင်ပါတယ်။ သူနဲ့အတူ အဝတ်လဲခန်းကို မျှဝေခဲ့ကြဖူးတယ်။ သူ့ထံက တံခါးဖွင့်ထားဆဲပါဆိုတဲ့ စကားကို ကြားရတာက သိပ်ကိုကောင်းပါတယ်။

အဲ့တာက ကျနော်အတွက် အကူအညီဖြစ်ပါတယ်။ ပြောခဲ့သလိုပဲ ကစားသမားကောင်းတွေ၊ ကမ္ဘာအဆင့် ကစားသမားတွေ ရှိနေတဲ့ အသင်းတစ်သင်းမှာ အတူပါဝင်ခွင့်ရဖို့ဆိုတာက ကျနော် စိတ်ဝင်စားတဲ့ ကိစ္စပဲဖြစ်ပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း အာဆင်နယ်အသင်း တာဝန်ရှိသူ အချို့နဲ့ စကားပြောမှုတွေ လုပ်သွားမယ်လို့ ကျနော် ပြောလိုပါတယ် ’ လို့ ဆိုခဲ့တာဖြစ်တယ်။

အာတီတာဟာ ၂၀၁၁ ခုနှစ်မှာ အာဆင်နယ်ထံ ရောက်လာခဲ့တာပါ။ အဆိုပါ ရာသီမှာ ဝီရှိုင်းယားဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အာဆင်နယ်အတွက် မကစားပေးနိုင်ခဲ့ပါဘူး။ သို့ပေမယ့် သူတို့နှစ်ဦးဟာ အတူ တွဲဘက်ကစားမှုတွေနဲ့အတူ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာတော့ အက်ဖ်အေဖလားကို ကိုင်မြှောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ZAWGYI – အာဆင္နယ္မန္ေနဂ်ာ အာတီတာရဲ႕ သူ႔ကို ၾကိဳဆိုေၾကာင္း ထုတ္ေျပာမႈကို ဂန္းနားေဟာင္းၾကီး ဝီရိႈင္းယားက ေက်နပ္ေနျပီး အသင္းေဟာင္းနဲ႔ ျပန္လည္ ေဆြးေႏြးမႈ ျပဳလုပ္မယ္လို႔ ဖြင့္ဟလာပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဒီေႏြမွာ ဘုန္းေမာက္ကေန ထြက္ခြာျပီးေနာက္ အသင္းသစ္ ရွာေတြ႔ျခင္း မရွိေသးဘဲ ကလပ္လက္မဲ့ အေနအထားကို ရင္ဆိုင္ေနရတာပါ။ ေႏြေစ်းကြက္ ပိတ္သြားခဲ့ျပီျဖစ္ေပမယ့္ အာဆင္နယ္ဘက္က သူ႔ကို ေခၚယူမယ္ဆိုရင္ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူႏုိုင္ဦးမွာျဖစ္တယ္။

အီတလီလိဂ္ စီးရီးဘီမွ ကိုမို အသင္းနဲ႔ ေလ့က်င့္ေရးဆင္းေနတဲ့ အဂၤလန္ လက္ေရြးစင္ေဟာင္းကို အာဆင္နယ္က အျမဲတမ္း ဖိတ္ေခၚေနပါတယ္ဆိုတဲ့ စကားကို ဂန္းနားမန္ေနဂ်ာ အာတီတာက ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။

အာတီတာက ‘ ဝီရိႈင္းယားအေၾကာင္း က်ေနာ္ သိပါတယ္။ သူနဲ႔အတူ အဝတ္လဲခန္းကို တြဲသံုးခဲ့သလို သူ႕ကို အသင္းက လူတိုင္းက ခ်စ္ခင္ၾကပါတယ္။ သူ႔အတြက္ က်ေန္ာတို႔ရဲ႕ တံခါးေတြ ဖြင့္ထားဆဲပါ ’ လို႔ ဆိုခဲ့တာျဖစ္တယ္။

လက္ရွိ အာဆင္နယ္အသင္း မန္ေနဂ်ာရဲ႕ ေျပာဆိုမႈကို စကိုင္းစေပါ့ကေနတစ္ဆင့္ ဝီရိႈင္းယားကလည္း ‘ အာတီတာနဲ႔အတူ ကစားခဲ့ရတာကို က်ေနာ္ ေပ်ာ္ရႊင္ပါတယ္။ သူနဲ႔အတူ အဝတ္လဲခန္းကို မွ်ေဝခဲ့ၾကဖူးတယ္။ သူ႔ထံက တံခါးဖြင့္ထားဆဲပါဆိုတဲ့ စကားကို ၾကားရတာက သိပ္ကိုေကာင္းပါတယ္။

အဲ့တာက က်ေနာ္အတြက္ အကူအညီျဖစ္ပါတယ္။ ေျပာခဲ့သလိုပဲ ကစားသမားေကာင္းေတြ၊ ကမၻာအဆင့္ ကစားသမားေတြ ရွိေနတဲ့ အသင္းတစ္သင္းမွာ အတူပါဝင္ခြင့္ရဖို႔ဆိုတာက က်ေနာ္ စိတ္ဝင္စားတဲ့ ကိစၥပဲျဖစ္ပါတယ္။

လာမယ့္ ရက္ပိုင္းအတြင္း အာဆင္နယ္အသင္း တာဝန္ရွိသူ အခ်ိဳ႔နဲ႔ စကားေျပာမႈေတြ လုပ္သြားမယ္လို႔ က်ေနာ္ ေျပာလိုပါတယ္ ’ လို႔ ဆိုခဲ့တာျဖစ္တယ္။

အာတီတာဟာ ၂၀၁၁ ခုႏွစ္မွာ အာဆင္နယ္ထံ ေရာက္လာခဲ့တာပါ။ အဆိုပါ ရာသီမွာ ဝီရိႈင္းယားဟာ ေျခက်င္းဝတ္ ဒဏ္ရာေၾကာင့္ အာဆင္နယ္အတြက္ မကစားေပးႏုိင္ခဲ့ပါဘူး။ သို႔ေပမယ့္ သူတို႔ႏွစ္ဦးဟာ အတူ တြဲဘက္ကစားမႈေတြနဲ႔အတူ ၂၀၁၄ ခုႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္ေတြမွာေတာ့ အက္ဖ္ေအဖလားကို ကိုင္ေျမွာက္ႏုိင္ခဲ့ၾကတာ ျဖစ္ပါတယ္။