မန်စီးတီး ထိပ်ဆုံးမှာရှိပြီး ပီအက်စ်ဂျီထံ ယူနိုက်တက် ပိုအလေးသာတဲ့ စူပါကွန်ပြူတာရဲ့ UCL ချန်ပီယံ ခန့်မှန်း

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ဆုဖလားကို ဗိုလ်ဆွဲနိုင်ချေထဲမှာ ရော်နယ်ဒို ရှိနေတဲ့ ယူနိုက်တက်က မက်ဆီရှိနေတဲ့ ပီအက်စ်ဂျီထက် ချန်ပီယံဖြစ်နိုင်ချေ ပိုများပါတယ်လို့ စူပါကွန်ပြူတာက တွက်ချက်ပေးလာပါတယ်။

FiveThirtyEight ရဲ့ စူပါကွန်ပြူတာက တွက်ချက်မှုအရ ဒီရာသီ ဥရောပချန်ပီယံဖြစ်ရေး ရေပန်းအစားဆုံး ထိပ်ဆုံး ၇ သင်း စာရင်းမှာတော့ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ ချယ်ဆီး၊ လီဗာပူးနဲ့ ယူနိုက်တက်တို့လည်း ပါဝင်နေတာပါ။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်နဲ့ လာလီဂါကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့လည်း ထိပ်ဆုံး စာရင်းတွေမှာ ပါဝင်နေဆဲဖြစ်တယ်။

ဒီနွေမှာ ပီအက်စ်ဂျီအသင်းက မက်ဆီကို ခေါ်ယူနိုင်မှုနဲ့အတူ အမ်ဘတ်ပီကိုလည်း ဆက်ထိန်းနိုင်ခြင်းကြောင့် ချန်ပီယံဖြစ်ဖို့ ဘွန်ကီတွေရဲ့ အလေးပေးမှုကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာတော့ ပီအက်စ်ဂျီဟာ ချန်ပီယံဖြစ်ရေး နံပါတ် ၁၀ နေရာမှာပဲ ရှိနေခဲ့တာဖြစ်တယ်။

မေလ ရုရှားမြို့တော် စိန့်ပီတာဘက်မှာတော့ ဥရောပဖလားကို ကိုင်မြောက်နိုင်မယ့် အသင်းဟာ မနှစ်တုန်းက ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပြီး အရေးနိမ့်ခဲ့တဲ့ မန်စီးတီးဖြစ်တယ်လို့ စူပါကွန်ပြူတာက ဖော်ပြပါတယ်။ ဒုတိယနေရာမှာတော့ ချန်ပီယံဟောင်း ဘိုင်ယန်မြူးနစ်က ရပ်တည်နေပြီး လက်ရှိ ချန်ပီယံ ချယ်ဆီးအသင်းဟာ ချန်ပီယံပြန်ဖြစ်နိုင်ချေ တတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။

မန်စီးတီးနဲ့ ချယ်ဆီးတို့ဟာ ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၁၀၀ ထိ သုံးစွဲထားတဲ့ အသင်းတွေဖြစ်လို့ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ်လည်း အပြိုင်ရေပန်းစားနေကြတာ ဖြစ်တယ်။ သူတို့ နှစ်သင်းနောက်မှာတော့ လီဗာပူးနဲ့ ယူနိုက်တက်တို့ကိုလည်း ချန်ပီယံဖြစ်နိုင်ချေ မြင့်မားတဲ့ အသင်းတွေအဖြစ် ဖော်ပြခံရပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဒီနွေမှာ အသင်းသစ်တွေထံ ပူးပေါင်းခဲ့ကြတာက သူတို့ ကစားသမားဘဝ နောက်ထပ်သော ချန်ပီယံလိဂ်ဖလား အောင်မြင်ရေးအတွက်လို့ ထုတ်ပြောထားကြတယ်။ ရော်နယ်ဒိုဟာ ပြိုင်ပွဲတစ်လျှောက် ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ဖြင့် အမြင့်ဆုံး အနိုင်ရထားပြီး မက်ဆီကတော့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အနိုင်ထားပါတယ်။

The supercomputer’s prediction:

  • Manchester City – 16% (chance of winning)
  • Bayern Munich – 11%
  • Chelsea – 10%
  • Liverpool – 9%
  • Barcelona – 8%
  • Real Madrid – 6%
  • Manchester United – 5%
  • Ajax – 5%
  • RB Leipzig – 4%
  • Paris Saint-Germain – 4%

ZAWGYI – ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ဆုဖလားကို ဗိုလ္ဆြဲႏုိင္ေခ်ထဲမွာ ေရာ္နယ္ဒို ရွိေနတဲ့ ယူႏုိက္တက္က မက္ဆီရွိေနတဲ့ ပီအက္စ္ဂ်ီထက္ ခ်န္ပီယံျဖစ္ႏုိင္ေခ် ပိုမ်ားပါတယ္လို႔ စူပါကြန္ျပဴတာက တြက္ခ်က္ေပးလာပါတယ္။

FiveThirtyEight ရဲ႕ စူပါကြန္ျပဴတာက တြက္ခ်က္မႈအရ ဒီရာသီ ဥေရာပခ်န္ပီယံျဖစ္ေရး ေရပန္းအစားဆံုး ထိပ္ဆံုး ၇ သင္း စာရင္းမွာေတာ့ အဂၤလန္ကလပ္ေတြျဖစ္တဲ့ မန္စီးတီး၊ ခ်ယ္ဆီး၊ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔လည္း ပါဝင္ေနတာပါ။ ဒါ့အျပင္ ဘိုင္ယန္ျမဴးနစ္နဲ႔ လာလီဂါကလပ္ေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔လည္း ထိပ္ဆံုး စာရင္းေတြမွာ ပါဝင္ေနဆဲျဖစ္တယ္။

ဒီေႏြမွာ ပီအက္စ္ဂ်ီအသင္းက မက္ဆီကို ေခၚယူႏုိင္မႈနဲ႔အတူ အမ္ဘတ္ပီကိုလည္း ဆက္ထိန္းႏုိင္ျခင္းေၾကာင့္ ခ်န္ပီယံျဖစ္ဖို႔ ဘြန္ကီေတြရဲ႕ အေလးေပးမႈကို ပိုင္ဆိုင္ထားပါတယ္။ ဒါေပမယ့္လည္း စူပါကြန္ျပဴတာရဲ႕ တြက္ခ်က္မႈမွာေတာ့ ပီအက္စ္ဂ်ီဟာ ခ်န္ပီယံျဖစ္ေရး နံပါတ္ ၁၀ ေနရာမွာပဲ ရွိေနခဲ့တာျဖစ္တယ္။

ေမလ ရုရွားျမိဳ႕ေတာ္ စိန္႔ပီတာဘက္မွာေတာ့ ဥေရာပဖလားကို ကိုင္ေျမာက္ႏုိင္မယ့္ အသင္းဟာ မႏွစ္တုန္းက ဗိုလ္လုပြဲထိ တက္ေရာက္ႏုိင္ခဲ့ျပီး အေရးနိမ့္ခဲ့တဲ့ မန္စီးတီးျဖစ္တယ္လို႔ စူပါကြန္ျပဴတာက ေဖာ္ျပပါတယ္။ ဒုတိယေနရာမွာေတာ့ ခ်န္ပီယံေဟာင္း ဘိုင္ယန္ျမဴးနစ္က ရပ္တည္ေနျပီး လက္ရွိ ခ်န္ပီယံ ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံျပန္ျဖစ္ႏုိင္ေခ် တတိယေနရာမွာ ရွိေနတာျဖစ္ပါတယ္။

မန္စီးတီးနဲ႔ ခ်ယ္ဆီးတို႔ဟာ ဒီေႏြမွာ အသံုးစရိတ္ ေပါင္ သန္း ၁၀၀ ထိ သံုးစြဲထားတဲ့ အသင္းေတြျဖစ္လို႔ ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္လည္း အျပိဳင္ေရပန္းစားေနၾကတာ ျဖစ္တယ္။ သူတို႔ ႏွစ္သင္းေနာက္မွာေတာ့ လီဗာပူးနဲ႔ ယူႏုိက္တက္တုိ႔ကိုလည္း ခ်န္ပီယံျဖစ္ႏုိင္ေခ် ျမင့္မားတဲ့ အသင္းေတြအျဖစ္ ေဖာ္ျပခံရပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ဟာ ဒီေႏြမွာ အသင္းသစ္ေတြထံ ပူးေပါင္းခဲ့ၾကတာက သူတို႔ ကစားသမားဘဝ ေနာက္ထပ္ေသာ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ေရးအတြက္လို႔ ထုတ္ေျပာထားၾကတယ္။ ေရာ္နယ္ဒိုဟာ ျပိဳင္ပြဲတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဖလား ၅ ၾကိမ္ျဖင့္ အျမင့္ဆံုး အႏုိင္ရထားျပီး မက္ဆီကေတာ့ ခ်န္ပီယံလိဂ္ဖလား ၄ ၾကိမ္ အႏုိင္ထားပါတယ္။