နွေအပြောင်းအရွှေ့တုန်းက ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ လိုင်ယွန်နယ် မက်ဆီတို့ အသင်းသစ်တွေကို ကူးပြောင်းခြင်းနဲ့အတူ နယ်မြေသစ်တွေမှာ သူတို့ရဲ့ ကျော်ဇောမှုကလည်း ထပ်မံ မြှင့်တက်လာနေဆဲဖြစ်ပါတယ်။
မက်ဆီက ၂၁ နှစ်ကြာ ကစားခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာပြီး ပီအက်စ်ဂျီကို ပြောင်းလာခဲ့ခြင်း ဖြစ်သလို ရော်နယ်ဒိုကတော့ ၂၀၀၉ မှာ သူစွန့်ခွာခဲ့တဲ့ အိုလ်းထရတ်ဖိုဒ့်ထံ တစ်ကျော့ပြန်လာခဲ့ခြင်း ဖြစ်ပါတယ်။

သူတို့ နှစ်ဦးရဲ့ အပြောင်းအရွှေ့ဟာ ဘောလုံးပရိသတ်တွေ အရူးအမူးဖြစ်ရတဲ့ ကိစ္စတွေလည်းဖြစ်လာခဲ့တယ်။ ဒါကြောင့်လည်း အကောင်းဆုံး ကစားသမားနှစ်ဦးရဲ့ အသင်းသစ်တွေမှာ ဝတ်ဆင်မယ့် ဂျာစီကို ဝယ်ယူမှုတွေလည်း အားကောင်းခဲ့ပြီး ရော်နယ်ဒိုရဲ့ ဂျာစီဟာဆိုရင် ၈ ရက်အတွင်း စံချိန်တင် ရောင်းချရမှု ဖြစ်ခဲ့ပါတယ်။
Love the Sales ရဲ့ ဖော်ပြမှုအရ ပေါ်တူဂီသားရဲ့ ကျော်ကြားတဲ့ CR7 အမှတ်အသားဟာ ယူနိုက်တက်ထံ တစ်ကျော့ပြန်ရာမှာလည်း ဆက်ပြီး ထိမ်းသိမ်းခွင့်ရခဲ့တယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ ဂျာစီ ရောင်းချရမှုဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရောင်းနှုန်း အမြန်ဆုံးဂျာစီ အဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့မှာ ရော်နယ်ဒို ကျောနံပါတ် ၇ ကို ဝတ်ဆင်မယ့် သတင်းထွက်ပြီးတဲ့နောက် ၈ ရက်အကြာမှာ သူ့ရဲ့ ဂျာစီဟာ ပေါင် ၁၈၇.၁ သန်းဖိုး ရောင်းချခဲ့ရပြီဖြစ်ပါတယ်။ ထိုနည်းတူ မက်ဆီရဲ့ ကျောနံပါတ် ၃၀ ပါ ပီအက်စ်ဂျီ ဂျာစီကလည်း ပေါင် ၁၀၃.၈ သန်း ရောင်းချထားရပါပြီ။
ကလပ်နှစ်သင်းဟာ ဂျာစီရောင်းရမှုတွေမှာ အကျိုးအမြတ် ခံစားခွင့် ကွာခြားမှုအရ ပြန်ရမယ့် ငွေကြေးပိုင်းကတော့ တူညီမှာ မဟုတ်ပါဘူး။ ယူနိုက်တက်က ရော်နယ်ဒိုရဲ့ ဂျာစီရောင်းချရမှုအတွက် ကော်မရှင်အဖြစ် ပေါင် ၁၃.၁ သန်း ပြန်ရထားပြီဖြစ်ကာ ပီအက်စ်ဂျီကတော့ မက်ဆီ ဂျာစီရောင်းချမှုကနေ ပေါင် ၇.၃ သန်း ပြန်ရခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက်က ရော်နယ်ဒိုအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၂.၉ သန်း ကုန်ကျမှာဖြစ်ပြီး ပီအက်စ်ဂျီက မက်ဆီအတွက် လက်မှတ်ထိုးကြေး ပေါင် ၂၅ သန်း ပြန်ပေးရမှာဖြစ်တယ်။
ပရီးမီးယားလိဂ်ရဲ့ ရောင်းအကောင်းဆုံး ဂျာစီပိုင်ရှင် (၁၀) ဦးစာရင်း ထိပ်ဆုံးမှာ ရှိနေတာက ယူနိုက်တက်တိုက်စစ်သမား စီရော်နယ်ဒိုရဲ့ ဂျာစီပဲဖြစ်ပါတယ်။ ဒုတိယနေရာမှာတော့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဂရီလစ်ရဲ့ မန်စီးတီးဂျာစီဖြစ်တယ်။ တတိယနေရာမှာ ယူနိုက်တက်မှ ဘရူနို၊ စတုတ္ထနေရာမှာ ချယ်ဆီးမှ လူကာကူတို့ ရပ်တည်နေပါတယ်။
ထိပ်ဆုံး ၁၀ ဦးထဲမှာတော့ လီဗာပူးအသင်းမှ ဆာလာနဲ့ ဗန်ဒိုက်တို့ဟာ နံပါတ် ၆ နဲ့ နံပါတ် ၇ နေရာမှာ ရှိနေပြီး စပါးတိုက်စစ်သမား ဟယ်ရီကိန်းကတော့ နံပါတ် ၈ နေရာမှာ ရှိနေတာဖြစ်ပါတယ်။
ကလပ်အလိုက် ဂျာစီ ရောင်းအကောင်းဆုံး စာရင်းမှာတော့ မနှစ်က ထိပ်ဆုံးမှာရှိတဲ့ အာဆင်နယ်ဟာ စတုတ္ထနေရာထိ ကျဆင်းသွားခဲ့ပါတယ်။ အစဉ်လိုက်အားဖြင့် ယူနိုက်တက်၊ ချယ်ဆီး၊ လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီး၊ စပါး၊ ဝက်ဟမ်း၊ လက်စတာတို့ ရပ်တည်နေတာဖြစ်ပါတယ်။

ZAWGYI – ေႏြအေျပာင္းအေရႊ႔တုန္းက ေဘာလံုးသမိုင္းရဲ႕ အေကာင္းဆံုး ကစားသမား ႏွစ္ဦးျဖစ္တဲ့ စီေရာ္နယ္ဒိုနဲ႔ လိုင္ယြန္နယ္ မက္ဆီတို႔ အသင္းသစ္ေတြကို ကူးေျပာင္းျခင္းနဲ႔အတူ နယ္ေျမသစ္ေတြမွာ သူတို႔ရဲ႕ ေက်ာ္ေဇာမႈကလည္း ထပ္မံ ျမွင့္တက္လာေနဆဲျဖစ္ပါတယ္။
မက္ဆီက ၂၁ ႏွစ္ၾကာ ကစားခဲ့တဲ့ ဘာစီလိုနာကို စြန္႔ခြာျပီး ပီအက္စ္ဂ်ီကို ေျပာင္းလာခဲ့ျခင္း ျဖစ္သလို ေရာ္နယ္ဒိုကေတာ့ ၂၀၀၉ မွာ သူစြန္႔ခြာခဲ့တဲ့ အိုလ္းထရတ္ဖိုဒ့္ထံ တစ္ေက်ာ့ျပန္လာခဲ့ျခင္း ျဖစ္ပါတယ္။
သူတို႔ ႏွစ္ဦးရဲ႕ အေျပာင္းအေရႊ႔ဟာ ေဘာလံုးပရိသတ္ေတြ အရူးအမူးျဖစ္ရတဲ့ ကိစၥေတြလည္းျဖစ္လာခဲ့တယ္။ ဒါေၾကာင့္လည္း အေကာင္းဆံုး ကစားသမားႏွစ္ဦးရဲ႕ အသင္းသစ္ေတြမွာ ဝတ္ဆင္မယ့္ ဂ်ာစီကို ဝယ္ယူမႈေတြလည္း အားေကာင္းခဲ့ျပီး ေရာ္နယ္ဒိုရဲ႕ ဂ်ာစီဟာဆိုရင္ ၈ ရက္အတြင္း စံခ်ိန္တင္ ေရာင္းခ်ရမႈ ျဖစ္ခဲ့ပါတယ္။
Love the Sales ရဲ႕ ေဖာ္ျပမႈအရ ေပၚတူဂီသားရဲ႕ ေက်ာ္ၾကားတဲ့ CR7 အမွတ္အသားဟာ ယူႏုိက္တက္ထံ တစ္ေက်ာ့ျပန္ရာမွာလည္း ဆက္ျပီး ထိမ္းသိမ္းခြင့္ရခဲ့တယ္။ ဒါ့အျပင္ ေရာ္နယ္ဒိုရဲ႕ ဂ်ာစီ ေရာင္းခ်ရမႈဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ေရာင္းႏႈန္း အျမန္ဆံုးဂ်ာစီ အျဖစ္လည္း မွတ္တမ္းဝင္သြားပါတယ္။
စက္တင္ဘာလ ၂ ရက္ေန႔မွာ ေရာ္နယ္ဒို ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္မယ့္ သတင္းထြက္ျပီးတဲ့ေနာက္ ၈ ရက္အၾကာမွာ သူ႔ရဲ႕ ဂ်ာစီဟာ ေပါင္ ၁၈၇.၁ သန္းဖိုး ေရာင္းခ်ခဲ့ရျပီျဖစ္ပါတယ္။ ထိုနည္းတူ မက္ဆီရဲ႕ ေက်ာနံပါတ္ ၃၀ ပါ ပီအက္စ္ဂ်ီ ဂ်ာစီကလည္း ေပါင္ ၁၀၃.၈ သန္း ေရာင္းခ်ထားရပါျပီ။
ကလပ္ႏွစ္သင္းဟာ ဂ်ာစီေရာင္းရမႈေတြမွာ အက်ိဳးအျမတ္ ခံစားခြင့္ ကြာျခားမႈအရ ျပန္ရမယ့္ ေငြေၾကးပိုင္းကေတာ့ တူညီမွာ မဟုတ္ပါဘူး။ ယူႏုိက္တက္က ေရာ္နယ္ဒိုရဲ႕ ဂ်ာစီေရာင္းခ်ရမႈအတြက္ ေကာ္မရွင္အျဖစ္ ေပါင္ ၁၃.၁ သန္း ျပန္ရထားျပီျဖစ္ကာ ပီအက္စ္ဂ်ီကေတာ့ မက္ဆီ ဂ်ာစီေရာင္းခ်မႈကေန ေပါင္ ၇.၃ သန္း ျပန္ရခဲ့ျပီျဖစ္ပါတယ္။
ယူႏုိက္တက္က ေရာ္နယ္ဒိုအတြက္ ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၂.၉ သန္း ကုန္က်မွာျဖစ္ျပီး ပီအက္စ္ဂ်ီက မက္ဆီအတြက္ လက္မွတ္ထိုးေၾကး ေပါင္ ၂၅ သန္း ျပန္ေပးရမွာျဖစ္တယ္။
ပရီးမီးယားလိဂ္ရဲ႕ ေရာင္းအေကာင္းဆံုး ဂ်ာစီပိုင္ရွင္ (၁၀) ဦးစာရင္း ထိပ္ဆံုးမွာ ရွိေနတာက ယူႏုိက္တက္တိုက္စစ္သမား စီေရာ္နယ္ဒိုရဲ႕ ဂ်ာစီပဲျဖစ္ပါတယ္။ ဒုတိယေနရာမွာေတာ့ ျဗိတိန္ စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးရွင္ ဂရီလစ္ရဲ႕ မန္စီးတီးဂ်ာစီျဖစ္တယ္။ တတိယေနရာမွာ ယူႏုိက္တက္မွ ဘရူႏို၊ စတုတၳေနရာမွာ ခ်ယ္ဆီးမွ လူကာကူတို႔ ရပ္တည္ေနပါတယ္။
ထိပ္ဆံုး ၁၀ ဦးထဲမွာေတာ့ လီဗာပူးအသင္းမွ ဆာလာနဲ႔ ဗန္ဒိုက္တို႔ဟာ နံပါတ္ ၆ နဲ႔ နံပါတ္ ၇ ေနရာမွာ ရွိေနျပီး စပါးတိုက္စစ္သမား ဟယ္ရီကိန္းကေတာ့ နံပါတ္ ၈ ေနရာမွာ ရွိေနတာျဖစ္ပါတယ္။
ကလပ္အလိုက္ ဂ်ာစီ ေရာင္းအေကာင္းဆံုုး စာရင္းမွာေတာ့ မႏွစ္က ထိပ္ဆံုးမွာရွိတဲ့ အာဆင္နယ္ဟာ စတုတၳေနရာထိ က်ဆင္းသြားခဲ့ပါတယ္။ အစဥ္လိုက္အားျဖင့္ ယူႏုိက္တက္၊ ခ်ယ္ဆီး၊ လီဗာပူး၊ အာဆင္နယ္၊ မန္စီးတီး၊ စပါး၊ ဝက္ဟမ္း၊ လက္စတာတို႔ ရပ္တည္ေနတာျဖစ္ပါတယ္။
