Player Scout | သရဲနီတို႔ရဲ႕ အနာဂတ္ တာဟစ္ေခ်ာင္ဆိုတာ ဘယ္လိုကစားသမားလဲ

[Zawgyi] ဂ်ဴဗင္တပ္နဲ႔ ခ်န္ပီယံလိဂ္ပြဲလူစာရင္းမွာ ပါဝင္ခဲ့တဲ့ တာဟစ္ေခ်ာင္ဟာ ပြဲထြက္ခြင့္ေတာ့ မရခဲ့ပါဘူး။ ဒါေပမယ့္ ယူႏိုက္တက္ရဲ႕ အရန္ခံုမွာ ထိုင္ေနခဲ့တဲ့ ဆံပင္ထူထူ ေကာင္ငယ္ေလးေခ်ာင္ဟာ မီဒီယာေတြရဲ႕ အာရံုစိုက္ျခင္းကို ခံခဲ့ရပါတယ္။

မန္ယူႏိုက္တက္ ေနာက္ဆံုးယွဥ္ျပိဳင္ခဲ့တဲ့ ရီးဒင္းနဲ႔ အက္ဖ္ေအပြဲမွာ လူစားဝင္လာခြင့္ရခဲ့တဲ့ တာဟစ္ေခ်ာင္ဆိုတဲ့ ၁၈ ႏွစ္အရြယ္ လူငယ္ေလးက ဘယ္သူပါလဲ?

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕အသင္းမွာ လူငယ္ကစားသမားေကာင္းေတြကုိ ေမြးထုတ္ႏိုင္တဲ့ ဂုဏ္ယူစရာ သမုိင္းေၾကာင္းတစ္ရပ္ကုိ အၿမဲတမ္း ပိုင္ဆိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ကုိ လက္႐ွိကုိင္တြယ္ေနတဲ့ ယာယီနည္းျပ ဆိုး႐ွားကလည္း သူ႕ရဲ႕လူစာရင္းမွာ လူငယ္ေတြကုိ ေနရာေပးၿပီး အားျဖည့္ေနတာကုိ ေတြ႕ျမင္ေနရပါတယ္။

ကစားသမားဘဝ မွတ္တမ္း

တာဟစ္ေခ်ာင္ဟာလည္း အဆိုပါကစားသမားေတြထဲမွာ တစ္ေယာက္အပါ၀င္ျဖစ္ၿပီး နည္းျပသစ္ ဆိုး႐ွားရဲ႕ ေနရာေပးျခင္းကုိ ခံေနရတာပါ။ ေခ်ာင္ဟာ ၿပီးခဲ့တဲ့ (၂၀၁၆) ေႏြရာသီမွာ ယူႏိုက္တက္ကုိ ေရာက္႐ွိလာခဲ့တဲ့ ေတာင္ပံတိုက္စစ္ ကစားသမားျဖစ္ပါတယ္။ ေခ်ာင္ဟာ ယူႏိုက္တက္ကုိ ေရာက္႐ွိၿပီး မၾကာမီမွာပဲ ဒူးဒဏ္ရာေၾကာင့္ (၁၀) လခန္႔ အနားယူခဲ့ရပါေသးတယ္။ အဲဒီေနာက္မွာေတာ့ ယူႏိုက္တက္ အရန္အသင္းမွာ ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလံုးရာသီမွာ ယူႏိုက္တက္ လူငယ္အသင္းရဲ႕ တစ္ရာသီ အေကာင္းဆံုးကစားသမားဆုကုိ ရ႐ွိခဲ့ဖူးတဲ့ေခ်ာင္ဟာ အရန္အသင္းမွာလည္း (၁၂) ပြဲကစားၿပီး (၄) ဂိုးသြင္းယူႏိုင္ခဲ့ၿပီး UEFA Youth League မွာ သြင္းဂိုး (၂)ဂိုး သြင္းယူထားႏိုင္တဲ့ မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ထားခဲ့ပါတယ္။

ရာသီၾကိဳမွာ ယူႏိုက္တက္ စီနီယာအသင္းနဲ႔ အေမရိကန္ခရီးစဥ္မွာ ပါဝင္ခဲ့တယ္။ သရဲနီပရိသတ္ေတြကို သူ႔ရဲ႕ေျခစြမ္းေတြကို စတင္မိတ္ဆက္ျပႏိုင္ခဲ့တယ္။ မက္ဒယ္ဘေရာ့၊ ဗလန္စီယာ၊ ဆန္းဒါးလန္း အစရွိတဲ့ သူေနာက္ဆံုး ကစားထားတဲ့ သံုးပြဲမွာ ကိုယ္တိုင္ ေလးဂိုးသြင္းဂိုး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ လုပ္ထားႏိုင္ပါတယ္။

ကစားဟန္

ကစားကြက္တည္ေဆာက္မႈမွာ ပါဝင္ႏိုင္စြမ္းေကာင္းျပီး အဆံုးသတ္မွာ ပင္ကိုယ္ အရည္အခ်င္း ရွိသူျဖစ္တယ္။ ေခ်ာင္ဟာ ရာသီႀကိဳပြဲစဥ္ေတြတုန္းကလည္း နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ႕ ေခၚယူျခင္းကုိ ခံခဲ့ရၿပီး Club America အသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ေ႐ွ႕တန္းတိုက္စစ္မွဴးအျဖစ္ ကစားခဲ့ရပါေသးတယ္။ သူ႕ရဲ႕ခႏၶာကုိယ္ ႀကံ႕ခိုင္မႈအပိုင္းနဲ႔ ပတ္သက္ၿပီး ေမာ္ရင္ညိဳရဲ႕ အႀကံေပးမႈေတြနဲ႔ တိုးတက္မႈ႐ွိလာေအာင္လည္း ေလ့က်င့္ထားႏိုင္ခဲ့ပါေသးတယ္။

သူဟာ ဘယ္သန္ကစားသမား တစ္ေယာက္ျဖစ္ၿပီး လ်င္ျမန္တဲ့ ေဘာလံုးေပးပို႔မႈေတြ နဲ႔ အားပါတဲ့ အေ၀းကန္သြင္းခ်က္ေတြ ေကာင္းမြန္တဲ့ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ ေတာင္ပံတိုက္စစ္ေနရာမွာ ကၽြမ္းကၽြမ္းက်င္က်င္ ကစားႏိုင္သလို တိုက္စစ္ဗဟုိမွာလည္း ကစားႏိုင္တဲ့ ေခ်ာင္ရဲ႕ အားပါတဲ့ အေ၀းကန္ခ်က္ေတြဟာ တန္ျပန္တိုက္စစ္ေတြမွာ တစ္ဖက္အသင္း ခံစစ္မွဴးေတြကုိ ေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္ပါတယ္။ UEFA Youth League မွာ ဗလန္စီယာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲမွာ သူဟာ ေျခစြမ္းျပသႏိုင္ခဲ့ၿပီး ၿပိဳင္ဖက္အသင္းကုိ သူသြင္းယူခဲ့တဲ့ဂိုးဟာ သူ႕ရဲ႕ အဆုိပါ စြမ္းရည္ေတြကုိ သက္ေသခံေနပါတယ္။

အခုအခါမွာေတာ့ ယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပ ဆိုး႐ွားကလည္း အသင္းမွာ လူငယ္ကစားသမားေတြကုိ ေနရာေပးေနတဲ့အတြက္ ေခ်ာင္အေနနဲ႔ လူငယ္ကစားသမားေကာင္းေတြ ေပၚထြက္ေလ့႐ွိတဲ့ ယူႏိုက္တက္မွာ ဘယ္ေလာက္ထိ ထြန္းေတာက္လာႏိုင္မလည္းဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

သူတို႔ဘာေတြေျပာသလဲ

United former coach Jose Mourinho

” သူဟာ ရည္႐ြယ္ခ်က္ႀကီးမားတဲ့ ကစားသမားေကာင္း တစ္ေယာက္ပါ။ သူ႕ရဲ႕ ျဖတ္တင္ေဘာေတြက တကယ္ကုိ ေသသပ္လွပပါတယ္။ သူဟာ ပြဲကုိ စိတ္ပါလက္ပါ ကစားတတ္ၿပီးယံုၾကည္မႈ အျပည့္႐ွိတဲ့သူပါ။ သူရဲ႕ ခႏၶာကုိယ္ပိုင္းဆိုင္ရာမွာ အကန္႔အသတ္ေတြ ႐ွိေနေသးေပမယ့္ သူဟာ ေဘာလံုးနဲ႔အတူ လိုက္ပါၿပီး ၿပိဳင္ဖက္ကစားသမား တစ္ေယာက္ၿပီး ေနာက္ထပ္တစ္ေယာက္ကုိ ရင္ဆိုင္ကစားသြားတဲ့ ေနရာမွာ တကယ္ကုိ အရည္အခ်င္း ႐ွိပါတယ္။ သူဟာ တကယ္ေတာ္တဲ့ ေကာင္ေလးတစ္ေယာက္ပါ။ “

United coach Michael Carrick

” ယူႏိုက္တက္မွာရွိတဲ့ အရမ္းေကာင္းတဲ့ လူငယ္ကစားသမားေတြကို ျခံဳျပီး ေျပာျပခ်င္တယ္။ ရပ္ဖိုဒ့္၊ လုေရွာ၊ လင္ဂတ္၊ မာရွယ္၊ လူကာကူ၊ ဂိုးမက္စ္၊ တာဟစ္ေခ်ာင္။ ဒီလူငယ္ကစားသမားေတြက ယူႏိုက္တက္ရဲ႔ စိတ္လႈပ္ရွားစရာ လူငယ္ေလးေတြျဖစ္ျပီး သူတို႔ကို ကူညီဖို႔ က်ေနာ္ ၾကိဳးစားသြားမွာပါ။ “

United Under-23s coach Ricky Sbragia

” ေခ်ာင္ဟာ ခံစစ္ေတြကို ေက်ာ္ျဖတ္ဖို႔ရာ အရွိန္ေကာင္းေတြကို အပိုေပးႏိုင္စြမ္းရွိသူပါ။ က်ေနာ္တို႔အတြက္ အသင္းေတြအတြက္ လွ်င္ျမန္တဲ့ အရွိန္ေတြနဲ႔ ျခိမ္းေျခာက္ႏိုင္မႈက အရမ္း အေရးပါပါတယ္။ “

Sports Home Time

[Unicode] ဂျူဗင်တပ်နဲ့ ချန်ပီယံလိဂ်ပွဲလူစာရင်းမှာ ပါဝင်ခဲ့တဲ့ တာဟစ်ချောင်ဟာ ပွဲထွက်ခွင့်တော့ မရခဲ့ပါဘူး။ ဒါပေမယ့် ယူနိုက်တက်ရဲ့ အရန်ခုံမှာ ထိုင်နေခဲ့တဲ့ ဆံပင်ထူထူ ကောင်ငယ်လေးချောင်ဟာ မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

မန်ယူနိုက်တက် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ရီးဒင်းနဲ့ အက်ဖ်အေပွဲမှာ လူစားဝင်လာခွင့်ရခဲ့တဲ့ တာဟစ်ချောင်ဆိုတဲ့ ၁၈ နှစ်အရွယ် လူငယ်လေးက ဘယ်သူပါလဲ?

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့အသင်းမှာ လူငယ်ကစားသမားကောင်းတွေကို မွေးထုတ်နိုင်တဲ့ ဂုဏ်ယူစရာ သမိုင်းကြောင်းတစ်ရပ်ကို အမြဲတမ်း ပိုင်ဆိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကို လက်ရှိကိုင်တွယ်နေတဲ့ ယာယီနည်းပြ ဆိုးရှားကလည်း သူ့ရဲ့လူစာရင်းမှာ လူငယ်တွေကို နေရာပေးပြီး အားဖြည့်နေတာကို တွေ့မြင်နေရပါတယ်။

ကစားသမားဘဝ မှတ်တမ်း

တာဟစ်ချောင်ဟာလည်း အဆိုပါကစားသမားတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်ပြီး နည်းပြသစ် ဆိုးရှားရဲ့ နေရာပေးခြင်းကို ခံနေရတာပါ။ ချောင်ဟာ ပြီးခဲ့တဲ့ (၂၀၁၆) နွေရာသီမှာ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်ပါတယ်။ ချောင်ဟာ ယူနိုက်တက်ကို ရောက်ရှိပြီး မကြာမီမှာပဲ ဒူးဒဏ်ရာကြောင့် (၁၀) လခန့် အနားယူခဲ့ရပါသေးတယ်။ အဲဒီနောက်မှာတော့ ယူနိုက်တက် အရန်အသင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက် လူငယ်အသင်းရဲ့ တစ်ရာသီ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ဖူးတဲ့ချောင်ဟာ အရန်အသင်းမှာလည်း (၁၂) ပွဲကစားပြီး (၄) ဂိုးသွင်းယူနိုင်ခဲ့ပြီး UEFA Youth League မှာ သွင်းဂိုး (၂)ဂိုး သွင်းယူထားနိုင်တဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပါတယ်။

ရာသီကြိုမှာ ယူနိုက်တက် စီနီယာအသင်းနဲ့ အမေရိကန်ခရီးစဉ်မှာ ပါဝင်ခဲ့တယ်။ သရဲနီပရိသတ်တွေကို သူ့ရဲ့ခြေစွမ်းတွေကို စတင်မိတ်ဆက်ပြနိုင်ခဲ့တယ်။ မက်ဒယ်ဘရော့၊ ဗလန်စီယာ၊ ဆန်းဒါးလန်း အစရှိတဲ့ သူနောက်ဆုံး ကစားထားတဲ့ သုံးပွဲမှာ ကိုယ်တိုင် လေးဂိုးသွင်းဂိုး ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်ပါတယ်။

ကစားဟန်

ကစားကွက်တည်ဆောက်မှုမှာ ပါဝင်နိုင်စွမ်းကောင်းပြီး အဆုံးသတ်မှာ ပင်ကိုယ် အရည်အချင်း ရှိသူဖြစ်တယ်။ ချောင်ဟာ ရာသီကြိုပွဲစဉ်တွေတုန်းကလည်း နည်းပြဟောင်း မော်ရင်ညိုရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး Club America အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ကစားခဲ့ရပါသေးတယ်။ သူ့ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုအပိုင်းနဲ့ ပတ်သက်ပြီး မော်ရင်ညိုရဲ့ အကြံပေးမှုတွေနဲ့ တိုးတက်မှုရှိလာအောင်လည်း လေ့ကျင့်ထားနိုင်ခဲ့ပါသေးတယ်။

သူဟာ ဘယ်သန်ကစားသမား တစ်ယောက်ဖြစ်ပြီး လျင်မြန်တဲ့ ဘောလုံးပေးပို့မှုတွေ နဲ့ အားပါတဲ့ အဝေးကန်သွင်းချက်တွေ ကောင်းမွန်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ တောင်ပံတိုက်စစ်နေရာမှာ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သလို တိုက်စစ်ဗဟိုမှာလည်း ကစားနိုင်တဲ့ ချောင်ရဲ့ အားပါတဲ့ အဝေးကန်ချက်တွေဟာ တန်ပြန်တိုက်စစ်တွေမှာ တစ်ဖက်အသင်း ခံစစ်မှူးတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ UEFA Youth League မှာ ဗလန်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမှာ သူဟာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ဖက်အသင်းကို သူသွင်းယူခဲ့တဲ့ဂိုးဟာ သူ့ရဲ့ အဆိုပါ စွမ်းရည်တွေကို သက်သေခံနေပါတယ်။

အခုအခါမှာတော့ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ဆိုးရှားကလည်း အသင်းမှာ လူငယ်ကစားသမားတွေကို နေရာပေးနေတဲ့အတွက် ချောင်အနေနဲ့ လူငယ်ကစားသမားကောင်းတွေ ပေါ်ထွက်လေ့ရှိတဲ့ ယူနိုက်တက်မှာ ဘယ်လောက်ထိ ထွန်းတောက်လာနိုင်မလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သူတို့ဘာတွေပြောသလဲ

United former coach Jose Mourinho

” သူဟာ ရည်ရွယ်ချက်ကြီးမားတဲ့ ကစားသမားကောင်း တစ်ယောက်ပါ။ သူ့ရဲ့ ဖြတ်တင်ဘောတွေက တကယ်ကို သေသပ်လှပပါတယ်။ သူဟာ ပွဲကို စိတ်ပါလက်ပါ ကစားတတ်ပြီးယုံကြည်မှု အပြည့်ရှိတဲ့သူပါ။ သူရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ အကန့်အသတ်တွေ ရှိနေသေးပေမယ့် သူဟာ ဘောလုံးနဲ့အတူ လိုက်ပါပြီး ပြိုင်ဖက်ကစားသမား တစ်ယောက်ပြီး နောက်ထပ်တစ်ယောက်ကို ရင်ဆိုင်ကစားသွားတဲ့ နေရာမှာ တကယ်ကို အရည်အချင်း ရှိပါတယ်။ သူဟာ တကယ်တော်တဲ့ ကောင်လေးတစ်ယောက်ပါ။ “

United coach Michael Carrick

” ယူနိုက်တက်မှာရှိတဲ့ အရမ်းကောင်းတဲ့ လူငယ်ကစားသမားတွေကို ခြုံပြီး ပြောပြချင်တယ်။ ရပ်ဖိုဒ့်၊ လုရှော၊ လင်ဂတ်၊ မာရှယ်၊ လူကာကူ၊ ဂိုးမက်စ်၊ တာဟစ်ချောင်။ ဒီလူငယ်ကစားသမားတွေက ယူနိုက်တက်ရဲ့ စိတ်လှုပ်ရှားစရာ လူငယ်လေးတွေဖြစ်ပြီး သူတို့ကို ကူညီဖို့ ကျနော် ကြိုးစားသွားမှာပါ။ “

United Under-23s coach Ricky Sbragia

” ချောင်ဟာ ခံစစ်တွေကို ကျော်ဖြတ်ဖို့ရာ အရှိန်ကောင်းတွေကို အပိုပေးနိုင်စွမ်းရှိသူပါ။ ကျနော်တို့အတွက် အသင်းတွေအတွက် လျှင်မြန်တဲ့ အရှိန်တွေနဲ့ ခြိမ်းခြောက်နိုင်မှုက အရမ်း အရေးပါပါတယ်။ “

Sports Home Time