ဟာဗက်ကို နေရာပြောင်းကစားစေဖို့ ဆွေးနွေးခဲ့ကြတဲ့ ဂျာမနီမန်နေဂျာ ဖလစ်နဲ့ သောမက်စ် တူချယ်

သောမတ်စ် တူချယ်က ချယ်ဆီး လူငယ်ကြယ်ပွင့် ကိုင်ဟာဗက်ရဲ့ အကောင်းဆုံး နေရာနဲ့ ပတ်သက်ပြီး ဂျာမနီ နိုင်ငံအသင်းနည်းပြ ဟန်ဆီဖလစ်နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ဂျာမန်သားဟာ ပေါင် ၇၂ သန်းနဲ့ လေဗာကူဆင်ထံကနေ ပြောင်းရွှေ့လာပြီးကတည်းက ချယ်ဆီးအသင်းမှာ မတူညီတဲ့ နေရာ လေးခုလောက်အတွင်း ပြောင်းကစားခဲ့ရတာပါ။ လန်ဒန်ကလပ်မှာ အထိုင်ကျဖို့ အချိန်ယူခဲ့ရပေမယ့်လည်း သူဟာ တူချယ် ရောက်ရှိလာပြီး နောက်ပိုင်း ပြန်လည် တောက်ပလာခဲ့သလို မန်စီးတီးနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

သူ့ရဲ့ အထင်ကြီးစရာ အကောင်းဆုံး စွမ်းဆောင်ရည်တွေက တူချယ်ရဲ့ ၃-၄-၂-၁ ကစားကွက်အတွင်း တစ်ကိုယ်တော် တိုက်စစ်မှူးရဲ့ အနောက် ၂ နေရာထဲက တစ်နေရာမှာ ကစားရင်း ရရှိခဲ့တာပါ။ သူဟာ မနှစ်က အဲ့ဒီ့နေရာကနေ ၅ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးပေးခဲ့ပြီး ချယ်ဆီးကို ထိပ်ဆုံးလေးသင်းထဲ ဝင်အောင် ကူညီပေးခဲ့ပါတယ်။

ချယ်ဆီးမှာ စွယ်စုံရနေတဲ့ စွမ်းရည်ကြောင့် ယူရို ၂၀၂၀ အပြီး ဂျိုအာချင်လို အစား ဂျာမန် နည်းပြသစ် ဖြစ်လာတဲ့ ဟန်ဆီဖလစ်က ဟာဗက်ကို သဘောတွေ့နေတယ်။ ဟာဗက်က နိုင်ငံအသင်းအတွက် တောင်ပံနေရာမှာ အဓိက ကစားခဲ့ရပေမယ့် သူဟာ လိုအပ်ရင် ဗဟိုနေရာကိုလဲ ပြောင်းလဲကစားနိုင်တယ်လို့ ဖလစ်က ယုံကြည်နေပါတယ်။

တိုက်စစ်ကို လူကာကူက ဦးဆောင်နေပြီး သူ့ရဲ့နောက် ကွင်းလယ်တိုက်စစ်အတွဲအဖြစ် မေဆန်မောင့်နဲ့ ဟာဗက်တို့ ကစားခွင့်ရနေတယ်။ ဟာဗက်က ရာသီအစမှာထဲက သူ ပိုင်နိုင်တဲ့ နေရာက ကစားခွင့် ရရှိနေခဲ့သလို စနေနေ့က လီဗာပူးနဲ့ ပွဲမှာ အံ့ဩမှင်သက်ဖွယ် ခေါင်းတိုက်ဂိုးဖြင့် ဒီရာသီ ပထမဆုံး လိဂ်ဂိုးကို ရရှိခဲ့ပြီးဖြစ်ပါတယ်။

ချယ်ဆီးမန်နေဂျာ တူချယ်နဲ့ ဟာဗက်အတွက် နေရာပြောင်းကစားစေဖို့ကို ဆွေးနွေးခဲ့သေးကြောင်းကို ဖလစ်က ဝန်ခံခဲ့ပါတယ်။ ဟာဗက်ဟာ ဖလစ်ရဲ့ ဂျာမာန်လက်ရွေးစင် လူစာရင်း ကြေညာမှုမှာ ပါဝင်ခဲ့တာကြောင့် နောက်တစ်ပတ်မှာ နိုင်ငံအသင်းအတွက် နေရာအသစ်မှာ ကစားခွင့် ရနိုင်ပါတယ်။

မနှစ်က ချယ်ဆီးအတွက် ဟာဗက် ဒုတိယအများဆုံး ကစားပေးခဲ့ရတဲ့ နေရာက ဗဟိုတိုက်စစ်မှူး နေရာ ဖြစ်ပါတယ်။ ဟာဗက်ကို အဆိုပါနေရာမှာ ကစားစေခဲ့တာ ဖြစ်ပါတယ်။ ဟာဗက်ဟာ မကြာခဏ တိုက်စစ်ကို ဦးဆောင်ဖို့ ရွေးချယ်ခံခဲ့ရပြီး အဲ့ဒီ့နေရာမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေ မြင်တွေ့ခဲ့ရတာပါ။

“ကိုင်(ဟားဗတ်)က ဗဟိုနေရာမှာ ကစားနိုင်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် တူချယ်နဲ့ စိတ်ကူးတွေ ဖလှယ်ခဲ့ပါတယ်။ သူက ဗဟိုတိုက်စ်နေရာမှာလဲ ကစားနိုင်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်း ပုံဖော်နိုင်တယ်” လို့ ဖလစ်က ပြောခဲ့တာပါ။

ဖလစ်ရဲ့ ဂျာမန်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအဆင့်အဖြစ် လစ်ချင်စတိန်း၊ အိုက်စလန်တို့နဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အဲ့ဒီ့ ကြားမှာတော့ အာမေးနီးယားကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။

ZAWGYI – ေသာမတ္စ္ တူခ်ယ္က ခ်ယ္ဆီး လူငယ္ၾကယ္ပြင့္ ကိုင္ဟာဗက္ရဲ႕ အေကာင္းဆုံး ေနရာနဲ႔ ပတ္သက္ၿပီး ဂ်ာမနီ ႏိုင္ငံအသင္းနည္းျပ ဟန္ဆီဖလစ္နဲ႔ ေဆြးေႏြးမႈေတြ လုပ္ခဲ့ပါတယ္။

ဂ်ာမန္သားဟာ ေပါင္ ၇၂ သန္းနဲ႔ ေလဗာကူဆင္ထံကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ခ်ယ္ဆီးအသင္းမွာ မတူညီတဲ့ ေနရာ ေလးခုေလာက္အတြင္း ေျပာင္းကစားခဲ့ရတာပါ။ လန္ဒန္ကလပ္မွာ အထိုင္က်ဖို႔ အခ်ိန္ယူခဲ့ရေပမယ့္လည္း သူဟာ တူခ်ယ္ ေရာက္ရွိလာၿပီး ေနာက္ပိုင္း ျပန္လည္ ေတာက္ပလာခဲ့သလို မန္စီးတီးနဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာပါ။

သူ႔ရဲ႕ အထင္ႀကီးစရာ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြက တူခ်ယ္ရဲ႕ ၃-၄-၂-၁ ကစားကြက္အတြင္း တစ္ကိုယ္ေတာ္ တိုက္စစ္မႉးရဲ႕ အေနာက္ ၂ ေနရာထဲက တစ္ေနရာမွာ ကစားရင္း ရရွိခဲ့တာပါ။ သူဟာ မႏွစ္က အဲ့ဒီ့ေနရာကေန ၅ ဂိုးသြင္း၊ ၆ ဂိုး ဖန္တီးေပးခဲ့ၿပီး ခ်ယ္ဆီးကို ထိပ္ဆုံးေလးသင္းထဲ ဝင္ေအာင္ ကူညီေပးခဲ့ပါတယ္။

ခ်ယ္ဆီးမွာ စြယ္စုံရေနတဲ့ စြမ္းရည္ေၾကာင့္ ယူ႐ို ၂၀၂၀ အၿပီး ဂ်ိဳအာခ်င္လို အစား ဂ်ာမန္ နည္းျပသစ္ ျဖစ္လာတဲ့ ဟန္ဆီဖလစ္က ဟာဗက္ကို သေဘာေတြ႔ေနတယ္။ ဟာဗက္က ႏိုင္ငံအသင္းအတြက္ ေတာင္ပံေနရာမွာ အဓိက ကစားခဲ့ရေပမယ့္ သူဟာ လိုအပ္ရင္ ဗဟိုေနရာကိုလဲ ေျပာင္းလဲကစားႏိုင္တယ္လို႔ ဖလစ္က ယုံၾကည္ေနပါတယ္။

တိုက္စစ္ကို လူကာကူက ဦးေဆာင္ေနျပီး သူ႔ရဲ႕ေနာက္ ကြင္းလယ္တိုက္စစ္အတြဲအျဖစ္ ေမဆန္ေမာင့္နဲ႔ ဟာဗက္တို႔ ကစားခြင့္ရေနတယ္။ ဟာဗက္က ရာသီအစမွာထဲက သူ ပိုင္ႏိုင္တဲ့ ေနရာက ကစားခြင့္ ရရွိေနခဲ့သလို စေနေန႔က လီဗာပူးနဲ႔ ပြဲမွာ အံ့ဩမွင္သက္ဖြယ္ ေခါင္းတိုက္ဂိုးျဖင့္ ဒီရာသီ ပထမဆုံး လိဂ္ဂိုးကို ရရွိခဲ့ၿပီးျဖစ္ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာ တူခ်ယ္နဲ႔ ဟာဗက္အတြက္ ေနရာေျပာင္းကစားေစဖို႔ကို ေဆြးေႏြးခဲ့ေသးေၾကာင္းကို ဖလစ္က ဝန္ခံခဲ့ပါတယ္။ ဟာဗက္ဟာ ဖလစ္ရဲ႕ ဂ်ာမာန္လက္ေရြးစင္ လူစာရင္း ေၾကညာမႈမွာ ပါဝင္ခဲ့တာေၾကာင့္ ေနာက္တစ္ပတ္မွာ ႏိုင္ငံအသင္းအတြက္ ေနရာအသစ္မွာ ကစားခြင့္ ရႏိုင္ပါတယ္။

မႏွစ္က ခ်ယ္ဆီးအတြက္ ဟာဗက္ ဒုတိယအမ်ားဆုံး ကစားေပးခဲ့ရတဲ့ ေနရာက ဗဟိုတိုက္စစ္မွဴး ေနရာ ျဖစ္ပါတယ္။ ဟာဗက္ကို အဆိုပါေနရာမွာ ကစားေစခဲ့တာ ျဖစ္ပါတယ္။ ဟာဗက္ဟာ မၾကာခဏ တိုက္စစ္ကို ဦးေဆာင္ဖို႔ ေ႐ြးခ်ယ္ခံခဲ့ရၿပီး အဲ့ဒီ့ေနရာမွာ သူ႔ရဲ႕ အေကာင္းဆုံး ေျခစြမ္းေတြ ျမင္ေတြ႕ခဲ့ရတာပါ။

“ကိုင္(ဟားဗတ္)က ဗဟိုေနရာမွာ ကစားႏိုင္တယ္လို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ ကြၽန္ေတာ္ တူခ်ယ္နဲ႔ စိတ္ကူးေတြ ဖလွယ္ခဲ့ပါတယ္။ သူက ဗဟိုတိုက္စ္ေနရာမွာလဲ ကစားႏိုင္တယ္ဆိုတာကို ကြၽန္ေတာ္ ေကာင္းေကာင္း ပုံေဖာ္ႏိုင္တယ္” လို႔ ဖလစ္က ေျပာခဲ့တာပါ။

ဖလစ္ရဲ႕ ဂ်ာမန္အသင္းဟာ ကမာၻ႔ဖလား ေျခစစ္ပြဲ အုပ္စုအဆင့္အျဖစ္ လစ္ခ်င္စတိန္း၊ အိုက္စလန္တို႔နဲ႔ အေဝးကြင္းမွာ သြားေရာက္ကစားရမွာျဖစ္ၿပီး အဲ့ဒီ့ ၾကားမွာေတာ့ အာေမးနီးယားကို အိမ္ကြင္းမွာ လက္ခံကစားရမွာ ျဖစ္ပါတယ္။