ဝုဗ်ပွဲကို ရော်နယ်ဒို ကြည့်နေခဲ့ရင် စာချုပ်ပါ ဖျက်သိမ်းပြီး ပြေးလိမ့်မယ်ဆိုတဲ့ ရွိုင်ကိန်း

ဝုဗ်နဲ့ ယူနိုက်တက်တက်ပွဲမှာ ဆိုးရှားရဲ့ အသင်း ကစားပုံကို ကြည့်ပြီး ရော်နယ်ဒို စာချုပ်ဖျက်သိမ်းသွားမှာတောင် စိုးရိမ်မိတယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။

သရဲနီ အသင်းခေါင်းဆောင် ဟောင်းကြီးက ယူနိုက်တက်ရဲ့ ကစားဟန်ကို သဘောမကျပါဘူး။ ပထမပိုင်း တစ်ခုလုံး ဂိုးပေါက် ကန်သွင်းမှု တစ်ကြိမ်တောင် မလုပ်နိုင်ခဲ့တဲ့ အသင်းဟာ အထင်ကြီးဖို့ မကောင်းဘူးလို့ပဲ သူက မြင်တယ်။ ဆိုးရှားက ဘာနည်းစနစ်မှကို မထုတ်ဘဲ ရှိတဲ့ ကစားသမားတွေရဲ့ အရည်အချင်းနဲ့ ကွင်းထဲ သူ့ဘာသာ ဖြစ်သွားလိမ့်မယ်လို့ ယူဆနေတယ်လို့လည်း ယိုးစွပ်ခဲ့ပါတယ်။

ရွိုင်ကိန်းက ‘ သူတို့ ကစားသမားတွေရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ချည်းပဲ ဒီပွဲကို ကျော်ဖြတ်နိုင်ကြလိမ့်မယ်လို့ ယူဆခဲ့ကြပုံပါပဲ။ သူတို့ကို ကြည့်ရတာ ကြားထဲမှာ ဥရောပပွဲတစ်ပွဲ ကစားခဲ့ထားရတာနဲ့တောင် တူနေပါတယ်။ ကြားရက်မှာ ရုရှားလို ခပ်ဝေးဝေးမှာ သွားကစားထားရပြီး ပြန်လာ နောက်ကျခဲ့တာမျိုးပေါ့။ ပြေးပြေးလွှားလွှား ကစားနိုင်တာတောင် မတွေ့ရဘူး။

ဂရင်းဝုဒ်ရဲ့ ဖန်တီးမှုကနေ သူတိုက အခွင့်အရေးတော့ ရနေဆဲဖြစ်ပါတယ်။ ပြိင်ဘက် ဂိုးသမားက ဘောလုံးကို ကာကွယ်ဖို့ လုပ်နိုင်ခဲ့ပါသေးတယ်။ ယူနိုက်တက် အသင်းသားတွေရဲ့ ကစားပုံ၊ ကိုယ်အမူအရာတွေကို ခြုံငုံပြီး ကြည့်မယ်ဆိုရင် အမြင်မကြည်စရာပါပဲ။

ကစားသမားတွေက ကိုယ်အလုပ်ကို ကိုယ်မလုပ်ကြဘူး။ ဘောလုံးကို ခပ်လွယ်လွယ်ပဲ မှားပေးနေကြတယ်။ သူတို့ရဲ့ ကစားဟန်မှာ ဘာအင်အားမှလည်း မပါဘူး။ ဘောလုံး မရှိတဲ့အချိန်မှာ ဘယ်သူမှလည်း ပြေးလွှား ကစားပေးနေကြတာမျိုး မရှိဘူး။ ကွင်းကျဉ်းကစားသလို ကစားနေခဲ့ပါတယ်။

ကျနော် တစ်ခုတည်း စိတ်ပူမိတာက ဒီပွဲကို ရော်နယ်ဒို မကြည့်နေဖို့ပါ။ အဲ့လိုပဲ မျှော်လင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီပွဲကို သူကြည့်နေမယ်ဆိုရင် စာချုပ်ပါ ဖျက်သိမ်းသွားပါလိမ့်မယ်။ တကယ်ကို မကောင်းတဲ့ ပွဲတစ်ပွဲပါ ‘ ဆိုပြီး ပြောပါတယ်။

ပထမပိုင်းအပြီးမှာဆိုရင် ဆိုးရှားအနေနဲ့ သူ့ကစားသမားတွေကို ကွင်းထဲက စွမ်းဆောင်ရည်အတွက် လိမ့်ပြီး ဆူပူနေသင့်တယ်လို့ ကိန်းက မြင်ပါတယ်။ ဘေးနားက နည်းပြတွေနဲပ တတွတ်တွတ်ပဲ ပွားနေမယ့်အစား ကိုယ်ကစားသမားတွေကို စိတ်အားထက်သန်စွာ ဘောလုံးကစားဖို့ ကြိမ်းမောင်းနေရမှာပါလို့ ဆိုပါတယ်။

‘ ဆိုးရှားက ကားရစ်နဲ့ စကားပြောလိုက် ဖီးလန်နဲ့ စကားပြောလိုက်နဲ့ကို ပြောနေတော့တာပဲ။ ကျနေ်ာကတော့ သူတို့ကို ပါးစပ်ပိတ်ပြီး တိတ်တိတ်လေးပဲ နေစေချင်ပါတယ်။ အဝတ်လဲခန်းထဲမှာ အကွက်ဟောင်းတွေကို ထုတ်သုံးလိုက်တာက မကောင်းစရာ ဘာမှ မရှိပါဘူး။ ကွင်းထဲမှာ စိတ်အားထက်သန်မှုတွေ ပြသပြီး လူတွေကို ပြေးလွှားကစားဖို့ ဖျက်ထုတ်မှုတွေ လုပ်ဖို့ တိုက်တွန်းရမှာပါ ‘ လို့ ကိန်းက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ဝုဗ္နဲ႔ ယူႏုိက္တက္တက္ပြဲမွာ ဆိုးရွားရဲ႕ အသင္း ကစားပံုကို ၾကည့္ျပီး ေရာ္နယ္ဒို စာခ်ဳပ္ဖ်က္သိမ္းသြားမွာေတာင္ စိုးရိမ္မိတယ္လို႔ ရိြဳင္ကိန္းက ေျပာပါတယ္။

သရဲနီ အသင္းေခါင္းေဆာင္ ေဟာင္းၾကီးက ယူႏုိက္တက္ရဲ႕ ကစားဟန္ကို သေဘာမက်ပါဘူး။ ပထမပိုင္း တစ္ခုလံုး ဂိုးေပါက္ ကန္သြင္းမႈ တစ္ၾကိမ္ေတာင္ မလုပ္ႏုိင္ခဲ့တဲ့ အသင္းဟာ အထင္ၾကီးဖို႔ မေကာင္းဘူးလို႔ပဲ သူက ျမင္တယ္။ ဆိုးရွားက ဘာနည္းစနစ္မွကို မထုတ္ဘဲ ရွိတဲ့ ကစားသမားေတြရဲ႔ အရည္အခ်င္းနဲ႔ ကြင္းထဲ သူ႔ဘာသာ ျဖစ္သြားလိမ့္မယ္လုိ႔ ယူဆေနတယ္လို႔လည္း ယိုးစြပ္ခဲ့ပါတယ္။

ရိြဳင္ကိန္းက ‘ သူတို႔ ကစားသမားေတြရဲ႕ ကိုယ္ပိုင္ အရည္အခ်င္းနဲ႔ခ်ည္းပဲ ဒီပြဲကို ေက်ာ္ျဖတ္ႏုိင္ၾကလိမ့္မယ္လို႔ ယူဆခဲ့ၾကပံုပါပဲ။ သူတို႔ကို ၾကည့္ရတာ ၾကားထဲမွာ ဥေရာပပြဲတစ္ပြဲ ကစားခဲ့ထားရတာနဲ႔ေတာင္ တူေနပါတယ္။ ၾကားရက္မွာ ရုရွားလို ခပ္ေဝးေဝးမွာ သြားကစားထားရျပီး ျပန္လာ ေနာက္က်ခဲ့တာမ်ိဳးေပါ့။ ေျပးေျပးလႊားလႊား ကစားႏုိင္တာေတာင္ မေတြ႔ရဘူး။

ဂရင္းဝုဒ္ရဲ႕ ဖန္တီးမႈကေန သူတိုက အခြင့္အေရးေတာ့ ရေနဆဲျဖစ္ပါတယ္။ ျပိင္ဘက္ ဂိုးသမားက ေဘာလံုးကို ကာကြယ္ဖို႔ လုပ္ႏုိင္ခဲ့ပါေသးတယ္။ ယူႏုိက္တက္ အသင္းသားေတြရဲ႕ ကစားပံု၊ ကိုယ္အမူအရာေတြကို ျခံဳငံုျပီး ၾကည့္မယ္ဆိုရင္ အျမင္မၾကည္စရာပါပဲ။

ကစားသမားေတြက ကိုယ္အလုပ္ကို ကိုယ္မလုပ္ၾကဘူး။ ေဘာလံုးကို ခပ္လြယ္လြယ္ပဲ မွားေပးေနၾကတယ္။ သူတို႔ရဲ႕ ကစားဟန္မွာ ဘာအင္အားမွလည္း မပါဘူး။ ေဘာလံုး မရွိတဲ့အခ်ိန္မွာ ဘယ္သူမွလည္း ေျပးလႊား ကစားေပးေနၾကတာမ်ိဳး မရွိဘူး။ ကြင္းက်ဥ္းကစားသလို ကစားေနခဲ့ပါတယ္။

က်ေနာ္ တစ္ခုတည္း စိတ္ပူမိတာက ဒီပြဲကို ေရာ္နယ္ဒို မၾကည့္ေနဖို႔ပါ။ အဲ့လိုပဲ ေမွ်ာ္လင့္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဒီပြဲကို သူၾကည့္ေနမယ္ဆိုရင္ စာခ်ဳပ္ပါ ဖ်က္သိမ္းသြားပါလိမ့္မယ္။ တကယ္ကို မေကာင္းတဲ့ ပြဲတစ္ပြဲပါ ‘ ဆိုျပီး ေျပာပါတယ္။

ပထမပိုင္းအျပီးမွာဆိုရင္ ဆိုးရွားအေနနဲ႔ သူ႔ကစားသမားေတြကို ကြင္းထဲက စြမ္းေဆာင္ရည္အတြက္ လိမ့္ျပီး ဆူပူေနသင့္တယ္လို႔ ကိန္းက ျမင္ပါတယ္။ ေဘးနားက နည္းျပေတြနဲပ တတြတ္တြတ္ပဲ ပြားေနမယ့္အစား ကိုယ္ကစားသမားေတြကို စိတ္အားထက္သန္စြာ ေဘာလံုးကစားဖို႔ ၾကိမ္းေမာင္းေနရမွာပါလို႔ ဆိုပါတယ္။

‘ ဆိုးရွားက ကားရစ္နဲ႔ စကားေျပာလိုက္ ဖီးလန္နဲ႔ စကားေျပာလိုက္နဲ႔ကို ေျပာေနေတာ့တာပဲ။ က်ေန္ာကေတာ့ သူတို႔ကို ပါးစပ္ပိတ္ျပီး တိတ္တိတ္ေလးပဲ ေနေစခ်င္ပါတယ္။ အဝတ္လဲခန္းထဲမွာ အကြက္ေဟာင္းေတြကို ထုတ္သံုးလိုက္တာက မေကာင္းစရာ ဘာမွ မရွိပါဘူး။ ကြင္းထဲမွာ စိတ္အားထက္သန္မႈေတြ ျပသျပီး လူေတြကို ေျပးလႊားကစားဖို႔ ဖ်က္ထုတ္မႈေတြ လုပ္ဖို႔ တိုက္တြန္းရမွာပါ ‘ လို႔ ကိန္းက မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။