တိုက်စစ် ကောင်းရင် ပွဲလက်မှတ် ပိုရောင်းရမယ်။ ခံစစ်ကောင်းရင်တော့ ချန်ပီယံ ဖြစ်မယ်။

ဂန္တဝင် NFL နည်းပြ ပေါလ် ဘီးယား ဘရိုင်ယန့်က ပြောခဲ့တဲ့ နာမည်ကျော် စကားတခွန်းရှိပါတယ်။

“တိုက်စစ် ကောင်းရင် ပွဲလက်မှတ် ပိုရောင်းရမယ်။ ခံစစ်ကောင်းရင်တော့ ချန်ပီယံ ဖြစ်မယ်”

ဒါက ကမ္ဘာ့ အလှပဆုံး ဘောလုံးကစားနည်း မဖြစ်နိုင်ပေမယ့် သောမတ်စ် တူချယ်ဟာ ချယ်ဆီးကို ခံစစ် ကျစ်လစ်အောင် တည်ဆောက်ပြီး ပရီးမီးယားလိဂ် အောင်မြင်ဖို့ ရေပန်းစားသူတွေကြား နေရာ ရရှိစေတဲ့ စတိုင်တစ်ခု ပေးခဲ့ပါတယ်လို့ Goal သတင်းဌာနမှ ချယ်ဆီးသတင်းထောက် Nizaar Kinsella က သုံးသပ်ချက်တစ်ခု ဖော်ပြသွားခဲ့ပါတယ်။

ဒီတစ်ပတ် အန်ဖီး မှာ သူတို့ရဲ့ အံ့အားသင့်စရာကောင်းပြီး ထိရောက်မှုရှိတဲ့၊ လွတ်လမ်းမရှိ ခံစစ် စွမ်းဆောင်ရည်က ဒါကို သက်သေပြနေပါတယ်။ သူတို့ဟာ ၁၀ ယောက်တည်းနဲ့ လီဗာပူးကို ၄၅ မိနစ်ကြာ ခုခံခဲ့ပြီးတော့ ထိုက်တန်တဲ့ သရေတစ်မှတ်ကို ရယူခဲ့တာပါ။

ပထမပိုင်း ပြီးခါနီးမှာ ရိစ်ဂျိမ်းဟာ ဂိုးစည်းပေါ်ကနေ ဂိုးဝင်မယ့် ဘောလုံးကို လက်နဲ့ကာသလို ဖြစ်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင် အန်သိုနီ တေလာက VAR ကြည့်ပြီးနောက်မှာ ချက်ချင်းပဲ ပင်နယ်တီပေး၊ အနီကဒ်ပြသခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့ ပင်နယ်တီကို မိုဆာလာက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး ချယ်ဆီး ကစားသမားတွေဟာ ဒိုင်ကို စောဒက တက်ခဲ့တာကြောင့် နောက်ထပ် အဝါကဒ် ၂ ကဒ် ထပ်ရရှိခဲ့ကာ လန်ဒန်သားတို့ ဒေါသဖြစ်စရာ အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။

တစ်ယောက် လျော့သွားပေမယ့်လည်း ချယ်ဆီးဟာ အသင်းလိုက် စုစည်းမှု ကောင်းခဲ့ပြီး အသိအမှတ်ပြုစရာ ဒုတိယပိုင်း စွမ်းဆောင်ရည်ကို မြင်တွေ့ရစေခဲ့တာပါ။ သူတို့ဟာ သူတို့ရဲ့ အရည်အသွေးကို ကောင်းကောင်းအသုံးချပြီး၊ တစ်ယောက်အတွက် တစ်ယောက် တိုက်ခိုက်ပေးခဲ့သလို ကွင်းထဲမှာ အချိတ်အဆက် အတော်မိနေခဲ့ပြီး ဂျိုတာ၊ ဆာလာ၊ မာနေးတို့ ပါဝင်တဲ့ တိုက်စစ်ကို ထိန်းချုပ်ပြခဲ့ပါတယ်။

ဒုတိယပိုင်းအတွင်း ယာဂန်ကလော့ပ်ရဲ့ အသင်းဟာ ဂိုးရရှိဖို့ အထိရောက်ဆုံး ခြိမ်းခြောက်မှု တစ်ကြိမ်တောင် မလုပ်နိုင်ခဲ့ပဲ ချယ်ဆီးဂိုးသမား မန်ဒီအနေနဲ့ အဝေးကန်ချက်တွေကိုသာ ကာကွယ်ခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်မှာ ကြောက်စရာအကောင်းဆုံး ကွင်းတစ်ကွင်းဖြစ်တဲ့ အန်ဖီးမှာ သွားကစားတဲ့အခါ မဖြစ်နိုင်တဲ့ အခြေအနေ တွေမှာ ရမှတ် တစ်မှတ် ရရှိဖို့ စိတ်ဓာတ်က အဓိက ကျတယ်ဆိုတာ ချယ်ဆီးက ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီကလည်း တူချယ်ရဲ့ နည်းဗျူဟာပိုင်း လမ်းညွှန်မှုတွေကို အသင်းသားတွေ အသေးစိတ်ကျကျ လိုက်နာခဲ့တာဟာ ချယ်ဆီးကို တခြားနည်းပြများစွာ လုပ်နိုင်မှာမဟုတ်တဲ့ ချန်ပီယံလိဂ်ဖလား အောင်မြင်စေခဲ့တာပါ။

ဒီရာသီမှာလည်း ချယ်ဆီးက ယုံကြည်မှုရှိတဲ့ နည်းပြ အသင်းသားတွေနဲ့အတူ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ ရည်မှန်းချက် ထားနိုင်ပါတယ်။ ၃၈ ပွဲအထိ ကစားရပြီး ကံတရားကြောင့် ပြောင်းလဲသွားနိုင်တဲ့ ဖလားပွဲထက် ပိုခက်ခဲတဲ့ ပွဲတွေ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ချန်ပီယံလိဂ်ထက် ပိုပြီးတော့တောင် ခက်ခဲတယ်လို့ ပြောလို့ရပါတယ်။

ဒီတစ်ပတ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုက သတင်းခေါင်းစီး အားလုံးမှာ နေရာယူထားခဲ့ပေမယ့် ချယ်ဆီးကတော့ သူတို့မှာ ပန်းတိုင်အထိ အရောက်သွားဖို့ အရည်အသွေး ရှိတယ်ဆိုတာကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထိထိရောက်ရောက် ပြသခဲ့ပါတယ်။

ဒါကလှပတဲ့ ကစားပုံတခု မဟုတ်ခဲ့ပေမယ့် တကယ့် အောင်မြင်မှုရဖို့အရေးမှာ လှပဖို့ မလိုအပ်ပါဘူး။ တူချယ်ရဲ့ ချယ်ဆီးလို ယုံကြည်မှုနဲ့ စိတ်ဓာတ် ခိုင်မာတဲ့ အသင်းဖြစ်ဖို့သာ လိုပါတယ်။

ZAWGYI – ဂႏၲဝင္ NFL နည္းျပ ေပါလ္ ဘီးယား ဘ႐ိုင္ယန႔္က ေျပာခဲ့တဲ့ နာမည္ေက်ာ္ စကားတခြန္းရွိပါတယ္။

“တိုက္စစ္ ေကာင္းရင္ ပြဲလက္မွတ္ ပိုေရာင္းရမယ္။ ခံစစ္ေကာင္းရင္ေတာ့ ခ်န္ပီယံ ျဖစ္မယ္”

ဒါက ကမာၻ႔ အလွပဆုံး ေဘာလုံးကစားနည္း မျဖစ္ႏိုင္ေပမယ့္ ေသာမတ္စ္ တူခ်ယ္ဟာ ခ်ယ္ဆီးကို ခံစစ္ က်စ္လစ္ေအာင္ တည္ေဆာက္ျပီး ပရီးမီးယားလိဂ္ ေအာင္ျမင္ဖို႔ ေရပန္းစားသူေတြၾကား ေနရာ ရရွိေစတဲ့ စတိုင္တစ္ခု ေပးခဲ့ပါတယ္လို႔ Goal သတင္းဌာနမွ ခ်ယ္ဆီးသတင္းေထာက္ Nizaar Kinsella က သံုးသပ္ခ်က္တစ္ခု ေဖာ္ျပသြားခဲ့ပါတယ္။

ဒီတစ္ပတ္ အန္ဖီး မွာ သူတို႔ရဲ႕ အံ့အားသင့္စရာေကာင္းၿပီး ထိေရာက္မႈရွိတဲ့၊ လြတ္လမ္းမရွိ ခံစစ္ စြမ္းေဆာင္ရည္က ဒါကို သက္ေသျပေနပါတယ္။ သူတို႔ဟာ ၁၀ ေယာက္တည္းနဲ႔ လီဗာပူးကို ၄၅ မိနစ္ၾကာ ခုခံခဲ့ၿပီးေတာ့ ထိုက္တန္တဲ့ သေရတစ္မွတ္ကို ရယူခဲ့တာပါ။

ပထမပိုင္း ၿပီးခါနီးမွာ ရိစ္ဂ်ိမ္းဟာ ဂိုးစည္းေပၚကေန ဂိုးဝင္မယ့္ ေဘာလုံးကို လက္နဲ႔ကာသလို ျဖစ္ခဲ့တဲ့အတြက္ ကြင္းလယ္ဒိုင္ အန္သိုနီ ေတလာက VAR ၾကည့္ၿပီးေနာက္မွာ ခ်က္ခ်င္းပဲ ပင္နယ္တီေပး၊ အနီကဒ္ျပသခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ့ ပင္နယ္တီကို မိုဆာလာက အမွားအယြင္းမရွိ ကန္သြင္းခဲ့ၿပီး ခ်ယ္ဆီး ကစားသမားေတြဟာ ဒိုင္ကို ေစာဒက တက္ခဲ့တာေၾကာင့္ ေနာက္ထပ္ အဝါကဒ္ ၂ ကဒ္ ထပ္ရရွိခဲ့ကာ လန္ဒန္သားတို႔ ေဒါသျဖစ္စရာ အေျခအေနနဲ႔ ႀကဳံခဲ့ရပါတယ္။

တစ္ေယာက္ ေလ်ာ့သြားေပမယ့္လည္း ခ်ယ္ဆီးဟာ အသင္းလိုက္ စုစည္းမႈ ေကာင္းခဲ့ၿပီး အသိအမွတ္ျပဳစရာ ဒုတိယပိုင္း စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ရေစခဲ့တာပါ။ သူတို႔ဟာ သူတို႔ရဲ႕ အရည္အေသြးကို ေကာင္းေကာင္းအသုံးခ်ၿပီး၊ တစ္ေယာက္အတြက္ တစ္ေယာက္ တိုက္ခိုက္ေပးခဲ့သလို ကြင္းထဲမွာ အခ်ိတ္အဆက္ အေတာ္မိေနခဲ့ၿပီး ဂ်ိဳတာ၊ ဆာလာ၊ မာေနးတို႔ ပါဝင္တဲ့ တိုက္စစ္ကို ထိန္းခ်ဳပ္ျပခဲ့ပါတယ္။

ဒုတိယပိုင္းအတြင္း ယာဂန္ကေလာ့ပ္ရဲ႕ အသင္းဟာ ဂိုးရရွိဖို႔ အထိေရာက္ဆုံး ၿခိမ္းေျခာက္မႈ တစ္ႀကိမ္ေတာင္ မလုပ္ႏိုင္ခဲ့ပဲ ခ်ယ္ဆီးဂိုးသမား မန္ဒီအေနနဲ႔ အေဝးကန္ခ်က္ေတြကိုသာ ကာကြယ္ခဲ့ရတာ ျဖစ္ပါတယ္။

အဂၤလန္မွာ ေၾကာက္စရာအေကာင္းဆုံး ကြင္းတစ္ကြင္းျဖစ္တဲ့ အန္ဖီးမွာ သြားကစားတဲ့အခါ မျဖစ္ႏိုင္တဲ့ အေျခအေန ေတြမွာ ရမွတ္ တစ္မွတ္ ရရွိဖို႔ စိတ္ဓာတ္က အဓိက က်တယ္ဆိုတာ ခ်ယ္ဆီးက ျပသခဲ့ပါတယ္။

ျပီးခဲ့တဲ့ ရာသီကလည္း တူခ်ယ္ရဲ႕ နည္းဗ်ဴဟာပိုင္း လမ္းၫႊန္မႈေတြကို အသင္းသားေတြ အေသးစိတ္က်က် လိုက္နာခဲ့တာဟာ ခ်ယ္ဆီးကို တျခားနည္းျပမ်ားစြာ လုပ္ႏိုင္မွာမဟုတ္တဲ့ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ေစခဲ့တာပါ။

ဒီရာသီမွာလည္း ခ်ယ္ဆီးက ယုံၾကည္မႈရွိတဲ့ နည္းျပ အသင္းသားေတြနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ဖို႔ ရည္မွန္းခ်က္ ထားႏိုင္ပါတယ္။ ၃၈ ပြဲအထိ ကစားရၿပီး ကံတရားေၾကာင့္ ေျပာင္းလဲသြားႏိုင္တဲ့ ဖလားပြဲထက္ ပိုခက္ခဲတဲ့ ပြဲေတြ ျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ ခ်န္ပီယံလိဂ္ထက္ ပိုၿပီးေတာ့ေတာင္ ခက္ခဲတယ္လို႔ ေျပာလို႔ရပါတယ္။

ဒီတစ္ပတ္မွာ ခရစၥတီယာႏို ေရာ္နယ္ဒိုက သတင္းေခါင္းစီး အားလုံးမွာ ေနရာယူထားခဲ့ေပမယ့္ ခ်ယ္ဆီးကေတာ့ သူတို႔မွာ ပန္းတိုင္အထိ အေရာက္သြားဖို႔ အရည္အေသြး ရွိတယ္ဆိုတာကို တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ထိထိေရာက္ေရာက္ ျပသခဲ့ပါတယ္။

ဒါကလွပတဲ့ ကစားပုံတခု မဟုတ္ခဲ့ေပမယ့္ တကယ့္ ေအာင္ျမင္မႈရဖို႔အေရးမွာ လွပဖို႔ မလိုအပ္ပါဘူး။ တူခ်ယ္ရဲ႕ ခ်ယ္ဆီးလို ယုံၾကည္မႈနဲ႔ စိတ္ဓာတ္ ခိုင္မာတဲ့ အသင္းျဖစ္ဖို႔သာ လိုပါတယ္။