ကန်တေ၊ ဒီဘရိုင်းကို ကျော်ပြီး ဂျော်ဂျင်ဟို UEFA အကောင်းဆုံးဆုရကြောင်း သတင်း ပေါက်ကြား

ချယ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ဒီနှစ်ရဲ့ ယူအီးအက်ဖ်အေ အကောင်းဆုံး ကစားသမားဆုကို အနိုင်ရခဲ့ကြောင်း သတင်းပေါက်ကြားမှု ရှိလာခဲ့ပြီဖြစ်ကြောင်း ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

အီတလီသတင်းဌာနတွေက ကိုးကားပြီး ဗြိတိန်သတင်းဌာနက ဖော်ပြလာခြင်းဖြစ်ကာ ဂျော်ဂျင်ဟိုဟာ ကလပ်အသင်းဖော်ဖြစ်တဲ့ ပြင်သစ်အသင်းသား ကန်တေ၊ မန်စီးတီးအသင်းနဲ့ ဘယ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့တာဖြစ်တယ်။ ၎င်း သတင်းဌာနတွေရဲ့ အဆိုအရ ယူအီးအက်ဖ်အေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံကနေ ဒီသတင်း ထွက်ပေါ်နေခဲ့ခြင်းဖြစ်တယ်လို့ သိရတယ်။

တရားဝင် ဆုပေးပွဲကိုတော့ မနက်ဖြန် ချန်ပီယံလိဂ် မဲခွဲပွဲမှာ ပေးအပ်သွားဖို့ ရှိနေတာကြောင့် ပေါက်ကြားနေတဲ့ သတင်း မှန်/မမှန်ကို ရက်ပိုင်းအတွင်း သိရမှာဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုဟာ ချယ်ဆီးအသင်း ချန်ပီယံလိဂ်ဖလား အနိုင်ရရေးအတွက်တင် မကဘဲ အီတလီအသင်း ယူရို ဖလား အနိုင်ရဖို့အတွက်ပါ အဓိကကျတဲ့ နေရာက ပါဝင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုနဲ့ ကန်တေတို့အတွဲဟာ ချယ်ဆီးအသင်းရဲ့ အောင်မြင်မှုမှာ အဓိက ကျခဲ့ပြီး ပေါ်တိုမှာ မန်စီးတီးကို အနိုင်ရဖို့ အတွဲညီခဲ့ကြပါတယ်။ ဒါပေမယ့်လို့ ဂျော်ဂျင်ဟိုက နောက်ထပ် နှစ်လအကြာမှာ ယူရိုဖလားပြိုင်ပွဲအတွင်း ပွဲတိုင်း ပါဝင်ကစားခွင့်ရခဲ့သလို ချန်ပီယံဆုဖလား အနိုင်ရခဲ့ခြင်းကြောင့်ပဲ ကန်တေကို ကျော်ဖြတ်ပြီး ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံးဆုကို အနိုင်ရခဲ့တာလို့ ယူဆရတယ်။

ယူအီးအက်ဖ်အေ အကောင်းဆုံးဆုအပြင် ဂျော်ဂျင်ဟိုက ၂၀၂၁ ခုနှစ် ဘလွန်းဒီအောဆုကို ရည်မှန်းနိုင်သူတွေထဲမှာလည်း ပါဝင်နေဆဲဖြစ်ပါတယ်။ အကယ်လို့ ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုကို ဂျော်ဂျင်ဟို အနိုင်ရမယ်ဆိုရင် လွန်ခဲ့တဲ့ ၃ နှစ်က မိုဒရစ်နောက်ပိုင်း မက်ဆီ၊ ရော်နယ်ဒို လွှမ်းမိုးမှုကို ချိုးဖျက်နိုင်တဲ့ ဒုတိယမြောက် ဥရောပဘောလုံးသမား ဖြစ်လာဖို့ ရှိနေတယ်။

လက်ရှိအချိန်ထိတော့ ဘလွန်းဒီအော ရေပန်းစားမှုမှာ ဂျော်ဂျင်ဟိုက မက်ဆီ၊ လီဝမ်ဒေါစကီးနဲ့ ကန်တေတို့နောက် စတုတ္ထနေရာမှာပဲ ရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဂျော်ဂျင်ဟိုကလည်း ကန်တေ နည်းတူ အကောင်းဆုံးဆုတွေမှာ ရေပန်းစားလာသင့်ကြောင်းကို ချယ်ဆီးပရိသတ်တွေက ထောက်ခံမှုတွေ ပေးထားကြပြီဖြစ်တယ်။

မနှစ်ကရာသီ ချယ်ဆီးအသင်းအတွက် အထူးတောက်ပထားတဲ့ ဂျော်ဂျင်ဟိုကို လန်ဒန်ကလပ်ဘက်က ကာလရှည် သက်တမ်းတိုးစာချုပ်ပေးဖို့လည်း ပြင်ဆင်နေပြီဖြစ်ကာ လာမယ့် သီတင်းပတ်တွေမှာ ထူးခြားသတင်း ကြားသိရမယ်လို့လည်း သိထားရတာဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ ဒီႏွစ္ရဲ႕ ယူအီးအက္ဖ္ေအ အေကာင္းဆံုး ကစားသမားဆုကို အႏုိင္ရခဲ့ေၾကာင္း သတင္းေပါက္ၾကားမႈ ရွိလာခဲ့ျပီျဖစ္ေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပလာပါတယ္။

အီတလီသတင္းဌာနေတြက ကိုးကားျပီး ျဗိတိန္သတင္းဌာနက ေဖာ္ျပလာျခင္းျဖစ္ကာ ေဂ်ာ္ဂ်င္ဟိုဟာ ကလပ္အသင္းေဖာ္ျဖစ္တဲ့ ျပင္သစ္အသင္းသား ကန္ေတ၊ မန္စီးတီးအသင္းနဲ႔ ဘယ္ဂ်ီယံ ကြင္းလယ္လူ ဒီဘရိုင္းတို႔ကို ေက်ာ္ျဖတ္ျပီး အႏုိင္ရခဲ့တာျဖစ္တယ္။ ၄င္း သတင္းဌာနေတြရဲ႕ အဆိုအရ ယူအီးအက္ဖ္ေအနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းထံကေန ဒီသတင္း ထြက္ေပၚေနခဲ့ျခင္းျဖစ္တယ္လို႔ သိရတယ္။

တရားဝင္ ဆုေပးပြဲကိုေတာ့ မနက္ျဖန္ ခ်န္ပီယံလိဂ္ မဲခြဲပြဲမွာ ေပးအပ္သြားဖို႔ ရွိေနတာေၾကာင့္ ေပါက္ၾကားေနတဲ့ သတင္း မွန္/မမွန္ကို ရက္ပိုင္းအတြင္း သိရမွာျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟာ ခ်ယ္ဆီးအသင္း ခ်န္ပီယံလိဂ္ဖလား အႏုိင္ရေရးအတြက္တင္ မကဘဲ အီတလီအသင္း ယူရို ဖလား အႏုိင္ရဖို႔အတြက္ပါ အဓိကက်တဲ့ ေနရာက ပါဝင္ေပးႏုိင္ခဲ့သူျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟိုနဲ႔ ကန္ေတတို႔အတြဲဟာ ခ်ယ္ဆီးအသင္းရဲ႕ ေအာင္ျမင္မႈမွာ အဓိက က်ခဲ့ျပီး ေပၚတိုမွာ မန္စီးတီးကို အႏုိင္ရဖို႔ အတြဲညီခဲ့ၾကပါတယ္။ ဒါေပမယ့္လို႔ ေဂ်ာ္ဂ်င္ဟိုက ေနာက္ထပ္ ႏွစ္လအၾကာမွာ ယူရိုဖလားျပိဳင္ပြဲအတြင္း ပြဲတိုင္း ပါဝင္ကစားခြင့္ရခဲ့သလို ခ်န္ပီယံဆုဖလား အႏုိင္ရခဲ့ျခင္းေၾကာင့္ပဲ ကန္ေတကို ေက်ာ္ျဖတ္ျပီး ယူအီးအက္ဖ္ေအ တစ္ႏွစ္တာ အေကာင္းဆံုးဆုကို အႏုိင္ရခဲ့တာလို႔ ယူဆရတယ္။

ယူအီးအက္ဖ္ေအ အေကာင္းဆံုးဆုအျပင္ ေဂ်ာ္ဂ်င္ဟိုက ၂၀၂၁ ခုႏွစ္ ဘလြန္းဒီေအာဆုကို ရည္မွန္းႏုိင္သူေတြထဲမွာလည္း ပါဝင္ေနဆဲျဖစ္ပါတယ္။ အကယ္လို႔ ဒီႏွစ္ရဲ႕ ဘလြန္းဒီေအာဆုကို ေဂ်ာ္ဂ်င္ဟို အႏုိင္ရမယ္ဆိုရင္ လြန္ခဲ့တဲ့ ၃ ႏွစ္က မိုဒရစ္ေနာက္ပိုင္း မက္ဆီ၊ ေရာ္နယ္ဒို လႊမ္းမိုးမႈကို ခ်ိဳးဖ်က္ႏုိင္တဲ့ ဒုတိယေျမာက္ ဥေရာပေဘာလံုးသမား ျဖစ္လာဖို႔ ရွိေနတယ္။

လက္ရွိအခ်ိန္ထိေတာ့ ဘလြန္းဒီေအာ ေရပန္းစားမႈမွာ ေဂ်ာ္ဂ်င္ဟိုက မက္ဆီ၊ လီဝမ္ေဒါစကီးနဲ႔ ကန္ေတတို႔ေနာက္ စတုတၳေနရာမွာပဲ ရွိေနေသးတာျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ေဂ်ာ္ဂ်င္ဟိုကလည္း ကန္ေတ နည္းတူ အေကာင္းဆံုးဆုေတြမွာ ေရပန္းစားလာသင့္ေၾကာင္းကို ခ်ယ္ဆီးပရိသတ္ေတြက ေထာက္ခံမႈေတြ ေပးထားၾကျပီျဖစ္တယ္။

မႏွစ္ကရာသီ ခ်ယ္ဆီးအသင္းအတြက္ အထူးေတာက္ပထားတဲ့ ေဂ်ာ္ဂ်င္ဟိုကို လန္ဒန္ကလပ္ဘက္က ကာလရွည္ သက္တမ္းတိုးစာခ်ဳပ္ေပးဖို႔လည္း ျပင္ဆင္ေနျပီျဖစ္ကာ လာမယ့္ သီတင္းပတ္ေတြမွာ ထူးျခားသတင္း ၾကားသိရမယ္လို႔လည္း သိထားရတာျဖစ္ပါတယ္။