၂၀၂၁-၂၀၂၂ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ မဲခွဲမှုနှင့် မဲအိုးများအကြောင်း သိကောင်းစရာများ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်မဲခွဲမှုကို သြဂုတ်လ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီကစပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

အုပ်စုအဆင့်ကို ဝင်ရောက်ထားတဲ့ အသင်းများ

ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ မန်စီးတီးနဲ့ လီဗာပူး၊ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်ကို ကိုယ်စားပြုပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်မှာဖြစ်တယ်။ လက်ရှိချန်ပီယံ ချယ်ဆီးအသင်းဟာ မဲအိုး ၁ ကနေ ပါဝင်ခွင့်ရပါမယ်။

လာလီဂါမှ အက်သလက်တီကို၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဆီးဗီးလာတို့ ပါဝင်ခွင့်ရထားပါတယ်။ ဗီလာရီးရဲလ်ကလည်း ယူရိုပါလိဂ် ချန်ပီယံအဖြစ် မဲအိုး ၁ ကနေ ပါဝင်ခွင့်ရပါမယ်။

စီးရီးအေမှ အင်တာမီလန်၊ ဂျူဗင်တပ်၊ အတ္တလန်တာ၊ အေစီမီလန်တို့ ပါဝင်ခွင့်ရထားတယ်။ ဘွန်ဒက်လီဂါမှ ဘိုင်ယန်မြူးနစ်၊ လိုက်ဇစ်၊ ဒေါ့မွန်နဲ့ ဝုဒ်ဘတ်တို့ဖြစ်ကာ ပြင်သစ်လိဂ်ကနေတော့ လိုင်လီနဲ့ ပီအက်စ်ဂျီတို့ ပါဝင်ခွင့်ရထားတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် မဲအိုးများ

အုပ်စုအဆင့် ပြိုင်ပွဲဝင်မယ့် ၃၂ နှစ်သင်းကို ဦးစားပေးများအလိုက် မဲအိုး ၄ အိုး ခွဲထားပြီ ဖြစ်ပါတယ်။ ထိပ်သီးလိဂ်တွေမှ အမှတ်ပေး ချန်ပီယံအသင်းတွေ၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ချန်ပီယံအသင်းတွေက မဲအိုး ၁ မှာ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

မဲအိုးတူ အသင်းများချင်းနဲ့ တစ်နိုင်ငံတည်း အသင်းများချင်းကတော့ အုပ်စုအဆင့်မှာ တွေ့ဦးမှာ မဟုတ်ပါဘူး။

Pot one: Chelsea, Bayern Munich, Manchester City, Atletico Madrid, Villarreal, Inter Milan, Sporting Lisbon, Lille.

Pot two: Real Madrid, Barcelona, Juventus, Manchester United, Paris Saint-Germain, Liverpool, Sevilla, Borussia Dortmund.

Pot 3: Porto, RB Leipzig, Ajax, Atalanta, RB Salzburg, Benfica, Zenit Saint Petersburg, Shakhtar

Pot 4: Brugge, AC Milan, Young Boys, Besiktas, Dynamo Kiev, Malmo, Wolfsburg, Sheriff Tiraspol

အုပ်စုအဆင့်အတွက် ရက်စွဲများ

အုပ်စုအဆင့်ပွဲတွေကို စက်တင်ဘာလ ၁၄-၁၅ ရက်ကနေ ဒီဇင်ဘာလ ၇-၈ ရက်နေ့ထိ ယှဉ်ပြိုင်မှာဖြစ်တယ်။

  • အုပ်စုတွင်း ပွဲစဉ် (၁) စက်တင်ဘာလ ၁၄-၁၅ ရက်
  • အုပ်စုတွင်း ပွဲစဉ် (၂) စက်တင်ဘာလ ၂၈-၂၉ ရက်
  • အုပ်စုတွင်း ပွဲစဉ် (၃) အောက်တိုဘာလ ၁၉-၂၀ ရက်
  • အုပ်စုတွင်း ပွဲစဉ် (၄) နိုဝင်ဘာလ ၂-၃ ရက်
  • အုပ်စုတွင်း ပွဲစဉ် (၅) နိုဝင်ဘာလ ၂၃-၂၄ ရက်
  • အုပ်စုတွင်း ပွဲစဉ် (၆) ဒီဇင်ဘာလ ၇-၈ ရက်

ဗိုလ်လုပွဲကို ဘယ်နေရာမှာ ကျင်းပမှာလဲ?

ဒီရာသီအတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့မှာ ရုရှားနိုင်ငံ စိန့်ပီတာဘက် ကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ အဆိုပါ ကွင်းဟာ ရုရှားကလပ် ဇင်းနစ်အသင်းရဲ့ အိမ်ကွင်းဖြစ်ကာ ပရိသတ်ပေါင်း ၆၈၀၀၀ ဝင်ဆံ့မှာဖြစ်ပါတယ်။

ZAWGYI – ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီအတြက္ ခ်န္ပီယံလိဂ္မဲခြဲမႈကို ၾသဂုတ္လ ၂၆ ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ ည ၁၀း၃၀ နာရီကစျပီး တူရကီႏုိင္ငံ အစၥတန္ဘူလ္မွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

အုပ္စုအဆင့္ကို ဝင္ေရာက္ထားတဲ့ အသင္းမ်ား

ပရီးမီးယားလိဂ္ အမွတ္ေပးခ်န္ပီယံ မန္စီးတီးနဲ႔ လီဗာပူး၊ ယူႏုိက္တက္တို႔ဟာ ပရီးမီးယားလိဂ္ကို ကိုယ္စားျပဳျပီး ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ပါဝင္ ယွဥ္ျပိဳင္မွာျဖစ္တယ္။ လက္ရွိခ်န္ပီယံ ခ်ယ္ဆီးအသင္းဟာ မဲအိုး ၁ ကေန ပါဝင္ခြင့္ရပါမယ္။

လာလီဂါမွ အက္သလက္တီကို၊ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္၊ ဆီးဗီးလာတို႔ ပါဝင္ခြင့္ရထားပါတယ္။ ဗီလာရီးရဲလ္ကလည္း ယူရိုပါလိဂ္ ခ်န္ပီယံအျဖစ္ မဲအိုး ၁ ကေန ပါဝင္ခြင့္ရပါမယ္။

စီးရီးေအမွ အင္တာမီလန္၊ ဂ်ဴဗင္တပ္၊ အတၱလန္တာ၊ ေအစီမီလန္တို႔ ပါဝင္ခြင့္ရထားတယ္။ ဘြန္ဒက္လီဂါမွ ဘိုင္ယန္ျမဴးနစ္၊ လိုက္ဇစ္၊ ေဒါ့မြန္နဲ႔ ဝုဒ္ဘတ္တို႔ျဖစ္ကာ ျပင္သစ္လိဂ္ကေနေတာ့ လိုင္လီနဲ႔ ပီအက္စ္ဂ်ီတို႔ ပါဝင္ခြင့္ရထားတာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ မဲအိုးမ်ား

အုပ္စုအဆင့္ ျပိဳင္ပြဲ၀င္မယ့္ ၃၂ နွစ္သင္းကို ဦးစားေပးမ်ားအလိုက္ မဲအိုး ၄ အိုး ခြဲထားျပီ ျဖစ္ပါတယ္။ ထိပ္သီးလိဂ္ေတြမွ အမွတ္ေပး ခ်န္ပီယံအသင္းေတြ၊ ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ခ်န္ပီယံအသင္းေတြက မဲအိုး ၁ မွာ ပါဝင္ခြင့္ရမွာျဖစ္ပါတယ္။

မဲအိုးတူ အသင္းမ်ားခ်င္းနဲ႔ တစ္ႏုိင္ငံတည္း အသင္းမ်ားခ်င္းကေတာ့ အုပ္စုအဆင့္မွာ ေတြ႔ဦးမွာ မဟုတ္ပါဘူး။
Pot one: Chelsea, Bayern Munich, Manchester City, Atletico Madrid, Villarreal, Inter Milan, Sporting Lisbon, Lille.

Pot two: Real Madrid, Barcelona, Juventus, Manchester United, Paris Saint-Germain, Liverpool, Sevilla, Borussia Dortmund.

Pot 3: Porto, RB Leipzig, Ajax, Atalanta, RB Salzburg, Benfica, Zenit Saint Petersburg, Shakhtar

Pot 4: Brugge, AC Milan, Young Boys, Besiktas, Dynamo Kiev, Malmo, Wolfsburg, Sheriff Tiraspol

အုပ္စုအဆင့္အတြက္ ရက္စြဲမ်ား

အုပ္စုအဆင့္ပြဲေတြကို စက္တင္ဘာလ ၁၄-၁၅ ရက္ကေန ဒီဇင္ဘာလ ၇-၈ ရက္ေန႔ထိ ယွဥ္ျပိဳင္မွာျဖစ္တယ္။

  • အုပ္စုတြင္း ပြဲစဥ္ (၁) စက္တင္ဘာလ ၁၄-၁၅ ရက္
  • အုပ္စုတြင္း ပြဲစဥ္ (၂) စက္တင္ဘာလ ၂၈-၂၉ ရက္
  • အုပ္စုတြင္း ပြဲစဥ္ (၃) ေအာက္တိုဘာလ ၁၉-၂၀ ရက္
  • အုပ္စုတြင္း ပြဲစဥ္ (၄) ႏိုဝင္ဘာလ ၂-၃ ရက္
  • အုပ္စုတြင္း ပြဲစဥ္ (၅) ႏိုဝင္ဘာလ ၂၃-၂၄ ရက္
  • အုပ္စုတြင္း ပြဲစဥ္ (၆) ဒီဇင္ဘာလ ၇-၈ ရက္

ဗိုလ္လုပြဲကို ဘယ္ေနရာမွာ က်င္းပမွာလဲ?

ဒီရာသီအတြက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကိုေတာ့ ၂၀၂၂ ခုႏွစ္ ေမလ ၂၈ ရက္ေန႔မွာ ရုရွားႏိုင္ငံ စိန္႔ပီတာဘက္ ကြင္းၾကီးအတြင္း ယွဥ္ျပိဳင္ကစားရမွာျဖစ္တယ္။ အဆိုပါ ကြင္းဟာ ရုရွားကလပ္ ဇင္းနစ္အသင္းရဲ႕ အိမ္ကြင္းျဖစ္ကာ ပရိသတ္ေပါင္း ၆၈၀၀၀ ဝင္ဆံ့မွာျဖစ္ပါတယ္။