ဘယ်သူမှ မကြိုက်တဲ့ အကျတွေမှ ခေါ်ယူလို့ရနေတဲ့ အသင်းလို့ အာဆင်နယ်ကို ပေါမာဆန် ဝေဖန်

ဂန်းနားဟောင်းကြီး ပေါလ်မာဆန်ကတော့ သူ့အသင်းဟောင်းကို အတော်လေး စိတ်ပျက်နေခဲ့ပြီး ‘ဘယ်သူမှ မလိုချင်တဲ့ ကစာသမားတွေကိုပဲ ခေါ်နေရတဲ့ အာဆင်နယ်ပါ’ လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

ဒီနွေမှာ ပြောင်းရွှေ့ကြေး အသုံးဆုံး ကလပ်အသင်းအဖြစ် စံချိန်တင်နေပေမယ့် အာဆင်နယ်ရဲ့ ခေါ်ယူမှုတွေထဲမှာ တစ်ဦးမှ ထိပ်တန်း ကစားသမားတွေ မပါဘူးလို့ ပေါလ်မာဆန်က မြင်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှ အိုဒီဂတ်လို ကစားသမားမျိုးကို ရခဲ့ပေမယ့်လည်း နော်ဝေသားဟာ လာလီဂါကလပ်က စွန့်ပစ်မှပဲ အာဆင်နယ်ကို ပြောင်းလာခဲ့တာ မဟုတ်ဘူးလားလို့ ပေါလ်မာဆန်က မေးခွန်းထုတ်ခဲ့တယ်။

အာဆင်နယ်ရဲ့ ကစားသမား ခေါ်ယူမှုတွေကို တာဝန်ယူသူက အာတီတာလား၊ အီဒူးလားဆိုတာ မသိပေမယ့်လို့ ဂန်းနားဟောင်းကြီးရဲ့ စိတ်ပျက်မှုတွေက သူ့ရဲ့ ပြောဆိုမှုတွေမှာ အထင်သား မြင်တွေ့နေရမှာပါ။

” အပြောင်းအရွှေ့တွေနဲ့ ပတ်သက်လို့ အာဆင်နယ်မှာ ဘာအစီအစဉ်ရှိသလဲ။ ဘယ်က ကစားသမားတွေကို ဝယ်နေတာလဲ။ အာတီတာက ကစာသမားတွေကို ဝယ်နေတယ်ဆိုရင်တော့ သူဟာ ဖိအားတွေ အများကြီးအောက်ကို ရောက်နေပါပြီ။ အီဒူးက ဒီကစားသမားတွေ ဝယ်နေပြီး အာတီတာက သူတို့နဲ့ အလုပ်တွဲလုပ်နေရတာဆိုရင်တော့ မတူညီတဲ့ ဇာတ်လမ်းတစ်ခုပေါ့။

အာဆင်နယ်က နာမည်သိပ်မကြီးတဲ့ ကစားသမားတွေကိုပဲ ခေါ်ယူနေတဲ့ပုံပါ။ နာမည်ကြီး အပြောင်းအရွှေ့တခုမှာ တခြားအသင်းကို ကျော်ဖြတ်ပြီး သူတို့ ခေါ်ယူနိုင်ခဲ့တာမျိုးက ဘယ်အချိန်မှာ နောက်ဆုံးဖြစ်ခဲ့တာပါလဲ။ နှစ်တွေအများကြီး ကြာခဲ့ပါပြီ။

အိုဒီဂတ်ရဲ့ ခေါ်ယူမှုကို ကြည့်လိုက်ရင် သူဟာ အငှားရာသီအပြီးမှာ ရီးရဲလ်မက်ဒရစ်ထံ ပြန်သွားခဲ့ပြီးတော့ လာလီဂါအသင်းအတွက် ကစားပေးချင်ခဲ့တာပါ။ အာဆင်နယ်အတွက် မဟုတ်ပါဘူး။ ရီးရဲလ်က သူ့ကို အလိုမရှိဘူးလို့ ပြောလိုက်တော့မှ သူက အာဆင်နယ်ကို ပြန်လာပါတယ်။ ဒီမှာဆိုရင် သူက အခွင့်အရေး ရမှာဖြစ်ပြီး အပတ်တိုင်း ကစားရမယ်ဆိုတာကို သူသိပါတယ်။

ဒါက လက်ရှိ အခြေအနေပါပဲ။ အာဆင်နယ်က ‘ငါတို့က အသင်းကြီးတစ်သင်းပဲ။ ငါတို့တွေက အရေးမပါတဲ့ အရာတွေနဲ့ အချိန်ဖြုန်းမှာ မဟုတ်ဘူး။ မင်းမှာ ဘာမှမရှိတော့တဲ့ အချိန်မှ ငါတို့ဆီလာပြီး စာချုပ်လာချုပ်ချင်လို့ မရဘူး’လို့ ပြောနိုင်ခဲ့တဲ့ နေ့ရက်တွေက ကုန်ဆုံးသွားပါပြီ။

အိုဒီဂတ်ကို အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ရီးရဲလ်မက်ဒရစ်က ပြောခဲ့တုန်းက သူ့ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မယ့်အသင်း ရှိခဲ့လို့လား။ မရှိပါဘူး။ အာဆင်နယ်တစ်သင်းပဲ သူ့ကို ခေါ်ယူလိုခဲ့တာပါ။ ” လို့ ပေါလ်မာဆန်က ပြောဆိုခဲ့တာဖြစ်တယ်။

အာတီတာဟာ လန်ဒန်ကလပ်မှာ အနာဂတ် အရှည်ကြီးအတွက် အာမခံချက် မရှိတော့ပါဘူး။ လာမယ့် အမှတ်ပေးပွဲ အနည်းငယ်မှာ အာဆင်နယ်ရဲ့ ရလဒ်တွေကို ပြန်မဆယ်ပေးနိုင်ရင် အသင်းကနေ နုတ်ဆက် ထွက်ခွာသွားရမှာဖြစ်တယ်။ အာဆင်နယ်ဟာ အားကစားဒါရိုက်တာ အီဒူးနေရာ အစားထိုးဖို့ရာလည်း လျာထားစာရင်းတွေ ထွက်ပေါ်လို့လာနေပြီ ဖြစ်ပါတယ်။

ZAWGYI – ဂန္းနားေဟာင္းၾကီး ေပါလ္မာဆန္ကေတာ့ သူ႔အသင္းေဟာင္းကို အေတာ္ေလး စိတ္ပ်က္ေနခဲ့ျပီး ‘ဘယ္သူမွ မလိုခ်င္တဲ့ ကစာသမားေတြကိုပဲ ေခၚေနရတဲ့ အာဆင္နယ္ပါ’ လို႔ ကင္ပြန္းတပ္ခဲ့ပါတယ္။

ဒီေႏြမွာ ေျပာင္းေရႊ႔ေၾကး အသံုးဆံုး ကလပ္အသင္းအျဖစ္ စံခ်ိန္တင္ေနေပမယ့္ အာဆင္နယ္ရဲ႕ ေခၚယူမႈေတြထဲမွာ တစ္ဦးမွ ထိပ္တန္း ကစားသမားေတြ မပါဘူးလို႔ ေပါလ္မာဆန္က ျမင္ပါတယ္။ ရီးရဲလ္မက္ဒရစ္မွ အိုဒီဂတ္လို ကစားသမားမ်ိဳးကို ရခဲ့ေပမယ့္လည္း ေနာ္ေဝသားဟာ လာလီဂါကလပ္က စြန္႔ပစ္မွပဲ အာဆင္နယ္ကို ေျပာင္းလာခဲ့တာ မဟုတ္ဘူးလားလို႔ ေပါလ္မာဆန္က ေမးခြန္းထုတ္ခဲ့တယ္။

အာဆင္နယ္ရဲ႕ ကစားသမား ေခၚယူမႈေတြကို တာဝန္ယူသူက အာတီတာလား၊ အီဒူးလားဆိုတာ မသိေပမယ့္လို႔ ဂန္းနားေဟာင္းၾကီးရဲ႕ စိတ္ပ်က္မႈေတြက သူ႔ရဲ႕ ေျပာဆိုမႈေတြမွာ အထင္သား ျမင္ေတြ႔ေနရမွာပါ။

” အေျပာင္းအေ႐ႊ႕ေတြနဲ႔ ပတ္သက္လို႔ အာဆင္နယ္မွာ ဘာအစီအစဥ္ရွိသလဲ။ ဘယ္က ကစားသမားေတြကို ဝယ္ေနတာလဲ။ အာတီတာက ကစာသမားေတြကို ဝယ္ေနတယ္ဆိုရင္ေတာ့ သူဟာ ဖိအားေတြ အမ်ားၾကီးေအာက္ကို ေရာက္ေနပါၿပီ။ အီဒူးက ဒီကစားသမားေတြ ဝယ္ေနၿပီး အာတီတာက သူတို႔နဲ႔ အလုပ္တြဲလုပ္ေနရတာဆိုရင္ေတာ့ မတူညီတဲ့ ဇာတ္လမ္းတစ္ခုေပါ့။

အာဆင္နယ္က နာမည္သိပ္မႀကီးတဲ့ ကစားသမားေတြကိုပဲ ေခၚယူေနတဲ့ပုံပါ။ နာမည္ႀကီး အေျပာင္းအေ႐ႊ႕တခုမွာ တျခားအသင္းကို ေက်ာ္ျဖတ္ၿပီး သူတို႔ ေခၚယူႏိုင္ခဲ့တာမ်ိဳးက ဘယ္အခ်ိန္မွာ ေနာက္ဆုံးျဖစ္ခဲ့တာပါလဲ။ ႏွစ္ေတြအမ်ားႀကီး ၾကာခဲ့ပါၿပီ။

အိုဒီဂတ္ရဲ႕ ေခၚယူမႈကို ၾကည့္လိုက္ရင္ သူဟာ အငွားရာသီအၿပီးမွာ ရီးရဲလ္မက္ဒရစ္ထံ ျပန္သြားခဲ့ၿပီးေတာ့ လာလီဂါအသင္းအတြက္ ကစားေပးခ်င္ခဲ့တာပါ။ အာဆင္နယ္အတြက္ မဟုတ္ပါဘူး။ ရီးရဲလ္က သူ႔ကို အလိုမရွိဘူးလို႔ ေျပာလိုက္ေတာ့မွ သူက အာဆင္နယ္ကို ျပန္လာပါတယ္။ ဒီမွာဆိုရင္ သူက အခြင့္အေရး ရမွာျဖစ္ၿပီး အပတ္တိုင္း ကစားရမယ္ဆိုတာကို သူသိပါတယ္။

ဒါက လက္ရွိ အေျခအေနပါပဲ။ အာဆင္နယ္က ‘ငါတို႔က အသင္းႀကီးတစ္သင္းပဲ။ ငါတို႔ေတြက အေရးမပါတဲ့ အရာေတြနဲ႔ အခ်ိန္ျဖဳန္းမွာ မဟုတ္ဘူး။ မင္းမွာ ဘာမွမရွိေတာ့တဲ့ အခ်ိန္မွ ငါတို႔ဆီလာၿပီး စာခ်ဳပ္လာခ်ဳပ္ခ်င္လို႔ မရဘူး’လို႔ ေျပာႏိုင္ခဲ့တဲ့ ေန႔ရက္ေတြက ကုန္ဆုံးသြားပါၿပီ။

အိုဒီဂတ္ကို အသင္းကေန ထြက္ခြာႏိုင္တယ္လို႔ ရီးရဲလ္မက္ဒရစ္က ေျပာခဲ့တုန္းက သူ႔ကို ေခၚယူဖို႔ ၿပိဳင္ဆိုင္မယ့္အသင္း ရွိခဲ့လို႔လား။ မရွိပါဘူး။ အာဆင္နယ္တစ္သင္းပဲ သူ႔ကို ေခၚယူလိုခဲ့တာပါ။ ” လို႔ ေပါလ္မာဆန္က ေျပာဆိုခဲ့တာျဖစ္တယ္။

အာတီတာဟာ လန္ဒန္ကလပ္မွာ အနာဂတ္ အရွည္ၾကီးအတြက္ အာမခံခ်က္ မရွိေတာ့ပါဘူး။ လာမယ့္ အမွတ္ေပးပြဲ အနည္းငယ္မွာ အာဆင္နယ္ရဲ႕ ရလဒ္ေတြကို ျပန္မဆယ္ေပးႏုိင္ရင္ အသင္းကေန ႏုတ္ဆက္ ထြက္ခြာသြားရမွာျဖစ္တယ္။ အာဆင္နယ္ဟာ အားကစားဒါရိုက္တာ အီဒူးေနရာ အစားထိုးဖို႔ရာလည္း လ်ာထားစာရင္းေတြ ထြက္ေပၚလို႔လာေနျပီ ျဖစ္ပါတယ္။