ထရန့်ရဲ့ အကောင်းဆုံး ညာအစွန်လူဆိုတဲ့ ဂုဏ်ပုဒ်ကို ရိစ်ဂျိမ်း လွဲယူနိုင်တော့မယ်လို့ သုံးသပ်ခံလာရ

” ရိစ်ဂျိမ်းက ထရန့် အလက်ဇန္ဒား-အားနိုးကို ကျော်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာအစွန် လူအဖြစ် သတ်မှတ်ခံရဖို့ တွန်းအားပေးလာနေပါပြီ။ ”

အဲ့တာက အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်ဖြစ်ပြီး အာဆင်နယ်ကို နိုင်ခဲ့တဲ့ပွဲမှာ ချယ်ဆီးအတွက် ရိစ်ဂျိမ်းရဲ့ ထိပ်တန်းအဆင့် ခြေစွမ်းတွေကို မြင်တွေ့ခဲ့ရတဲ့နောက် သူက အခုလို ပြောလာခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ လူကာကူရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး သူကိုယ်တိုင်လဲ နောက်ထပ်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့အပြင် ဂိုးမပေးရပဲ ၂-၀ နဲ့ အနိုင်ရအောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကြယ်ပွင့် ထရန့်ဟာ ပြီးခဲ့တဲ့ ရာသီတွေအတွင်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာအစွန် ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် သူ့ရဲ့ ဂုဏ်ပုဒ်ဟာ အခုချိန်မှာ ဂျိမ်းရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီလို့ ဘန့်က ယုံကြည်နေတာပါ။

“ရိစ်ဂျိမ်းက အကောင်းဆုံး ညာအစွန်လူဖြစ်ဖို့ ထရန့်ကို ဖိအားပေးနေတယ်လို့ ကျွန်တော် ထင်တယ်။ ရိစ်ဂျိမ်း ကစားတာကို မြင်တိုင်း အဲ့လိုထင်နေတာပါပဲ။ ဖန်တီးပေးပို့မှုတွေ လုပ်နိုင်တဲ့ ထရန့်ထက် ပိုကောင်းတဲ့ ညာအစွန်လူမရှိဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဂျိမ်းရဲ့ ဖန်တီးနိုင်မှုတွေက ထရန့်နဲ့ သိပ်မကွာတော့သလို ခံစစ်ပိုင်းမှာ ရိစ်ဂျိမ်းက ပိုကောင်းပါတယ် ” လို့ ဘန့်က ပြောပါတယ်။

ဂန်းနား ဂိုးသမား လီနိုအတွက် ဘာမှမတတ်နိုင်စေခဲ့တဲ့ ဂျိမ်းရဲ့ အံ့အားသင့်ဖွယ် ထောင့်တည့်တည့် သွင်းဂိုးအကြောင်းကိုလဲ ဘန့်က ချီးကျူးခဲ့ပါတယ်။ “ဒါက ဒီနေ့ခေတ် နောက်ခံလူပါပဲ။ ထရန့်ကိုကြည့်၊ သူ့ကိုကြည့်၊ ထရစ်ပီယာလဲ ဒါမျိုး လုပ်တတ်တယ်” လို့ ဘန့်က ဆိုတယ်။

အာနိုးဟာ ညာတောင်ပံတလျှောက် လှည့်လည် သောင်းကျန်းနေတဲ့ သူ့ရဲ့ ပြေးလွှားမှုတွေ၊ တောင်ပံနေရာတွေကနေ တိကျတဲ့ ပေးပို့မှုတွေကြောင့် ကျော်ကြားလာတာ ဖြစ်ပြီး သူဟာ နောက်တန်း လေးယောက်ရဲ့ ညာအစွန်မှာပဲ နေရာပေးခြင်း ခံနေရပါတယ်။

ပေါက်ကွဲအားကောင်းကောင်းဖြင့် ကစားတတ်တဲ့ ဂျိမ်းကတော့ ချယ်ဆီးရဲ့ သုံးယောက်တန်း ခံစစ်ကစားကွက်မှာ အစွန်-တောင်ပံသမား အနေနဲ့ ပုံမှန် ကစားရတဲ့အပြင် တခါတလေ ဗဟိုခံစစ်မှူး အနေနဲ့လဲ ကစားနေပါတယ်။

ဒီအပတ် အန်ဖီးကွင်းမှာ ချယ်ဆီးနဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ကြဖို့ ရှိနေတာကြောင့် အင်္ဂလန် အစွန်လူနှစ်ဦးတို့ထဲမှာ ဘယ်သူက ပိုစွမ်းဆောင်ပြမလဲဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ZAWGYI – ” ရိစ္ဂ်ိမ္းက ထရန္႔ အလက္ဇႏၵား-အားႏိုးကို ေက်ာ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ညာအစြန္ လူအျဖစ္ သတ္မွတ္ခံရဖို႔ တြန္းအားေပးလာေနပါျပီ။ ”

အဲ့တာက အဂၤလန္တိုက္စစ္မႉးေဟာင္း ဒါရင္းဘန္႔ရဲ႕ ပုဂၢိဳလ္ေရး အျမင္ျဖစ္ၿပီး အာဆင္နယ္ကို ႏိုင္ခဲ့တဲ့ပြဲမွာ ခ်ယ္ဆီးအတြက္ ရိစ္ဂ်ိမ္းရဲ႕ ထိပ္တန္းအဆင့္ ေျခစြမ္းေတြကို ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ သူက အခုလို ေျပာလာခဲ့တာပါ။

အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားဟာ လူကာကူရဲ႕ အဖြင့္ဂိုးကို ဖန္တီးေပးခဲ့ၿပီး သူကိုယ္တိုင္လဲ ေနာက္ထပ္ဂိုးတစ္ဂိုး သြင္းယူေပးခဲ့တဲ့အျပင္ ဂိုးမေပးရပဲ ၂-၀ နဲ႔ အႏိုင္ရေအာင္ ကူညီေပးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးၾကယ္ပြင့္ ထရန္႔ဟာ ၿပီးခဲ့တဲ့ ရာသီေတြအတြင္း ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ညာအစြန္ ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ သူ႔ရဲ႕ ဂုဏ္ပုဒ္ဟာ အခုခ်ိန္မွာ ဂ်ိမ္းရဲ႕ ၿခိမ္းေျခာက္မႈကို ခံေနရၿပီလို႔ ဘန္႔က ယုံၾကည္ေနတာပါ။

“ရိစ္ဂ်ိမ္းက အေကာင္းဆုံး ညာအစြန္လူျဖစ္ဖို႔ ထရန႔္ကို ဖိအားေပးေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ရိစ္ဂ်ိမ္း ကစားတာကို ျမင္တိုင္း အဲ့လိုထင္ေနတာပါပဲ။ ဖန္တီးေပးပို႔မႈေတြ လုပ္ႏိုင္တဲ့ ထရန္႔ထက္ ပိုေကာင္းတဲ့ ညာအစြန္လူမရွိဘူးဆိုတာ သိပါတယ္။ ဒါေပမယ့္ ဂ်ိမ္းရဲ႕ ဖန္တီးႏုိင္မႈေတြက ထရန္႔နဲ႔ သိပ္မကြာေတာ့သလို ခံစစ္ပိုင္းမွာ ရိစ္ဂ်ိမ္းက ပိုေကာင္းပါတယ္ ” လို႔ ဘန္႔က ေျပာပါတယ္။

ဂန္းနား ဂိုးသမား လီႏိုအတြက္ ဘာမွမတတ္ႏိုင္ေစခဲ့တဲ့ ဂ်ိမ္းရဲ႕ အံ့အားသင့္ဖြယ္ ေထာင့္တည့္တည့္ သြင္းဂိုးအေၾကာင္းကိုလဲ ဘန္႔က ခ်ီးက်ဴးခဲ့ပါတယ္။ “ဒါက ဒီေန႔ေခတ္ ေနာက္ခံလူပါပဲ။ ထရန႔္ကိုၾကည့္၊ သူ႔ကိုၾကည့္၊ ထရစ္ပီယာလဲ ဒါမ်ိဳး လုပ္တတ္တယ္” လို႔ ဘန္႔က ဆိုတယ္။

အာႏိုးဟာ ညာေတာင္ပံတေလွ်ာက္ လွည့္လည္ ေသာင္းက်န္းေနတဲ့ သူ႔ရဲ႕ ေျပးလႊားမႈေတြ၊ ေတာင္ပံေနရာေတြကေန တိက်တဲ့ ေပးပို႔မႈေတြေၾကာင့္ ေက်ာ္ၾကားလာတာ ျဖစ္ျပီး သူဟာ ေနာက္တန္း ေလးေယာက္ရဲ႕ ညာအစြန္မွာပဲ ေနရာေပးျခင္း ခံေနရပါတယ္။

ေပါက္ကြဲအားေကာင္းေကာင္းျဖင့္ ကစားတတ္တဲ့ ဂ်ိမ္းကေတာ့ ခ်ယ္ဆီးရဲ႕ သံုးေယာက္တန္း ခံစစ္ကစားကြက္မွာ အစြန္-ေတာင္ပံသမား အေနနဲ႔ ပုံမွန္ ကစားရတဲ့အျပင္ တခါတေလ ဗဟိုခံစစ္မွဴး အေနနဲ႔လဲ ကစားေနပါတယ္။

ဒီအပတ္ အန္ဖီးကြင္းမွာ ခ်ယ္ဆီးနဲ႔ လီဗာပူးတို႔ ထိပ္တိုက္ေတြ႔ၾကဖို႔ ရွိေနတာေၾကာင့္ အဂၤလန္ အစြန္လူႏွစ္ဦးတို႔ထဲမွာ ဘယ္သူက ပိုစြမ္းေဆာင္ျပမလဲဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။