ပီအက်စ်ဂျီရဲ့ အားနည်းချက်ကို ထောက်ပြခဲ့ပြီး ပြုပြင်ဖို့ အချိန်တစ်ခု လိုအပ်မယ် ဝန်ခံတဲ့ ပိုချက်

ပီအက်စ်ဂျီအသင်းက မျက်နှာသစ် ကစားသမားများစွာ အင်အားဖြည့်လာခဲ့ပြီးတဲ့နောက် ဒီရာသီမှာ မိမိတို့ အသင်းအနေနဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်လို့ မန်နေဂျာ ပိုချက်တီနိုက ဝန်ခံခဲ့ပါတယ်။

မနှစ်က လီဂူးဝမ်းဖလားကို လိုင်လီထံ လက်လွှတ်ခဲ့ရပြီးနောက် နွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပီအက်စ်ဂျီထံ ဝိုက်နယ်ဒန်၊ ဟာကီမီ၊ ရာမို့စ်နဲ့ ဒွန်နာရမ်မာတို့ ရောက်ရှိလာခဲ့တယ်။

ဒီလအစောပိုင်းမှာ မက်ဆီကို ခေါ်ယူနိုင်ခဲ့တာက တခြားသော အပြောင်းအရွှေ့တွေ အားလုံးကို မှေးမှိန်စေခဲ့ပေမယ့် ဒီ နာမည်ကြီး ကစားသမားသစ်တွေနဲ့အတူ အသင်းကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ဖို့ အချိန် ယူရလိမ့်မယ်လို့ ပိုချက်တီနိုက ဆိုပါတယ်။

“ကျွန်တော်တို့က အခုမှ ရာသီအစမှာ ရှိပါသေးတယ်။ အသင်းအားလုံးအတွက် ပွဲတစ်ပွဲကို အနိုင်ရဖို့က ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ တိုးတက်ဖို့ လိုအပ်တဲ့ အရာတွေ ရှိပါတယ်။ ခံစစ်မှာ ကျွန်တော်တို့ကို ထိခိုက်နေစေတဲ့ ကစားပုံ အကူးအပြောင်း ကာလတွေကို ဂရုစိုက်ဖို့ လိုအပ်နေပါတယ်။

ရာသီကို ကောင်းကောင်းစတင်နိုင်နေတာအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ တောက်ပတဲ့ ကစားသမားတွေ အများကြီး ကျွန်တော်တို့မှာ ရှိထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပြီးပြည့်စုံတဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါက စိန်ခေါ်မှုဖြစ်သလို လွယ်ကူမှာတော့ မဟုတ်ဘူး။

ကျွန်တော်တို့မှာ ရှိတဲ့ အရည်အချင်းကောင်းတွေကြားမှာ ဟန်ချက်ညီမှုကို ရှာဖွေဖို့လိုတယ်။ ဒါက အချိန်ယူရမှာပါ ” လို့ ပိုချက်တီနိုက ပြောဆိုခဲ့တာပါ။

ပီအက်စ်ဂျီဟာ ဒီရာသီ လီဂူးဝမ်း အဖွင့် ၃ ပွဲမှာ ၁၀ ဂိုးအထိ ရရှိခဲ့ပြီး ဖြစ်ပေမယ့် ပေးဂိုး ၅ ဂိုးလဲ ရှိထားပြီဖြစ်တယ်။ ပိုချက်တီနို အနေနဲ့ ခံစစ် အားနည်းတဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးပဲ အသင်းခေါင်းဆောင် ကင်ပန်ဘီကလဲ အသင်းဟာ ကစားသမားသစ်တွေဖြင့် အသားကျလာဖို့ လိုအပ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ ကျွန်တော်တို့ ပီအက်စ်ဂျီအသင်းက အခုချိန်ထိ မပြည့်စုံသေးဘူး။ ကျွန်တော်တို့တွေ ဖန်တီးရမယ့် ချိတ်ဆက်မှုတွေ ရှိပါသေးတယ်။ ကစားသမားသစ်တွေနဲ့ အသားကျအောင် လုပ်ရဦးမယ်”လို့ ကင်ပန်ဘီက ပြောဆိုထားခဲ့တာပါ။

ပီအက်စ်ဂျီအသင်း ကစားသမားသစ်ဖြစ်တဲ့ မက်ဆီဟာ အခုချိန်ထိ သူ့ရဲ့ ပထမဆုံးသော အမှတ်ပေးပွဲကို မကစားရသေးပါဘူး။ မက်ဆီဟာ စက်တင်ဘာ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ဩဂုတ် ၂၉ ရက်နေ့၊ ရိမ်းစ်နဲ့ တွေ့ဆုံရမယ့်ပွဲမှာ ပါဝင်ကစားရနိုင်ခြေ ရှိနေပါတယ်။

ZAWGYI – ပီအက္စ္ဂ်ီအသင္းက မ်က္ႏွာသစ္ ကစားသမားမ်ားစြာ အင္အားျဖည့္လာခဲ့ျပီးတဲ့ေနာက္ ဒီရာသီမွာ မိမိတို႔ အသင္းအေနနဲ႔ အသင္းတစ္သင္းကို တည္ေဆာက္ႏိုင္ဖို႔ လိုအပ္ပါတယ္လို႔ မန္ေနဂ်ာ ပိုခ်က္တီႏိုက ဝန္ခံခဲ့ပါတယ္။

မႏွစ္က လီဂူးဝမ္းဖလားကို လိုင္လီထံ လက္လႊတ္ခဲ့ရၿပီးေနာက္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ကာလအတြင္း ပီအက္စ္ဂ်ီထံ ဝိုက္နယ္ဒန္၊ ဟာကီမီ၊ ရာမို႔စ္နဲ႔ ဒြန္နာရမ္မာတို႔ ေရာက္ရွိလာခဲ့တယ္။

ဒီလအေစာပိုင္းမွာ မက္ဆီကို ေခၚယူႏိုင္ခဲ့တာက တျခားေသာ အေျပာင္းအေ႐ႊ႕ေတြ အားလုံးကို ေမွးမွိန္ေစခဲ့ေပမယ့္ ဒီ နာမည္ႀကီး ကစားသမားသစ္ေတြနဲ႔အတူ အသင္းကို အေကာင္းဆုံး ျဖစ္ေအာင္ တည္ေဆာက္ဖို႔ အခ်ိန္ ယူရလိမ့္မယ္လို႔ ပိုခ်က္တီႏိုက ဆိုပါတယ္။

“ကြၽန္ေတာ္တို႔က အခုမွ ရာသီအစမွာ ရွိပါေသးတယ္။ အသင္းအားလုံးအတြက္ ပြဲတစ္ပြဲကို အႏိုင္ရဖို႔က ဘယ္ေလာက္ခက္ခဲတယ္ဆိုတာ ကြၽန္ေတာ္တို႔ ျမင္ႏိုင္ပါတယ္။ တိုးတက္ဖို႔ လိုအပ္တဲ့ အရာေတြ ရွိပါတယ္။ ခံစစ္မွာ ကြၽန္ေတာ္တို႔ကို ထိခိုက္ေနေစတဲ့ ကစားပံု အကူးအေျပာင္း ကာလေတြကို ဂရုစိုက္ဖို႔ လိုအပ္ေနပါတယ္။

ရာသီကို ေကာင္းေကာင္းစတင္ႏုိင္ေနတာအတြက္ ကြၽန္ေတာ္ အရမ္းေပ်ာ္ပါတယ္။ ေတာက္ပတဲ့ ကစားသမားေတြ အမ်ားႀကီး ကြၽန္ေတာ္တို႔မွာ ရွိထားပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ၿပီးျပည့္စုံတဲ့ အသင္းတစ္သင္းကို တည္ေဆာက္ဖို႔ လိုအပ္ပါတယ္။ ဒါက စိန္ေခၚမႈျဖစ္သလို လြယ္ကူမွာေတာ့ မဟုတ္ဘူး။

ကြၽန္ေတာ္တို႔မွာ ရွိတဲ့ အရည္အခ်င္းေကာင္းေတြၾကားမွာ ဟန္ခ်က္ညီမႈကို ရွာေဖြဖို႔လိုတယ္။ ဒါက အခ်ိန္ယူရမွာပါ ” လို႔ ပိုခ်က္တီႏိုက ေျပာဆိုခဲ့တာပါ။

ပီအက္စ္ဂ်ီဟာ ဒီရာသီ လီဂူးဝမ္း အဖြင့္ ၃ ပြဲမွာ ၁၀ ဂိုးအထိ ရရွိခဲ့ၿပီး ျဖစ္ေပမယ့္ ေပးဂိုး ၅ ဂိုးလဲ ရွိထားျပီျဖစ္တယ္။ ပိုခ်က္တီႏို အေနနဲ႔ ခံစစ္ အားနည္းတဲ့ ျပႆနာကို မေျဖရွင္းႏိုင္ေသးပဲ အသင္းေခါင္းေဆာင္ ကင္ပန္ဘီကလဲ အသင္းဟာ ကစားသမားသစ္ေတြျဖင့္ အသားက်လာဖို႔ လိုအပ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

“ ကြၽန္ေတာ္တို႔ ပီအက္စ္ဂ်ီအသင္းက အခုခ်ိန္ထိ မျပည့္စုံေသးဘူး။ ကြၽန္ေတာ္တို႔ေတြ ဖန္တီးရမယ့္ ခ်ိတ္ဆက္မႈေတြ ရွိပါေသးတယ္။ ကစားသမားသစ္ေတြနဲ႔ အသားက်ေအာင္ လုပ္ရဦးမယ္”လို႔ ကင္ပန္ဘီက ေျပာဆိုထားခဲ့တာပါ။

ပီအက္စ္ဂ်ီအသင္း ကစားသမားသစ္ျဖစ္တဲ့ မက္ဆီဟာ အခုခ်ိန္ထိ သူ႔ရဲ႕ ပထမဆံုးေသာ အမွတ္ေပးပြဲကို မကစားရေသးပါဘူး။ မက္ဆီဟာ စက္တင္ဘာ ႏိုင္ငံတကာ ရက္သတၱပတ္ မတိုင္ခင္ ဩဂုတ္ ၂၉ ရက္ေန႔၊ ရိမ္းစ္နဲ႔ ေတြ႕ဆုံရမယ့္ပြဲမွာ ပါဝင္ကစားရႏိုင္ေျခ ရွိေနပါတယ္။