ဝိတ်ချခြင်း၊ တိုက်စစ် ပုံစံပြောင်း ကစားခြင်းနဲ့အတူ တစ်ဆင့်မြင့်လာခဲ့ကြောင်း ရှင်းပြတဲ့ လူကာကူ

ဒီနွေရာသီမှာ လူကာကူရဲ့ အင်တာကနေ ချယ်ဆီးထံ ပေါင် ၉၇ သန်း အပြောင်းအရွှေ့ဟာ လန်ဒန်ကလပ်အတွက် စံချိန်တင်ကြေးဖြစ်ပြီး ဘယ်လ်ဂျီယမ်သားကို ကလပ်သမိုင်းမှာ ဈေးအကြီးဆုံး ကစားသမား ဖြစ်လာစေပါတယ်။

တိုက်စစ်မှူးဟာ သူ့ကစားသမားဘဝတစ်လျှောက် အတက်အကျတွေ များစွာ ကြုံခဲ့ရပြီး မတူညီတဲ့ ကလပ် ၆ ခုကို ပြောင်းရွှေ့ခဲ့ရသလို ဘယ်ကလပ်မှာမှ ကာလရှည်ကြာ မနေခဲ့ရတာလဲ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်သားဟာ တိုက်စစ်မှာ ၎င်းရဲ့ မြန်နှုန်းနဲ့ တိကျသေချာမှုတွေ ပျောက်ဆုံးခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်မှာ ကျရှုံးခဲ့ပြီးနောက် အင်တာကို ရောက်ရှိခဲတဲ့ ၂ နှစ်အတွင်း ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

အိုလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ ကျရှုံးမှုဟာ လူကာကူအတွက် အတိုင်းအဆနဲ့ စားရတဲ့ diet ပြောင်းလဲမှုနဲ့အတူ ကွင်းပြင်ပ နေထိုင်မှုပုံစံကို လုံးဝပြောင်းလဲလိုက်ဖို့ တွန်းအားပေးခဲ့တာပါ။

အစောခြေစနစ် ချွတ်ယွင်းမှု

ယူနိုက်တက်မှာတုန်းက လူကာကူအနေနဲ့ အတော်လေး ဝနေခဲ့တာဟာ သူ့ရဲ့ အစောခြေစနစ် ချွတ်ယွင်းခဲ့မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လူကာကူက

“ပုံမှန်အားဖြင့်တော့ ကျွန်တော့်မှာ ကောင်းမွန်တဲ့ အစာခြေစနစ်ရှိပါတယ်။ ကျွန်တော်က အရာအားလုံးကို မြန်မြန်ဆန်ဆန်ပဲ အစောခြေဖျက်နိုင်တယ်။ ကျွန်တော့်တစ်ဘဝလုံး အဲ့လို ဖြစ်ခဲ့တာပါ ဒါပေမယ့် ယူနိုက်တက်မှာတုန်းကတော့ အဲ့ဒီ့ အစာခြေစနစ်မြန်တာက ရပ်တန့်သွားပြီလို့ အာဟာရဗေဒ ပညာရှင်က ကျွန်တော့်ကို ပြောခဲ့တယ် ” လို့ ရှင်းပြခဲ့ပါတယ်။

Diet ပြောင်းလဲခြင်း

အစာခြေစနစ်ကို ပြန်လည်ပြင်ဆင်ဖို့ အဓိက အချက်က အတိုင်းအဆနဲ့ ချိန်ဆ စားရတဲ့ diet မှာ အခြေခံပြောင်းလဲမှုတွေ လုပ်ရတာ ဖြစ်ပါတယ်။ သူဟာ ဝိတ်ချဖို့ အာလူးတွေ၊ ဆီကြော်အစာတွေနဲ့ အရက်ကို ရှောင်ကြဉ်ခဲ့ပြီးတော့ ၁၂ ရက်အတွင်းမှာပဲ ၇ ပေါင်လောက် ကျသွားပါတယ်။ ဒီပြောင်းလဲမှုဟာ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို လုံးဝပြောင်းလဲစေခဲ့ပြီးတော့ ကွင်းထဲက စွမ်းဆောင်ရည်အပေါ်မှာပါ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ပေးခဲ့တာပါ။

“ကျွန်တော် အင်တာကို ရောက်ပြီးနောက်ပိုင်း ကျွန်တော့် diet ကို ပြောင်းလဲခဲ့ပြီးတော့ ကျွန်တော် ဒီလို အင်ပြည့်အားပြည့်ဖြစ်နေတာမျိုး တစ်ကြိမ်မှကို မခံစားခဲ့ရဖူးဘူးဆိုတာ ပြောနိုင်ပါတယ်။ ကျွန်တော့် diet မှာ နေ့လည်စာအတွက် အရွက်သုပ်တွေနဲ့အတူ ကြက်ရင်ပုံသား၊ ရှီရာတာကီ ပါစတာ စားရတယ်။

ကျွန်တော် အစာစားတဲ့ပုံစံကို အများကြီး မပြောင်းလဲပါဘူး။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဖို့လိုတယ်။ အများကြီး ပြေးရတယ်လေ။ အဲ့ဒီ့ နေထိုင်မှုပုံစံကို ကျွန်တော် လိုက်လုပ်ပြီးနောက်ပိုင်း ကွင်းထဲမှာ ခံစားချက်တွေ ပိုကောင်းလာပြီး ပိုမြန်ဆန်လာတယ်ဆိုတာ ခံစားရတယ်။

ကျွန်တော် ကစီဓာတ်ပါတဲ့ အစားအစာတွေကို ကြိုက်တယ်။ အာလူး၊ ကန်စွန်းဥ၊ ဆန်မဲ ကြိုက်တယ်။ ဒါပေမယ့် ပါစတာကို သိပ်မစားဘူး။ ကျွန်တော်က အမြဲတမ်း ကြွက်သားတွေနဲ့ ပေါက်ကွဲလွယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အီတလီက ကျွန်တော်တို့ နောက်တဆင့် မြှင့်တင်ပေးခဲ့တာပဲ။

ကျွန်တော် ဒီလောက်သန်မာတယ်လို့ အရင်က လုံးဝကို မခံစားခဲ့ရဖူးဘူး။ ကျွန်တော့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နောက်တဆင့် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် ပွဲတွေပြီးရင် ကာဘိုဟိုက်ဒရိုက် (ကစီဓာတ်) တွေ အများကြီး စားတယ်။ အမြဲတမ်းလိုလို အီတာလျံ gnocchi နှစ်ပွဲ စားရတယ်။ ဒါတွေက အစာကြေလွယ်စေပြီးတော့ ကျွန်တော့်ကို သအများကြီး အကူအညီဖြစ်စေပါတယ်။

ကျွန်တော် အင်တာကို ရောက်ကတည်းက ကျွန်တော့်ရဲ့ ကိုယ်ထည်အတွက် စစ်ဆေးမှုတွေလုပ်ခဲ့ပြီး အများကြီး ပြောင်းလဲခဲ့တယ်။ ဗီတာမင်တွေလဲ သောက်ရပါတယ်”လို့ လူကာကူ က ဆိုပါတယ်။

နားလည်မှုလွဲခြင်း

လူကာကူရဲ့ ကစားသမားဘဝကို ကျောထောက်နောက်ခံ ပေးထားတဲ့ အရာက သူ့ရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ ကြံ့ခိုင်မှုဟာ သူ့ကို အကောင်းဆုံးဖြစ်အောင် ဘယ်လို အသုံးချမလဲဆိုတာနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ကောက်ချက်ဆွဲမှုတွေ ဖြစ်ပေါ်စေခဲ့တာပါ။ သူဟာ မကြာခဏ target man အဖြစ် ကစားခဲ့ရပေမယ့် သူ့ရဲ့ တကယ့် အားသာချက်က အာရုံစိုက်မှု မခံပဲ နောက်ခံလူတွေရဲ့ အနောက်မှာ ပြေးလွှားနေရာယူခြင်းပဲ ဖြစ်ပါတယ်။

“လူတော်တော်များများက ကျွန်တော့်ကို ကျွန်တော်မဟုတ်တဲ့ ကစားသမားမျိုးပုံစံနဲ့ ကစားခိုင်းတယ်။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အရွယ် အစားကြောင့် ကျွန်တော်က နောက်ခံလူတွေအားလုံးကို ကျော်ဖြတ်ပြီး ဘောလုံးကို ထိန်းကစားနိုင်တယ်လို့ ထင်ကြတယ်။ ကျွန်တော်က တကယ်ဆို အဲ့လိုလူမျိုး မဟုတ်ပါဘူး။

ကျွန်တော် ၁၀၀ ရာခိုင်နှုန်း ဂိုးသွင်းတဲ့သူပါ။ ဂိုးပေါက်နဲ့ ရင်ဆိုင်ရဖို့လိုတယ်။ အဲ့လိုမှပဲ ကျွန်တော်က တဖက်အသင်းကို ခြိမ်းခြောက်နိုင်တာပါ။ ဒါကြောင့် ကျွန်တော် ဘယ်လ်ဂျီယမ်အတွက် ကစားရင် ပိုပြီးတော့ အန္တရာယ်ပေးနိုင်တာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်က တချိန်လုံး ဂိုးနဲ့ ရင်ဆိုင်ရတဲ့ နေရာမှာ ရှိနေတာလေ”လို့ လူကာကူက ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။