ရာသီသစ်အတွက် အသာတင် အသုံးစရိတ် ပေါင် သန်း ရာကျော်ခဲ့ပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အိုဒီဂတ်ကို ခေါ်ယူဖို့ သဘောတူညီမှုရပြီး နောက်တစ်ရက်မှာပဲ ဂိုးသမား ရမ်စ်ဒေးအတွက်လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

အိုဒီဂတ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ အပြင် ထပ်တိုးကြေး ပေါင် ၄ သန်း ပါဝင်ခြင်းကြောင့် ပေါင် ၃၄ သန်းဖြင့် သဘောတူညီမှုရခဲ့ခြင်းဖြစ်တယ်။ နော်ဝေကွင်းလယ်လူဟာ အာဆင်နယ်မှာ ၂၀၂၅ ခုနှစ်ထိ ရှိနေမယ့် ၄ နှစ် သက်တမ်းတိုးမှာဖြစ်ကာ ကလပ်ဘက်က ဆန္ဒရှိရင် နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်ပါမယ်။

အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ လန်ဒန်ကလပ်နဲ့ ဆေးစစ်မှု နှစ်ကြိမ်လုံးကို ပြီးမြောက်ခဲ့ပြီဖြစ်တာကြောင့် တနင်္ဂနွေနေ့ ယှဉ်ပြိုင်ကစားမယ့် ချယ်ဆီးနဲ့ပွဲမှာ လူစာရင်းကနေ ပါဝင်မလားဆိုတာ သူ့ရဲ့ ဗီဇာအပေါ် မူတည်ပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မနှစ်ကရာသီ အာဆင်နယ်ကို အငှားလာကစားချိန်မှာ ပွဲပေါင်း ၂၀ ကစားခဲ့ပြီး သွင်းဂိုး ၂ ဂိုး သွင်းယူခဲ့တဲ့ အိုဒီဂတ်ဟာ မန်နေဂျာအန်ဆယ်လော့တီရဲ့ အထင်ကြီးမှုကို မရခြင်းကြောင့် အာဆင်နယ်ကို ပြောင်းလာဖို့ ရွေးချယ်ခဲ့တယ်။ အသက် ၁၇ နှစ်တည်းက ပူးပေါင်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်မှာတော့ သူဟာ လိဂ်ပွဲ ၈ ပွဲပဲ ကစားခဲ့ရသူဖြစ်ပါတယ်။

ဒီကနေ့မနက်မှာလည်း အာဆင်နယ်ဟာ ရှက်ဖီးယူနိုက်တက်မှ ဂိုးသမား ရမ်စ်ဒေးကို အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ထပ်ရခဲ့ပြီဖြစ်ပါတယ်။ ရှက်ဖီးဘက်က ပေါင် သန်း ၄၀ တောင်းခံပေမယ့်လည်း အာဆင်နယ်က ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်း၊ ထပ်တိုးကြေး ပေါင် ၆ သန်းဆိုတဲ့ ပေါင် သန်း ၃၀ ဖြင့် သဘောတူညီမှု ရခဲ့ခြင်းဖြစ်ပါတယ်။

ရမ်စ်ဒေးကလည်း အိုဒီဂတ်နည်းတူ လေးနှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ကာ ကလပ်ဘက်က အလိုရှိရင် နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်ပါဝင်ပါမယ်။ အင်္ဂလန်ယူ-၂၁ ဂိုးသမားဟာ လီနိုရဲ့ ပွဲထွက်နေရာကို ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။ ရမ်စ်ဒေးကိုလည်း ချယ်ဆီးနဲ့ပွဲနေ့လူစာရင်းမှာ ထည့်သွင်းနိုင်ဖို့ အာဆင်နယ်ဘက်က ကြိုးစားဖွယ်ရှိနေပါတယ်။

သူတို့နှစ်ဦးကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရခဲ့ခြင်းကြောင့် ဒီနွေမှာ အာဆင်နယ်ရဲ့ ပြောင်းရွှေ့ကြေး အသုံးစရိတ်ဟာ ပေါင် ၁၃၉ သန်းထိ ရှိလာခဲ့ပြီဖြစ်တယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ဘမ်ဝိုက်အတွက် ပေါင် သန်း ၅၀၊ လိုကွန်ဂါအတွက် ပေါင် ၁၈ သန်း၊ တာဘာရိစ်အတွက် ပေါင် ၇ သန်း၊ အိုဒီဂတ်အတွက် ပေါင် ၃၄ သန်းနဲ့ ရမ်စ်ဒေးအတွက် ပေါင် သန်း ၃၀ တို့ကို ပေါင် ၁၃၉ သန်း အကုန်အကျခံ ခေါ်ယူထားပြီး လူငယ်ကွင်းလယ်လူ ဝယ်လော့ကို ပေါင်း ၂၅ သန်းဖြင့် ရောင်းထုတ်ထားတာဖြစ်ပါတယ်။

ZAWGYI – အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အိုဒီဂတ္ကို ေခၚယူဖို႔ သေဘာတူညီမႈရျပီး ေနာက္တစ္ရက္မွာပဲ ဂိုးသမား ရမ္စ္ေဒးအတြက္လည္း ေျပာင္းေရႊ႔ေၾကး သေဘာတူညီမႈ ရခဲ့ျပီျဖစ္ပါတယ္။

အိုဒီဂတ္အတြက္ ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၃၀ အျပင္ ထပ္တိုးေၾကး ေပါင္ ၄ သန္း ပါဝင္ျခင္းေၾကာင့္ ေပါင္ ၃၄ သန္းျဖင့္ သေဘာတူညီမႈရခဲ့ျခင္းျဖစ္တယ္။ ေနာ္ေဝကြင္းလယ္လူဟာ အာဆင္နယ္မွာ ၂၀၂၅ ခုႏွစ္ထိ ရွိေနမယ့္ ၄ ႏွစ္ သက္တမ္းတိုးမွာျဖစ္ကာ ကလပ္ဘက္က ဆႏၵရွိရင္ ေနာက္ထပ္ ၁ ႏွစ္ သက္တမ္းတိုးခြင့္ ပါဝင္ပါမယ္။

အသက္ ၂၂ ႏွစ္အရြယ္ ကြင္းလယ္လူဟာ လန္ဒန္ကလပ္နဲ႔ ေဆးစစ္မႈ ႏွစ္ၾကိမ္လံုးကို ျပီးေျမာက္ခဲ့ျပီျဖစ္တာေၾကာင့္ တနဂၤေႏြေန႔ ယွဥ္ျပိဳင္ကစားမယ့္ ခ်ယ္ဆီးနဲ႔ပြဲမွာ လူစာရင္းကေန ပါဝင္မလားဆိုတာ သူ႔ရဲ႕ ဗီဇာအေပၚ မူတည္ျပီး ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

မႏွစ္ကရာသီ အာဆင္နယ္ကို အငွားလာကစားခ်ိန္မွာ ပြဲေပါင္း ၂၀ ကစားခဲ့ျပီး သြင္းဂိုး ၂ ဂိုး သြင္းယူခဲ့တဲ့ အိုဒီဂတ္ဟာ မန္ေနဂ်ာအန္ဆယ္ေလာ့တီရဲ႕ အထင္ၾကီးမႈကို မရျခင္းေၾကာင့္ အာဆင္နယ္ကို ေျပာင္းလာဖို႔ ေရြးခ်ယ္ခဲ့တယ္။ အသက္ ၁၇ ႏွစ္တည္းက ပူးေပါင္းခဲ့တဲ့ ရီးရဲလ္မက္ဒရစ္မွာေတာ့ သူဟာ လိဂ္ပြဲ ၈ ပြဲပဲ ကစားခဲ့ရသူျဖစ္ပါတယ္။

ဒီကေန႔မနက္မွာလည္း အာဆင္နယ္ဟာ ရွက္ဖီးယူႏုိက္တက္မွ ဂိုးသမား ရမ္စ္ေဒးကို အျပီးသတ္ ေခၚယူဖို႔ သေဘာတူညီမႈ ထပ္ရခဲ့ျပီျဖစ္ပါတယ္။ ရွက္ဖီးဘက္က ေပါင္ သန္း ၄၀ ေတာင္းခံေပမယ့္လည္း အာဆင္နယ္က ကနဦး ေျပာင္းေရႊ႔ေၾကး ေပါင္ ၂၄ သန္း၊ ထပ္တိုးေၾကး ေပါင္ ၆ သန္းဆိုတဲ့ ေပါင္ သန္း ၃၀ ျဖင့္ သေဘာတူညီမႈ ရခဲ့ျခင္းျဖစ္ပါတယ္။

ရမ္စ္ေဒးကလည္း အိုဒီဂတ္နည္းတူ ေလးႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္ကာ ကလပ္ဘက္က အလိုရွိရင္ ေနာက္ထပ္ တစ္ႏွစ္ သက္တမ္းတိုးခြင့္ပါဝင္ပါမယ္။ အဂၤလန္ယူ-၂၁ ဂိုးသမားဟာ လီႏိုရဲ႕ ပြဲထြက္ေနရာကို ယွဥ္ျပိဳင္သြားရမွာပဲျဖစ္ပါတယ္။ ရမ္စ္ေဒးကိုလည္း ခ်ယ္ဆီးနဲ႔ပြဲေန႔လူစာရင္းမွာ ထည့္သြင္းႏုိင္ဖို႔ အာဆင္နယ္ဘက္က ၾကိဳးစားဖြယ္ရွိေနပါတယ္။

သူတို႔ႏွစ္ဦးကို ေခၚယူႏုိင္ဖို႔ သေဘာတူညီမႈရခဲ့ျခင္းေၾကာင့္ ဒီေႏြမွာ အာဆင္နယ္ရဲ႕ ေျပာင္းေရႊ႔ေၾကး အသံုးစရိတ္ဟာ ေပါင္ ၁၃၉ သန္းထိ ရွိလာခဲ့ျပီျဖစ္တယ္။

အာဆင္နယ္ဟာ ဒီေႏြမွာ ဘမ္ဝိုက္အတြက္ ေပါင္ သန္း ၅၀၊ လိုကြန္ဂါအတြက္ ေပါင္ ၁၈ သန္း၊ တာဘာရိစ္အတြက္ ေပါင္ ၇ သန္း၊ အိုဒီဂတ္အတြက္ ေပါင္ ၃၄ သန္းနဲ႔ ရမ္စ္ေဒးအတြက္ ေပါင္ သန္း ၃၀ တို႔ကို ေပါင္ ၁၃၉ သန္း အကုန္အက်ခံ ေခၚယူထားျပီး လူငယ္ကြင္းလယ္လူ ဝယ္ေလာ့ကို ေပါင္း ၂၅ သန္းျဖင့္ ေရာင္းထုတ္ထားတာျဖစ္ပါတယ္။