စတင်တော့မယ့် ပရီးမီးယားလိဂ်အတွက် ကလပ်တွေရဲ့ လှုပ်ရှားမှုနဲ့ ဒီကနေ့ည ဘောလုံးသတင်းများ

ယူနိုက်တက် ခံစစ်မှူး ဗာရိန်းဟာ ကလပ်နဲ့ ဒုတိယအဆင့် ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သတင်းထောက် Fabrizio Romano က ဖော်ပြသွားပါတယ်။

လူကာကူဟာ သူ့ရဲ့ အေးဂျင့်နဲ့အတူ မိုနာကိုမှာ ချယ်ဆီးထံ ပြောင်းရွှေ့ရေးအတွက် လက်မှတ်ရေးထိုးခဲ့ပါပြီ။ မကြာခင်မှာတော့ ချယ်ဆီးနဲ့ ပူးပေါင်းဖို့ လန်ဒန်ကို အရောက်လာတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက နွေဈေးကွက်ထဲမှာ ဘာလုပ်နိုင်မလဲ စောင့်ကြည့်နေသေးပေမယ့်လို့ လှုပ်ရှားမှုတွေ မလိုအောင်ကို အသင်းမှာ ကစားသမားကောင်းတွေက ရှိနေပြီးပါပြီလို့ ယာဂင်ကလော့ပ်က ထုတ်ပြောလာပါတယ်။

နယူးကာဆယ်ကို ပြောင်းရွှေ့တော့မယ်လို့ သတင်းကြီးနေတဲ့ ဝယ်လော့ဟာ အခုချိန်ထိ လန်ဒန်ကိုနေးမှာပဲ ရှိနေသေးတာကို သူ့ရဲ့ အင်စတာဂရမ်ပုံတွေအရ သိရပါတယ်။

တိုက်စစ်မှူး ဒီဇီကိုဟာ ရိုးမား ထရိန်နင်ကနေ ထွက်ခွာပြီး အင်တာမီလန်နဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့ မီလန်သို့ ခရီးထွက်ခွာသွားပြီ ဖြစ်ကြောင်း အီတလီသတင်းတွေ့ ဖော်ပြထားပါတယ်။

အာဂျင်တီးနား တိုက်စစ်သမား ဒိုင်ဘားလားဟာ ဂျူဗင်တပ်အသင်း တာဝန်ရှိသူတွေနဲ့ စနေနေ့မှာ တွေ့ဆုံ စကားပြောပြီး စာချုပ်သစ်ကိစ္စ ဆွေးနွေးထားကြောင်း စကိုင်းစပေါ့ အီတလီ သတင်းက ဖော်ပြထားပါတယ်။

လီဗာပူးအသင်း ညာအစွန်လူ နီကိုးဟာ အသင်းသစ်ထံ ကူးပြောင်းသွားဖွယ် မရှိဘဲ လာမယ့်ရာသီ မာဆေးဆိုဒ်မှာပဲ ဆက်နေမယ်လို့ သိရပါတယ်။

ဘာစီလိုနာ ဂန္တဝင် ကစားသမား အင်နီယေစတာက ၎င်းရဲ့ အသင်းဖော်ဟောင်း မက်ဆီကို တခြားကလပ်အသင်း ဂျာစီနဲ့ ကစားတာ မြင်ရရင် နာကျင်ရမှာ ဖြစ်ကြောင်း ဝန်ခံဖွင့်ဟလိုက်ပါတယ်။ ဘာစီလိုနာနဲ့ သက်တမ်းမတိုးဖြစ်တဲ့ မက်ဆီက ပီအက်စ်ဂျီအသင်းထံ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အက်စတွန်ဗီလာကနေ ထွက်ခွာပြီး မန်စီးတီးအသင်းထံ ပြောင်းရွှေ့ဖြစ်ခဲ့ရာမှာ ဂျွန်တယ်ရီနဲ့ ပြောဆိုဆွေးနွေးမှု တစ်ခုက တွန်းအားဖြစ်စေခဲ့ကြောင်း ဂျက် ဂရေးလစ်ချ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ မွန်ချင်ဂလာဘတ် ကွင်းလယ်ကစားသမား ဒန်းနစ် ဇာကရီရာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ စပါးနဲ့ အဲဗာတန်ကလည်း ချိတ်ဆက်နေတဲ့ ဇာကရီရာ ကို ချင်ဂလာဘတ်က ပေါင် ၂၇ သန်း ဝန်းကျင် ပြောင်းရွှေ့ကြေး ရရင် ထွက်ခွာခွင့် ပြုဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ ရာသီက လီဗာပူးမှာ အငှား ကစားခဲ့တဲ့ ရှော်လ်ကေး ခံစစ်မှူး ခါဘတ် ကို လက်စတာအသင်းနဲ့ ဆီဗီလာတို့က အပြိုင် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဒီကနေ့ညမှာတော့ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးနဲ့ လာလီဂါကလပ် ဗီလာရီးရဲလ်တို့ဟာ ယူအီးအက်ဖ်အေ စူပါဖလားအတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

စနေနေ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ လိဒ်နဲ့ ပွဲစဉ်မှာ ယူနိုက်တက် နည်းပြ ဆိုးရှားက သရဲနီသစ် ဆန်ချို ကို ပွဲထွက် ကစားခွင့်ပေးဖွယ် ရှိပြီး မာရှယ် တိုက်စစ် အထောင် နောက်မှာ ဂရင်းဝုဒ်၊ ဖာနန်ဒက်စ်တို့နဲ့ အတူ ဆန်ချို ပါဝင်လာဖွယ် ရှိပါတယ်။

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့အတူ သူ့ရဲ့ ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အနိုင်ယူဖို့ ရည်မှန်းထားကြောင်း အသင်းပရိသတ်နဲ့ မိတ်ဆက်ပွဲမှာပဲ မက်ဆီက ထုတ်ပြောခဲ့ပါတယ်။

စီနီယာအသင်းသားတွေကို စာချုပ်သစ်တွေ ချုပ်ဆိုဖို့ ကြိုးစားနေတဲ့ မန်စီးတီးအသင်းဟာ ဂျွန်စတုန်းကို သက်တမ်း တိုးပြီးနောက် ဖီးလ်ဖိုဒန်၊ ဂိုးသမား အီဒါဆန်နဲ့ တိုက်စစ်မှူး စတားလင်းတို့ကို သက်တမ်းတိုးဖို့ ဆက်လက် ကြိုးစားနေပါတယ်။

Zawgyi – ယူႏုိက္တက္ ခံစစ္မွဴး ဗာရိန္းဟာ ကလပ္နဲ႔ ဒုတိယအဆင့္ ေဆးစစ္မႈ ေအာင္ျမင္ခဲ့ျပီျဖစ္ေၾကာင္း သတင္းေထာက္ Fabrizio Romano က ေဖာ္ျပသြားပါတယ္။

လူကာကူဟာ သူ႔ရဲ႕ ေအးဂ်င့္နဲ႔အတူ မိုနာကိုမွာ ခ်ယ္ဆီးထံ ေျပာင္းေရႊ႔ေရးအတြက္ လက္မွတ္ေရးထိုးခဲ့ပါျပီ။ မၾကာခင္မွာေတာ့ ခ်ယ္ဆီးနဲ႔ ပူးေပါင္းဖို႔ လန္ဒန္ကို အေရာက္လာေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းက ေႏြေစ်းကြက္ထဲမွာ ဘာလုပ္ႏုိင္မလဲ ေစာင့္ၾကည့္ေနေသးေပမယ့္လို႔ လႈပ္ရွားမႈေတြ မလိုေအာင္ကို အသင္းမွာ ကစားသမားေကာင္းေတြက ရွိေနျပီးပါျပီလို႔ ယာဂင္ကေလာ့ပ္က ထုတ္ေျပာလာပါတယ္။

နယူးကာဆယ္ကို ေျပာင္းေရႊ႔ေတာ့မယ္လို႔ သတင္းၾကီးေနတဲ့ ဝယ္ေလာ့ဟာ အခုခ်ိန္ထိ လန္ဒန္ကိုေနးမွာပဲ ရွိေနေသးတာကို သူ႔ရဲ႕ အင္စတာဂရမ္ပံုေတြအရ သိရပါတယ္။

တိုက္စစ္မွဴး ဒီဇီကိုဟာ ရိုးမား ထရိန္နင္ကေန ထြက္ခြာျပီး အင္တာမီလန္နဲ႕ အေျပာင္းအေရႊ႕ အျပီးသတ္ဖို႔ မီလန္သို႔ ခရီးထြက္ခြာသြားျပီ ျဖစ္ေၾကာင္း အီတလီသတင္းေတြ႕ ေဖာ္ျပထားပါတယ္။

အာဂ်င္တီးနား တိုက္စစ္သမား ဒိုင္ဘားလားဟာ ဂ်ဴဗင္တပ္အသင္း တာ၀န္ရွိသူေတြနဲ႕ စေနေန႔မွာ ေတြ႔ဆံု စကားေျပာျပီး စာခ်ဳပ္သစ္ကိစၥ ေဆြးေႏြးထားေၾကာင္း စကိုင္းစေပါ့ အီတလီ သတင္းက ေဖာ္ျပထားပါတယ္။

လီဗာပူးအသင္း ညာအစြန္လူ နီကိုးဟာ အသင္းသစ္ထံ ကူးေျပာင္းသြားဖြယ္ မရွိဘဲ လာမယ့္ရာသီ မာေဆးဆိုဒ္မွာပဲ ဆက္ေနမယ္လို႔ သိရပါတယ္။

ဘာစီလိုနာ ဂႏၱ၀င္ ကစားသမား အင္နီေယစတာက ၄င္းရဲ႕ အသင္းေဖာ္ေဟာင္း မက္ဆီကို တျခားကလပ္အသင္း ဂ်ာစီနဲ႕ ကစားတာ ျမင္ရရင္ နာက်င္ရမွာ ျဖစ္ေၾကာင္း ၀န္ခံဖြင့္ဟလိုက္ပါတယ္။ ဘာစီလိုနာနဲ႕ သက္တမ္းမတိုးျဖစ္တဲ့ မက္ဆီက ပီအက္စ္ဂ်ီအသင္းထံ ေရာက္ရွိသြားခဲ့ျပီ ျဖစ္ပါတယ္။

အက္စတြန္ဗီလာကေန ထြက္ခြာျပီး မန္စီးတီးအသင္းထံ ေျပာင္းေရႊ႕ျဖစ္ခဲ့ရာမွာ ဂၽြန္တယ္ရီနဲ႕ ေျပာဆိုေဆြးေႏြးမႈ တစ္ခုက တြန္းအားျဖစ္ေစခဲ့ေၾကာင္း ဂ်က္ ဂေရးလစ္ခ်္က ထုတ္ေဖာ္ ေျပာဆုိလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ မြန္ခ်င္ဂလာဘတ္ ကြင္းလယ္ကစားသမား ဒန္းနစ္ ဇာကရီရာ ကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ စပါးနဲ႕ အဲဗာတန္ကလည္း ခ်ိတ္ဆက္ေနတဲ့ ဇာကရီရာ ကို ခ်င္ဂလာဘတ္က ေပါင္ ၂၇ သန္း ၀န္းက်င္ ေျပာင္းေရႊ႕ေၾကး ရရင္ ထြက္ခြာခြင့္ ျပဳဖြယ္ ရွိပါတယ္။

ျပီးခဲ့တဲ့ ရာသီက လီဗာပူးမွာ အငွား ကစားခဲ့တဲ့ ေရွာ္လ္ေကး ခံစစ္မွဴး ခါဘတ္ ကို လက္စတာအသင္းနဲ႕ ဆီဗီလာတို႔က အျပိဳင္ ေခၚယူဖို႔ ၾကိဳးစားေနပါတယ္။

ဒီကေန႔ညမွာေတာ့ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးနဲ႔ လာလီဂါကလပ္ ဗီလာရီးရဲလ္တို႔ဟာ ယူအီးအက္ဖ္ေအ စူပါဖလားအတြက္ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ပါတယ္။

စေနေန႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲ လိဒ္နဲ႕ ပြဲစဥ္မွာ ယူနိုက္တက္ နည္းျပ ဆိုးရွားက သရဲနီသစ္ ဆန္ခ်ိဳ ကို ပြဲထြက္ ကစားခြင့္ေပးဖြယ္ ရွိျပီး မာရွယ္ တိုက္စစ္ အေထာင္ ေနာက္မွာ ဂရင္း၀ုဒ္၊ ဖာနန္ဒက္စ္တို႔နဲ႕ အတူ ဆန္ခ်ိဳ ပါ၀င္လာဖြယ္ ရွိပါတယ္။

ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းနဲ႔အတူ သူ႔ရဲ႕ ၅ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ယူဖို႔ ရည္မွန္းထားေၾကာင္း အသင္းပရိသတ္နဲ႔ မိတ္ဆက္ပြဲမွာပဲ မက္ဆီက ထုတ္ေျပာခဲ့ပါတယ္။

စီနီယာအသင္းသားေတြကို စာခ်ဳပ္သစ္ေတြ ခ်ဳပ္ဆိုဖို႔ ၾကိဳးစားေနတဲ့ မန္စီးတီးအသင္းဟာ ဂၽြန္စတုန္းကို သက္တမ္း တိုးျပီးေနာက္ ဖီးလ္ဖိုဒန္၊ ဂိုးသမား အီဒါဆန္နဲ႕ တိုက္စစ္မွဴး စတားလင္းတို႔ကို သက္တမ္းတိုးဖို႔ ဆက္လက္ ၾကိဳးစားေနပါတယ္။