ဒီနွေမှာ ကစားသမားကောင်း မခေါ်ဘူးဆိုတာ လီဗာပူးမှာ ရှိနေကြပြီးမို့ပါ ဆိုလာတဲ့ ယာဂင်

နွေဈေးကွက်မှာ ကစားသမား ခေါ်ယူမှုတွေကို မျှော်လင့်ကြမှာဖြစ်ပေမယ့် လီဗာပူးမှာက ကစားသမားကောင်းတွေ ရှိနှင့်နေပြီးသားပါလို့ မန်နေဂျာယာဂင်ကလော့ပ်က ပြောလာပါတယ်။

အသင်းတိုးတက်ဖို့အတွက် ကစားသမားသစ် ခေါ်ယူမှုတွေ လုပ်ကြပေမယ့် ခေါ်ယူမှုအသစ်တွေအတွက် နေရာရှိဖို့လည်းလိုပြီး ငွေကြေးလည်း သုံးရပါလိမ့်မယ်လို့ ဂျာမာန်သားကြီးက ထုတ်ပြောခဲ့တယ်။ လီဗာပူးဟာ နွေဈေးကွက်ကနေ ခံစစ်မှူး ကိုနတေးကို ခေါ်ယူထားကာ အခြားသော ခေါ်ယူမှုတွေအတွက် သတင်းကြီးမှုတွေ ရှိထားပေမယ့် တရားဝင် ချိတ်ဆက်မှုတွေ ရှိမလာသေးပါဘူး။

ယာဂင်ကလော့ပ်က “ အခုက နွေကာလပါ၊ ဈေးကွက်ကလည်း ဖွင့်နေပါတယ်။ ဒီတော့ လူတိုင်းက ကစားသမားအချို့ကို လက်မှတ်ထိုး ခေါ်ယူဖို့ မျှော်လင့်ကြပါတယ်။ ဘာတွေဖြစ်လာမယ်ဆိုတာကို ကျနေ်ာတို့ ကြည့်ရမှာပါ။

အချိန်တိုင်းမှာ ပြောင်းလဲမှုတွေ လုပ်နေဖို့ လိုပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်ဖို့လည်း နေရာလွတ်တွေ ရှိနေဖို့လိုပါတယ်။ ကျနေ်ာတို့ ကစားသမားတွေ ပိုလာတာကို မလိုချင်ပါဘူး။ တစ်နေရာမှာ တစ်ခုခုဖြစ်ရင်တော့ ကစားသမား ခေါ်ယူမှုလို တစ်ခုခုက ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားတွေ ပိုများလာဖို့ ထည့်သွင်းတာမျိုးက အဓိပ္ပာယ် မရှိပါဘူး။

လူစာရင်းကို ကြည့်လိုက်ရအောင်ပါ။ အစွန်သမား အသစ်တွေ ဝယ်လိုတာလား? ဂိုးသမားသစ် ဝယ်လိုတာလား? ကျနေ်ာတို့မှာ ကစားသမားကောင်းတွေ ရှိပြီးသားပါ။ ကစားသမားကောင်းတွေ ထပ်လိုချင်တယ်ဆိုရင် ငွေကြေးတွေ အများကြီး သုံးစွဲရပါတယ်။ ကျနေ်ာတို့ အဲ့လို လုပ်ဖို့ မလိုပါဘူး ဘာလို့လည်းဆိုတော့ ကျနေ်ာတို့မှာ ကစားသမားကောင်းတွေ ရှိနှင့်နေပြီးပါပြီ ” လို့ ဆိုခဲ့တယ်။

ကလပ်တွေက ကိုယ်စီကိုယ်စီ ပြင်ဆင်မှုတွေ ပြုလုပ်နေကြတာဖြစ်သလို လီဗာပူးအသင်းက ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုထဲ ဝင်ပါနိုင်ဖို့ ရည်မှန်းနေကြောင်းကို ယာဂင်က ဖွင့်ဟခဲ့တယ်။

ယာဂင်က “ ကျနေ်ာတို့က ဘောလုံးအသင်းကောင်းတစ်သင်းဖြစ်ပါတယ် ဒါကို ကျနေ်ာတို့အားလုံး သိထားပါတယ်။ ဘယ်အသင်းက အကောင်းဆုံးလဲတော့ ကျနော် မသိပါဘူး။ အသင်းတော်တော်များများကတော့ အကောင်းဆုံးတွေထဲဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုအတွက် ကျနေ်ာတို့ကလည်း အကောင်းဆုံး ကြိုးစားရပါမယ်။

အခြားသော အသင်းတွေက နွေဈေးကွက်မှာ ကစားသမားကောင်းတွေ ခေါ်ယူနေတယ်ဆိုတာ သူတို့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေလို့ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ကလည်း ရည်မှန်းချက်ကြီးတွေ ရှိထားပြီး အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ေႏြေစ်းကြက္မွာ ကစားသမား ေခၚယူမႈေတြကို ေမွ်ာ္လင့္ၾကမွာျဖစ္ေပမယ့္ လီဗာပူးမွာက ကစားသမားေကာင္းေတြ ရွိႏွင့္ေနျပီးသားပါလို႔ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေျပာလာပါတယ္။

အသင္းတိုးတက္ဖို႔အတြက္ ကစားသမားသစ္ ေခၚယူမႈေတြ လုပ္ၾကေပမယ့္ ေခၚယူမႈအသစ္ေတြအတြက္ ေနရာရွိဖို႔လည္းလိုျပီး ေငြေၾကးလည္း သံုးရပါလိမ့္မယ္လို႔ ဂ်ာမာန္သားၾကီးက ထုတ္ေျပာခဲ့တယ္။ လီဗာပူးဟာ ေႏြေစ်းကြက္ကေန ခံစစ္မွဴး ကိုနေတးကို ေခၚယူထားကာ အျခားေသာ ေခၚယူမႈေတြအတြက္ သတင္းၾကီးမႈေတြ ရွိထားေပမယ့္ တရားဝင္ ခ်ိတ္ဆက္မႈေတြ ရွိမလာေသးပါဘူး။

ယာဂင္ကေလာ့ပ္က “ အခုက ေႏြကာလပါ၊ ေစ်းကြက္ကလည္း ဖြင့္ေနပါတယ္။ ဒီေတာ့ လူတိုင္းက ကစားသမားအခ်ိဳ႔ကို လက္မွတ္ထိုး ေခၚယူဖို႔ ေမွ်ာ္လင့္ၾကပါတယ္။ ဘာေတြျဖစ္လာမယ္ဆိုတာကို က်ေန္ာတို႔ ၾကည့္ရမွာပါ။

အခ်ိန္တိုင္းမွာ ေျပာင္းလဲမႈေတြ လုပ္ေနဖို႔ လိုပါတယ္။ ဒါေပမယ့္ အဲ့လိုလုပ္ဖို႔လည္း ေနရာလြတ္ေတြ ရွိေနဖို႔လိုပါတယ္။ က်ေန္ာတို႔ ကစားသမားေတြ ပိုလာတာကို မလိုခ်င္ပါဘူး။ တစ္ေနရာမွာ တစ္ခုခုျဖစ္ရင္ေတာ့ ကစားသမား ေခၚယူမႈလို တစ္ခုခုက ျဖစ္သြားႏုိင္ပါတယ္။ ဒါေပမယ့္ ကစားသမားေတြ ပိုမ်ားလာဖို႔ ထည့္သြင္းတာမ်ိဳးက အဓိပၸာယ္ မရွိပါဘူး။

လူစာရင္းကို ၾကည့္လိုက္ရေအာင္ပါ။ အစြန္သမား အသစ္ေတြ ဝယ္လိုုုုုုတာလား? ဂိုးသမားသစ္ ဝယ္လိုတာလား? က်ေန္ာတို႔မွာ ကစားသမားေကာင္းေတြ ရွိျပီးသားပါ။ ကစားသမားေကာင္းေတြ ထပ္လိုခ်င္တယ္ဆိုရင္ ေငြေၾကးေတြ အမ်ားၾကီး သံုးစြဲရပါတယ္။ က်ေန္ာတို႔ အဲ့လို လုပ္ဖို႔ မလိုပါဘူး ဘာလို႔လည္းဆိုေတာ့ က်ေန္ာတို႔မွာ ကစားသမားေကာင္းေတြ ရွိႏွင့္ေနျပီးပါျပီ ” လို႔ ဆိုခဲ့တယ္။

ကလပ္ေတြက ကိုယ္စီကိုယ္စီ ျပင္ဆင္မႈေတြ ျပဳလုပ္ေနၾကတာျဖစ္သလို လီဗာပူးအသင္းက ပရီးမီးယားလိဂ္ဖလား ျပိဳင္ဆိုင္မႈထဲ ဝင္ပါႏုိင္ဖို႔ ရည္မွန္းေနေၾကာင္းကို ယာဂင္က ဖြင့္ဟခဲ့တယ္။

ယာဂင္က “ က်ေန္ာတို႔က ေဘာလံုးအသင္းေကာင္းတစ္သင္းျဖစ္ပါတယ္ ဒါကို က်ေန္ာတို႔အားလံုး သိထားပါတယ္။ ဘယ္အသင္းက အေကာင္းဆံုးလဲေတာ့ က်ေနာ္ မသိပါဘူး။ အသင္းေတာ္ေတာ္မ်ားမ်ားကေတာ့ အေကာင္းဆံုးေတြထဲျဖစ္ျပီး ပရီးမီးယားလိဂ္ဖလား ျပိဳင္ဆိုင္မႈအတြက္ က်ေန္ာတို႔ကလည္း အေကာင္းဆံုး ၾကိဳးစားရပါမယ္။

အျခားေသာ အသင္းေတြက ေႏြေစ်းကြက္မွာ ကစားသမားေကာင္းေတြ ေခၚယူေနတယ္ဆိုတာ သူတို႔မွာ ၾကီးမားတဲ့ ရည္မွန္းခ်က္ေတြ ရွိေနလို႔ဆိုတာ ရွင္းပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔ကလည္း ရည္မွန္းခ်က္ၾကီးေတြ ရွိထားျပီး အေကာင္းဆံုး ၾကိဳးစားသြားမွာ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။