ချန်ပီယံလိဂ်ဖလား ပဲရစ်ကို သယ်ဆောင်လာပေးမယ် ဆိုတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူးသစ် မက်ဆီ

မက်ဆီကတော့ ဒီကနေ့မှာ ပြုလုပ်သွားတဲ့သူ့ရဲ့ ပီအက်စ်ဂျီကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာပဲ ပြင်သစ်ကလပ်ကို ပြောင်းလာရတာက သူ့ကစားသမားဘဝ ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အနိုင်ရဖို့ဖြစ်ကြောင်းနဲ့ ကလပ်အတွက် ချန်ပီယံလိဂ်ဖလား အနိုင်ရအောင် ကြိုးစားပေးမယ်လို့ ဖွင့်ဟသွားပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဟာ ဒီနှစ်ရက်အတွင်းမှာပဲ ခက်ခဲတဲ့ အခြေအနေတွေ၊ ကောင်းမွန်တဲ့ အခြေအတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ပီအက်စ်ဂျီအသင်းသား ဖြစ်လာခဲ့တယ်။ မက်ဆီကတော့ ဘောလုံးဆက်ကစားဖို့ ဆာလောင်နေဆဲဖြစ်သလို ဆုဖလားတွေ အနိုင်ယူလိုနေပါသေးကြောင်း ထုတ်ပြောလာပါတယ်။

“ ခက်ခဲတဲ့ အခြေအနေဖြစ်ပေမယ့် ပီအက်စ်ဂျီက ပြဿနာတွေကို ဖြေရှင်းခဲ့ပါတယ်။ အဲ့တာက မလွယ်ပါဘူး ဒါပေမယ့်လည်း ပီအက်စ်ဂျီက အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒီကို ရောက်လာရတာ ကျနော် ပျော်ပါတယ်။ ကျနော်မှာ ဘောလုံးကစားလိုတဲ့ ဆန္ဒရှိသလို ဆက်ပြီးလည်း ကစားလိုတယ်။ ကစားသမားဘဝ အစောပိုင်းကလိုပဲ အနိုင်ရသမျှ အားလုံးကိုလည်း အနိုင်ယူလိုပါတယ်။

ပီအက်စ်ဂျီက ဆုဖလားတွေ အားလုံးအတွက် တိုက်ခိုက်နေပြီးသားအသင်း ဖြစ်ပါတယ်။ ဒါက ကျနော်ရဲ့ ရည်မှန်းချက်ပါပဲ။ ဆက်ပြီး တိုးတက်လာရမယ်၊ ဆုဖလာေးတွ ဆက်ပြီးအနိုင်ရရမယ် ဒါကြောင့်ပဲ ဒီအသင်းကို ကျနော် ရောက်လာခဲ့တာပါ။ ကျနေ်ာတို့ ဆက်ပြီး အနိုင်ရမယ် ရည်မှန်းထားပါတယ်။

သဲသဲမဲမဲ ကြိုဆိုပေးတာအတွက် ပဲရစ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအသင်းမှာ ကျနော်ရှိနေတဲ့ အချိန်အတွင်း ပျော်ရွှင်စွာကစားပြီး ကလပ်ရဲ့ ရည်မှန်းချက်တွေအတွက် တိုက်ခိုက်သွားမှာဖြစ်ပါတယ် ” လို့ မက်ဆီက ဆိုခဲ့တယ်။

ပီအက်စ်ဂျီဟာ လီဂူးဝမ်းဖလားကို စိန်ခေါ်ဖို့ အထူးပြင်ဆင်နေရမယ့် အသင်း မဟုတ်ပါဘူး။ မက်ဆီကတော့ သူကိုယ်တိုင်လည်း ထပ်မံအနိုင်ရလိုသလို ပီအက်စ်ဂျီအသင်းသမိုင်းမှာ တစ်ကြိမ်မှ အနိုင်မရထားတဲ့ ဥရောပဖလားအား ပဲရစ်ထံ သယ်ဆောင်လာပေးဖို့ ရည်မှန်းနေပြီဖြစ်ပါတယ်။

ဥရောပချန်ပီယံဖလား ကိုင်မြောက်ဖို့နဲ့ ပတ်သက်ပြီး မက်ဆီက “ ဥရောပချန်ပီယံလိဂ်ကို အသင်းတိုင်းက အနိုင်မရပါဘူး။ ဒါကြောင့်ပဲ ဒီပြိုင်ပွဲက အထူးပြိုင်ပွဲကြီး ဖြစ်နေရတာပါ။ ပီအက်စ်ဂျီက ဒီပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီ ထင်ပါတယ်။ ကျနော်က ဒီကို ကူညီပေးဖို့ ရောက်လာတာပါ။

အသင်းက ကစားသမားခေါ်ယူမှုကောင်းတွေလည်း လုပ်ထားသေးတယ်။ သူတိုက မနှစ်တုန်းကလည်း ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ နီးစပ်ခဲ့ပါသေးတယ်။ ကျနော် အကောင်းဆုံး ကြိုးစားပြီး အသင်းကို ကူညီပေးသွားမှာပါ။ ကျနော်ရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ် အနိုင်ရဖို့ပါပဲ။ ချန်ပီယံလိဂ်ဖလား ထပ်ပြီး အနိုင်ရဖို့အတွက် ပဲရစ်က အကောင်းဆုံးနေရာဖြစ်မယ် ထင်ပါတယ်။ ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI – မက္ဆီကေတာ့ ဒီကေန႔မွာ ျပဳလုပ္သြားတဲ့သူ႔ရဲ႕ ပီအက္စ္ဂ်ီကစားသမားဘဝ ပထမဆံုး အင္တာဗ်ဴးမွာပဲ ျပင္သစ္ကလပ္ကို ေျပာင္းလာရတာက သူ႔ကစားသမားဘဝ ၅ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရဖို႔ျဖစ္ေၾကာင္းနဲ႔ ကလပ္အတြက္ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရေအာင္ ၾကိဳးစားေပးမယ္လို႔ ဖြင့္ဟသြားပါတယ္။

ဘာစီလိုနာ တိုက္စစ္မွဴးေဟာင္းဟာ ဒီႏွစ္ရက္အတြင္းမွာပဲ ခက္ခဲတဲ့ အေျခအေနေတြ၊ ေကာင္းမြန္တဲ့ အေျခအေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ျပီး ပီအက္စ္ဂ်ီအသင္းသား ျဖစ္လာခဲ့တယ္။ မက္ဆီကေတာ့ ေဘာလံုးဆက္ကစားဖို႔ ဆာေလာင္ေနဆဲျဖစ္သလို ဆုဖလားေတြ အႏုိင္ယူလိုေနပါေသးေၾကာင္း ထုတ္ေျပာလာပါတယ္။

“ ခက္ခဲတဲ့ အေျခအေနျဖစ္ေပမယ့္ ပီအက္စ္ဂ်ီက ျပႆနာေတြကို ေျဖရွင္းခဲ့ပါတယ္။ အဲ့တာက မလြယ္ပါဘူး ဒါေပမယ့္လည္း ပီအက္စ္ဂ်ီက အေကာင္းဆံုးနဲ႔ အျမန္ဆံုး ေျဖရွင္းႏုိင္ခဲ့ပါတယ္။ ဒီကို ေရာက္လာရတာ က်ေနာ္ ေပ်ာ္ပါတယ္။ က်ေနာ္မွာ ေဘာလံုးကစားလိုတဲ့ ဆႏၵရွိသလို ဆက္ျပီးလည္း ကစားလိုတယ္။ ကစားသမားဘဝ အေစာပိုင္းကလိုပဲ အႏုိင္ရသမွ် အားလံုးကိုလည္း အႏုိင္ယူလိုပါတယ္။

ပီအက္စ္ဂ်ီက ဆုဖလားေတြ အားလံုးအတြက္ တိုက္ခုိက္ေနျပီးသားအသင္း ျဖစ္ပါတယ္။ ဒါက က်ေနာ္ရဲ႕ ရည္မွန္းခ်က္ပါပဲ။ ဆက္ျပီး တိုးတက္လာရမယ္၊ ဆုဖလာေးတြ ဆက္ျပီးအႏုိင္ရရမယ္ ဒါေၾကာင့္ပဲ ဒီအသင္းကို က်ေနာ္ ေရာက္လာခ့ဲတာပါ။ က်ေန္ာတို႔ ဆက္ျပီး အႏုိင္ရမယ္ ရည္မွန္းထားပါတယ္။

သဲသဲမဲမဲ ၾကိဳဆိုေပးတာအတြက္ ပဲရစ္ကိုလည္း ေက်းဇူးတင္ပါတယ္။ ဒီအသင္းမွာ က်ေနာ္ရွိေနတဲ့ အခ်ိန္အတြင္း ေပ်ာ္ရႊင္စြာကစားျပီး ကလပ္ရဲ႕ ရည္မွန္းခ်က္ေတြအတြက္ တိုက္ခိုက္သြားမွာျဖစ္ပါတယ္ ” လို႔ မက္ဆီက ဆိုခဲ့တယ္။

ပီအက္စ္ဂ်ီဟာ လီဂူးဝမ္းဖလားကို စိန္ေခၚဖို႔ အထူးျပင္ဆင္ေနရမယ့္ အသင္း မဟုတ္ပါဘူး။ မက္ဆီကေတာ့ သူကိုယ္တိုင္လည္း ထပ္မံအႏုိင္ရလိုသလို ပီအက္စ္ဂ်ီအသင္းသမိုင္းမွာ တစ္ၾကိမ္မွ အႏုိင္မရထားတဲ့ ဥေရာပဖလားအား ပဲရစ္ထံ သယ္ေဆာင္လာေပးဖို႔ ရည္မွန္းေနျပီျဖစ္ပါတယ္။

ဥေရာပခ်န္ပီယံဖလား ကိုင္ေျမာက္ဖို႔နဲ႔ ပတ္သက္ျပီး မက္ဆီက “ ဥေရာပခ်န္ပီယံလိဂ္ကို အသင္းတိုင္းက အႏုိင္မရပါဘူး။ ဒါေၾကာင့္ပဲ ဒီျပိဳင္ပြဲက အထူးျပိဳင္ပြဲၾကီး ျဖစ္ေနရတာပါ။ ပီအက္စ္ဂ်ီက ဒီျပိဳင္ပြဲအတြက္ အဆင္သင့္ျဖစ္ေနျပီ ထင္ပါတယ္။ က်ေနာ္က ဒီကို ကူညီေပးဖို႔ ေရာက္လာတာပါ။

အသင္းက ကစားသမားေခၚယူမႈေကာင္းေတြလည္း လုပ္ထားေသးတယ္။ သူတိုက မႏွစ္တုန္းကလည္း ခ်န္ပီယံလိဂ္ဖလားကို အႏုိင္ရဖို႔ နီးစပ္ခဲ့ပါေသးတယ္။ က်ေနာ္ အေကာင္းဆံုး ၾကိဳးစားျပီး အသင္းကို ကူညီေပးသြားမွာပါ။ က်ေနာ္ရဲ႕ ရည္မွန္းခ်က္က ခ်န္ပီယံလိဂ္ဖလားကို ေနာက္တစ္ၾကိမ္ အႏုိင္ရဖို႔ပါပဲ။ ခ်န္ပီယံလိဂ္ဖလား ထပ္ျပီး အႏုိင္ရဖို႔အတြက္ ပဲရစ္က အေကာင္းဆံုးေနရာျဖစ္မယ္ ထင္ပါတယ္။ ” လို႔ ဆိုသြားခဲ့ပါတယ္။