လူကောင်ကြီးတဲ့ လူကာကူက နည်းစနစ်ပိုင်းအရ အကျိုးဖြစ်ကြောင်း ရှင်းပြသွားတဲ့ ဗာနာ

ချယ်ဆီးတိုက်စစ်မှူး ဗာနာက ကလပ်စံချိန်တင်ကြေးဖြင့် လူကာကူ ရောက်လာမှာဟာ ကလပ်အတွက် ကောင်းမွန်တဲ့ အင်အားဖြည့်မှု ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။

လူကာကူဟာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့လာရေး အပြီးသတ် ကိစ္စတွေ လုပ်ဆောင်နေပြီဖြစ်တယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ချယ်ဆီးရဲ့ အဓိက ပွဲထွက်သူဖြစ်လာဖို့ရှိကာ သူဟာ ဗာနာ၊ မောင့်၊ ဟာဗက်ဆိုတဲ့ ငယ်ရွယ်တဲ့ တိုက်စစ်မှူးတွေအတွက် ရှေ့တန်းကနေ ဦးဆောင်သူအဖြစ်လည်း ကစားသွားရမှာ ဖြစ်ပါတယ်။

ဗာနာကိုယ်တိုင်ကလည်း လိုက်ဇစ်မှာ ရှက်၊ ပေါလ်ဆန်တို့နဲ့ တွဲကစားခဲ့ရသလိုပဲ ချယ်ဆီးမှာ လူကာကူနဲ့ တွဲကစားရမှာက အလုပ်ဖြစ်မယ်လို့ မြင်ပါတယ်။

ဂျာမာန်သား တိုက်စစ်မှူးက ‘ လူကာကူက ကမ္ဘာအကောင်းဆုံး တိုက်စစ်သမား သုံးယောက်ထဲက တစ်ယောက်ပါ။ ဒါကေ မေးခွန်းထုတ်စရာ မလိုပါဘူး။ သူ့အကြောင်း သိပ်ပြီး ပြောနေစရာလည်း လိုမယ်မထင်ပါဘူး။ လူကာကူဟာ ဘယ်အသင်းအတွက်မဆို အကျိုးအမြတ်ဖြစ်စေမယ့် ထိပ်တန်း တိုက်စစ်သမားတစ်ဦးဖြစ်ပါတယ်။

လိုက်ဇစ်မှာ လူကောင်ခပ်ကြီးကြီး တိုက်စစ်မှူးတစ်ယောက်ကို ကျနော်နဲ့ တွဲဘက်ကစားစေတာက အမြဲတမ်းအလုပ်ဖြစ်ခဲ့ပါတယ်။ ကျနော်က လူကောင်းသိပ်ကြီးတဲ့သူ မဟုတ်တော့ ကျနော်တိုက်စစ်ကို ဦးဆောင်ရင် ခံစစ်သမား တစ်ဦး (သို့) နှစ်ဦးရဲ့ လူကပ်ကစားခြင်း ရင်ဆိုင်ရတာက သိသာပါတယ်။

တိုက်စစ်မှာ လူကာကူက အဝေးဘောတွေကို ထိန်းထားပေးမယ်ဆိုရင် ကျနော်တို့အတွက် ပွဲအတွင်းမှာ သိပ်ကောင်းတဲ့ လက်နက်သစ်ရလိုက်တာပါပဲ။ သူ့ပတ်ဝန်းကျင်ကနေ လျှင်မြန်တဲ့ ကစားသမားတွေက ပြေးထွက် ကစားနိုင်ပါတယ်။ ဒါက ဘယ်အသင်းအတွက်မဆို ကောင်းမွန်ပါတယ် ’ လို့ ဆိုခဲ့တာဖြစ်တယ်။

ချယ်ဆီးဟာ ဥရောပချန်ပီယံဖလား ကိုင်မြောက်နိုင်ခဲ့ပေမယ့် တိုက်စစ်မှာ အရည်အချင်းကောင်းတွေ ပေါင်းထည့်ဖို့ လိုအပ်နေသေးတာပါ။ အထူးသဖြင့် ကလပ်ရဲ့ အမြင့်ဆုံး ဂိုးသွင်းရှင်က ကွင်းလယ်ကနေ ပင်နယ်တီတွေကို အဓိက တာဝန်ယူတဲ့ ဂျော်ဂျင်ဟို ဖြစ်နေတာကလည်း ဘဝင်မကျစရာ ကိစ္စဖြစ်နေပါတယ်။ ဒါကြောင့်လည်း နံပါတ် ၉ နေရာအတွက် လူကာကူကို ခေါ်ယူခဲ့ခြင်းဖြစ်ပါလိမ့်မယ်။

တူချယ်ကလည်း ‘ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တဲ့ ဂျီးရူးကို ကျနေ်ာတို့ ဆုံးရံှူးထားခဲ့တယ်။ သူက ဘောလုံးကို ထိန်းထားပေးပြီး ဗာနာ၊ ဟာဗက်၊ ပူလီဆစ်တို့ကို နေရာလွတ်တွေ ဖန်တီးပေးကာ ခံစစ်သမားတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေတတ်သူဖြစ်ပါတယ်။

ကျနေ်ာတို့အသင်း လူစာရင်းမှာ အဲ့လို ကစားသမားမျိုး မရှိဘူးဖြစ်နေပါတယ်။ ဒါကြောင့်လည်း ကျနေ်ာတို့ ရှာဖွေနေခဲ့တာပါ ’ လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးတိုက္စစ္မွဴး ဗာနာက ကလပ္စံခ်ိန္တင္ေၾကးျဖင့္ လူကာကူ ေရာက္လာမွာဟာ ကလပ္အတြက္ ေကာင္းမြန္တဲ့ အင္အားျဖည့္မႈ ျဖစ္လာမယ္လို႔ ယံုၾကည္ေနပါတယ္။

လူကာကူဟာ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႔လာေရး အျပီးသတ္ ကိစၥေတြ လုပ္ေဆာင္ေနျပီျဖစ္တယ္။ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ ခ်ယ္ဆီးရဲ႕ အဓိက ပြဲထြက္သူျဖစ္လာဖို႔ရွိကာ သူဟာ ဗာနာ၊ ေမာင့္၊ ဟာဗက္ဆိုတဲ့ ငယ္ရြယ္တဲ့ တိုက္စစ္မွဴးေတြအတြက္ ေရွ႔တန္းကေန ဦးေဆာင္သူအျဖစ္လည္း ကစားသြားရမွာ ျဖစ္ပါတယ္။

ဗာနာကုိယ္တုိင္ကလည္း လိုက္ဇစ္မွာ ရွက္၊ ေပါလ္ဆန္တို႔နဲ႔ တြဲကစားခဲ့ရသလိုပဲ ခ်ယ္ဆီးမွာ လူကာကူနဲ႔ တြဲကစားရမွာက အလုပ္ျဖစ္မယ္လို႔ ျမင္ပါတယ္။

ဂ်ာမာန္သား တိုက္စစ္မွဴးက ‘ လူကာကူက ကမၻာအေကာင္းဆံုး တိုက္စစ္သမား သံုးေယာက္ထဲက တစ္ေယာက္ပါ။ ဒါေက ေမးခြန္းထုတ္စရာ မလိုပါဘူး။ သူ႔အေၾကာင္း သိပ္ျပီး ေျပာေနစရာလည္း လိုမယ္မထင္ပါဘူး။ လူကာကူဟာ ဘယ္အသင္းအတြက္မဆို အက်ိဳးအျမတ္ျဖစ္ေစမယ့္ ထိပ္တန္း တိုက္စစ္သမားတစ္ဦးျဖစ္ပါတယ္။

လိုက္ဇစ္မွာ လူေကာင္ခပ္ၾကီးၾကီး တိုက္စစ္မွဴးတစ္ေယာက္ကို က်ေနာ္နဲ႔ တြဲဘက္ကစားေစတာက အျမဲတမ္းအလုပ္ျဖစ္ခဲ့ပါတယ္။ က်ေနာ္က လူေကာင္းသိပ္ၾကီးတဲ့သူ မဟုတ္ေတာ့ က်ေနာ္တိုက္စစ္ကို ဦးေဆာင္ရင္ ခံစစ္သမား တစ္ဦး (သို႔) ႏွစ္ဦးရဲ႕ လူကပ္ကစားျခင္း ရင္ဆိုင္ရတာက သိသာပါတယ္။

တိုက္စစ္မွာ လူကာကူက အေဝးေဘာေတြကို ထိန္းထားေပးမယ္ဆိုရင္ က်ေနာ္တို႔အတြက္ ပြဲအတြင္းမွာ သိပ္ေကာင္းတဲ့ လက္နက္သစ္ရလိုက္တာပါပဲ။ သူ႔ပတ္ဝန္းက်င္ကေန လွ်င္ျမန္တဲ့ ကစားသမားေတြက ေျပးထြက္ ကစားႏုိင္ပါတယ္။ ဒါက ဘယ္အသင္းအတြက္မဆို ေကာင္းမြန္ပါတယ္ ’ လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးဟာ ဥေရာပခ်န္ပီယံဖလား ကိုင္ေျမာက္ႏုိင္ခဲ့ေပမယ့္ တိုက္စစ္မွာ အရည္အခ်င္းေကာင္းေတြ ေပါင္းထည့္ဖို႔ လိုအပ္ေနေသးတာပါ။ အထူးသျဖင့္ ကလပ္ရဲ႕ အျမင့္ဆံုး ဂိုးသြင္းရွင္က ကြင္းလယ္ကေန ပင္နယ္တီေတြကို အဓိက တာဝန္ယူတဲ့ ေဂ်ာ္ဂ်င္ဟို ျဖစ္ေနတာကလည္း ဘဝင္မက်စရာ ကိစၥျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း နံပါတ္ ၉ ေနရာအတြက္ လူကာကူကို ေခၚယူခဲ့ျခင္းျဖစ္ပါလိမ့္မယ္။

တူခ်ယ္ကလည္း ‘ အသင္းအတြက္ အေရးပါတဲ့ ကစားသမားျဖစ္တဲ့ ဂ်ီးရူးကို က်ေန္ာတို႔ ဆံုးရံွဴးထားခဲ့တယ္။ သူက ေဘာလံုးကို ထိန္းထားေပးျပီး ဗာနာ၊ ဟာဗက္၊ ပူလီဆစ္တို႔ကို ေနရာလြတ္ေတြ ဖန္တီးေပးကာ ခံစစ္သမားေတြနဲ႔ ရုပ္ပိုင္းဆိုင္ရာ တိုက္ခိုက္ဖို႔ အဆင္သင့္ရွိေနတတ္သူျဖစ္ပါတယ္။

က်ေန္ာတို႔အသင္း လူစာရင္းမွာ အဲ့လို ကစားသမားမ်ိဳး မရွိဘူးျဖစ္ေနပါတယ္။ ဒါေၾကာင့္လည္း က်ေန္ာတို႔ ရွာေဖြေနခဲ့တာပါ ’ လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။