စာချုပ်သစ်ကြောင့် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း လုပ်ခ ပိုင်ဆိုင်တဲ့ မန်နေဂျာဖြစ်လာတဲ့ ဆိုးရှား

ယူနိုက်တက်ဟာ ကလပ်ရဲ့ မန်နေဂျာဖြစ်တဲ့ နော်ဝေသား မန်နေဂျာကြီး ဆိုးရှားကို ၂၀၂၄ ခုနှစ်ထိ သက်တမ်းတိုးခဲ့ပြီဖြစ်ကာ နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်သွားပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ လီဗာပူးအသင်းကို အရေးနိမ့်အပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မော်ရင်ညိုနေရာ ယာယီမန်နေဂျာအဖြစ် ယူနိုက်တက်ထံ ဆိုးရှား ဝင်ရောက်လာခဲ့တယ်။ ရာသီဝက် ကာလအတွင်း အံ့မခန်းအောင် ရလဒ်ကောင်းတွေ ဆက်တိုက်ယူပြနိုင်ခြင်းကြောင့် နော်ဝေသားကြီးဟာ ယူနိုက်တက်ရဲ့ အမြဲတမ်း မန်နေဂျာအဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

အဲ့နောက်ပိုင်း ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ခိုင်ခိုင်မာမာ ပြန်ရလာအောင် ဦးဆောင်ပေးနိုင်ပြီး မနှစ်တုန်းကဆိုရင် မန်စီးတီးနောက် ပရီးမီးယားလိဂ်ဖလားကို အဓိက စိန်ခေါ်သူ အသင်းနေရာထိပါ တက်လှမ်းနိုင်အောင် ဦးဆောင်ပေးလာနိုင်ပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက်က ၃+၁ သက်တမ်းတိုးစာချုပ်ကို ပေးခဲ့ခြင်းဖြစ်တယ်။ နွေအပြောင်းအရွှေ့မှာပဲ ယူနိုက်တက်ဟာ ဆိုးရှား အလိုရှိတဲ့အတိုင်း ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုအတွက် ပေါင် ၇၃ သန်းပေးပြီး ခေါ်ယူပေးထားခဲ့ပါသေးတယ်။

စာချုပ်သစ်အရ ဆိုးရှားဟာ ယူနိုက်တက်မှာ တစ်ပတ်ကို ပေါင် ၂ သိန်းနဲ့ ညီမျှတဲ့ တစ်နှစ်လုခ ပေါင် ၁၀ သန်း ရရှိမှာဖြစ်တယ်။ ဒါဟာ ပရီးမီးယားလိဂ် မန်နေဂျာတွေဖြစ်တဲ့ ဂွာဒီယိုလာ (တစ်နှစ် ပေါင် ၂၀ သန်း) နဲ့ ယာဂင်ကလော့ပ် (တစ်နှစ် ပေါင် ၁၅ သန်း) တို့နောက်ပိုင်း လိဂ်ရဲ့ တတိယ လုပ်ခအမြင့်ဆုံး မန်နေဂျာစာရင်း ဝင်လာစေခဲ့ပြီဖြစ်ပါတယ်။

The highest-paid manager in the Premier League

5. Marcelo Bielsa – £8m-per-year

=3. Brendan Rodgers – £10m-per-year

=3. Ole Gunnar Solskjaer – £10m-per-year

2. Jurgen Klopp – £15m-per-year

1. Pep Guardiola – £20m-per-year

ZAWGYI – ယူႏုိက္တက္ဟာ ကလပ္ရဲ႕ မန္ေနဂ်ာျဖစ္တဲ့ ေနာ္ေဝသား မန္ေနဂ်ာၾကီး ဆိုးရွားကို ၂၀၂၄ ခုႏွစ္ထိ သက္တမ္းတိုးခဲ့ျပီျဖစ္ကာ ေနာက္ထပ္ တစ္ႏွစ္ သက္တမ္းတိုးခြင့္ ပါဝင္သြားပါတယ္။

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာမွာ လီဗာပူးအသင္းကို အေရးနိမ့္အျပီး ရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ ေမာ္ရင္ညိဳေနရာ ယာယီမန္ေနဂ်ာအျဖစ္ ယူႏုိက္တက္ထံ ဆိုးရွား ဝင္ေရာက္လာခဲ့တယ္။ ရာသီဝက္ ကာလအတြင္း အံ့မခန္းေအာင္ ရလဒ္ေကာင္းေတြ ဆက္တိုက္ယူျပႏုိင္ျခင္းေၾကာင့္ ေနာ္ေဝသားၾကီးဟာ ယူႏုိက္တက္ရဲ႕ အျမဲတမ္း မန္ေနဂ်ာအျဖစ္ တာဝန္ေပးခံခဲ့ရပါတယ္။

အဲ့ေနာက္ပိုင္း ယူႏုိက္တက္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာ ခိုင္ခိုင္မာမာ ျပန္ရလာေအာင္ ဦးေဆာင္ေပးႏုိင္ျပီး မႏွစ္တုန္းကဆိုရင္ မန္စီးတီးေနာက္ ပရီးမီးယားလိဂ္ဖလားကို အဓိက စိန္ေခၚသူ အသင္းေနရာထိပါ တက္လွမ္းႏုိင္ေအာင္ ဦးေဆာင္ေပးလာႏုိင္ပါတယ္။

ဒါေၾကာင့္ပဲ ယူႏုိက္တက္က ၃+၁ သက္တမ္းတိုးစာခ်ဳပ္ကို ေပးခဲ့ျခင္းျဖစ္တယ္။ ေႏြအေျပာင္းအေရႊ႔မွာပဲ ယူႏုိက္တက္ဟာ ဆိုးရွား အလိုရွိတဲ့အတိုင္း ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳအတြက္ ေပါင္ ၇၃ သန္းေပးျပီး ေခၚယူေပးထားခဲ့ပါေသးတယ္။

စာခ်ဳပ္သစ္အရ ဆိုးရွားဟာ ယူႏုိက္တက္မွာ တစ္ပတ္ကို ေပါင္ ၂ သိန္းနဲ႔ ညီမွ်တဲ့ တစ္ႏွစ္လုခ ေပါင္ ၁၀ သန္း ရရွိမွာျဖစ္တယ္။ ဒါဟာ ပရီးမီးယားလိဂ္ မန္ေနဂ်ာေတြျဖစ္တဲ့ ဂြာဒီယိုလာ (တစ္ႏွစ္ ေပါင္ ၂၀ သန္း) နဲ႔ ယာဂင္ကေလာ့ပ္ (တစ္ႏွစ္ ေပါင္ ၁၅ သန္း) တို႔ေနာက္ပိုင္း လိဂ္ရဲ႕ တတိယ လုပ္ခအျမင့္ဆံုး မန္ေနဂ်ာစာရင္း ဝင္လာေစခဲ့ျပီျဖစ္ပါတယ္။