ဗာရိန်း အန်ဒါဝီရယ် ဝဲလ်ဆန် အပြောင်းအရွှေ့ ကိစ္စတွေပါတဲ့ ဒီကနေ့ညအတွက် ပရီးမီးယားလိဂ်သတင်းများ

ယူနိုက်တက်မန်နေဂျာဆိုးရှားဟာ ကလပ်နဲ့ ၃ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်ပြီး ကလပ်ဘက်က ဆန္ဒရှိရင် နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်ပါ ပါဝင်ပါတယ်။

စပါးအသင်းဟာ အတ္တလန်တာ ဂိုးသမား ဂိုလီနင်ကို ရာသီကုန်အပြီးသတ် ခေါ်ယူခွင့်ပါတဲ့ ကမ်းလှမ်းမှုဖြင့် အငှားခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ စပါးရဲ့ အရန်ဂိုးသမား ဂါဇာနီဂါကတော့ အသင်းကနေ ထွက်ခွာကာ ဖူလ်ဟမ်အသင်းနဲ့ သွားရောက် ပူးပေါင်းပါမယ်။

နယူးကာဆယ်အသင်းဟာ အာဆင်နယ်အသင်း လူငယ်ကြယ်ပွင့် ဝဲလ်လော့ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေဆဲဖြစ်ပါတယ်။

လီဗာပူးအသင်း ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဗီ တိုက်စစ်သမား မာလန်ကို ဒေါ့မွန်အသင်းက ယူရို သန်း ၃၀ ဖြင့် ခေါ်ယူဖို့ ဒေါ့မွန်အသင်းက လက်ဦးခဲ့ပါပြီ။ ဘွန်ဒက်လီဂါကလပ်က ဆန်ချိုနေရာမှာ နယ်သာလန်သား တိုက်စစ်သမားဖြင့် အစားထိုးမှာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ တိုက်စစ်သမား ဇီယက်ကို အငှားချဖို့ စီစဉ်နေပါတယ်။ မိုရိုကို ကစားသမားက မန်နေဂျာတူချယ်ရဲ့ အနာဂတ် အစီအစဉ်တွေမှာ သူ့ကို ထည့်သွင်းထားလားဆိုတာကို သေချာ သိလိုနေပါတယ်။

လီဗာပူး တောင်ပံတိုက်စစ်သမား ဟယ်ရီဝဲလ်ဆန်ဟာ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းထံ ပေါင် ၁၂ သန်းဖြင့် ပြောင်းရွှေ့ရေး အပြီးသတ် ကိစ္စတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။

မန်စီးတီးဟာ စပါးတိုက်စစ်သမား ဟယ်ရီကိန်းကိုပဲ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်လာပေမယ့် လန်ဒန်ကလပ်ဘက်က တောင်းဆိုထားတဲ့ ပေါင် သန် ၁၆၀ ထိလည်း မပေးဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပါတယ်။

လာမယ့်နွေမှာ ယူနိုက်တက်နဲ့ စာချုပ်ကုန်မယ့် ပေါ့ဘာဟာ စာချုပ်သစ်အတွက် လက်မှတ်မထိုးဖို့က ပိုမို သေချာလာခဲ့ပြီဖြစ်ပါတယ်။

ခံစစ်မှူး ဗာရိန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့ကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးဘဲ ဆက်လက် ညိနှိုင်းနေဆဲဖြစ်တာကြောင့် ရာသီကြို လေ့ကျင့်ရေးလုပ်ဖို့ လာလီဂါကလပ်ထံ ပြန်လည် ပူးပေါင်းခဲ့ပါပြီ။

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ တိုက်စစ်သမား ခီရေဆာအတွက် လီဗာပူးဘက်က ကမ်းလှမ်းတဲ့ ပေါင် ၈၆ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

စပါးအသင်းဟာ ကလပ်ရဲ့ ဝါရင့် ခံစစ်မှူး အန်ဒါဝီရယ်ကို ကာတာအခြေစိုက်ကလပ် Al-Duhail အသင်းထံ ပေါင် ၁၃ သန်းဖြင့် ရောင်းချရေး သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္မန္ေနဂ်ာဆိုးရွားဟာ ကလပ္နဲ႔ ၃ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျပီျဖစ္ျပီး ကလပ္ဘက္က ဆႏၵရွိရင္ ေနာက္ထပ္ တစ္ႏွစ္ သက္တမ္းတိုးခြင့္ပါ ပါဝင္ပါတယ္။

စပါးအသင္းဟာ အတၱလန္တာ ဂိုးသမား ဂိုလီနင္ကို ရာသီကုန္အျပီးသတ္ ေခၚယူခြင့္ပါတဲ့ ကမ္းလွမ္းမႈျဖင့္ အငွားေခၚယူခဲ့ျပီျဖစ္ပါတယ္။ စပါးရဲ႕ အရန္ဂိုးသမား ဂါဇာနီဂါကေတာ့ အသင္းကေန ထြက္ခြာကာ ဖူလ္ဟမ္အသင္းနဲ႔ သြားေရာက္ ပူးေပါင္းပါမယ္။

နယူးကာဆယ္အသင္းဟာ အာဆင္နယ္အသင္း လူငယ္ၾကယ္ပြင့္ ဝဲလ္ေလာ့ကို ေခၚယူဖို႔ ဆက္လက္ ၾကိဳးစားေနဆဲျဖစ္ပါတယ္။

လီဗာပူးအသင္း ပစ္မွတ္ထားေနတဲ့ ပီအက္စ္ဗီ တိုက္စစ္သမား မာလန္ကို ေဒါ့မြန္အသင္းက ယူရို သန္း ၃၀ ျဖင့္ ေခၚယူဖို႔ ေဒါ့မြန္အသင္းက လက္ဦးခဲ့ပါျပီ။ ဘြန္ဒက္လီဂါကလပ္က ဆန္ခ်ိဳေနရာမွာ နယ္သာလန္သား တိုက္စစ္သမားျဖင့္ အစားထိုးမွာျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ တိုက္စစ္သမား ဇီယက္ကို အငွားခ်ဖို႔ စီစဥ္ေနပါတယ္။ မိုရိုကို ကစားသမားက မန္ေနဂ်ာတူခ်ယ္ရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ သူ႔ကို ထည့္သြင္းထားလားဆိုတာကို ေသခ်ာ သိလိုေနပါတယ္။

လီဗာပူး ေတာင္ပံတိုက္စစ္သမား ဟယ္ရီဝဲလ္ဆန္ဟာ ခ်န္ပီယံရွစ္ကလပ္ ဖူလ္ဟမ္အသင္းထံ ေပါင္ ၁၂ သန္းျဖင့္ ေျပာင္းေရႊ႔ေရး အျပီးသတ္ ကိစၥေတြကို လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။

မန္စီးတီးဟာ စပါးတိုက္စစ္သမား ဟယ္ရီကိန္းကိုပဲ ေခၚယူဖို႔ စိတ္ပိုင္းျဖတ္လာေပမယ့္ လန္ဒန္ကလပ္ဘက္က ေတာင္းဆိုထားတဲ့ ေပါင္ သန္ ၁၆၀ ထိလည္း မေပးဖို႔ ခိုင္ခိုင္မာမာ ဆံုးျဖတ္ထားပါတယ္။

လာမယ့္ေႏြမွာ ယူႏုိက္တက္နဲ႔ စာခ်ဳပ္ကုန္မယ့္ ေပါ့ဘာဟာ စာခ်ဳပ္သစ္အတြက္ လက္မွတ္မထိုးဖို႔က ပိုမို ေသခ်ာလာခဲ့ျပီျဖစ္ပါတယ္။

ခံစစ္မွဴး ဗာရိန္းဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ယူႏုိက္တက္တို႔ၾကား ေျပာင္းေရႊ႔ေၾကး သေဘာတူညီမႈ မရေသးဘဲ ဆက္လက္ ညိႏိႈင္းေနဆဲျဖစ္တာေၾကာင့္ ရာသီၾကိဳ ေလ့က်င့္ေရးလုပ္ဖို႔ လာလီဂါကလပ္ထံ ျပန္လည္ ပူးေပါင္းခဲ့ပါျပီ။

စီးရီးေအကလပ္ ဂ်ဴဗင္တပ္အသင္းဟာ တိုက္စစ္သမား ခီေရဆာအတြက္ လီဗာပူးဘက္က ကမ္းလွမ္းတဲ့ ေပါင္ ၈၆ သန္းတန္ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္တယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

စပါးအသင္းဟာ ကလပ္ရဲ႕ ဝါရင့္ ခံစစ္မွဴး အန္ဒါဝီရယ္ကို ကာတာအေျခစိုက္ကလပ္ Al-Duhail အသင္းထံ ေပါင္ ၁၃ သန္းျဖင့္ ေရာင္းခ်ေရး သေဘာတူညီမႈ ရခဲ့ျပီျဖစ္ပါတယ္။