ရာသီကြိုမှာ ပြိုင်ဘက်တွေအဖြစ် တစ်ကျော့ပြန် ထိပ်တိုက်တွေ့ကြမယ့် မက်ဆီနဲ့ စီရော်နယ်ဒို

ဘောလုံးသမိုင်းရဲ့ ပြိုင်ဆိုင်မှု အကြီးမားဆုံးသော ပြိုင်ဘက်တွေဖြစ်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ ဒီနွေမှာ ရာသီကြို ခြေစမ်းပွဲမှာ ထိပ်တိုက်တွေ့ကြဦးမှာ ဖြစ်ပါတယ်။

ဘာစီလိုနာက ကလပ်ရဲ့ ရာသီကြိုပွဲအဖြစ် ဂျူဗင်တပ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ်လို့ တရားဝင် ကြေညာခဲ့တယ်။ သြဂုတ်လ ၈ ရက်နေ့ နူးကမ့်မှာ Joan Gamper ဖလားပွဲအဖြစ် ပရိသတ် ၂၀% ဝင်ရောက်ခွင့်ပေးကာ ကွင်းဖွင့်ပွဲ ကစားမှာဖြစ်ပါတယ်။ ဒါဟာ ၂၀၂၀ ဒီဇင်ဘာမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ထိပ်တိုက်တွေ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ်။

ကမ္ဘာဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကစားသမားနှစ်ဦးအဖြစ် မှတ်ယူခံရတဲ့ သူတို့ နှစ်ဦးဟာ စီရော်နယ်ဒို ဂျူဗင်တပ်ကို ပြောင်းသွားပြီးနောက် တရားဝင် ပြိုင်ပွဲတွေမှာ ထိပ်တိုက်တွေ့ဆုံခြင်း နည်းပါးသွားခဲ့တာပါ။ ဘလွန်းဒီအော့ ၆ ကြိမ်အနိုင်ရ မက်ဆီနဲ့ ၅ ကြိမ် အနိုင်ရ ရော်နယ်ဒိုတို့ ကွင်းထဲမှာ ယှဉ်ပြိုင်ရခြင်း မရှိတာက ဘောလုံးပရိသတ်တွေအတွက် သိပ်ကို အောက်မေ့ရတဲ့ ပြိုင်ဆိုင်မှုလည်း ဖြစ်နေခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အသက် ၃၆ နှစ်အရွယ်ကို ရောက်နေပြီဖြစ်ပြီး မက်ဆီကလည်း အသက် ၃၄ နှစ်အရွယ်ကို ရောက်လာခဲ့ပါပြီ။ အနာဂတ်မှာ သူတို့နှစ်ဦးကို ဘောလုံးလောကမှာ မြင်တွေ့ရချိန်တွေ နည်းပါလာခြင်းကြောင့် ဒီတစ်ကြိမ် တွေ့ဆုံမှုဟာ ခြေစမ်းပွဲဖြစ်ပေမယ့်လည်း အကောင်းမြင်မှုတွေ များပြားနေခဲ့တယ်။

မက်ဆီက ဘာစီလိုနာနဲ့ ၅ နှစ် သက်တမ်းတိုးဖို့ သဘောတူထားပေမယ့် တရားဝင် လက်မှတ်ထိုးရသေးခြင်း မရှိသေးပါဘူး။ သို့ပေမယ့် ၁၉၆၆ ခုနှစ်ကတည်းက ဘောလုံးရာသီအစ ပွဲစဉ်အဖြစ် ဘာစီလိုနာအသင်း အစဉ်အလာမပြတ် ကစားလာခဲ့တဲ့ Joan Gamper ဖလားပွဲမှာ မက်ဆီ ပါဝင်ခွင့်ရအောင် လာလီဂါကလပ်က ကြိုးစားသွားနိုင်မှာပဲ ဖြစ်ပါတယ်။

ZAWGYI – ေဘာလံုးသမုိင္းရဲ႕ ျပိဳင္ဆိုင္မႈ အၾကီးမားဆံုးေသာ ျပိဳင္ဘက္ေတြျဖစ္တဲ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ဟာ ဒီေႏြမွာ ရာသီၾကိဳ ေျခစမ္းပြဲမွာ ထိပ္တိုက္ေတြ႔ၾကဦးမွာ ျဖစ္ပါတယ္။

ဘာစီလိုနာက ကလပ္ရဲ႕ ရာသီၾကိဳပြဲအျဖစ္ ဂ်ဴဗင္တပ္အသင္းနဲ႔ ယွဥ္ျပိဳင္ကစားမယ္လို႔ တရားဝင္ ေၾကညာခဲ့တယ္။ ၾသဂုတ္လ ၈ ရက္ေန႔ ႏူးကမ့္မွာ Joan Gamper ဖလားပြဲအျဖစ္ ပရိသတ္ ၂၀% ဝင္ေရာက္ခြင့္ေပးကာ ကြင္းဖြင့္ပြဲ ကစားမွာျဖစ္ပါတယ္။ ဒါဟာ ၂၀၂၀ ဒီဇင္ဘာမွာ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအတြင္း ထိပ္တိုက္ေတြ႔ျပီးေနာက္ ပထမဆံုးအၾကိမ္ ျပန္လည္ ေတြ႔ဆံုမႈ ျဖစ္ပါလိမ့္မယ္။

ကမၻာေဘာလုံးေလာကရဲ႕ အၾကီးက်ယ္ဆံုး ကစားသမားႏွစ္ဦးအျဖစ္ မွတ္ယူခံရတဲ့ သူတို႔ ႏွစ္ဦးဟာ စီေရာ္နယ္ဒို ဂ်ဴဗင္တပ္ကို ေျပာင္းသြားျပီးေနာက္ တရားဝင္ ျပိဳင္ပြဲေတြမွာ ထိပ္တိုက္ေတြ႔ဆံုျခင္း နည္းပါးသြားခဲ့တာပါ။ ဘလြန္းဒီေအာ့ ၆ ၾကိမ္အႏုိင္ရ မက္ဆီနဲ႔ ၅ ၾကိမ္ အႏုိင္ရ ေရာ္နယ္ဒိုတို႔ ကြင္းထဲမွာ ယွဥ္ျပိဳင္ရျခင္း မရွိတာက ေဘာလံုးပရိသတ္ေတြအတြက္ သိပ္ကို ေအာက္ေမ့ရတဲ့ ျပိဳင္ဆုိင္မႈလည္း ျဖစ္ေနခဲ့ပါတယ္။

စီေရာ္နယ္ဒိုဟာ အသက္ ၃၆ ႏွစ္အရြယ္ကို ေရာက္ေနျပီျဖစ္ျပီး မက္ဆီကလည္း အသက္ ၃၄ ႏွစ္အရြယ္ကို ေရာက္လာခဲ့ပါျပီ။ အနာဂတ္မွာ သူတို႔ႏွစ္ဦးကို ေဘာလံုးေလာကမွာ ျမင္ေတြ႔ရခ်ိန္ေတြ နည္းပါလာျခင္းေၾကာင့္ ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈဟာ ေျခစမ္းပြဲျဖစ္ေပမယ့္လည္း အေကာင္းျမင္မႈေတြ မ်ားျပားေနခဲ့တယ္။

မက္ဆီက ဘာစီလိုနာနဲ႔ ၅ ႏွစ္ သက္တမ္းတိုးဖို႔ သေဘာတူထားေပမယ့္ တရားဝင္ လက္မွတ္ထိုးရေသးျခင္း မရွိေသးပါဘူး။ သို႔ေပမယ့္ ၁၉၆၆ ခုႏွစ္ကတည္းက ေဘာလံုးရာသီအစ ပြဲစဥ္အျဖစ္ ဘာစီလိုနာအသင္း အစဥ္အလာမျပတ္ ကစားလာခဲ့တဲ့ Joan Gamper ဖလားပြဲမွာ မက္ဆီ ပါဝင္ခြင့္ရေအာင္ လာလီဂါကလပ္က ၾကိဳးစားသြားႏုိင္မွာပဲ ျဖစ္ပါတယ္။