ရာသီကြို စခန်းသွင်းလေ့ကျင့်မှုကို စောစောစီးစီး ရပ်လိုက်ရပြီး ကမောက်ကမ ဖြစ်သွားရတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ အိုင်ယာလန်မှာ ပြုလုပ်တဲ့ ၎င်းတို့ရဲ့ ရာသီကြို စခန်းသွင်းလေ့ကျင့်မှုဟာ လိုက်ပါလာသူ တစ်ဦး ကိုဗစ် တွေ့ရှိတာကြောင့် စောစောစီးစီးပဲ အဆုံးသတ် ပယ်ဖျက်လိုက်ရပါတယ်။

တူချယ်နဲ့ အသင်းသားတွေဟာ ဒီနေ့မှာ လန်ဒန်ကို ပြန်လာကြမှာ ဖြစ်ပြီး ရာသီကြို ထရိန်နင် အစီအစဉ်တွေအတွက် စီစဉ်ထားတာထက် လေးရက်စောပြီး ရပ်တန့်လိုက်ရခြင်းဖြစ်တယ်။

ချယ်ဆီး ဘာလို့ လန်ဒန်ကို စောစောပြန်သွားရလဲ ?

ချယ်ဆီးအသင်းက အိုင်ယာလန်မှာ သီတင်းပတ် တစ်ပတ်လုံး စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ညက ဒရောဟီဒါ ယူနိုက်တက်နဲ့ ကွင်းပိတ် ခြေစမ်းပွဲ ကစားဖို့ပါ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့် အသင်းသား တစ်ဦး ကိုဗစ် ပိုး တွေ့ရှိခဲ့တာကြောင့် ပွဲကို ဖျက်ခဲ့ရတာပါ။

သတင်းတွေ အရ အသင်းသား တစ်ဦးသာ ပိုးတွေ့ခဲ့တာ ဖြစ်ပြီး သူ့ကို သီးခြား ခွဲနေစေတယ်လို့ သိရပါတယ်။

ဘာတွေ ပြောဆိုထားသေးလဲ ?

ကလပ်အသင်း ပြောရေးဆိုခွင့် ရှိသူ တစ်ဦးကတော့ – ” ညက ခြေစမ်းပွဲ ဖျက်သိမ်းတာနဲ့ ကလပ်အသင်းရဲ့ ရာသီကြို ထရိန်ကို အသင်း လေ့ကျင့်ရေးကွင်းမှာပဲ ပြန်လုပ်ဖို့ စီစဉ်ပြီး ဘုန်းမောက်နဲ့ ပွဲ အတွက် ပြင်ဆင် လေ့ကျင့်မှာပါ။

ဘာတွေ ဖြစ်ခဲ့တာလဲ ?

ချယ်ဆီးအသင်းသားတွေက ပရိသတ်တွေနဲ့ ထရိန်နင်သွားတဲ့ အချိန်မှာ နှုတ်ဆက်မှုတွေ ရှိခဲ့ပြီး ပိုး ဘယ်လို ကူးလဲ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ပရိသတ်တွေက စည်းမျဉ်းတွေ အတိုင်းပဲ လိုက်နာတာ ဖြစ်လို့ ပြသနာရှိဖွယ်တော့ မရှိဘဲ ချယ်ဆီးက သူတို့ တည်းခိုတဲ့နေရာနဲ့ ပတ်သတ်ပြီးလည်း စောဒက တက်မှုတွေ မရှိပါဘူး။

ကြာသပတေးနေ့ညကတော့ ချယ်ဆီးအသင်းက အချင်းချင်း ခြေစမ်း လေ့ကျင်ရေးပွဲ ကစားခဲ့သေးပြီး ထိုပွဲမှာ အိုဒွိုင်းနဲ့ ဘရိုဂျာ တစ်ဂိုးစီ သွင်းကာ ၁-၁ နဲ့ ပြီးဆုံးခဲ့တာပါ။

ဘာတွေ ဖြစ်ဦးမလဲ?

ဘုန်းမောက်နဲ့ ပွဲက အင်္ဂါနေ့ည ပရိသတ်တွေရှေ့ ဗိုင်တယ်လတီ ကွင်းမှာ ယှဉ်ပြိုင် ကြမှာပါ။ တူချယ်ကတော့ ဒီပွဲအတွက် အနှောင့်အယှက်တွေ မရှိလိုပါဘူး။ ချယ်ဆီးနည်းပြက စီနီယာအသင်းသားတွေကို နိုင်ငံပွဲတွေ ကစားထားတာကြောင့် အားလပ်ရက်တွေ တိုးပေးထားခဲ့ပြီး ဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ အိုင္ယာလန္မွာ ျပဳလုပ္တဲ့ ၄င္းတို႔ရဲ႕ ရာသီၾကိဳ စခန္းသြင္းေလ့က်င့္မႈဟာ လိုက္ပါလာသူ တစ္ဦး ကိုဗစ္ ေတြ႔ရွိတာေၾကာင့္ ေစာေစာစီးစီးပဲ အဆံုးသတ္ ပယ္ဖ်က္လိုက္ရပါတယ္။

တူခ်ယ္နဲ႕ အသင္းသားေတြဟာ ဒီေန႔မွာ လန္ဒန္ကို ျပန္လာၾကမွာ ျဖစ္ျပီး ရာသီၾကိဳ ထရိန္နင္ အစီအစဥ္ေတြအတြက္ စီစဥ္ထားတာထက္ ေလးရက္ေစာျပီး ရပ္တန္႔လိုက္ရျခင္းျဖစ္တယ္။

ခ်ယ္ဆီး ဘာလို႔ လန္ဒန္ကို ေစာေစာျပန္သြားရလဲ ?

ခ်ယ္ဆီးအသင္းက အိုင္ယာလန္မွာ သီတင္းပတ္ တစ္ပတ္လံုး စခန္းသြင္းေလ့က်င့္မႈ ျပဳလုပ္ဖို႔ ရည္ရြယ္ခဲ့တာပါ။ ဒါ့အျပင္ ျပီးခဲ့တဲ့ ညက ဒေရာဟီဒါ ယူနိုက္တက္နဲ႕ ကြင္းပိတ္ ေျခစမ္းပြဲ ကစားဖို႔ပါ စီစဥ္ထားခဲ့ပါတယ္။ ဒါေပမယ့္ အသင္းသား တစ္ဦး ကိုဗစ္ ပိုး ေတြ႔ရွိခဲ့တာေၾကာင့္ ပြဲကို ဖ်က္ခဲ့ရတာပါ။

သတင္းေတြ အရ အသင္းသား တစ္ဦးသာ ပိုးေတြ႔ခဲ့တာ ျဖစ္ျပီး သူ႔ကို သီးျခား ခြဲေနေစတယ္လို႔ သိရပါတယ္။

ဘာေတြ ေျပာဆိုထားေသးလဲ ?

ကလပ္အသင္း ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးကေတာ့ – ” ညက ေျခစမ္းပြဲ ဖ်က္သိမ္းတာနဲ႕ ကလပ္အသင္းရဲ႕ ရာသီၾကိဳ ထရိန္ကို အသင္း ေလ့က်င့္ေရးကြင္းမွာပဲ ျပန္လုပ္ဖို႔ စီစဥ္ျပီး ဘုန္းေမာက္နဲ႕ ပြဲ အတြက္ ျပင္ဆင္ ေလ့က်င့္မွာပါ။

ဘာေတြ ျဖစ္ခဲ့တာလဲ ?

ခ်ယ္ဆီးအသင္းသားေတြက ပရိသတ္ေတြနဲ႕ ထရိန္နင္သြားတဲ့ အခ်ိန္မွာ ႏႈတ္ဆက္မႈေတြ ရွိခဲ့ျပီး ပိုး ဘယ္လို ကူးလဲ ေမးခြန္းထုတ္မႈေတြလည္း ရွိေနပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြက စည္းမ်ဥ္းေတြ အတိုင္းပဲ လိုက္နာတာ ျဖစ္လို႔ ျပသနာရွိဖြယ္ေတာ့ မရွိဘဲ ခ်ယ္ဆီးက သူတို႔ တည္းခိုတဲ့ေနရာနဲ႕ ပတ္သတ္ျပီးလည္း ေစာဒက တက္မႈေတြ မရွိပါဘူး။

ၾကာသပေတးေန႔ညကေတာ့ ခ်ယ္ဆီးအသင္းက အခ်င္းခ်င္း ေျခစမ္း ေလ့က်င္ေရးပြဲ ကစားခဲ့ေသးျပီး ထိုပြဲမွာ အိုဒြိဳင္းနဲ႕ ဘရိုဂ်ာ တစ္ဂိုးစီ သြင္းကာ ၁-၁ နဲ႕ ျပီးဆံုးခဲ့တာပါ။

ဘာေတြ ျဖစ္ဦးမလဲ?

ဘုန္းေမာက္နဲ႕ ပြဲက အဂၤါေန႔ည ပရိသတ္ေတြေရွ႕ ဗိုင္တယ္လတီ ကြင္းမွာ ယွဥ္ျပိဳင္ ၾကမွာပါ။ တူခ်ယ္ကေတာ့ ဒီပြဲအတြက္ အေနွာင့္အယွက္ေတြ မရွိလိုပါဘူး။ ခ်ယ္ဆီးနည္းျပက စီနီယာအသင္းသားေတြကို နုိင္ငံပြဲေတြ ကစားထားတာေၾကာင့္ အားလပ္ရက္ေတြ တိုးေပးထားခဲ့ျပီး ျဖစ္ပါတယ္။