ဆန်ချို အပြီးသတ် ရောက်ရှိခြင်း ကိန်းအတွက် တောင်းဆိုမှုနဲ့ ဒီကနေ့အတွက် ပရီးမီးယားလိဂ် သတင်းများ

ယူနိုက်တက်ဟာ ဒေါ့မွန်အသင်းမှ တိုက်စစ်သမား ဆန်ချိုကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ တိုက်စစ်သမားကို ၅ နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကာ မိတ်ဆက်မှုမှာတော့ ကျောနံပါတ်ကို ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိပါဘူး။

စတီဗင်ဂျရတ်က အဲဗာတန်အသင်းကို သူကိုင်တွယ်မယ်လို့ သတင်းကြီးခဲ့တာအတွက် အံ့သြမိကြောင်းနဲ့ ဘယ်တော့မှ အဲဗာတန်ကို ကိုင်တွယ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မန်စီးတီးအသင်းဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် လီဗိုင်း တောင်းဆိုတဲ့ ပေါင် သန်း ၁၆၀ ဖြင့်တော့ ညိနှိုင်းသွားဖို့ မရှိပါဘူး။

ဘရတ်ဖိုဒ့်အသင်းဟာ ချယ်ဆီးလူငယ်လေး ပရတ်ဟဲရစ်ကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေးဖြင့် အပြီးသတ် ခေါ်ယူခဲ့ကာ ၄ နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

စပါးအသင်းဟာ စီးရီးအေကလပ် အတ္တလန်တာအသင်းမှ ဗဟိုခံစစ်မှူး ရိုမယ်ရိုးကို ပေါင် ၃၉ + ၈.၅ သန်းဖြင့် ခေါ်ယူဖို့ ကြိုးစားနေပြီး သဘောတူညီမှုရဖို့ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

တိုက်စစ်မှူး ဆွန်ဟာ စပါးအသင်းနဲ့ ၄ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာကြောင့် ၂၀၂၅ ခုနှစ်ထိ လန်ဒန်ကလပ်မှာ ဆက်ရှိနေပါမယ်။

ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ဗာရိန်းအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့ ပေါင် ၁၀ သန်း ဝန်းကျင်ပဲ ကွာခြားတော့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ညာအစွန်လူ ဘယ်လာရင်ကို ဒီနွေမှာ အသင်းပြောင်းခွင့် ပေးရဖို့ ရှိနေပြီး ကလပ်ကတော့ ညာခြမ်းအတွက် ပြန်လည် အားဖြည့်ဖို့ အစီအစဉ် မရှိသေးပါဘူး။

ရာမိုစ့် ရောက်လာခြင်းကြောင့် ချယ်ဆီးပစ်မှတ် ခံစစ်မှူးဖြစ်တဲ့ ကင်ပမ်ဘာဟာ နယ်မြေသစ်ထံ ပြောင်းရွှေ့ဖို့ စဉ်းစားလာနေပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ လိုကတ်တယ်လီကို ခေါ်ယူရေး ဂျူဗင်တပ်က အရှိန်မြင့်တော့မှာဖြစ်ကာ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ဝန်းကျင် ဖြစ်လာပါမယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်ပိုင်း အားဖြည့်ဖို့ အေစီမီလန်အသင်းမှ အိုင်ဗရီကိုစ့် ကွင်းလယ်လူ ကစ်ဆီကို ခေါ်ယူလိုနေကြောင်း အီတလီသတင်းဌာနတွေက ဖော်ပြနေပါတယ်။

ပေါ့ဘာနေရာ အစားထိုးဖို့ ယူနိုက်တက်ရဲ့ ဦးစားပေးပစ်မှတ် (၄) ဦးက နာဗက်စ်၊ ဆော၊ ဂေါ်ရက်စကာနဲ့ ကာမာဗင်ဂါတို့ဖြစ်ကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ဘာစီလိုနာဟာ ကွင်းလယ်လူ ဘာနာတိုကို ပေါင် သန်း ၆၀ ဖြင့် ရောင်းထုတ်လိုပေမယ့် ပေါ်တူဂီသားကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာက ဒီနွေမှာ အသုံးစရိတ် ထုတ်ဖို့ မရှိတာကြောင့် လာပေါ်တေးကိုပဲ ပြောင်းလဲ ရောင်းထုတ်ရဖွယ် ရှိနေပါတယ်။