မန်စီးတီး၊ စပါးနဲ့ ဟယ်ရီကိန်းကြား အပြောင်းအရွှေ့ဟာ ပေါင် သန်း ၁၆၀ နဲ့တော့ ဖြစ်လာဖို့ မရှိပါဘူး

မန်စီးတီးဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ဒီနွေမှာ ခေါ်ယူလိုပေမယ့်လို့ ပေါင် သန်း ၁၆၀ ဆိုတဲ့ ပမာဏနဲ့ ခေါ်ယူသွားဖို့ မန်ချက်စတာကလပ်က ဆန္ဒမရှိပါဘူးလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

မန်နေဂျာပက်ဂွာဒီယိုလာက အဂွယ်ရိုနေရာ ကာလရှည် အစားထိုးဖို့အဖြစ် ဟယ်ရီကိန်းကို အလိုရှိနေတယ်။ မန်စီးတီးဘက်က ကိန်းအတွက် ပေါင် သန်း ၁၀၀ ဖြင့် တရားဝင် ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းဆန်ခံထားရပြီး ဖြစ်ပါတယ်။

စပါးဥက္ကဌ လီဗိုင်းက ကိန်းရဲ့ အေးဂျင့်အဖြစ် အလုပ်လုပ်ပေးနေတဲ့ အကိုဖြစ်သူ ချာလီကို ပေါင် သန်း ၁၆၀ ရမှ တိုက်စစ်မှူးကို ထွက်ခွင့်ပေးမယ်လို့ အသိပေးထားခဲ့တယ်။ ဒါပေမယ့်လို့ မန်စီးတီးဟာ ၎င်းတို့ရဲ့ ကလပ်စံချိန်တင် ခေါ်ယူမှုဖြစ်ထားတဲ့ ဒီယော့အတွက် ပေးရတဲ့ ပေါင် ၆၅.၂ သန်းထက် ပေါင် ၉၅ သန်းလောက် ပိုပေးရမယ့် ကိစ္စကို တွန့်ဆုတ်နေတယ်။

ဒါပေမယ့်လည်း ကိန်းအစား အခြား တိုက်စစ်သမားတစ်ဦးကို ပြောင်းလဲ ချိန်ရွယ်ခြင်းထက် အင်္ဂလန်သားကိုပဲ ခေါ်ယူနိုင်ဖို့ အာရုံစိုက်နေဆဲဖြစ်တယ်။ အတိတ်က အပြောင်းအရွှေ့တွေမှာ စပါးဟာ သူတို့ရဲ့ အဓိက ကစားသမားအတွက် ကြိုက်ဈေးတစ်ခုကို လေသံပစ်ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်မှ ထွက်ခွင့်ပေးခဲ့တဲ့ ရာဇဝင် ရှိထားပါတယ်။

မန်စီးတီးက ကိန်းအပြင် အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီလစ်ကိုလည်း ပေါင် သန်း ၁၀၀ ဖြင့် ခေါ်ယူဖို့ ရှိနေတယ်။ မန်စီးတီးက ဈေးကွက်ထဲကနေ ကစားသမားရောင်းချမှုမှ ပေါင် သန်း ၁၀၀ လောက်ရဖို့ ရှိနေပေမယ့် ကိန်းနဲ့ ဂရီလစ် နှစ်ဦးလုံးကို ရောင်းထုတ်ဖို့ဆိုရင် အသုံးစရိတ် ထပ်ရှာဖို့ လိုအပ်ဦးမှာဖြစ်တယ်။

အဂွယ်ရိုကို ရှင်းထုတ်ထားခြင်းကြောင့် တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀၀ သက်သာနေတဲ့ မန်စီးတီးအတွက် ဟယ်ရီကိန်းကို မြင့်မားတဲ့ လုပ်ခပေးဖို့ ပြဿနာ မရှိပါဘူး။ နောက်ထပ် ခေါ်ယူမှုအတွက်ကတော့ ဘာနာတိုကို ပေါင် ၅၀-၆၀ သန်း ဝန်းကျင်ဖြင့် ရောင်းချဖို့ မန်စီးတီးက စီစသ်နေပြီး လာပေါ်တေးရဲ့ အနာဂတ်ကလည်း မရေရာသေးဘူးလို့ သိရတာ ဖြစ်ပါတယ်။

ZAWGYI – မန္စီးတီးဟာ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းကို ဒီေႏြမွာ ေခၚယူလိုေပမယ့္လို႔ ေပါင္ သန္း ၁၆၀ ဆိုတဲ့ ပမာဏနဲ႔ ေခၚယူသြားဖို႔ မန္ခ်က္စတာကလပ္က ဆႏၵမရွိပါဘူးလို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။

မန္ေနဂ်ာပက္ဂြာဒီယိုလာက အဂြယ္ရိုေနရာ ကာလရွည္ အစားထိုးဖို႔အျဖစ္ ဟယ္ရီကိန္းကို အလိုရွိေနတယ္။ မန္စီးတီးဘက္က ကိန္းအတြက္ ေပါင္ သန္း ၁၀၀ ျဖင့္ တရားဝင္ ကမ္းလွမ္းခဲ့ေပမယ့္လည္း ျငင္းဆန္ခံထားရျပီး ျဖစ္ပါတယ္။

စပါးဥကၠဌ လီဗိုင္းက ကိန္းရဲ႕ ေအးဂ်င့္အျဖစ္ အလုပ္လုပ္ေပးေနတဲ့ အကိုျဖစ္သူ ခ်ာလီကို ေပါင္ သန္း ၁၆၀ ရမွ တိုက္စစ္မွဴးကို ထြက္ခြင့္ေပးမယ္လို႔ အသိေပးထားခဲ့တယ္။ ဒါေပမယ့္လို႔ မန္စီးတီးဟာ ၄င္းတို႔ရဲ႕ ကလပ္စံခ်ိန္တင္ ေခၚယူမႈျဖစ္ထားတဲ့ ဒီေယာ့အတြက္ ေပးရတဲ့ ေပါင္ ၆၅.၂ သန္းထက္ ေပါင္ ၉၅ သန္းေလာက္ ပိုေပးရမယ့္ ကိစၥကို တြန္႔ဆုတ္ေနတယ္။

ဒါေပမယ့္လည္း ကိန္းအစား အျခား တိုက္စစ္သမားတစ္ဦးကို ေျပာင္းလဲ ခ်ိန္ရြယ္ျခင္းထက္ အဂၤလန္သားကိုပဲ ေခၚယူႏုိင္ဖို႔ အာရံုစိုက္ေနဆဲျဖစ္တယ္။ အတိတ္က အေျပာင္းအေရႊ႔ေတြမွာ စပါးဟာ သူတို႔ရဲ႕ အဓိက ကစားသမားအတြက္ ၾကိဳက္ေစ်းတစ္ခုကို ေလသံပစ္ျပီး အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွ ထြက္ခြင့္ေပးခဲ့တဲ့ ရာဇဝင္ ရွိထားပါတယ္။

မန္စီးတီးက ကိန္းအျပင္ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂရီလစ္ကိုလည္း ေပါင္ သန္း ၁၀၀ ျဖင့္ ေခၚယူဖို႔ ရွိေနတယ္။ မန္စီးတီးက ေစ်းကြက္ထဲကေန ကစားသမားေရာင္းခ်မႈမွ ေပါင္ သန္း ၁၀၀ ေလာက္ရဖို႔ ရွိေနေပမယ့္ ကိန္းနဲ႔ ဂရီလစ္ ႏွစ္ဦးလံုးကို ေရာင္းထုတ္ဖို႔ဆိုရင္ အသံုးစရိတ္ ထပ္ရွာဖို႔ လိုအပ္ဦးမွာျဖစ္တယ္။

အဂြယ္ရိုကို ရွင္းထုတ္ထားျခင္းေၾကာင့္ တစ္ပတ္ လုပ္ခ ေပါင္ ၂၅၀၀၀၀ သက္သာေနတဲ့ မန္စီးတီးအတြက္ ဟယ္ရီကိန္းကို ျမင့္မားတဲ့ လုပ္ခေပးဖို႔ ျပႆနာ မရွိပါဘူး။ ေနာက္ထပ္ ေခၚယူမႈအတြက္ကေတာ့ ဘာနာတိုကို ေပါင္ ၅၀-၆၀ သန္း ဝန္းက်င္ျဖင့္ ေရာင္းခ်ဖို႔ မန္စီးတီးက စီစသ္ေနျပီး လာေပၚေတးရဲ႕ အနာဂတ္ကလည္း မေရရာေသးဘူးလို႔ သိရတာ ျဖစ္ပါတယ္။