ဇီဒန်းနေရာ ဆက်ခံပြီး ရီးရဲလ်မက်ဒရစ် မန်နေဂျာသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ပုဂ္ဂိုလ်

ရီးရဲလ်မက်ဒရစ်ဟာ မန်နေဂျာ ဇီဒန်းနေရာ အစားထိုးဖို့အတွက် နံပါတ် ၁ ပစ်မှတ်အဖြစ် ပီအက်စ်ဂျီ မန်နေဂျာ ပိုချက်တီနိုကို ချိန်ရွယ်ထားတယ်လို့ Goal က ဖော်ပြပါတယ်။

ဇီဒန်းဟာ ဒုတိယအကြိမ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီဖြစ်ကာ စပိန်ကလပ်က လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား စိန်ခေါ်ရေးတွေအတွက် ဦးဆောင်သူတစ်ဦး ရှာဖွေဖို့ အရေးတစ်ကြီး လိုအပ်လာနေခဲ့ပါပြီ။ ပိုချက်တီနိုကို စိတ်ဝင်စားနေတာက ရီးရဲလ်တစ်သင်းတည်း မဟုတ်ဘဲ ပရီးမီးယားလိဂ်ကလပ် စပါးကလည်း တရားဝင် ကြိုးစားမှုတွေ စတင်ဖို့ ပြင်ဆင်ထားတာဖြစ်တယ်။

ပီအက်စ်ဂျီရဲ့ မန်နေဂျာကို ဥရောပပြိုင်ဘက်တွေက အပြိုင် ကမ်းလှမ်းလိုနေခြင်းအတွက် ပြင်သစ်ကလပ်ရဲ့ ဒါရိုက်တာ လီယိုနာဒိုက “ ပိုချက်တီနိုဟာ ကျနေ်ာတို့ အသင်းနဲ့ စာချုပ် ၂ နှစ် ကျန်ရှိပါသေးတယ်။ ဒီစာချုပ်အတွက်လည်း ကျနေ်ာတို့ ပျော်ရွှင်နေပါတယ် ” လို့ တုန့်ပြန်ခဲ့တယ်။ ဒါကြောင့် ပီအက်စ်ဂျီဘက်က ၎င်းတို့ မန်နေဂျာကို ဆက်ထိန်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားဖွယ်ရှိပါတယ်။

အက်ပန်ညိုမန်နေဂျာအဖြစ် လာလီဂါမှာ ကျင်လည်ဖူးတဲ့ ပိုချက်တီနိုက ကာလတိုပဲ ကိုင်တွယ်ရသေးတဲ့ ပီအက်စ်ဂျီမှာ ဆက်နေလို့စိတ် မရှိဘူးဆိုတဲ့ အသံတွေလည်း ထွက်နေတယ်။ သူ့ရဲ့ ဦးစားပေးက ရီးရဲလ်မက်ဒရစ်ထံ ဖြစ်မလား အသင်းဟောင်း စပါးအသင်းထံ ပြန်သွားဖို့လည်းဆိုတာတော့ မသိသေးပေမယ့် ရီးရဲလ်နဲ့တော့ အတော်လေး ရေပန်းစားလာပါတယ်။

စပါးအသင်းဟာ ဟယ်ရီကိန်းကို ရောင်းထုတ်ရဖွယ်ရှိတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရကာ အင်္ဂလန်တိုက်စစ်သမားအတွက် ရရှိမယ့် ပေါင် သန်း ၁၅၀ ကို အသုံးပြုခွင့်ပေးရချိန်မှာ ပိုချက်တီနိုအပေါ် ယုံကြည်မှုရှိတဲ့ အနေအထားဖြစ်တယ်။ စပါးဟာ ပြန်လည်တည်ဆောက်မှုတွေ လုပ်ဖို့ လိုအပ်နေပြီး ဘာဝင်ဂီကိုနဲ့ အော်ရေးတို့ကိုလည်း ရှင်းထုတ်ဖွယ်ရှိနေပါသေးတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ နွေအတွက် အင်အားဖြည့်မှုကြီးတွေ လုပ်ဖို့ အလားအလာ မရှိသေးပါဘူး။ ၎င်းတို့ ဘိုင်ယန်ကနေ အလွတ်ဖြင့် ထွက်ခွာလာတဲ့ အလာဘာကို ခေါ်ယူထားကာ ဗာရိန်း အပါအဝင် အသင်းသား အချို့ကို ထွက်ခွာခွင့်ပေးရမှာဖြစ်ပြီး လူစာရင်း ပြန်လည် တည်ဆောက်မှုတွေ လိုအပ်နေသေးတာဖြစ်ပါတယ်။

ZAWGYI – ရီးရဲလ္မက္ဒရစ္ဟာ မန္ေနဂ်ာ ဇီဒန္းေနရာ အစားထိုးဖို႔အတြက္ နံပါတ္ ၁ ပစ္မွတ္အျဖစ္ ပီအက္စ္ဂ်ီ မန္ေနဂ်ာ ပိုခ်က္တီႏိုကို ခ်ိန္ရြယ္ထားတယ္လို႔ Goal က ေဖာ္ျပပါတယ္။

ဇီဒန္းဟာ ဒုတိယအၾကိမ္အျဖစ္ ရီးရဲလ္မက္ဒရစ္နဲ႔ လမ္းခြဲခဲ့ျပီျဖစ္ကာ စပိန္ကလပ္က လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလား စိန္ေခၚေရးေတြအတြက္ ဦးေဆာင္သူတစ္ဦး ရွာေဖြဖို႔ အေရးတစ္ၾကီး လိုအပ္လာေနခဲ့ပါျပီ။ ပိုခ်က္တီႏိုကို စိတ္ဝင္စားေနတာက ရီးရဲလ္တစ္သင္းတည္း မဟုတ္ဘဲ ပရီးမီးယားလိဂ္ကလပ္ စပါးကလည္း တရားဝင္ ၾကိဳးစားမႈေတြ စတင္ဖို႔ ျပင္ဆင္ထားတာျဖစ္တယ္။

ပီအက္စ္ဂ်ီရဲ႕ မန္ေနဂ်ာကို ဥေရာပျပိဳင္ဘက္ေတြက အျပိဳင္ ကမ္းလွမ္းလိုေနျခင္းအတြက္ ျပင္သစ္ကလပ္ရဲ႕ ဒါရိုက္တာ လီယိုနာဒိုက “ ပိုခ်က္တီႏိုဟာ က်ေန္ာတို႔ အသင္းနဲ႔ စာခ်ဳပ္ ၂ ႏွစ္ က်န္ရွိပါေသးတယ္။ ဒီစာခ်ဳပ္အတြက္လည္း က်ေန္ာတို႔ ေပ်ာ္ရႊင္ေနပါတယ္ ” လို႔ တုန္႔ျပန္ခဲ့တယ္။ ဒါေၾကာင့္ ပီအက္စ္ဂ်ီဘက္က ၄င္းတို႔ မန္ေနဂ်ာကို ဆက္ထိန္းႏုိင္ဖို႔ အစြမ္းကုန္ ၾကိဳးစားဖြယ္ရွိပါတယ္။

အက္ပန္ညိဳမန္ေနဂ်ာအျဖစ္ လာလီဂါမွာ က်င္လည္ဖူးတဲ့ ပိုခ်က္တီႏိုက ကာလတိုပဲ ကိုင္တြယ္ရေသးတဲ့ ပီအက္စ္ဂ်ီမွာ ဆက္ေနလို႔စိတ္ မရွိဘူးဆိုတဲ့ အသံေတြလည္း ထြက္ေနတယ္။ သူ႔ရဲ႕ ဦးစားေပးက ရီးရဲလ္မက္ဒရစ္ထံ ျဖစ္မလား အသင္းေဟာင္း စပါးအသင္းထံ ျပန္သြားဖို႔လည္းဆိုတာေတာ့ မသိေသးေပမယ့္ ရီးရဲလ္နဲ႔ေတာ့ အေတာ္ေလး ေရပန္းစားလာပါတယ္။

စပါးအသင္းဟာ ဟယ္ရီကိန္းကို ေရာင္းထုတ္ရဖြယ္ရွိတဲ့ အႏၱရာယ္ကို ရင္ဆိုင္ေနရကာ အဂၤလန္တိုက္စစ္သမားအတြက္ ရရွိမယ့္ ေပါင္ သန္း ၁၅၀ ကို အသံုးျပဳခြင့္ေပးရခ်ိန္မွာ ပိုခ်က္တီႏိုအေပၚ ယံုၾကည္မႈရွိတဲ့ အေနအထားျဖစ္တယ္။ စပါးဟာ ျပန္လည္တည္ေဆာက္မႈေတြ လုပ္ဖို႔ လိုအပ္ေနျပီး ဘာဝင္ဂီကိုနဲ႔ ေအာ္ေရးတို႔ကိုလည္း ရွင္းထုတ္ဖြယ္ရွိေနပါေသးတယ္။

ရီးရဲလ္မက္ဒရစ္ကေတာ့ ေႏြအတြက္ အင္အားျဖည့္မႈၾကီးေတြ လုပ္ဖို႔ အလားအလာ မရွိေသးပါဘူး။ ၄င္းတို႔ ဘိုင္ယန္ကေန အလြတ္ျဖင့္ ထြက္ခြာလာတဲ့ အလာဘာကို ေခၚယူထားကာ ဗာရိန္း အပါအဝင္ အသင္းသား အခ်ိဳ႔ကို ထြက္ခြာခြင့္ေပးရမွာျဖစ္ျပီး လူစာရင္း ျပန္လည္ တည္ေဆာက္မႈေတြ လိုအပ္ေနေသးတာျဖစ္ပါတယ္။