ချယ်ဆီး ကံကောင်းခဲ့ခြင်း မဟုတ်ဘဲ တူချယ်ရဲ့ စနစ်ကျတဲ့ နည်းစနစ်အောက်မှာ လက်မှိုင်ချခဲ့ရတဲ့ ပက်

ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ အဆုံးမှာတော့ သောမက်စ်တူချယ် မျှော်လင့်ထားတဲ့အတိုင်း အတိအကျဖြစ်လာခဲ့ကြောင်း The Athletic က သုံးသပ်ပါတယ်။

ဇန်နဝါရီမှာ ချယ်ဆီးအသင်းကို တူချယ် တာဝန်ယူခဲ့ပြီးတဲ့နောက် ပွဲကြီးတွေမှာ သူသုံးနေကျဖြစ်တဲ့ ပွဲအစီအမံမျိုးကိုပဲ ဗိုလ်လုပွဲမှာ မြင်ခဲ့ရတယ်။ ဘောလုံးပိုင်ဆိုင်မှုကနေ ပွဲတွေကို ထိန်းချုပ်ကြည့်ဖို့ ကြိုးစားခဲ့ပြိး သူတို့ရဲ့ သွင်းဂိုးကတော့ ကောင်တာတိုက်စစ်တွေကနေ ရရှိလာခဲ့ခြင်းဖြစ်တယ်။

ချယ်ဆီးက လျှင်မြန်တဲ့ တိုက်စစ်ဆင်ပုံဖြင့် ပြိုင်ဘက်ရဲ့ ခံစစ်ကို ချိုးဖောက်ဝင်ရောက်တယ်။ ခေတ်ဟောင်းပုံစံအတိုင်း ပင်နတီဧရိယာထဲကနေ ကာကွယ်မှု လုပ်ပါတယ်။ အံ့သြဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ ချယ်ဆီးက မန်စီးတီးရဲ့ အဓိက အားနည်းချက်က ဘာလဲဆိုတာကို ခပ်လွယ်လွယ်ပဲ ရှာဖွေနိုင်စွမ်းရှိတဲ့ ပုံစံဖြစ်တယ်။

သောမက်စ်တူချယ်က သူရဲ့ ပွဲထွက် ၁၁ ဦးစာရင်းအတွက် သိပ်ပြီး မစဉ်းစားဘဲ အားလုံး မျှော်လင့်ထားတဲ့ အခင်းအကျင်းကိုပဲ ထုတ်သုံးခဲ့တယ်။ ပြိုင်ဘက်မန်နေဂျာ ပက် ဂွာဒီယိုလာရဲ့ လူထုတ်ပုံကတော့ အံ့သြစရာ အနည်းငယ် ရှိပါတယ်။

စတာလင်ကို ဘယ်တောင်ပံထားပြီး ဖိုဒန်ကို အတွင်းပိုင်းကို ထည့်စေတယ်။ ဂွမ်ဒိုဂမ်က ခံစစ်တန်းကို ကာကွယ်သူနေရာ တာဝန်ယူပါတယ်။ ဒီရာသီမှာ ဒုတိယအကြိမ်အဖြစ် ဂွာဒီယိုလာက သူ့ရဲ့ ကွင်းလယ်ခံစစ်မှူးတွေဖြစ်တဲ့ ဖာနန်ဒင်ဟိုနဲ့ ရိုဒရီထဲက တစ်ဦးကိုမှ ပွဲထွက်စာရင်းထဲ မညထ့်ခဲ့ပါဘူး။

ပက်ဟာ အတွေးလွန်လွန်းတယ်ဆိုတဲ့ မှတ်ချက်တွေ ရခဲ့ပေမယ့် ဂွာဒီယိုလာမှာလည်း အကြောင်းပြချက်တွေ ရှိနေတာဖြစ်တယ်။ ဖာနန်ဒင်ဟိုက အသက် ၃၆ နှစ်အရွယ် ရှိနေပြီဖြစ်ကာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာတုန်းက မောင့်ရဲ့ သွက်လက်တဲ့ လှုပ်ရှားမှုတွေက ဘရာဇီးသားကို ကောင်းကောင်းကြီး ဒုက္ခပေးခဲ့ဖူးပါတယ်။

ရိုဒရီ ကိုယ်တိုင်ကလည်း ချယ်ဆီးရဲ့ ကောင်တာတိုက်စစ်ကို ရပ်တန့်ရမယ့် အနေအထားမှာ အားနည်းချက်တွေဖြင့် ကစားခဲ့တာကို ပြီးခဲ့တဲ့ ပွဲတွေမှာ မြင်ထားရတယ်။ သူကိုယ်တိုင် ကစားခဲ့ဖူးတဲ့ နေရာအတွက် သူပိုင်ထားတဲ့ ကွင်းလယ်ခံစစ်သမားတွေ တစ်ဦးကိုမှ အားမရခြင်းကြောင့်လည်း ဂွာဒီယိုလာက အပြောင်းအလဲ လုပ်ခဲ့ခြင်းဖြစ်နိုင်တယ်။

ချယ်ဆီးက မန်စီးတီးရဲ့ ကွင်းလယ်ခံစစ်ကိုပဲ ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၆ ပတ်တုန်းက သူတို့ အောင်မြင်စွာ လုပ်နိုင်ခဲ့တဲ့အတိုင်း ဘယ်ခြမ်းက ချီးဝဲလ်ကို အားပြုတဲ့ ဘယ်တောင်ပံ ထိုးဖောက်မှုတွေကိုလည်း ထပ်လုပ်ပြခဲ့ပြန်သေးတာပါ။ ချီးဝဲလ်နဲ့ ရိစ်ဂျိမ်းတို့က ခံစစ်ကာကွယ်မှုတွေမှာ တောက်ပခဲ့ကာ တိုက်စစ်လိုက်ချိန်မှာတော့ ချီးဝဲလ်က အထူးတောက်ပခဲ့ပြီး မန်စီးတီးအသင်းသားတွေကို ဒုက္ခပေးနိုင်ခဲ့တယ်။

ဂွာဒီယိုလာက ဘောလုံးပိုင်ဆိုင်ချိန်မှာ ခံစစ်သုံးယောက်တန်း၊ စိန်ပွင့် ကွင်းလယ်နဲ့ တိုက်စစ် သုံးယောက်တန်းကို အသုံးပြုခဲ့တယ်။ ဇင်ချန်ကိုက ဘယ်အစွန်လူအဖြစ်ကနေ စိန်ပွင့်ပုံရဲ့ ဘယ်ခြမ်းနေရာကို ဝင်ရောက် တာဝန်ယူပါတယ်။ ဒီအချက်ကပဲ ခံစစ်သမားတွေဟာ နေရာလွတ် အကျယ်ကြီးကို ကာကွယ်ရဖို့ ဖြစ်လာခဲ့ပြီး ချယ်ဆီးက ကောင်တာတိုက်ဖို့ အကောင်းဆုံး အနေအထားဖြစ်ခဲ့တာပါ။

ချယ်ဆီးအသင်းဟာ ပုံမှန် အခင်းအကျင်းအဖြစ်ပဲ ပွဲထွက်လာခဲ့ပြီး မောင့်နဲ့ ဟာဗက်က အတွင်းပိုင်းကို အနည်းငယ်ဝင်ပြီး တိုက်ခိုက်လိုစိတ်ရှိတဲ့ ကစားဟန်ဖြင့် မန်စီးတီးရဲ့ ကွင်းလယ် ပေးမှုတွေကို ဖြတ်တောက်ခဲ့တယ်။ သူတို့နှစ်ဦးက အခြားသော ကွင်းလယ် နှစ်ဦးဖြင့် ပေါင်းပြီး ၄ ယောက်တန်း ကာကွယ်ဖို့ထက် ၅-၂-၃ ပုံစံ ကစားကာ မန်စီးတီးကို စွန့်စွန့်စားစား ဒုက္ခပေးခဲ့တာဖြစ်တယ်။

ချယ်ဆီးအသင်းမှာ ချီးကျူးစရာက ရူဒီဂါနဲ့ ကွီတာ ဦးဆောင်တဲ့ ခံစစ် ၅ ဦးတန်းဟာ နေရာလွတ် အကျယ်ကြီးကို နောက်မှာ ထားရပေမယ့် တိုက်ခိုက်လိုစိတ်ရှိတဲ့ ပုံစံဖြင့် ဟာကွက်ကို ဖြည့်ခဲ့ကြခြင်းဖြစ်တယ်။ ရံဖန်ရံခါမှာ ရိစ်နဲ့ ချီးဝဲလ်တို့အစား ရူဒီဂါနဲ့ ကွီတာက ကွင်းလယ်ကို ဝင်ထောက်ကာ အသင်းကစားကွက်ကို မတင်ပေးခဲ့ကြပါတယ်။

ချယ်ဆီးရဲ့ ဘယ်ခြမ်းကို အားပြုမှု၊ အဝေးဘောတွေဖြင့် ဘောလုံးထုတ်မှုတွေက ထိရောက်ခဲ့တယ်။ ဒါ့အပြင် တိုက်စစ်က အရေးပါတဲ့ ဧရိယာတွေမှာရှိနေတဲ့ အသင်းဖော်တွေကို ပြေးလမ်းထဲ ဘောလုံး ခပ်မြန်မြန်ပေးမှုတွေကပဲ မန်စီးတီးကို ဒုက္ခပေးခဲ့တဲ့ အချက်တွေ ဖြစ်ခဲ့ပါတယ်။

မန်စီးတီးနဲ့ ချယ်ဆီးတို့ရဲ့ ဗိုလ်လုပွဲဟာ ဂွာဒီယိုလာရဲ့ အတွေးလွန်မှုကြောင့်ဆိုတာထက် တူချယ်ရဲ့ နည်းစနစ်ကျတဲ့ ဗျူဟာတွေအောက်မှာ ဂွာဒီယိုလာ အရေးနိမ့်ခဲ့ခြင်းလို့ပဲ ဆိုရဖို့ ရှိနေခဲ့ပါတယ်။

ZAWGYI – ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲဟာ အဆံုးမွာေတာ့ ေသာမက္စ္တူခ်ယ္ ေမွ်ာ္လင့္ထားတဲ့အတိုင္း အတိအက်ျဖစ္လာခဲ့ေၾကာင္း The Athletic က သံုးသပ္ပါတယ္။

ဇန္နဝါရီမွာ ခ်ယ္ဆီးအသင္းကို တူခ်ယ္ တာဝန္ယူခဲ့ျပီးတဲ့ေနာက္ ပြဲၾကီးေတြမွာ သူသံုးေနက်ျဖစ္တဲ့ ပြဲအစီအမံမ်ိဳးကိုပဲ ဗိုလ္လုပြဲမွာ ျမင္ခဲ့ရတယ္။ ေဘာလံုးပိုင္ဆိုင္မႈကေန ပြဲေတြကို ထိန္းခ်ဳပ္ၾကည့္ဖို႔ ၾကိဳးစားခဲ့ျပိး သူတို႔ရဲ႕ သြင္းဂိုးကေတာ့ ေကာင္တာတိုက္စစ္ေတြကေန ရရွိလာခဲ့ျခင္းျဖစ္တယ္။

ခ်ယ္ဆီးက လွ်င္ျမန္တဲ့ တိုက္စစ္ဆင္ပံုျဖင့္ ျပိဳင္ဘက္ရဲ႕ ခံစစ္ကို ခ်ိဳးေဖာက္ဝင္ေရာက္တယ္။ ေခတ္ေဟာင္းပံုစံအတိုင္း ပင္နတီဧရိယာထဲကေန ကာကြယ္မႈ လုပ္ပါတယ္။ အံ့ၾသဖို႔ေကာင္းတဲ့ အခ်က္တစ္ခုကေတာ့ ခ်ယ္ဆီးက မန္စီးတီးရဲ႕ အဓိက အားနည္းခ်က္က ဘာလဲဆိုတာကို ခပ္လြယ္လြယ္ပဲ ရွာေဖြႏုိင္စြမ္းရွိတဲ့ ပံုစံျဖစ္တယ္။

ေသာမက္စ္တူခ်ယ္က သူရဲ႕ ပြဲထြက္ ၁၁ ဦးစာရင္းအတြက္ သိပ္ျပီး မစဥ္းစားဘဲ အားလံုး ေမွ်ာ္လင့္ထားတဲ့ အခင္းအက်င္းကိုပဲ ထုတ္သံုးခဲ့တယ္။ ျပိဳင္ဘက္မန္ေနဂ်ာ ပက္ ဂြာဒီယိုလာရဲ႕ လူထုတ္ပံုကေတာ့ အံ့ၾသစရာ အနည္းငယ္ ရွိပါတယ္။

စတာလင္ကို ဘယ္ေတာင္ပံထားျပီး ဖိုဒန္ကို အတြင္းပိုင္းကို ထည့္ေစတယ္။ ဂြမ္ဒိုဂမ္က ခံစစ္တန္းကို ကာကြယ္သူေနရာ တာဝန္ယူပါတယ္။ ဒီရာသီမွာ ဒုတိယအၾကိမ္အျဖစ္ ဂြာဒီယိုလာက သူ႔ရဲ႔ ကြင္းလယ္ခံစစ္မွဴးေတြျဖစ္တဲ့ ဖာနန္ဒင္ဟိုနဲ႔ ရိုဒရီထဲက တစ္ဦးကိုမွ ပြဲထြက္စာရင္းထဲ မညထ့္ခဲ့ပါဘူး။

ပက္ဟာ အေတြးလြန္လြန္းတယ္ဆိုတဲ့ မွတ္ခ်က္ေတြ ရခဲ့ေပမယ့္ ဂြာဒီယိုလာမွာလည္း အေၾကာင္းျပခ်က္ေတြ ရွိေနတာျဖစ္တယ္။ ဖာနန္ဒင္ဟိုက အသက္ ၃၆ ႏွစ္အရြယ္ ရွိေနျပီျဖစ္ကာ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာတုန္းက ေမာင့္ရဲ႕ သြက္လက္တဲ့ လႈပ္ရွားမႈေတြက ဘရာဇီးသားကို ေကာင္းေကာင္းၾကီး ဒုကၡေပးခဲ့ဖူးပါတယ္။

ရိုဒရီ ကိုယ္တိုင္ကလည္း ခ်ယ္ဆီးရဲ႕ ေကာင္တာတိုက္စစ္ကို ရပ္တန္႔ရမယ့္ အေနအထားမွာ အားနည္းခ်က္ေတြျဖင့္ ကစားခဲ့တာကို ျပီးခဲ့တဲ့ ပြဲေတြမွာ ျမင္ထားရတယ္။ သူကိုယ္တိုင္ ကစားခဲ့ဖူးတဲ့ ေနရာအတြက္ သူပိုင္ထားတဲ့ ကြင္းလယ္ခံစစ္သမားေတြ တစ္ဦးကိုမွ အားမရျခင္းေၾကာင့္လည္း ဂြာဒီယိုလာက အေျပာင္းအလဲ လုပ္ခဲ့ျခင္းျဖစ္ႏုိင္တယ္။

ခ်ယ္ဆီးက မန္စီးတီးရဲ႕ ကြင္းလယ္ခံစစ္ကိုပဲ ပစ္မွတ္ထားခဲ့ျခင္း မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ ၆ ပတ္တုန္းက သူတို႔ ေအာင္ျမင္စြာ လုပ္ႏုိင္ခဲ့တဲ့အတိုင္း ဘယ္ျခမ္းက ခ်ီးဝဲလ္ကို အားျပဳတဲ့ ဘယ္ေတာင္ပံ ထိုးေဖာက္မႈေတြကိုလည္း ထပ္လုပ္ျပခဲ့ျပန္ေသးတာပါ။ ခ်ီးဝဲလ္နဲ႔ ရိစ္ဂ်ိမ္းတို႔က ခံစစ္ကာကြယ္မႈေတြမွာ ေတာက္ပခဲ့ကာ တိုက္စစ္လိုက္ခ်ိန္မွာေတာ့ ခ်ီးဝဲလ္က အထူးေတာက္ပခဲ့ျပီး မန္စီးတီးအသင္းသားေတြကို ဒုကၡေပးႏုိင္ခဲ့တယ္။

ဂြာဒီယိုလာက ေဘာလံုးပိုင္ဆိုင္ခ်ိန္မွာ ခံစစ္သံုးေယာက္တန္း၊ စိန္ပြင့္ ကြင္းလယ္နဲ႔ တိုက္စစ္ သံုးေယာက္တန္းကို အသံုးျပဳခဲ့တယ္။ ဇင္ခ်န္ကိုက ဘယ္အစြန္လူအျဖစ္ကေန စိန္ပြင့္ပံုရဲ႕ ဘယ္ျခမ္းေနရာကို ဝင္ေရာက္ တာဝန္ယူပါတယ္။ ဒီအခ်က္ကပဲ ခံစစ္သမားေတြဟာ ေနရာလြတ္ အက်ယ္ၾကီးကို ကာကြယ္ရဖို႔ ျဖစ္လာခဲ့ျပီး ခ်ယ္ဆီးက ေကာင္တာတိုက္ဖို႔ အေကာင္းဆံုး အေနအထားျဖစ္ခဲ့တာပါ။

ခ်ယ္ဆီးအသင္းဟာ ပံုမွန္ အခင္းအက်င္းအျဖစ္ပဲ ပြဲထြက္လာခဲ့ျပီး ေမာင့္နဲ႔ ဟာဗက္က အတြင္းပိုင္းကို အနည္းငယ္ဝင္ျပီး တိုက္ခိုက္လိုစိတ္ရွိတဲ့ ကစားဟန္ျဖင့္ မန္စီးတီးရဲ႕ ကြင္းလယ္ ေပးမႈေတြကို ျဖတ္ေတာက္ခဲ့တယ္။ သူတို႔ႏွစ္ဦးက အျခားေသာ ကြင္းလယ္ ႏွစ္ဦးျဖင့္ ေပါင္းျပီး ၄ ေယာက္တန္း ကာကြယ္ဖို႔ထက္ ၅-၂-၃ ပံုစံ ကစားကာ မန္စီးတီးကို စြန္႔စြန္႔စားစား ဒုကၡေပးခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးအသင္းမွာ ခ်ီးက်ဴးစရာက ရူဒီဂါနဲ႔ ကီြတာ ဦးေဆာင္တဲ့ ခံစစ္ ၅ ဦးတန္းဟာ ေနရာလြတ္ အက်ယ္ၾကီးကို ေနာက္မွာ ထားရေပမယ့္ တိုက္ခိုက္လိုစိတ္ရွိတဲ့ ပံုစံျဖင့္ ဟာကြက္ကို ျဖည့္ခဲ့ၾကျခင္းျဖစ္တယ္။ ရံဖန္ရံခါမွာ ရိစ္နဲ႔ ခ်ီးဝဲလ္တို႔အစား ရူဒီဂါနဲ႔ ကီြတာက ကြင္းလယ္ကို ဝင္ေထာက္ကာ အသင္းကစားကြက္ကို မတင္ေပးခဲ့ၾကပါတယ္။

ခ်ယ္ဆီးရဲ႕ ဘယ္ျခမ္းကို အားျပဳမႈ၊ အေဝးေဘာေတြျဖင့္ ေဘာလံုးထုတ္မႈေတြက ထိေရာက္ခဲ့တယ္။ ဒါ့အျပင္ တိုက္စစ္က အေရးပါတဲ့ ဧရိယာေတြမွာရွိေနတဲ့ အသင္းေဖာ္ေတြကို ေျပးလမ္းထဲ ေဘာလံုး ခပ္ျမန္ျမန္ေပးမႈေတြကပဲ မန္စီးတီးကို ဒုကၡေပးခဲ့တဲ့ အခ်က္ေတြ ျဖစ္ခဲ့ပါတယ္။

မန္စီးတီးနဲ႔ ခ်ယ္ဆီးတို႔ရဲ႕ ဗိုလ္လုပြဲဟာ ဂြာဒီယိုလာရဲ႕ အေတြးလြန္မႈေၾကာင့္ဆိုတာထက္ တူခ်ယ္ရဲ႕ နည္းစနစ္က်တဲ့ ဗ်ဴဟာေတြေအာက္မွာ ဂြာဒီယိုလာ အေရးနိမ့္ခဲ့ျခင္းလို႔ပဲ ဆိုရဖို႔ ရွိေနခဲ့ပါတယ္။