တနင်္လာနေ့ နံနက်ခင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများ (31/05/21)

အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်းကြီး အွန်နရီကတော့ ဒီနွေ ယူရိုပြိုင်ပွဲ အတွက် ဘယ်လ်ဂျီယံ အသင်း နည်းပြ အဖွဲ့ထဲ ပြန် ပါဝင်လာပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဂါနာ U20 လက်ရွေးစင် ကွင်းလယ်တိုက်စစ်သမားလေး Fatawu Abdul Issahaku ကို စတပ်ဖက်စ် အက်ဖ်စီ အသင်းထံကနေ ခေါ်ယူနိုင်ခဲ့ပြီလို့ သတင်း ထွက်လာပါတယ်။ အသက် ၁၇ နှစ်အရွယ် ဂါနာလူူငယ်လေး အတွက် လီဗာပူးက ပေါင် ၁.၅ သန်း သုံးခဲ့ရတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီ နည်းပြ ပိုချက်တီနိုဟာ ၎င်းကို အသင်းဟောင်း စပါးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ခေါ်ယူလိုနေတာကြောင့် အသင်းကနေ ထွက်ခွာလိုနေတယ် လို့ သိရပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီ အားကစား ဒါရိုက်တာ လီယိုနာဒိုကတော့ ၎င်းတို့က ပိုချက်တီနို ကို လက်လွှတ်မှာ မဟုတ်ကြောင်း ဆိုလိုက်ပါတယ်။

ချယ်ဆီး ခံစစ်မှူး ရူဒီဂါကတော့ အသင်းမှာ မတည်ငြိမ်မှုများကြောင်း ထွက်ခွာဖို့ စဉ်းစားခဲ့ပေမယ့် ချယ်ဆီးမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်တာက သူ့ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။

ပြီးသွားတဲ့ ဘောလုံးရာသီမှာ လီဗာပူးရဲ့ ဗဟိုခံစစ်ကနေ ဝင် ခြေစွမ်းပြခဲ့တဲ့ နက် ဖိလစ်ကို ဘန်လေ အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးအသင်းက နောက်နှစ် ပရီးမီးယားလိဂ်မှာ အင်အားတောင့်တင်းဖို့ အတွက် အင်တာမီလန် တိုက်စစ်မှူး လူကာကူ ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်မှူး ကိန်းနဲ့ ဟာလန်းတို့ ကို ပစ်မှတ်ထားနေသော်လည်း ဒီနွေမှာ အထောင် တိုက်စစ်မှူး ခေါ်ယူတော့မှာ မဟုတ်ဘဲ ၂၀၂၂ ကျမှ ဟာလန်းကို ကြိုးစားဖို့ ရှိနေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ထုတ်ထားပါတယ်။

Zawgyi – အာဆင္နယ္ ဂႏၱ၀င္ ကစားသမားေဟာင္းၾကီး အြန္နရီကေတာ့ ဒီေႏြ ယူရိုျပိဳင္ပြဲ အတြက္ ဘယ္လ္ဂ်ီယံ အသင္း နည္းျပ အဖြဲ႕ထဲ ျပန္ ပါ၀င္လာျပီ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဂါနာ U20 လက္ေရြးစင္ ကြင္းလယ္တိုက္စစ္သမားေလး Fatawu Abdul Issahaku ကို စတပ္ဖက္စ္ အက္ဖ္စီ အသင္းထံကေန ေခၚယူနိုင္ခဲ့ျပီလို႔ သတင္း ထြက္လာပါတယ္။ အသက္ ၁၇ နွစ္အရြယ္ ဂါနာလူူငယ္ေလး အတြက္ လီဗာပူးက ေပါင္ ၁.၅ သန္း သံုးခဲ့ရတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီ နည္းျပ ပိုခ်က္တီနိုဟာ ၄င္းကို အသင္းေဟာင္း စပါးနဲ႕ ရီးရဲလ္မက္ဒရစ္တို႔က ေခၚယူလိုေနတာေၾကာင့္ အသင္းကေန ထြက္ခြာလိုေနတယ္ လို႔ သိရပါတယ္။ ဒါေပမယ့္ ပီအက္စ္ဂ်ီ အားကစား ဒါရိုက္တာ လီယိုနာဒိုကေတာ့ ၄င္းတို႔က ပိုခ်က္တီနို ကို လက္လႊတ္မွာ မဟုတ္ေၾကာင္း ဆိုလိုက္ပါတယ္။

ခ်ယ္ဆီး ခံစစ္မွဴး ရူဒီဂါကေတာ့ အသင္းမွာ မတည္ျငိမ္မႈမ်ားေၾကာင္း ထြက္ခြာဖို႔ စဥ္းစားခဲ့ေပမယ့္ ခ်ယ္ဆီးမွာ ဆက္ေနဖို႔ ဆံုးျဖတ္လိုက္တာက သူ႔ဘ၀မွာ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ တစ္ခု ျဖစ္ခဲ့ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။

ျပီးသြားတဲ့ ေဘာလံုးရာသီမွာ လီဗာပူးရဲ႕ ဗဟိုခံစစ္ကေန ၀င္ ေျခစြမ္းျပခဲ့တဲ့ နက္ ဖိလစ္ကို ဘန္ေလ အသင္းက ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

ခ်ယ္ဆီးအသင္းက ေနာက္နွစ္ ပရီးမီးယားလိဂ္မွာ အင္အားေတာင့္တင္းဖို႔ အတြက္ အင္တာမီလန္ တိုက္စစ္မွဴး လူကာကူ ကို ေခၚယူဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။

ယူနိုက္တက္ဟာ တိုက္စစ္မွဴး ကိန္းနဲ႕ ဟာလန္းတို႔ ကို ပစ္မွတ္ထားေနေသာ္လည္း ဒီေႏြမွာ အေထာင္ တိုက္စစ္မွဴး ေခၚယူေတာ့မွာ မဟုတ္ဘဲ ၂၀၂၂ က်မွ ဟာလန္းကို ၾကိဳးစားဖို႔ ရွိေနေၾကာင္း ေဒးလီးေမးလ္ သတင္းက ေဖာ္ထုတ္ထားပါတယ္။