ချယ်ဆီးခံစစ်မှူး တိုမိုရီကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ကြိုးစားသွားဖို့ စီစဉ်နေတဲ့ အေစီမီလန်

ချယ်ဆီးခံစစ်မှူး တိုမိုရီဟာ လာမယ့်ရာသီမှာလည်း အီတလီကလပ် အေစီမီလန်မှာပဲ ဆက်နေဖို့ နီးစပ်နေပြီဖြစ်ကြောင်းကို တယ်လီဂရပ်မှ သတင်းထောက် Matt Law က အတည်ပြုပါတယ်။

အီတလီရင်းမြစ်တွေကို အခြေခံပြီး အဆိုပါသတင်းက ဖော်ပြရာမှာ အေစီမီလန်က ပေါင် ၂၅ သန်းဖြင့် အပြီးသတ် ခေါ်ယူခွင့်သော်လည်ကောင်း (သို့) အပြီးသတ် ခေါ်ယူခွင့်ပါတဲ့ နောက်ထပ် အငှားခေါ်ယူမှုသော်လည်ကောင်း ပြုလုပ်သွားနိုင်တယ်လို့ ဖော်ပြနေကြတာဖြစ်တယ်။

စီးရီးအေကလပ်ထံ ရာသီကုန်ထိ အငှားထွက်ကစားနေတဲ့ တိုမိုရီကို အေစီဘက်က ခေါ်ယူလိုရင် ပေါင် ၂၅ သန်း ပေးရမှာဖြစ်ပြီး အနာဂတ်မှာ ပေါင် သန်း ၃၀ ထိ ရောက်နိုင်တဲ့ ပေးချေမှုမျိုး လုပ်ရဖို့ ရှိထားခဲ့တာဖြစ်တယ်။

အေစီမီလန်က တိုမိုရီကို ချက်ခြင်း ခေါ်ယူနိုင်ခြင်း ရှိမရှိဆိုတာက လာမယ့်ရာသီ ၎င်းတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရမရဆိုတဲ့အပေါ်မှာလည်း မူတည်နေတယ်။ လက်တလောမှာတော့ သူတို့ဟာ ပွဲစဉ် ၃၅ ပွဲ ကစားအပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ရင်လည်း တိုမိုရီကို ခေါ်ယူခွင့်အတွက် အေစီမီလန်က ချယ်ဆီးနှင့် ဆွေးနွေးဦးမှာဖြစ်တယ်။ ချယ်ဆီးဘက်က အလိုရှိတဲ့ ပေါင် သန်း ၃၀ လောက်ကို ရဖို့ အာမခံချက်ရှိမှာဖြစ်ပေမယ့် ဒီနွေလား နောက်ထပ် တစ်နှစ်လားဆိုတာပဲ ကွာခြားမှု ရှိပါလိမ့်မယ်။

မီလန်မန်နေဂျာက ဂျူဗင်တပ်ကို အနိုင်ရတဲ့ ပွဲအပြီးမှာပဲ တိုမိုရီကို အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူလိုကြောင်း ဝန်ခံထားတယ်။ စာချုပ်ကိစ္စဖြစ်လာဖို့ကတော့ အင်္ဂလန်ခံစစ်မှူးက မီလန်မှာပဲ ဆက်နေဖို့ ပျော်ရွှင်နေမလားဆိုတာအပြင် ရာသီကုန် အနေအထားက စကားပြောပါလိမ့်မယ်လို့ မီဒီယာတွေကို ဖွင့်ဟထားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးခံစစ္မွဴး တိုမိုရီဟာ လာမယ့္ရာသီမွာလည္း အီတလီကလပ္ ေအစီမီလန္မွာပဲ ဆက္ေနဖို႔ နီးစပ္ေနျပီျဖစ္ေၾကာင္းကို တယ္လီဂရပ္မွ သတင္းေထာက္ Matt Law က အတည္ျပဳပါတယ္။

အီတလီရင္းျမစ္ေတြကို အေျခခံျပီး အဆိုပါသတင္းက ေဖာ္ျပရာမွာ ေအစီမီလန္က ေပါင္ ၂၅ သန္းျဖင့္ အျပီးသတ္ ေခၚယူခြင့္ေသာ္လည္ေကာင္း (သို႔) အျပီးသတ္ ေခၚယူခြင့္ပါတဲ့ ေနာက္ထပ္ အငွားေခၚယူမႈေသာ္လည္ေကာင္း ျပဳလုပ္သြားႏုိင္တယ္လို႔ ေဖာ္ျပေနၾကတာျဖစ္တယ္။

စီးရီးေအကလပ္ထံ ရာသီကုန္ထိ အငွားထြက္ကစားေနတဲ့ တိုမိုရီကို ေအစီဘက္က ေခၚယူလိုရင္ ေပါင္ ၂၅ သန္း ေပးရမွာျဖစ္ျပီး အနာဂတ္မွာ ေပါင္ သန္း ၃၀ ထိ ေရာက္ႏုိင္တဲ့ ေပးေခ်မႈမ်ိဳး လုပ္ရဖို႔ ရွိထားခဲ့တာျဖစ္တယ္။

ေအစီမီလန္က တိုမိုရီကို ခ်က္ျခင္း ေခၚယူႏုိင္ျခင္း ရွိမရွိဆိုတာက လာမယ့္ရာသီ ၄င္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရမရဆိုတဲ့အေပၚမွာလည္း မူတည္ေနတယ္။ လက္တေလာမွာေတာ့ သူတို႔ဟာ ပြဲစဥ္ ၃၅ ပြဲ ကစားအျပီး အမွတ္ေပးဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ေနႏုိင္တာျဖစ္ပါတယ္။

လာမယ့္ရာသီအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္ရင္လည္း တိုမိုရီကို ေခၚယူခြင့္အတြက္ ေအစီမီလန္က ခ်ယ္ဆီးႏွင့္ ေဆြးေႏြးဦးမွာျဖစ္တယ္။ ခ်ယ္ဆီးဘက္က အလိုရွိတဲ့ ေပါင္ သန္း ၃၀ ေလာက္ကို ရဖို႔ အာမခံခ်က္ရွိမွာျဖစ္ေပမယ့္ ဒီေႏြလား ေနာက္ထပ္ တစ္ႏွစ္လားဆိုတာပဲ ကြာျခားမႈ ရွိပါလိမ့္မယ္။

မီလန္မန္ေနဂ်ာက ဂ်ဴဗင္တပ္ကို အႏုိင္ရတဲ့ ပြဲအျပီးမွာပဲ တိုမိုရီကို အျပီးသတ္စာခ်ဳပ္ျဖင့္ ေခၚယူလိုေၾကာင္း ဝန္ခံထားတယ္။ စာခ်ဳပ္ကိစၥျဖစ္လာဖို႔ကေတာ့ အဂၤလန္ခံစစ္မွဴးက မီလန္မွာပဲ ဆက္ေနဖို႔ ေပ်ာ္ရႊင္ေနမလားဆိုတာအျပင္ ရာသီကုန္ အေနအထားက စကားေျပာပါလိမ့္မယ္လို႔ မီဒီယာေတြကို ဖြင့္ဟထားခ့ဲတာျဖစ္ပါတယ္။