လမ်းပတ်နဲ့ ဗန်ပါစီတို့ စံချိန်တွေကို ရာသီမကုန်ခင် ချိုးဖျက်ပြနိုင်ဖွယ် ရှိတဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် ဂန္တဝင်ကြီးတွေ ဖြစ်တဲ့ လမ်းပတ်နဲ့ ဗန်ပါစီတို့ တင်ထားတဲ့ စံချိန်မှတ်တမ်း တချို့ကို ဒီရာသီ မကုန်ခင်မှာ ချိုးဖျက်ပြဖွယ် ရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၂၇ ဂိုး သွင်းယူပေးထားပြီး စံချိန်မှတ်တမ်းသစ်တွေ တင်ဖို့ အလွန် နီးစပ်နေတဲ့ အနေအထား ရှိနေတာပါ။

ယူနိုက်တက်အတွက် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူလိုက်တာက ပြီးခဲ့တဲ့ ရာသီတွေထဲ သိသိသာသာ အရေးပါတဲ့ ခေါ်ယူမှုကောင်းလည်း ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီသား ကွင်းလယ်ကစားသမားဟာ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ယူနိုက်တက် အတွက် သွင်းဂိုးတွေ၊ ဖန်တီးမှုကောင်းတွေ အပြင် ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ပြိုင်ဆိုင်မှုတွေပါ သယ်ဆောင် လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ပွဲမှာ ပင်နယ်တီ ကန်သွင်းတဲ့နောက် ၎င်းရဲ့ ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၂၇ ဂိုး ရှိသွားခဲ့ပြီး ချယ်ဆီးအသင်းမှာ ၂၀၀၉-၁၀ ဘောလုံးရာသီက ဖရန့်လမ်းပတ် ၂၇ ဂိုး သွင်းခဲ့တဲ့ မှတ်တတမ်းကို လိုက်မှီသွားခဲ့တာပါ။ ထိုကာလနောက်ပိုင်း ပရီးမီးယားလိဂ် ကွင်းလယ် ကစားသမားထဲက အဲဒီလောက် ဂိုးမသွင်းနိုင်ခဲ့ကြတာ ကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီ ကုန်ဆုံးဖို့က ပွဲအနည်းငယ် ကျန်သေးတာကြောင့် ဘရူနို ဖာနန်ဒက်စ်ဟာ ဖရန့်လမ်းပတ်ရဲ့ ဂိုးမှတ်တမ်းကို ကျော်ဖြတ်သွားနိုင်ဖွယ် ရှိနေပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်ဟာ ရာသီလက်ကျန်ပွဲတွေမှာ အနည်းဆုံး ၃ ဂိုးသာ သွင်းရင် ၂၀၁၂-၁၃ ဘောလုံးရာသီက ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းခဲ့တဲ့ ရော်ဘင် ဗန်ပါစီ ကိုပါ အမှီလိုက်နိုင်သွားဖို့ ရှိနေသေးတာပါ။

အသက် ၂၆ နှစ် အရွယ် ကွင်းလယ် ကစားသမားဟာ ရာသီမကုန်ခင်မှာ ၃ ဂိုးလောက် သွင်းပြီး ပရီးမီးယားလိဂ် ဂန္တဝင်ကြီးတွေကို ကျော်ဖြတ်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ ဂႏၱ၀င္ၾကီးေတြ ျဖစ္တဲ့ လမ္းပတ္နဲ႕ ဗန္ပါစီတို႔ တင္ထားတဲ့ စံခ်ိန္မွတ္တမ္း တခ်ိဳ႔ကို ဒီရာသီ မကုန္ခင္မွာ ခ်ိဳးဖ်က္ျပဖြယ္ ရွိေနပါတယ္။

ဖာနန္ဒက္စ္ဟာ ဒီရာသီမွာ ယူနိုက္တက္ အတြက္ ျပိဳင္ပြဲစံု ၂၇ ဂိုး သြင္းယူေပးထားျပီး စံခ်ိန္မွတ္တမ္းသစ္ေတြ တင္ဖို႔ အလြန္ နီးစပ္ေနတဲ့ အေနအထား ရွိေနတာပါ။

ယူနိုက္တက္အတြက္ ဘရူနို ဖာနန္ဒက္စ္ကို ေခၚယူလိုက္တာက ျပီးခဲ့တဲ့ ရာသီေတြထဲ သိသိသာသာ အေရးပါတဲ့ ေခၚယူမႈေကာင္းလည္း ျဖစ္ခဲ့ပါတယ္။ ေပၚတူဂီသား ကြင္းလယ္ကစားသမားဟာ စြမ္းေဆာင္ရည္ ေကာင္းေကာင္းနဲ႕ ယူနိုက္တက္ အတြက္ သြင္းဂိုးေတြ၊ ဖန္တီးမႈေကာင္းေတြ အျပင္ ျပင္းျပတဲ့ စိတ္ဓာတ္နဲ႕ ျပိဳင္ဆိုင္မႈေတြပါ သယ္ေဆာင္ လာခဲ့ပါတယ္။

ျပီးခဲ့တဲ့ အက္စတြန္ဗီလာနဲ႕ ပြဲမွာ ပင္နယ္တီ ကန္သြင္းတဲ့ေနာက္ ၄င္းရဲ႕ ဒီရာသီ ျပိဳင္ပြဲစံု သြင္းဂိုး ၂၇ ဂိုး ရွိသြားခဲ့ျပီး ခ်ယ္ဆီးအသင္းမွာ ၂၀၀၉-၁၀ ေဘာလံုးရာသီက ဖရန္႔လမ္းပတ္ ၂၇ ဂိုး သြင္းခဲ့တဲ့ မွတ္တတမ္းကို လိုက္မွီသြားခဲ့တာပါ။ ထိုကာလေနာက္ပိုင္း ပရီးမီးယားလိဂ္ ကြင္းလယ္ ကစားသမားထဲက အဲဒီေလာက္ ဂိုးမသြင္းနုိင္ခဲ့ၾကတာ ၾကာခဲ့ျပီ ျဖစ္ပါတယ္။

ဒီရာသီ ကုန္ဆံုးဖို႔က ပြဲအနည္းငယ္ က်န္ေသးတာေၾကာင့္ ဘရူနို ဖာနန္ဒက္စ္ဟာ ဖရန္႔လမ္းပတ္ရဲ႕ ဂိုးမွတ္တမ္းကို ေက်ာ္ျဖတ္သြားနိုင္ဖြယ္ ရွိေနပါတယ္။

ဒါ့အျပင္ ဖာနန္ဒက္စ္ဟာ ရာသီလက္က်န္ပြဲေတြမွာ အနည္းဆံုး ၃ ဂိုးသာ သြင္းရင္ ၂၀၁၂-၁၃ ေဘာလံုးရာသီက ျပိဳင္ပြဲစံု ဂိုး ၃၀ သြင္းခဲ့တဲ့ ေရာ္ဘင္ ဗန္ပါစီ ကိုပါ အမွီလိုက္နုိင္သြားဖို႔ ရွိေနေသးတာပါ။

အသက္ ၂၆ နွစ္ အရြယ္ ကြင္းလယ္ ကစားသမားဟာ ရာသီမကုန္ခင္မွာ ၃ ဂိုးေလာက္ သြင္းျပီး ပရီးမီးယားလိဂ္ ဂႏၱ၀င္ၾကီးေတြကို ေက်ာ္ျဖတ္ျပနိုင္မလား ဆိုတာ စိတ္၀င္စားစရာ ျဖစ္ေနပါတယ္။