ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လန်ဒန်သို့ ရွှေ့လာဖို့ ယူအီးအက်ဖ်အေနှင့် ဗြိတိန်အစိုးရတို့ ညိနှိုင်းနေ

ဒီကနေ့ တနင်္လာနေ့မှာပဲ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အစ္စတန်ဘူလ်ကနေ လန်ဒန်ကို ရွှေ့လာဖို့ ဗြိတိန်အစိုးရနှင့် ညိနှိုင်းနေတယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

ချယ်ဆီးနှင့် မန်စီးတီးတို့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလန်မှာ ကျင်းပဖို့ ညိနှိုင်းနိုင်ခဲ့ရင် ပြိုင်ပွဲကို အိမ်ကွင်းအဖြစ် ရွှေးချယ်ဖို့ ဝင်ဘာလေကပဲ အဖြစ်နိုင်ဆုံးလို့လည်း သိရတယ်။ အင်္ဂါနေ့မှာတော့ ဆွေးနွေးမှုကနေ ထွက်လာတဲ့ ဆုံးဖြတ်ချက်ကို ကားသိရမှာ ဖြစ်ပါတယ်။

မေလ ၁၇ ရက်နေ့မှာ ဗြိတိန်အစိုးရက ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုတွေ ထွက်ပေါ်လာဦးမှာပါ။ ဒါပေမယ့်လို့ လက်တလောအထိ တူရကီဟာ ဗြိတိန်အစိုးရက သတ်မှတ်ထားတဲ့ အနီရောင်အဆင့် နိုင်ငံတွေထဲ ပါဝင်နေဆဲဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံသားတွေဟာ တိုင်းပြည်က သတ်မှတ်ထားတဲ့ အနီရောင်အဆင့် နိုင်ငံတွေကနေ ပြန်လာခဲ့မယ်ဆိုရင် ကွာရန်တင်း ၁၀ ရက် ဝင်ရမှာဖြစ်တယ်။

ခရီးသွားလာရေးဆိုင်ရာ အတွင်းရေးမှူး Grant Shapps က တူရကီမှာ ကျင်းပမယ့် ချန်ပီယံလိဂ်ပွဲကို ပရိသတ်တွေ သွားရောက်ကြည့်ခြင်း မပြုဖို့ တိုက်တွန်းထားတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဗိုလ်လုပွဲကို ဗြိတိန်မှာ ပြောင်းလဲကျင်းပနိုင်ဖို့ရာ ယူအီးအက်ဖ်အေကို ဆွေးနွေးစကားပြောဖို့ ထောက်ခံချက်ရထားခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲကျင်းပရာကွင်းကို ပြောင်းလဲဖို့အတွက် ဆုံးဖြတ်ချက်ကတော့ ယူအီးအက်ဖ်အေ အပေါ်မှာပဲ မူတည်နေတယ်။ ဗြိတိန်ဟာ ကိုဗစ်စည်းမျဉ်းတွေဖြင့် ဘောလုံးပရိသတ်တွေကို ကွင်းထဲ ဝင်စေဖို့မှာ အတွေ့အကြုံရှိထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အကယ်လို့ ယူအီးအက်ဖ်အေက သဘောတူညီခဲ့မယ်ဆိုရင် အင်္ဂလန်ကလပ်နှစ်သင်း ပြိုင်ဆိုင်မယ့် ဗိုလ်လုပွဲအတွက် ရှေ့ဆက် လုပ်ဆောင်မှုတွေလုပ်ဖို့ ဗြိတိန်ဘက်က အဆင်သင့်ဖြစ်နေတယ်လို့လည်း သိရတာဖြစ်ပါတယ်။

မေလ ၂၉ ရက်နေ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်မယ့် ရက်မှာပဲ မူလ အစီအစဉ်အဖြစ် ချန်ပီယံရှစ် play-off ဗိုလ်လုပွဲ ကစားရဖို့လည်း ရှိနေပါတယ်။ ချန်ပီယံလိဂ် ကစားရမယ်ဆိုရင်တော့ ချန်ပီယံရှစ် play-off ရက်ကို ရွှေ့ဆိုင်းခြင်း (သို့) ကွင်းပြောင်းပေးခြင်းတို့ကို ပြုလုပ်ပေးသွားဖွယ် ရှိနေပါတယ်။

ZAWGYI – ဒီကေန႔ တနလၤာေန႔မွာပဲ ယူအီးအက္ဖ္ေအ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အစၥတန္ဘူလ္ကေန လန္ဒန္ကို ေရႊ႔လာဖို႔ ျဗိတိန္အစိုးရႏွင့္ ညိႏိႈင္းေနတယ္လို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

ခ်ယ္ဆီးႏွင့္ မန္စီးတီးတို႔ ယွဥ္ျပိဳင္ရမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို အဂၤလန္မွာ က်င္းပဖို႔ ညိႏိႈင္းႏုိင္ခဲ့ရင္ ျပိဳင္ပြဲကို အိမ္ကြင္းအျဖစ္ ေရႊးခ်ယ္ဖို႔ ဝင္ဘာေလကပဲ အျဖစ္ႏုိင္ဆံုးလို႔လည္း သိရတယ္။ အဂၤါေန႔မွာေတာ့ ေဆြးေႏြးမႈကေန ထြက္လာတဲ့ ဆံုးျဖတ္ခ်က္ကို ကားသိရမွာ ျဖစ္ပါတယ္။

ေမလ ၁၇ ရက္ေန႔မွာ ျဗိတိန္အစိုးရက ကိုဗစ္ဆိုင္ရာ ကန္႔သတ္မႈေတြ ထြက္ေပၚလာဦးမွာပါ။ ဒါေပမယ့္လို႔ လက္တေလာအထိ တူရကီဟာ ျဗိတိန္အစိုးရက သတ္မွတ္ထားတဲ့ အနီေရာင္အဆင့္ ႏုိင္ငံေတြထဲ ပါဝင္ေနဆဲျဖစ္ပါတယ္။ ျဗိတိန္ႏုိင္ငံသားေတြဟာ တိုင္းျပည္က သတ္မွတ္ထားတဲ့ အနီေရာင္အဆင့္ ႏိုင္ငံေတြကေန ျပန္လာခဲ့မယ္ဆိုရင္ ကြာရန္တင္း ၁၀ ရက္ ဝင္ရမွာျဖစ္တယ္။

ခရီးသြားလာေရးဆိုင္ရာ အတြင္းေရးမွဴး Grant Shapps က တူရကီမွာ က်င္းပမယ့္ ခ်န္ပီယံလိဂ္ပြဲကို ပရိသတ္ေတြ သြားေရာက္ၾကည့္ျခင္း မျပဳဖို႔ တိုက္တြန္းထားတယ္။ အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္ကလည္း ဗိုလ္လုပြဲကို ျဗိတိန္မွာ ေျပာင္းလဲက်င္းပႏုိင္ဖို႔ရာ ယူအီးအက္ဖ္ေအကုိ ေဆြးေႏြးစကားေျပာဖို႔ ေထာက္ခံခ်က္ရထားခဲ့တာျဖစ္ပါတယ္။

ဗိုလ္လုပြဲက်င္းပရာကြင္းကို ေျပာင္းလဲဖို႔အတြက္ ဆံုးျဖတ္ခ်က္ကေတာ့ ယူအီးအက္ဖ္ေအ အေပၚမွာပဲ မူတည္ေနတယ္။ ျဗိတိန္ဟာ ကိုဗစ္စည္းမ်ဥ္းေတြျဖင့္ ေဘာလံုးပရိသတ္ေတြကို ကြင္းထဲ ဝင္ေစဖို႔မွာ အေတြ႔အၾကံဳရွိထားတဲ့ ႏုိင္ငံလည္းျဖစ္ပါတယ္။

အကယ္လို႔ ယူအီးအက္ဖ္ေအက သေဘာတူညီခဲ့မယ္ဆိုရင္ အဂၤလန္ကလပ္ႏွစ္သင္း ျပိဳင္ဆိုင္မယ့္ ဗိုလ္လုပြဲအတြက္ ေရွ႔ဆက္ လုပ္ေဆာင္မႈေတြလုပ္ဖို႔ ျဗိတိန္ဘက္က အဆင္သင့္ျဖစ္ေနတယ္လို႔လည္း သိရတာျဖစ္ပါတယ္။

ေမလ ၂၉ ရက္ေန႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ယွဥ္ျပိဳင္မယ့္ ရက္မွာပဲ မူလ အစီအစဥ္အျဖစ္ ခ်န္ပီယံရွစ္ play-off ဗိုလ္လုပြဲ ကစားရဖို႔လည္း ရွိေနပါတယ္။ ခ်န္ပီယံလိဂ္ ကစားရမယ္ဆိုရင္ေတာ့ ခ်န္ပီယံရွစ္ play-off ရက္ကို ေရႊ႔ဆိုင္းျခင္း (သို႔) ကြင္းေျပာင္းေပးျခင္းတို႔ကို ျပဳလုပ္ေပးသြားဖြယ္ ရွိေနပါတယ္။