ချယ်ဆီးအတွက် ခွေးတစ်ကောင်လို မနားတမ်း ပြေးလွှားကစားခဲ့တဲ့ အသင်းသား တူချယ် ချီးကျူး

ချယ်ဆီးအသင်းဟာ စနေညက ပရီးမီးယားလိဂ် ပွဲမှာ မန်စီးတီးအသင်းကို အီတီဟက် ကွင်းမှာတင် ၂-၁ နဲ့ အနိုင်ယူပြီး သူတို့အစွမ်းကို ထုတ်ပြသွားခဲ့ပါတယ်။ ချယ်ဆီးနည်းပြ တူချယ်တော့ ထိုပွဲမှာ တီမိုဗာနာရဲ့ မနားတမ်း လှုပ်ရှားမှုတွေကို ပွဲအပြီးမှာ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

မန်စီးတီးဟာ စတာလင် သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဇီယက်က ချေပဂိုး သွင်းခဲ့ပြီး အနိုင်ဂိုးကိုလည်း ဗာနာရဲ့ အနိမ့်ဘော ပေးပို့မှုကနေ အလွန်ဆိုက ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ တီမိုဗာနာဟာ ဒီရာသီ ၎င်းရဲ့ ဂိုးအဆုံးသတ် ညံ့ဖျင်းမှုကြောင့် ဝေဖန်မှုတွေ ခံယူနေရပါတယ်။

ညကပွဲမှာလည်း ခြေစွမ်းပြနိုင်သည့်တိုင် စီးတီးဘက်တော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ တူချယ်ကတော့ ဂျာမနီသားရဲ့ ညက စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ထုတ်ဖော် ချီးကျူးခဲ့တာပါ။

” ပြီးခဲ့တဲ့ အပတ်က ဗာနာက အခြေအနေတွေမှာ ကောင်းစွာ အသားကျ လှုပ်ရှားလာနိုင်ခဲ့တယ်။ သူ အလုပ်လုပ်ပုံက လုံးဝကို ပြင်းပြင်းထန်ထန် မနားတမ်းပဲ။ သူက တကယ်ကို လုပ်ပြချင်နေတာ၊ ဒီနေ့ သူ့ စွမ်းဆောင်ရည်ကို ကျနော်ကတော့ အရမ်း သဘောကျပဲ။ ” လို့ တူချယ်က ဆိုပါတယ်။

တီမိုဗာနာ အနေနဲ့ သူ့ပွဲလို အစွမ်းပြလာဖို့တော့ စိတ်ရှည်ရှည် စောင့်ရဦးမလား အမေးကို တူချယ်က – ” ဒါပေါ့။ ဒါပေမယ့် အလုပ်ထက် ပြောတာက လွယ်တာပေါ့။ ဒါပေမယ့် သူက ခွေးတစ်ကောင်လို ကို အလုပ် မနားတမ်း လုပ်နေတာပါ။ ရှေ့မှာ သူကြိုးစား လှုပ်ရှားနေတယ်။ ဒါကပဲ သိပ် အရေးကြီးတာ။ သူ ပြေးလွှားလိုက်တာတွေ အားလုံးက ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်ခဲ့တယ်။ ဒီတော့ စောဒကတက်စရာ မရှိပါဘူး။ ” လို့ တူချယ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ စေနညက ပရီးမီးယားလိဂ္ ပြဲမွာ မန္စီးတီးအသငး္ကို အီတီဟက္ ကြင္းမွာတင္ ၂-၁ နဲ႕ အနုိင္ယူျပီး သူတို႔အစြမ္းကို ထုတ္ျပသြားခဲ့ပါတယ္။ ခ်ယ္ဆီးနည္းျပ တူခ်ယ္ေတာ့ ထိုပြဲမွာ တီမိုဗာနာရဲ႕ မနားတမ္း လႈပ္ရွားမႈေတြကို ပြဲအျပီးမွာ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။

မန္စီးတီးဟာ စတာလင္ သြင္းဂိုးနဲ႕ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ဇီယက္က ေခ်ပဂိုး သြငး္ခဲ့ျပီး အနုိင္ဂိုးကိုလည္း ဗာနာရဲ႕ အနိမ့္ေဘာ ေပးပို႔မႈကေန အလြန္ဆိုက ပိတ္သြင္းခဲ့တာ ျဖစ္ပါတယ္။ တီမိုဗာနာဟာ ဒီရာသီ ၄င္းရဲ႕ ဂိုးအဆံုးသတ္ ညံ့ဖ်င္းမႈေၾကာင့္ ေ၀ဖန္မႈေတြ ခံယူေနရပါတယ္။

ညကပြဲမွာလည္း ေျခစြမ္းျပနိုင္သည့္တိုင္ စီးတီးဘက္ေတာ့ ဂိုးမသြင္းနုိင္ခဲ့ပါဘူး။ တူခ်ယ္ကေတာ့ ဂ်ာမနီသားရဲ႕ ညက စြမ္းေဆာင္ရည္ကို အသိအမွတ္ျပဳ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့တာပါ။

” ျပီးခဲ့တဲ့ အပတ္က ဗာနာက အေျခအေနေတြမွာ ေကာင္းစြာ အသားက် လႈပ္ရွားလာနိုင္ခဲ့တယ္။ သူ အလုပ္လုပ္ပံုက လံုး၀ကို ျပင္းျပင္းထန္ထန္ မနားတမ္းပဲ။ သူက တကယ္ကို လုပ္ျပခ်င္ေနတာ၊ ဒီေန႔ သူ႔ စြမ္းေဆာင္ရည္ကို က်ေနာ္ကေတာ့ အရမ္း သေဘာက်ပဲ။ ” လို႔ တူခ်ယ္က ဆိုပါတယ္။

တီမိုဗာနာ အေနနဲ႕ သူ႔ပြဲလို အစြမ္းျပလာဖို႔ေတာ့ စိတ္ရွည္ရွည္ ေစာင့္ရဦးမလား အေမးကို တူခ်ယ္က – ” ဒါေပါ့။ ဒါေပမယ့္ အလုပ္ထက္ ေျပာတာက လြယ္တာေပါ့။ ဒါေပမယ့္ သူက ေခြးတစ္ေကာင္လို ကို အလုပ္ မနားတမ္း လုပ္ေနတာပါ။ ေရွ႕မွာ သူၾကိဳးစား လႈပ္ရွားေနတယ္။ ဒါကပဲ သိပ္ အေရးၾကီးတာ။ သူ ေျပးလႊားလိုက္တာေတြ အားလံုးက ျပိဳင္ဘက္ေတြကို ဒုကၡေပးနုိင္ခဲ့တယ္။ ဒီေတာ့ ေစာဒကတက္စရာ မရွိပါဘူး။ ” လို႔ တူခ်ယ္က ေျပာဆိုခဲ့ပါတယ္။