အာဆင်နယ် အခုလို ကျရှုံးနေတာ အာဆင်ဝင်းဂါး ရှိတည်းကလို့ လက်ညှိုးထိုးလိုက်တဲ့ အာတီတာ

အာဆင်နယ် နည်းပြ အာတီတာကတော့ ကလပ်အသင်း ကျရှုံးနေတာက အခုမှ မဟုတ်ဘဲ အရင် ငါးနှစ်တည်းက ဖြစ်နေတာလို့ ထုတ်ဖော် ပြောဆိုလိုက်ပြီး အခြေအနေဆိုးကို ပြောင်းလဲ ပစ်ဖို့က လောလောဆယ် သူ့မှာ တာဝန်ရှိကြောင်း ကို ဝန်ခံလိုက်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီ တစ်လုံးတည်းသော ဖလား မျှော်လင့်ချက်နဲ့ နောက်ရာသီ ဥရောပ ဝင်ခွင့် အတွက် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်တဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဗီလာရီးရဲလ်ကို ဆီမီးဖိုင်နယ်မှာ မကျော်ဖြတ်နိုင်တာကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

အာဆင်နယ်ကတော့ နည်းပြ အာတီတာကို အဆောတလျင် ထုတ်ပယ်မှာ မဟုတ်ဘဲ နောက်ရာသီထိ ဆက်လက် စောင့်ကြည့်သွားဦးမှာ ဖြစ်ပါတယ်။ အာတီတာ အာဆင်နယ်အသင်း ပြန်လည် ထူထောင်နေရတာက ရေရှည်သွားရမယ့် အလုပ် ဖြစ်ပြီး အသင်း ကျရှုံးနေတာ အရင်တည်းက ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ယခင် ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါး ခေတ်နှောင်းပိုင်းမှာတည်းက ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အဆင့် ၄ အတွင်း မဝင်တဲ့ ရာသီတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

” ကျနော်တို့ ဒီနိုင်ငံက ထိပ်သီးကလပ်တွေနဲ့တောင် ပခုံးချင်းယှဉ် မပြိုင်ဆိုင်နိုင်တာ ၅ နှစ်လောက် ရှိပြီ။ ဒီလို ဖြစ်လာတာ ပြီးခဲ့တဲ့ ၆ လ လောက်ကမှ စတာ မဟုတ်ဘူး။ အရင် ၅ နှစ်တည်းက။ ခင်ဗျားတို့လည်း ဒီလမ်းကြောင်း သွားနေတာ မြင်ကြမှာပါ။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မပါရတာ ၅ နှစ်ကြာပြီ ဖြစ်လို့ အားလုံးက စိတ်ပူနေကြမယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒါက ပုံမှန်လို ဖြစ်သွားတာတော့ မဟုတ်ဘူး၊ အဲဒီလို ဖြစ်လာခဲ့တာပါ။ ဒီနှစ်ကမှ ပထမဆုံး စကြုံဖူးတာလည်း မဟုတ်တော့ဘူး။

ပရောဂျက် တစ်ခု အကောင်အထည် ဖော်တယ် ဆိုတာက အဆင့်လိုက်တွေ ရှိပါတယ်။ အခုကနေ သိပ်မကြာခင်ကာလမှာ ခုထက် ပိုကောင်းအောင် လုပ်ပြပါမယ် ကျနော် ပြောနိုင်ပါတယ်။ လုပ်ရမယ့် ကိစ္စတွေ ရအောင် လုပ်မယ် ဆိုရင်ပေါ့။ ဒီအတွက် ခပ်ကြမ်းကြမ်း လုပ်ဖို့ လိုပါတယ်။ အချိန်ဖြုန်းနေလို့ မရဘူး။ ကျနော်တို့မှာ လုပ်ဆောင် စရာတွေ အများကြီး ရှိနေတယ်။ ” လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ နည္းျပ အာတီတာကေတာ့ ကလပ္အသင္း က်ရွံဳးေနတာက အခုမွ မဟုတ္ဘဲ အရင္ ငါးနွစ္တည္းက ျဖစ္ေနတာလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ျပီး အေျခအေနဆိုးကို ေျပာင္းလဲ ပစ္ဖို႔က ေလာေလာဆယ္ သူ႔မွာ တာ၀န္ရွိေၾကာင္း ကို ၀န္ခံလိုက္ပါတယ္။

အာဆင္နယ္ဟာ ဒီရာသီ တစ္လံုးတည္းေသာ ဖလား ေမွ်ာ္လင့္ခ်က္နဲ႕ ေနာက္ရာသီ ဥေရာပ ၀င္ခြင့္ အတြက္ တစ္ခုတည္းေသာ လမ္းေၾကာင္း ျဖစ္တဲ့ ယူရိုပါလိဂ္ ျပိဳင္ပြဲမွာ ဗီလာရီးရဲလ္ကို ဆီမီးဖိုင္နယ္မွာ မေက်ာ္ျဖတ္နုိင္တာေၾကာင့္ ျပိဳင္ပြဲက ထြက္ခြာခဲ့ရျပီ ျဖစ္ပါတယ္။

အာဆင္နယ္ကေတာ့ နည္းျပ အာတီတာကို အေဆာတလ်င္ ထုတ္ပယ္မွာ မဟုတ္ဘဲ ေနာက္ရာသီထိ ဆက္လက္ ေစာင့္ၾကည့္သြားဦးမွာ ျဖစ္ပါတယ္။ အာတီတာ အာဆင္နယ္အသင္း ျပန္လည္ ထူေထာင္ေနရတာက ေရရွည္သြားရမယ့္ အလုပ္ ျဖစ္ျပီး အသင္း က်ရွံဳးေနတာ အရင္တည္းက ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ယခင္ ဂႏၱ၀င္နည္းျပၾကီး အာဆင္၀င္းဂါး ေခတ္ေနွာင္းပိုင္းမွာတည္းက ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရဖို႔ အဆင့္ ၄ အတြင္း မ၀င္တဲ့ ရာသီေတြ ရွိလာခ့ဲတာ ျဖစ္ပါတယ္။

” က်ေနာ္တို႔ ဒီနိုင္ငံက ထိပ္သီးကလပ္ေတြနဲ႕ေတာင္ ပခံုးခ်င္းယွဥ္ မျပိဳင္ဆိုင္နိုင္တာ ၅ နွစ္ေလာက္ ရွိျပီ။ ဒီလို ျဖစ္လာတာ ျပီးခဲ့တဲ့ ၆ လ ေလာက္ကမွ စတာ မဟုတ္ဘူး။ အရင္ ၅ နွစ္တည္းက။ ခင္ဗ်ားတို႔လည္း ဒီလမ္းေၾကာင္း သြားေနတာ ျမင္ၾကမွာပါ။

ခ်န္ပီယံလိဂ္ ျပိဳင္ပြဲမွာ မပါရတာ ၅ နွစ္ၾကာျပီ ျဖစ္လို႔ အားလံုးက စိတ္ပူေနၾကမယ္ ဆိုတာ နားလည္ပါတယ္။ ဒါေပမယ့္ ဒါက ပံုမွန္လို ျဖစ္သြားတာေတာ့ မဟုတ္ဘူး၊ အဲဒီလို ျဖစ္လာခဲ့တာပါ။ ဒီနွစ္ကမွ ပထမဆံုး စၾကံဳဖူးတာလည္း မဟုတ္ေတာ့ဘူး။

ပေရာဂ်က္ တစ္ခု အေကာင္အထည္ ေဖာ္တယ္ ဆိုတာက အဆင့္လိုက္ေတြ ရွိပါတယ္။ အခုကေန သိပ္မၾကာခင္ကာလမွာ ခုထက္ ပိုေကာင္းေအာင္ လုပ္ျပပါမယ္ က်ေနာ္ ေျပာနိုင္ပါတယ္။ လုပ္ရမယ့္ ကိစၥေတြ ရေအာင္ လုပ္မယ္ ဆိုရင္ေပါ့။ ဒီအတြက္ ခပ္ၾကမ္းၾကမ္း လုပ္ဖို႔ လိုပါတယ္။ အခ်ိန္ျဖဳန္းေနလို႔ မရဘူး။ က်ေနာ္တို႔မွာ လုပ္ေဆာင္ စရာေတြ အမ်ားၾကီး ရွိေနတယ္။ ” လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။