ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တူချယ် ထည့်မကစားသင့်တဲ့ ချယ်ဆီးတိုက်စစ်သမား ပေါမာဆန် ထုတ်ပြော

အာဆင်နယ် ကစားသမားဟောင်းကြီး ပေါမာဆန်ကတော့ သောမတ်စ် တူချယ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ချယ်ဆီး တိုက်စစ်မှူး တီမိုဗာနာကို ထည့် မကစားသင့်ကြောင်း သုံးသပ် သတိပေးလိုက်ပါတယ်။

တီမိုဗာနာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချယ်ဆီးရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ ပွဲစဉ်မှာ ချယ်ဆီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ပေါမာဆန်ကတော့ ဒုတိယပိုင်းမှာ လူစားဝင် ကစားခဲ့တဲ့ ပူလီဆစ် က မန်စီးတီးကို ပို ဒုက္ခပေးနိုင်သူ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ မေ ၂၉ ရက်နေ့မှာ သူတို့အတွက် ဒုတိယမြောက် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခွင့် အတွက် တိုက်ပွဲဝင်ဖို့ ရှိနေပြီး တဖက်က ပြိုင်ဘက် မန်စီးတီးကလည်း သူတို့ရဲ့ ပထမဆုံး ဥရောပဖလား အတွက် ရေကုန် ရေခမ်း ကစားမယ့် အသင်း ဖြစ်နေပါတယ်။

ပေါမာဆန်ကတော့ – ” တီမိုဗာနာက ရီးရဲလ်နဲ့ ပွဲမှာ ချယ်ဆီးအတွက် အရေးပါတဲ့ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဖိုင်နယ်မှာတော့ သူ မကစားသင့်ဘူး။ မန်စီးတီးနဲ့ ပွဲမှာ ခရစ္စတီယန် ပူလီဆစ် ပွဲထွက် ကစားခွင့် ရသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အဆုံးသတ် ပိုကောင်းတယ်။

ပူလီဆစ်သာ ကစားခွင့် မရဘူးဆို ကျနော် တော်တော် အံ့သြမိမှာ။ သူက ကစားသမား ၂ယောက် ၃ ယောက်လောက်ကို အသာလေး ကျော်ဖြတ်နိုင်တယ်။ ဂိုးရှေ့မှာဆို သူက ဗာနာ ထက် ပိုကောင်းတာ။ သူ့ကို ဒီတစ်ပတ် စီးတီးနဲ့ ပွဲမှာ ဝင်ကစားခိုင်းပြီး ဘယ်လိုလဲ အကဲဖြတ်ကြည့်မယ် ကျနော်သာဆိုရင်။

မန်စီးတီးနဲ့ပွဲမှာဆို တစ်ပွဲတည်း ဂိုးပေါက် ကန်ချက် ၁၀ ကြိမ်လောက် ရမှာ မဟုတ်ဘူး။ အဲဒီတော့ အဆုံးသတ် အကောင်းဆုံး သူတွေ ကစားခိုင်းဖို့ လိုတယ်။ ” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဗာနာဟာ ချယ်ဆီးအသင်းကို ရောက်စမှာ အထနှေးခဲ့ပေမယ့် ခုနောက်ပိုင်းမှာ သိသိသာသာ တိုးတက်မှု ပြသလာသူပါ။ ဒါပေမယ့် ဗာနာက ခံစစ်သမားတွေ အတွက် လွယ်ကူလွန်းတယ်လို့ ပေါမာဆန်က ယူဆနေပြီး ပူလီဆစ်က ပွဲထွက် ရသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ ကစားသမားေဟာင္းၾကီး ေပါမာဆန္ကေတာ့ ေသာမတ္စ္ တူခ်ယ္ဟာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ခ်ယ္ဆီး တိုက္စစ္မွဴး တီမိုဗာနာကို ထည့္ မကစားသင့္ေၾကာင္း သံုးသပ္ သတိေပးလိုက္ပါတယ္။

တီမိုဗာနာဟာ ရီးရဲလ္မက္ဒရစ္နဲ႕ ကစားခဲ့တဲ့ ခ်ယ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ဒုေက်ာ့ ပြဲစဥ္မွာ ခ်ယ္ဆီးအတြက္ အဖြင့္ဂိုး သြင္းယူေပးခဲ့တာပါ။ ဒါေပမယ့္ ေပါမာဆန္ကေတာ့ ဒုတိယပိုင္းမွာ လူစား၀င္ ကစားခဲ့တဲ့ ပူလီဆစ္ က မန္စီးတီးကို ပို ဒုကၡေပးနုိင္သူ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေမ ၂၉ ရက္ေန႔မွာ သူတို႔အတြက္ ဒုတိယေျမာက္ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမွာက္နုိင္ခြင့္ အတြက္ တိုက္ပြဲ၀င္ဖို႔ ရွိေနျပီး တဖက္က ျပိဳင္ဘက္ မန္စီးတီးကလည္း သူတို႔ရဲ႕ ပထမဆံုး ဥေရာပဖလား အတြက္ ေရကုန္ ေရခမ္း ကစားမယ့္ အသင္း ျဖစ္ေနပါတယ္။

ေပါမာဆန္ကေတာ့ – ” တီမိုဗာနာက ရီးရဲလ္နဲ႕ ပြဲမွာ ခ်ယ္ဆီးအတြက္ အေရးပါတဲ့ ဂိုး သြင္းယူေပးခဲ့ပါတယ္။ ဒါေပမယ့္ ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာေတာ့ သူ မကစားသင့္ဘူး။ မန္စီးတီးနဲ႕ ပြဲမွာ ခရစၥတီယန္ ပူလီဆစ္ ပြဲထြက္ ကစားခြင့္ ရသင့္တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူက အဆံုးသတ္ ပိုေကာင္းတယ္။

ပူလီဆစ္သာ ကစားခြင့္ မရဘူးဆို က်ေနာ္ ေတာ္ေတာ္ အံ့ၾသမိမွာ။ သူက ကစားသမား ၂ေယာက္ ၃ ေယာက္ေလာက္ကို အသာေလး ေက်ာ္ျဖတ္နုိင္တယ္။ ဂိုးေရွ႕မွာဆို သူက ဗာနာ ထက္ ပိုေကာင္းတာ။ သူ႔ကို ဒီတစ္ပတ္ စီးတီးနဲ႔ ပြဲမွာ ၀င္ကစားခိုင္းျပီး ဘယ္လိုလဲ အကဲျဖတ္ၾကည့္မယ္ က်ေနာ္သာဆိုရင္။

မန္စီးတီးနဲ႕ပြဲမွာဆို တစ္ပြဲတည္း ဂိုးေပါက္ ကန္ခ်က္ ၁၀ ၾကိမ္ေလာက္ ရမွာ မဟုတ္ဘူး။ အဲဒီေတာ့ အဆံုးသတ္ အေကာငး္ဆံုး သူေတြ ကစားခိုင္းဖို႔ လိုတယ္။ ” လို႔ သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ဂ်ာမနီ လက္ေရြးစင္ တိုက္စစ္မွဴး တီမိုဗာနာဟာ ခ်ယ္ဆီးအသင္းကို ေရာက္စမွာ အထေနွးခဲ့ေပမယ့္ ခုေနာက္ပိုင္းမွာ သိသိသာသာ တိုးတက္မႈ ျပသလာသူပါ။ ဒါေပမယ့္ ဗာနာက ခံစစ္သမားေတြ အတြက္ လြယ္ကူလြန္းတယ္လို႔ ေပါမာဆန္က ယူဆေနျပီး ပူလီဆစ္က ပြဲထြက္ ရသင့္တယ္လို႔ တိုက္တြန္းေျပာဆိုခဲ့တာ ျဖစ္ပါတယ္။