ချယ်ဆီးနှင့် မန်စီးတီးတို့ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာအကောင်းဆုံး ကစားသမားနှစ်ဦးကို အိုဝင် ချီးကျူး

ဘလွန်းဒီအော့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ချယ်ဆီးမှ မောင့်နှင့် မန်စီးတီးမှ ဖိုဒန်တို့ဟာ ကမ္ဘာအကောင်းဆုံး ကစားသမားတွေပါလို့ ချီးကျူးပါတယ်။

ဒီရာသီမှာ လူတိုင်းက ဟာလန်းနှင့် အမ်ဘတ်ပီအကြောင်းပဲ ပြောနေကြပေမယ့် အင်္ဂလန်ကွင်းလယ်လူ နှစ်ဦးဟာ သူတို့ရဲ့ တိုက်စစ်အားသန် စွမ်းဆောင်ရည်တွေနှင့်အတူ သက်ဆိုင်ရာအသင်းတွေကို ချန်ပီယံလိဂ် ဗိုလ်လုပွဲထံ ရောက်လာစေခဲ့တယ်။

ပီအက်စ်ဂျီကို ကျော်ဖြတ်လာဖို့အတွက် မန်စီးတီးအပေါ် ဖိုဒန်ရဲ့ သက်ရောက်မှု ရှိခဲ့သလို ချယ်ဆီးအတွက် မောင့်ရဲ့ သက်ရောက်မှုကလည်း အတော်လေး ကြီးမားပါတယ်။ ဒီလူငယ်နှစ်ဦးဟာ နွေမှာတော့ အင်္ဂလန်အသင်းအတွက် ပူးတွဲ ပွဲထွက်ပေးနိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။

အိုဝင်က ချီးကျူးစကား ပြောရာမှာ ” အခုချိန်မှာ ဖိုဒန်နဲ့ မောင့်ဟာ ကမ္ဘာအကောင်းဆုံး ကစားသမား နှစ်ဦးဖြစ်တယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ တိုးတက်မှုကို ကြည့်ရတာက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ နွေမှာ ယှဉ်ပြိင်မယ့် ယူရိုပွဲတွေကို မစောင့်နိုင်လောက်အောင် ဖြစ်နေမိပါတယ်။

သူတို့ ကစားသမားနှစ်ဦးက ကမ္ဘာအကောင်းဆုံးအဖြစ် ထိပ်ဆုံးကို ရောက်သွားဖို့ မှန်ကန်ပါတယ်။ သူတို့က ဟာလန်း၊ အမ်ဘတ်ပီတို့လို ကစားသမားတွေဖြင့်လည်း ယှဉ်ပြိုင်ခဲ့ကြပြီးပါပြီ။

ဖိုဒန်နှင့်ပတ်သက်ပြီး သေချာပြောနိုင်တာက သူဟာ မြင်ဖူးသမျှထဲ အကောင်းဆုံးသော အင်္ဂလန်ကစားသမားတွေထဲက တစ်ဦးအဖြစ်ကို တိုးတက်သွားနိုင်ခဲ့ပါပြီ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ မောင့်နှင့် ဖိုဒန်တို့ဟာ ထိပ်တိုက်တွေ့ကြမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ နှစ်သင်းလုံးက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်တာဖြစ်ပါတယ်။

ZAWGYI – ဘလြန္းဒီေအာ့ ပိုင္ရွင္တစ္ဦးျဖစ္တဲ့ အဂၤလန္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အိုဝင္က ခ်ယ္ဆီးမွ ေမာင့္ႏွင့္ မန္စီးတီးမွ ဖိုဒန္တို႔ဟာ ကမၻာအေကာင္းဆံုး ကစားသမားေတြပါလို႔ ခ်ီးက်ဴးပါတယ္။

ဒီရာသီမွာ လူတိုင္းက ဟာလန္းႏွင့္ အမ္ဘတ္ပီအေၾကာင္းပဲ ေျပာေနၾကေပမယ့္ အဂၤလန္ကြင္းလယ္လူ ႏွစ္ဦးဟာ သူတို႔ရဲ႕ တိုက္စစ္အားသန္ စြမ္းေဆာင္ရည္ေတြႏွင့္အတူ သက္ဆိုင္ရာအသင္းေတြကို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထံ ေရာက္လာေစခဲ့တယ္။

ပီအက္စ္ဂ်ီကို ေက်ာ္ျဖတ္လာဖို႔အတြက္ မန္စီးတီးအေပၚ ဖိုဒန္ရဲ႕ သက္ေရာက္မႈ ရွိခဲ့သလို ခ်ယ္ဆီးအတြက္ ေမာင့္ရဲ႕ သက္ေရာက္မႈကလည္း အေတာ္ေလး ၾကီးမားပါတယ္။ ဒီလူငယ္ႏွစ္ဦးဟာ ေႏြမွာေတာ့ အဂၤလန္အသင္းအတြက္ ပူးတြဲ ပြဲထြက္ေပးႏိုင္ဖို႔ ရွိေနတာျဖစ္ပါတယ္။

အိုဝင္က ခ်ီးက်ဴးစကား ေျပာရာမွာ ” အခုခ်ိန္မွာ ဖိုဒန္နဲ႔ ေမာင့္ဟာ ကမၻာအေကာင္းဆံုး ကစားသမား ႏွစ္ဦးျဖစ္တယ္လို႔ ထင္ပါတယ္။ သူတို႔ရဲ႕ တိုးတက္မႈကို ၾကည့္ရတာက အရမ္းကို စိတ္လႈပ္ရွားဖို႔ ေကာင္းပါတယ္။ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲနဲ႔ ေႏြမွာ ယွဥ္ျပိင္မယ့္ ယူရိုပြဲေတြကို မေစာင့္ႏုိင္ေလာက္ေအာင္ ျဖစ္ေနမိပါတယ္။

သူတို႔ ကစားသမားႏွစ္ဦးက ကမၻာအေကာင္းဆံုးအျဖစ္ ထိပ္ဆံုးကို ေရာက္သြားဖို႔ မွန္ကန္ပါတယ္။ သူတို႔က ဟာလန္း၊ အမ္ဘတ္ပီတို႔လို ကစားသမားေတြျဖင့္လည္း ယွဥ္ျပိဳင္ခဲ့ၾကျပီးပါျပီ။

ဖိုဒန္ႏွင့္ပတ္သက္ျပီး ေသခ်ာေျပာႏုိင္တာက သူဟာ ျမင္ဖူးသမွ်ထဲ အေကာင္းဆံုးေသာ အဂၤလန္ကစားသမားေတြထဲက တစ္ဦးအျဖစ္ကို တိုးတက္သြားႏုိင္ခဲ့ပါျပီ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာေတာ့ ေမာင့္ႏွင့္ ဖိုဒန္တို႔ဟာ ထိပ္တိုက္ေတြ႔ၾကမွာျဖစ္ျပီး ၂၀၂၁ ခုႏွစ္အတြင္းမွာ ႏွစ္သင္းလံုးက ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြကို ျပသထားႏုိင္တာျဖစ္ပါတယ္။