ပွဲအပြီးမှာ ချယ်ဆီးအသင်းသားတွေနဲ့ ရယ်မောပွဲခံနေတဲ့ ဟာဇက်ကို ရီးရဲလ် ပရိသတ်များ ပေါက်ကွဲနေ

ညက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ အပြီးမှာ အီဒင် ဟာဇက်က ချယ်ဆီးအသင်းသားတွေနဲ့ ရယ်မောပျော်ရွှင်နေတဲ့ ပုံကို မြင်ရတဲ့နောက် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေကတော့ အမျက်ထွက် ပေါက်ကွဲနေကြပြီး တွစ်တာကနေ ဝေဖန် ပြစ်တင်နေကြပြီ ဖြစ်ပါတယ်။

တူချယ်ရဲ့ ချယ်ဆီးဟာ ဒုတိယ အကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ၂-၀ နဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ၃-၁ နဲ့ ဗိုလ်လုပွဲ တက်ရောက်သွားတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဖလား ၁၃ ကြိမ် ဗိုလ်စွဲထားဖူးတဲ့ ရီးရဲလ်မက်ဒရစ်ကတော့ ဒီရာသီမှာ ဆီမီးအဆင့်နဲ့ ကျေနပ်လိုက်ရပါတယ်။

ချယ်ဆီးကြယ်ပွင့်ဟောင်း ဟာဇက်ဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ် အသင်းသား ဖြစ်ပြီး ဆီမီးနှစ်ကျော့လုံးမှာ ခြေစွမ်းကောင်း ပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဟာဇက်က ၂၀၁၉ မှာ ရီးရဲလ်သို့ ပေါင် သန်း ၁၄၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းများ ပျောက်ဆုံးနေခဲ့တာပါ။

ပွဲ အပြီး ဟာဇက်ရဲ့ ပျော်ရွှင်နေမှု အပေါ် ဘီဘီစီ အစီအစဉ်မှာ လီဗာပူး ကွင်းလယ်ဟောင်း ဒွန်ဟစ်ဆန်က – ” ကျနော် ထူးထူးဆန်းဆန်း မြင်ကွင်းတွေ ဒီပွဲမှာ မြင်ခဲ့ရတယ်။ အီဒင် ဟာဇက်က ကော့ဇူးမား၊ အက်ဒွပ် မန်ဒီတို့နဲ့ ရယ်မော နေခဲ့တယ်။ ဒါက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နော်။

သူတို့တွေက ဟာဇက် သူငယ်ချင်းတွေ ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ခရစ္စတီယာနို ရော်နယ်ဒို ဆိုရင် ကွင်းထဲကနေ ထွက်လာပြီး ရီးရဲလ်အတွက် ရယ်မော ပြောဆိုနေမယ် မထင်ဘူး။ ဒါက ဟာဇက် ဘာတွေ လိုအပ်နေတယ် ဆိုတာ မြင်သာစေတယ်။ ကျနော် သူ့ကို ရှုံ့ချနေတာတော့ မဟုတ်ပါဘူး။ ကြည့်ရတာ ထူးဆန်းနေတယ်လို့ ပြေတာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ပရိသတ် တော်တော်များများကလည်း ဟာဇက် အပြုအမူအပေါ် မပျော်ရွှင် ဖြစ်နေကြပြီး ကျက်သရေ မရှိဘူး၊ အဓိပ္ပါယ် မရှိဘူး စသဖြင့် တွစ်တာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေကြပါတယ်။

Zawgyi – ညက ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ပြဲ အျပီးမွာ အီဒင္ ဟာဇက္က ခ်ယ္ဆီးအသင္းသားေတြနဲ႕ ရယ္ေမာေပ်ာ္ရႊင္ေနတဲ့ ပံုကို ျမင္ရတဲ့ေနာက္ ရီးရဲလ္မက္ဒရစ္ ပရိသတ္ေတြကေတာ့ အမ်က္ထြက္ ေပါက္ကြဲေနၾကျပီး တြစ္တာကေန ေ၀ဖန္ ျပစ္တင္ေနၾကျပီ ျဖစ္ပါတယ္။

တူခ်ယ္ရဲ႕ ခ်ယ္ဆီးဟာ ဒုတိယ အေက်ာ့မွာ ရီးရဲလ္မက္ဒရစ္ကို ၂-၀ နဲ႕ အနုိင္ယူျပီး နွစ္ေက်ာ့ေပါင္း ၃-၁ နဲ႕ ဗိုလ္လုပြဲ တက္ေရာက္သြားတာ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ ဖလား ၁၃ ၾကိမ္ ဗိုလ္စြဲထားဖူးတဲ့ ရီးရဲလ္မက္ဒရစ္ကေတာ့ ဒီရာသီမွာ ဆီမီးအဆင့္နဲ႕ ေက်နပ္လုိက္ရပါတယ္။

ခ်ယ္ဆီးၾကယ္ပြင့္ေဟာင္း ဟာဇက္ဟာ လက္ရွိမွာ ရီးရဲလ္မက္ဒရစ္ အသင္းသား ျဖစ္ျပီး ဆီမီးနွစ္ေက်ာ့လံုးမွာ ေျခစြမ္းေကာင္း ျပဖို႕ ရုန္းကန္ခဲ့ရပါတယ္။ ဟာဇက္က ၂၀၁၉ မွာ ရီးရဲလ္သို႔ ေပါင္ သန္း ၁၄၀ နဲ႕ ေျပာင္းေရႊ႕ခဲ့ျပီးေနာက္ သူ႔ရဲ႕ အေကာင္းဆံုး ေျခစြမ္းမ်ား ေပ်ာက္ဆံုးေနခဲ့တာပါ။

ပြဲ အျပီး ဟာဇက္ရဲ႕ ေပ်ာ္ရႊင္ေနမႈ အေပၚ ဘီဘီစီ အစီအစဥ္မွာ လီဗာပူး ကြင္းလယ္ေဟာင္း ဒြန္ဟစ္ဆန္က – ” က်ေနာ္ ထူးထူးဆန္းဆန္း ျမင္ကြင္းေတြ ဒီပြဲမွာ ျမင္ခဲ့ရတယ္။ အီဒင္ ဟာဇက္က ေကာ့ဇူးမား၊ အက္ဒြပ္ မန္ဒီတို႔နဲ႕ ရယ္ေမာ ေနခဲ့တယ္။ ဒါက ခ်န္ပီယံလိဂ္ ဆီမီးဖုိင္နယ္ေနာ္။

သူတို႔ေတြက ဟာဇက္ သူငယ္ခ်င္းေတြ ဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ ခရစၥတီယာနို ေရာ္နယ္ဒို ဆိုရင္ ကြင္းထဲကေန ထြက္လာျပီး ရီးရဲလ္အတြက္ ရယ္ေမာ ေျပာဆိုေနမယ္ မထင္ဘူး။ ဒါက ဟာဇက္ ဘာေတြ လိုအပ္ေနတယ္ ဆိုတာ ျမင္သာေစတယ္။ က်ေနာ္ သူ႔ကို ရွံဳ႕ခ်ေနတာေတာ့ မဟုတ္ပါဘူး။ ၾကည့္ရတာ ထူးဆန္းေနတယ္လို႔ ေျပတာပါ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ ပရိသတ္ ေတာ္ေတာ္မ်ားမ်ားကလည္း ဟာဇက္ အျပဳအမူအေပၚ မေပ်ာ္ရႊင္ ျဖစ္ေနၾကျပီး က်က္သေရ မရွိဘူး၊ အဓိပၸါယ္ မရွိဘူး စသျဖင့္ တြစ္တာမွာ ျပင္းျပင္းထန္ထန္ ေ၀ဖန္ေျပာဆိုေနၾကပါတယ္။